Sunday, February 28, 2016

Crouching Tiger Hidden Dragon: Sword of Destiny(မြန်မာစာတန်းထိုး)(2016)




                                    ကျတော် ဒီအပတ်ကုန်မှပဲ Star Wars တင်ပေးနိုင်ပါတော့မယ်။ ဒီလိုပြောလို့ ရက်စက်လိုက်တာဆိုရင်တော့ မတရားစွပ်စွဲခံရတာပါလို့ ပြန်အော်မှာနော် ငိငိ။ ကျတော် ငရဲမင်းတွေ ကြယ်တာရာစစ်ပွဲတွဲကြားထဲကနေ သိုင်းလောကထဲကို ပြန်ရောက်နေလို့ပါ။ ကျတော်တို့ ၉၀ ဖွား ၈၀ဖွား ၂၀၀၀ဖွားတွေငယ်ငယ်က တရုတ်သိုင်းကားထဲမှာ ဇတ်လမ်းတွဲမဟုတ်ဘဲ တစ်ကားထဲနဲ့ ဇတ်လမ်းကောင်းလွမ်းလို့ အသဲစွဲခဲ့တဲ့ ဇတ်ကားတစ်ကားကို မှတ်မိကြသေးလားမသိဘူး။ ဟုတ်ပါတယ် ၀ပ်နေသောကျား ပုန်းနေသောနဂါးပါပဲ။ အခု ၂၀၁၆ မှာ အသစ်စက်စက် ထပ်ထွက်လာခဲ့ပါပြီ။ဒီလိုကိစ္စမျိုး ရှိလားလို့မမေးပါနဲ့ ရှိပါပြီ။ ဒီကားကို မနေ့ကထွက်ထွက်ချင်း တနေကုန်ထိုင်ရေးပေးထားတာပါ။ ၁ ကို လောလောဆည်ပြန်မတင်နိုင်သေးလို့ ဇတ်လမ်းအကျဉ်းပဲ ပြောပြပါ့မယ်။ ၁ ရဲ့ နောက်ဆုံးခန်းမှာ ရှုလျန် ရဲ့ ချစ်သူ လီမုပေ့ သေသွားခဲ့ပြီး ခင်ပွန်းလောင်းကလဲ ချောက်ထဲခုန်ချသွားတာနဲ့ အဆုံးသတ်သွားခဲ့တာပါ။ ဒီကားမှာတော့ ၁၈ နှစ်ကြာပြီးနောက်မှာ ရှုလျန် ပြန်လာခဲ့ပြီး လီမုပေ့ရဲ့ ကြမ္မာစိမ်းဓားကို လုမဲ့ သိုင်းဂိုဏ်းကြီးကို ခုခံတဲ့အကြောင်းကို တွေ့ရပါလိမ့်မယ်။ ဒီဇာတ်ကားက အင်္ဂလိပ်ဘာသာကနေ ပြန်ထားတာဖြစ်တဲ့အတွက် တ၇ုတ်ကားလေသံအပြည့် ဘာသာမပြန်ပေးနိုင်တာတော့ စိတ်မကောင်းပါဘူး ဒါပေမယ့် အတက်နိုင်ဆုံးတော့ တရုတ်သိုင်းကား အသုံးလေးတွေနဲ့ ပြန်ပေးထားပါတယ်။ IMDb ကတော့ ၆.၅ ပဲ ရပါသေးတယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် ရှုလျန်ရဲ့ Happy Ending လေးကို ပြန်မြင်ရတာနဲ့ပဲ ငယ်ငယ်က ၀မ်းနည်းခဲ့ရတာလေးတွေ ပြန်ပြေသွားပါလိမ့်မယ်ဗျာ။ မင်းသားကလဲ မြင်တဲ့အတိုင်းပဲဆိုတာ သောက်ကျိုးနည်း သိုင်းချ ပြပါလိမ့်မယ်။ အဲဒီတော့ အားပေးကြပါဦး ကြည့်ပြီးရင် လာဆွေးနွေးကြပါ။ တခြားသူတွေအတွက် Share ပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်ဗျာ ခင်ဗျားတို့ကို အလုပ်ရှုပ်စေမိပြီ(တရုတ်သိုင်းသမားကဲ့သို့ လက်၂ဖက် ဆုပ်ပြီးပြောသွားသည်)

File Size >>>>>>>>>  750/ 350 MB
Quality >>>>>>>>>> HD 720P
Running Time >>>>>> 1 h 40 m
IMDb rating >>>>>>> 6.5/10
Translator >>>>>>>>> Littleneo
Encoder >>>>>>>>>> Pyay Hein Soe & Littleneo





Saturday, February 27, 2016

You Are the Apple of My Eye (2011) မြန်မာစာန်းထိုး


http://i1.w.hjfile.cn/doc/201207/3484c3e8afc94df082c0e50c4b7dc4ae.jpg
ဒီကားလေးကို Channel Myanmar ရဲ့ ဘာသာပြန်သူ ကိုမျိုးကို က ဘာသာပြန်ပေးထားပါတယ်

ကျောင်းသား လူငယ်တွေရဲ့ ပုံစံ စိတ်ဓါတ် ဆိုးသွမ်းမှု ကြိုးစားမှု အချစ်ရေးတွေဟာ

တစ်ချိန်က ကျောင်းတော်ကြီးကို လွမ်းမိစေအောင် ရိုက်ကူးထားသလို ရိုက်ကွက်တွေကလဲ

ရိုးရှင်းပြီး ဆွဲဆောင်ထားပြန်ပါတယ်...

ဇတ်လမ်း သဘောကို အရမ်း ပြောချင်နေပေမယ့် ဒီဇတ်လမ်း အအစအဆုံးကို ကြည့်ပြီးသူပီပီ

အရသာ ပျက်သွားမှာစိုးလို့ Download ဆွဲပြီး ကြည့်ရှုကြပါရန်....

:D

(သစ်ဆန်းခန့်)

Download Link
====================


IMDb -  7.7/10
File size  - (630 MB)
Quality -    720p
Format - MP4
Duration  01:49:34
Subtitle - Myanmar
Encoder - Thit San Khant

The Incredibles (2004) မြန်မာစာတန်းထိုး

Pixar ရဲ့ Inside Out ကို Review မတင်ခင်မှာ သူ့ရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်တဲ့ The Incredibles အကြောင်းကို ပြောရင်း Pixer အကြောင်းကိုနည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ Pixar ကုမ္ပဏီ က ကာတွန်းကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တစ်ခု (Animation Giant) ဖြစ်ပြီး Dreamwork တို့ Disney တို့လို ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ Lucasfilm ကုမ္ပဏီရဲ့ (Star Wars, Indiana Jones တို့ ရိုက်ကူးခဲ့တဲ့ studio ဖြစ်ပါတယ်။)  animation department အဖြစ် စတင်ခဲ့ပြီး ၁၉၈၆ လောက်မှာ Apple တည်ထောင်သူ Steve Jobs ရဲ့ ထောက်ပံ့မှုနဲ့ ကိုယ်ပိုင်ကုမ္ပဏီအဖြစ်ခွဲထွက်ခဲ့သလို၊ Steve Jobs ကလည်း ကုမ္ပဏီမှာ အဓိက ရှယ်ယာရှင်ဖြစ်လာပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Pixar ကို Disney က 7.6 Billion Dollars နဲ့ ၀ယ်ယူခဲ့ပါတယ်။

Pixar ကို ပရိတ်သတ်ကြီးအနေနဲ့ သိကြမှာဖြစ်ပေမယ့် အများစုမသိကြတာကတော့ သူရိုက်လိုက်သမျှ ကာတွန်းကားအများစုဟာ၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်လေ့ရှိပါတယ်။ ၁၉၉၅ မှာ Toy Story နဲ့စခဲ့ပြီး လက်ရှိအချိန်အထိ Inside Out အပါအ၀င် ၁၅ ကားရိုက်ကူးထားပြီး Cars 2 တစ်ကားသာ ဇာတ်လမ်းမကောင်းဘူးဆိုပြီး ဝေဖန်ခံရပြီး၊ ကျန် ၁၃ ကားလုံးက ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးမွှမ်းခြင်းကိုခံထားရပါတယ်။ ဒီဘက်ခေတ်မှာ Pixar ကထုတ်တဲ့ကားကို ကောင်းပြီးသားလို့ဆို ရလောက်တဲ့အထိ အရှိန်အ၀ါ ကြီးလှပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာပဲ Pixar က The Good Dinosaur ဆိုပြီး နောက်ထပ် တစ်ကားထွက်ဖို့ရှိပြီး ပထမဆုံးအကြိမ် တစ်နှစ်ထဲ နှစ်ကားထုတ်တာဖြစ်ပါတယ်။

The Incredibles က အကောင်းဆုံး ကာတွန်းကားတွေထဲက တစ်ကားသာမက အကောင်းဆုံး Superhero ကားတွေထဲမှာပါ တစ်ကားအပါအ၀င် အဖြစ်သတ်မှတ်ထားကြပါတယ်။ Incredibles မှာ 'S' ပါရတာက ဒါသူတို့ မိသားစုတစ်ခုလုံး ညွှန်းရင် ဒီလိုပဲ သုံးပါတယ်။ ဥပမာ Mr and Mrs Smith ကို The Smiths လို့ သုံးကြပါတယ်။

သူရဲ့ ဇာတ်လမ်းက အရင်တုန်းက Superheros တွေရှိကြပေမယ့် သူတို့ကြောင့် အပျက်အဆီးတွေများလာသလို လူတွေထိခိုက် ဒဏ်ရာရတာတွေများလာလို့ အစိုးရက သူတို့ကို သာမန်လူတွေအဖြစ်သူနေရမယ်လို့ သတ်မှတ်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာဆို Mr. Incredible က ကိုယ်ကိုယ်ကို သတ်သေမယ့်သူကို ကယ်ရင် ဒီလူက ဒဏ်ရာရသွားတော့ သူ့ကို တရားပြန်ဆွဲတာမျိုးတွေဖြစ်လာပါတယ်။ ဒီကားမှာ Mr.Incredible က သန်မာတဲ့ Hero ဖြစ်ပြီး၊ သူ့မိန်းမ ဖြစ်သူ က Elastic Girl ဆိုတဲ့အတိုင်း ကိုယ်ခန္ဓာကို လိုသလို ဆန့်ထုတ်လို့ ရပါတယ်။ သူတို့ ကလေးနှစ်ယောက်မှာ အမဖြစ်သူက ကိုယ်ပျောက်၊ သားဖြစ်သူက အရမ်း မြန်ပါတယ် (Quicksilver/Flash လိုပါ)။ Mr.Incredible မှာ Forzone လို့ခေါ်တဲ့ ရေခဲခဲလို့ရတဲ့ ဟီးရိုး သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့ကတော့ အဓိက ဇာတ်ကောင်တွေပါ။ အခြားဟီးရိုးတွေ ရှိပါသေးတယ်။

ဇာတ်လမ်းကတော့ Mr.Incredibles က ပထမဆုံးအခန်းမှာ သူ့ကို အရမ်းကြိုက် အရမ်းလေးစားတဲ့ ကောင်လေး တစ်ယောက်ကို သူက ဂရုမစိုက်မိသလို၊ သူ့နောက်လိုက်အဖြစ်လည်း လက်မခံတာကြောင့် နှစ်တွေကြာလာတဲ့အခါမှာ ပြန်ကလဲ့စားချေတာဖြစ်ပါတယ်။ ဇာတ်လမ်းကရှင်းပေမယ့် မိသားစု အကြောင်း၊ ဟီးရိုးအကြောင်း ဖြစ်တာကြောင့် အပျင်းပြေကြည့်လို့ကောင်းရုံတင်မ ဇာတ်လမ်း ဇာတ်အိမ်လည်း အရမ်းကောင်း ပါတယ်။

အက်ရှင်တွေလည်းကောင်းသလို စိတ်ဝင်စားစရာကောင်းအောင်လည်း ရိုက်ကူးထားနိုင်သလို ဒီနေ့အထိ ဘယ်လိုကြည့်ကြည့် မရိုးနိုင်ပါဘူး။ ဒီဘက်ခေတ် ကလေးတွေ လူငယ်တွေ အကြိုက်တွေ့မယ့် ကာတွန်းကား ကောင်းလေးဖြစ်ပါတယ်။ မိသားစု အတူတူကြည့်ဖို့ ကောင်းတဲ့ကား ဖြစ်ပြီး၊ ကြည့်သင့်တဲ့ကားကောင်း တစ်ကားပါ။

 File Size         : 820 MB
Quality           : Blu ray 720P
Running Time : 1hr 55 minute
Format           : Mp4
Genre             :Animation, Action, Adventure
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဘာသာပြန်သူကတော့ မြန်မာကြီးဖြစ်ပြီး ရုပ်ရှင် အညွန်းကိုတော့ Movies For Myanmarပေ့မှ #Sololayရေးသားတာကို ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်)


Friday, February 26, 2016

In the Heart of the Sea(2015) - မြန်မာစာတန်းထိုး

IMDb rating 7.0/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးကို Channel Myanmar ပရိတ်သက်ကြီးအတွက် တင်ပေးလိုက်ပါပြီ။ ပြီးခဲ့တဲ့ December 2015 USA မှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာတကယ့်ကို လက်ရာလက်ကွက် ရိုက်ကွင်းရိုက်ချက်တွေဟာပြောင်မြောက်လွန်းပါတယ်။


ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်မင်းသားကတော့ ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး Thor ( Chris Hemsworth ) ဖြစ်ပြီး . နောက်ထပ် တစ်ယောက်ကတော့နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ Batman;Begins နဲ့ Batman;The Dark Night ဇာတ်ကားတွေမှာ လူဆိုးခန်းနေရာက အဓိကသရုပ်ဆောင်ခဲ့တဲ့ မင်းသား Cillian Murphyပဲဖြစ်ပါတယ်။ နောက်ထပ်နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ပြီး အောင်မြင်ခဲ့တဲ့ ဒီဇာတ်ကားကို ရုံမှာစတင်ခဲ့ကတည်းက ကျွန်တော်တောင်းဆိုမှုနဲ့ ညီလေး Wai Yan M က အစောကြီးထဲက ဘာသာပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂ လလောက်ထိကို cam version တစ်ပုဒ်ထဲထွက်ခဲ့လို့ စောင့်နေခဲ့ရတာ အခုတော့ Blueray အကြည်ထွက်လို့ ကျွန်တော်ဆန္ဒပြည့်ဝခဲ့ပါပြီ။ ကျွန်တော်တို့ Channel Myanmar ကနေ ပရိတ်သက်တွေအတွက် ဇာတ်ကားကောင်းတွေဆို အမြန်ဆုံး အကြည်ဆုံးတင်ပေးချင်နေမိတာကလည်း စိတ်ဆန္ဒတစ်မျိုးပါပဲ။


 စွန့်စားမှုတွေနဲ့ သမုဒ္ဒရာကိုအန်တုပြီး ဝေလငါးတွေကို လိုက်လံဖမ်းဆီးကြတဲ့ ဇာတ်လမ်းလေးပါ။ ချေ့(Thor) ဟာ ကျွမ်းကျင်တဲ့ ဝေလငါးဖမ်းသမားတစ်ယောက်ဖြစ်သလို ကျွမ်းကျင်တဲ့ ကပ္ပတိန်ဖြစ်ပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ ဝေလငါးဖမ်းတဲ့ခရီးစဉ်မှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကြောင့်  ဝေလငါးအဆီ ပုံး 1500 ကိုရှာဖွေပေးနိုင်ခဲ့လို့ . မေဆန်က နောက်ခရီးစဉ်မှာကပ္ပတိန်ရာထူးပေးမယ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ငွေရှိလူတန်းစားတွေရဲ့ ထုံးစံကြောင့် လက်ထောက်ကပ္ပတိန်အဖြစ်နဲ့သာ အက်ဆက်သဘောင်္ကို ဦးဆောင်ခဲ့ရပြီး သမုဒ္ဒရာထဲခရီးနှင်ခဲ့ရပါတယ်။ အက်ဆက်သဘောင်္နဲ့ အလုပ်သမားတွေဟာ ကျွမ်းကျင်မှုမရှိတဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ မိုက်မဲစွာ ဦးဆောင်မှုကြောင့် မုန်တိုင်းထဲမှာ သေခါနီးအခြေအနေထိရောက်ခဲ့ရပါတယ်။ အဲ့ဒီအခြေအနေကနေ ချေ့ကြောင့် လွတ်မြောက်ခဲ့ရပြီး မည်သို့မည်ပုံ ဝေလငါးနဲ့ အသက်လုပြိုင်ပွဲတွေဝင်ခဲ့၇တယ်ဆိုတာကို ဇာတ်ကားလေးမှာသာ ဆက်လက်ကြည့်ရှုစေချင်ပါတယ်။


ဇာတ်ကားအကြောင်းတွေကို အများကြီးတော့မပြောချင်ဘူးဗျ . ကောင်းလွန်းလို့ တစ်ခန်းတစ်လေတောင်လက်လွတ်မခံချင်လောက်အောင် ကျွန်တော်ထိုင်ကြည့်ခဲ့တာပါ။ ဒီဇာတ်ကားကနေစပြီး လာမယ့် 2016 နှစ်ကုန် . 2017 နှစ်အစထိ . The Best of Movie year လို့တောင်ပြောရမလိုပါပဲ။ ပြောချင်တာက သိပ်မကြာခင် ပရိတ်သက်ကြီးမျှော်လင့်နေတဲ့ ရုံတင်နာမည်ကြီး ဇာတ်ကား ၂ ကားဖြစ်တဲ့ Kung Fu Panda 3 နဲ့ Dead Pool တို့ကိုလည်း အကြည်ထွက်တာနဲ့ အမြန်ဆုံးတင်ဆက်ပေးသွားမှာပါ။


(ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ CM Team မှ Wai Yan M ပဲဖြစ်ပါတယ်။)
@SanWinMaung

File Size                          : 1.3 Gb
Quality                            : HD 720P
File Size 2                       : 600 Mb
Quality                            : HD 360P
Running Time                  : 2h 2m
Translated                       : Wai Yan M
Encoded                         : San Win Maung


Download and Direct Watch HD 720P

Download and Direct Watch HD small file 480P

Thursday, February 25, 2016

Tae Guk Gi : The Brotherhood Of War (2004) မြန်မာစာတန်းထိုး


လူကြိုက်များပြီးသားစစ်ကားတကားဖြစ်သလို မြန်မာစာတန်းထိုးနဲ့ ရသပြည့်ပြည့်၀၀ ခံစားရအောင်တင်ဆက်ပေးလိုက်ပါတယ်
သမိုင်းနောက်ခံ Fatherland Liberation War လို့ခေါ်တဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ
25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ် ၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့်
ဒီစစ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်က၀င်တိုက်ပေးခဲ့သလို ဆိုဗီယက်
အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်က၀င်တိုက်ပေးခဲ့တယ်
ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစစ်ပွဲမှာ
၁၉၄၅စက်တင်ဘာလ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီး
လတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ်
၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ်

ဂျပန်ကိုအတူတိုက်ထုတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာတောင်မြောက်ကွဲပြီး
သူသေကိုယ်သေတိုက်နေသလို စစ်အေးကာလသြဇာကြီးမားဖို့အတွက်
အမေရိကန်နဲ့ဆိုဗီယက်တို့ကလဲအပြိုင်အဆိုင်တိုက်ကောင်းနေကြတဲ့အချိန်လဲဖြစ်တယ်

ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာ
ဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်....
ညီအကို၂ယောက်ကတော့  ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့
နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်...သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း
ဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေါ့.....
အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့
အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေး
တွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ်

ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့
သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်... ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကို
မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ်
အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့
အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေ
ညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ်

စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ...
သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ...
ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယား
တပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ...
စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလို
အချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်း
အပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကို
ရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ်
IMDb rating 8.2 ထိရထားပြီး အတော်လေးကိုကောင်းတဲ့စစ်ကားဖြစ်ကြောင်းညွှန်းပါရစေ
မဖြစ်မနေကြည့်သင့်တဲ့စစ်ကားတကားဖြစ်တယ်လို့ပဲညွှန်းပါရစေ...
ဘာသာပြန်သူအညွှန်းရေးသူကတော့ " မြန်မာကြီး"ပဲဖြစ်ပါတယ်

File Size         : 1 GB
Quality           : Blu ray 720P
Running Time : 2hr 20 minute
Format           : Mp4
Genre             : Action, Drama, War
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Wednesday, February 24, 2016

Stomp the Yard-1(2007) - မြန်မာစာတန်းထိုး

2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ IMDb rating 5.2/10 ရရှိထားပြီး Underground Street Dance, Step Dance တွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ လက်မလွှတ်တန်းကြည့်ရှုသင်တဲ့ဇာတ်ကားကောင်းလေးပါပဲ။



ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပြောရမယ်ဆိုရင် Christ Brown ကိုတော့လူတိုင်း သိပြီးသားဖြစ်ကြမှာပါ။ ဒီဇာတ်ကားမှာတော့ Dance ကိုရူးသွပ်တဲ့ ညီကိုနှစ်ယောက် Street Dance တစ်ခုမှာ လောင်းကြေးနဲ့ပြိုင်ရင်း သိပ်ချစ်ရတဲ့ ညီတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီးနောက် . . . DJ တစ်ယောက်အခက်ခဲတွေရင်ဆိုင်ရင်းကျောင်းပြောင်းခဲ့ရပါတယ်။ ကျောင်းအသစ်မှာတော့ သူလုပ်ခဲ့တဲ့ Street Dance နဲ့ Step Dance ဆိုတဲ့ကကွက်တွေ Team Work တွေကွဲပြားလာတာကိုကြည့်ပြီး ဘာတွေဆက်ဖြစ်မလဲ . . . National အဆင့်ပြိုင်ပွဲ အထိ သူ့ညီရဲ့အိပ်မက်တွေ အကောင်ထည်ဖော်မလား . . .
ကကွက်အဆန်းတွေနဲ့ဘယ်လို လုပ်ဆောင်သွားတယ်ဆိုတာ . . .
ပြသသွားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။



(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Translator အသစ်လေး Moe Myint Lwin ဖြစ်ပါတယ်။)
@SanWinMaung

File Size                          : 750 Mb
Quality                            : HD 720P
File Size 2                       : 350 Mb
Quality                            : HD 360P
Running Time                  : 1h 49m
Translated                       : Moe Myint Lwin
Encoded                         : San Win Maung 


Download and Direct Watch HD 720P

Download and Direct Watch HD small file 480P

Mutual Relations (2015) မြန်မာစာတန်းထိုး 18++++

ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ မင်းသမီး သုံးယောက်ရဲ့ အကြောင်းကိုအရင်စပြောရမှာပေါ့
ပတ်ဆိုးမီကတော့ စမန်ထတဲ့ ကောင်မလေး
ဟန်ရီချွန်းကတော့ ရိုးတဲ့အတဲ့ ကောင်မလေး
အဓိက မင်းသမီးဖြစ်တဲ့ ဂျီအန်ကတော့ ပန်းချီဝါသနာကိုသာစိတ်ရှိတဲ့ တည်တည်ငြိမ်ငြိမ် ကောင်မလေးပေါ့
ပတ်ဆိုးမီ ..ဂျီအန် နဲ့ဟန်ရီချွန်းတို့ ပန်းချီသင်ကြားနေတဲ့ မင်းသမီးချောလေးသုံးယောက်ဖြစ်တယ်

ပန်းချီသင်တန်းမှာပဲ အပိုဝင်ငွေအတွက် ကိုယ်တုံးလုံးချွတ်မော်ဒယ်လာလုပ်တဲ့
မင်းသား ဂျန်ဘေဟွန်နဲ့ တွေ့ဆုံကြတော့တာပဲ...
ထို သုံးယောက်ထဲမှာမှ ဂျန်ဘေဟွန်ဟာ ဂျီအန်ကို တွေ့တွေ့ချင်း ကြွေသွားပါလေတော့တယ်

သစ္စာဖောက်သွားတဲ့ရည်စားနဲ့ မင်းသမီး ဂျီအန်တို့ စကားများနေတဲ့အချိန်မှာပဲ
ဂျန်ဘေယွန်က ဟီးရိုးကြီးဝင်လုပ်ရာမှ အထိုးခံလိုက်ရတာနဲ့ သနားသွားပြီ ဂျီအန်တို့အဖွဲနဲ့
ဂျန်ဘေယွန်တို့အဖွဲ့ ခင်မင်ရင်းနှီးသွားကြပါတော့တယ်....
ခင်မင်ရင်းနှီးပြီး နောက်ပိုင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြပါအုံးလို့

18+ ဇာတ်ဝင်ခန်းများ ဖောဖောသီသီ  တင်ဆက်ထားတာကြောင့် ၁၈ နှစ်မပြည့်သေးသူများမကြည့်ရှုရန်လည်း
ကြိုတင်သတိပေးအပ်ပါသည် (သတိပေးပေးမပေးပေး ကြည့်မယ်မှန်းသိနေလည်း အဲ့လိုတော့ ပြောရမှာပဲ)

File Size         : 700 MB
Quality           : Blu ray 720P
Running Time : 1hr 24 minute
Format           : Mp4
Genre             : Romance
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Ap Newschool ပဲဖြစ်ပါတယ်)

Ted : The Lost Explorer (2012) မြန်မာစာတန်းထိုး


Channel Myanmar က ကာတွန်းကားတွေ မတင်တာကြာပြီမို့ ဒီတစ်ခါ ကာတွန်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ...
ဒီကားလေးကလည်း ကျွန်တော်ကြည့်ခဲ့ဖူးသမျှ ကာတွန်းကားတွေထဲက စိတ်ထဲမှတ်မှတ်ရရရှိနေခဲ့ ကားလေးတစ်ကားဖြစ်ပါတယ် ..
ဇာတ်လမ်းလေးကတော့ ...
ဖခင်ဖြစ်သူလို ရှေးဟောင်းသုတေသနပညာရှင် ဖြစ်ချင်နေတဲ့ တက်ဒ်(Tad) ဆိုတဲ့ကောင်လေးဟာ ဖြစ်ချင်တာကို မလုပ်ရပဲ ကြုံရာအလုပ်ကိုသာ လုပ်နေခဲ့ရပါတယ် ... ဒါပေမယ့် သူ့ရဲ့ဝါသနာကြောင့် အလုပ်တွေမှာ အဆင်မပြေဖြစ်ရပါတယ် ... ဒါပေမယ့်
တစ်နေ့မှာ သူ့ရဲ့အိပ်မက်တွေဖြစ်လာဖို့အခွင့်အရေးတစ်ခုကို မမျှော်လင့်ပဲကြုံတွေ့ရပါတော့တယ် ...
အဲ့ဒါကတော့ ပျောက်ဆုံးနေတဲ့မြို့တော်တစ်ခုကို ရှာဖွေရမယ့် အခွင့်အရေးပါ
ဒါပေမယ့် အနှောက်အယှက်တွေ ထူးဆန်းမှုတွေ စွန့်စားမှုတွေ အပြည့်နဲ့ ကြုံလာခဲ့တဲ့အခါမှာတော့ ....

ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် နာမည်ကြီးဇာတ်လမ်း အင်ဒီယာနာဂျုန်းစ်ကို ကာတွန်းဗားရှင်းနဲ့ပြန်ကြည့်ရသလိုခံစားရစေမှာပါ(တလွဲလေးတွေတော့ ပါတာပေါ့လေ ငိငိ )
ပရိတ်သတ်ကြီး အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်...ကြည့်ရှုအားပေးကြပါဦး
(Like & Share လေးလုပ်သွားဖို့လည်း မမေ့ကြနဲ့ဦးနော် .. လူကြီးမင်းတို့ရဲ့ Like/Share တစ်ချက်က ကျွန်တော့်တို့အတွက် အားဆေးပါပဲ )

File Size         : 730 MB
Quality           : Blu ray 720P
Running Time : 1hr 32 minute
Format           : Mp4
Genre             : Animation Adventure, Comedy
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

(ဇာတ်ကားထဲက စကားလုံးအသုံးအနှုန်းတွေဟာ ရှေးဟောင်းအကြောင်းအရာတွေနဲ့ပတ်သက်နေတာကြောင့် ဘာသာပြန်မှုလွဲချော်မှုလေးတွေရှိရင် ကျွန်တော့်ရဲ့အားနည်းချက်သာ ဖြစ်ပါကြောင်း @Ye Kyaw Htet)

Victor Frankenstein (2015) မြန်မာစာတန်းထိုး

CM ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ဇာတ်ကားလေးတစ်ကားတင်ပေးလိုက်ပါပြီ..စောစောစီးစီးကြည့်ရ
အောင်လို့ဘာသာအမြန်ဆုံးပြန်ပေးတဲ့ Tariq L Walker ကိုလည်း ကျေးဇူးတင်ကြပါ :D

ဒီဇာတ်ကားဟာ IMDb Rate 6.1 ရရှိထားပါတယ်..Paul McGuiganရိုက်ကူးတင်ဆက်ထားပြီး
ပါဝင်သရုပ်ဆောင်သူတွေကတော့ ဟယ်ရီပေါ်တာဇာတ်ကားတွေနဲ့အတူနာမည်ကျော်ကြားလာခဲ့တဲ့
မင်းသား Daniel Radcliffe နဲ့ James McAvoy ပဲဖြစ်ပါတယ်..

အစွန်းရောက် သိပ္ပံညာရှင် တစ်ဦးဖြစ်တဲ့ ဗစ်တာ ဖရန့်ခ်ကန်စတိန်းနဲ့ သူငယ်ချင်းဖြစ်သူ ထူးချွန် ထက်မြက်သည့် အိုင်ဂေါတို့နှစ်ဦးဟာ လူသားများအကျိုးကို ဆောင်ရွက်မည်ဆိုတဲ့ မြင့်မြတ်တဲ့ ရည်ရွယ် ချက်နှင့် အဆင့်မြင့်သုတေသနများပြုလုပ်ရင်း လူသားများ မသေနိုင်သည့် နည်းပညာကို တီထွင်ဖန်တီး ကြပါတော့တယ်။ ဒါပေမယ့် ဗစ်တာ ဖရန့်ခ်ကန်စတိန်းရဲ့ စမ်းသပ်မှုများဟာ အစွန်း ရောက်ပြီး သူရဲ့ စိတ်ထဲ၌စွဲနေတဲ့ မသေသည့်နည်းပညာ ဖော်ထုတ်မှုဟာ ကြောက်စရာ အကျိုးဆက်များ ဖြစ်လာစေခဲ့ပါ တယ်။ ဒါကြောင့် သူငယ်ချင်းဖြစ်သူ အိုင်ဂေါသည် အစွဲအလမ်းကြီးမားလာတဲ့ ဗစ်တာရဲ့ ဧရာမ အသေကောင်ကြီးကို အသက်ပြန်သွင်းမည့် ရည်ရွယ်ချက်ကိုတားဆီးပြီး ဗစ်တာရဲ့ ပုံမှန်စိတ်ကို ပြန် ရောက်အောင်ကြိုးစားပုံကို ရိုက်ကူးထားသော သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်းကို All Myanmar Youth ကနေတဆင့်ပြန်လည်ဖေါ်ပြထားခြင်းဖြစ်ပါတယ်


Filesize : 632 MB

Quality : WEB-DL720p 

Format : mp4

Run Time : 1h 50 min

Subtitle : Myanmar Subtitle ( Hardsub )

Translated By Tariq L Walker

Encoded By LK



Download And Watch With Pcloud Link 

Tuesday, February 23, 2016

DOA : Dead Or Alive (2006) မြန်မာစာတန်းထိုး


မင်းသမီး အလန်းတွေရဲ့ Sexy ကျကျ သရုပ်ဆောင်မှူတွေနဲ့ အတူ ဖိုင်တင်ခန်း ကြမ်းကြမ်း ကြည့် ဖို့နှစ် သက် မယ် ဆိုရင် တော့ဒီဇတ် ကား လေးကိုကြည့် ဖို့ အရင် ဆုံး ပြေပါရစေ။

ဇတ် လမ်းအညွန်းကို ညွန်းပြရမယ် ဆိုရင် တော့.အထဲကဇတ် ကောင် တွေကသူတို့ရဲ့အ ကြောင်းမျိုးမျိုး ကြောင့် DOAကို ရောက် လာခြင်းဖြစ် လို့ပါပဲ..ဒီ တော့..ဇတ် လမ်းရဲ့..သ ဘောအနည်းငယ် လောက် ပဲညွန်းပြပါရ စေ..."ကဆူမီ"ဆိုတဲ့ ကောင် မ လေးဟာ..သူမရဲ့အကို..ကိုရှာဖို့ရန် အတွက် DOAကို ရောက် လာခဲ့ပါတယ် ...

DOAဆိုတာက...တိုက် ခိုက် မှု နေရာမှာ.အရည်းအချင်းရှိတဲ့သူ တွေကိုဖိတ် ခေါ်ပြီး....သူတို့ချင်းပြန် ပြီးယှဉ် ပြိုင် ခိုင်းတဲ့ နေရာတစ် ခုလိုပါ...
အဲဒီချိန် မှာပဲ..သူတို့ရဲ့အချက် အလက် တွေကိုကူးယူဖို့အသင့်  စောင့်  နေတဲ့..ဒိုနိုဗင် ဆိုတဲ့လူကြီးဟာ.."ကဆူမီ'ရဲ့အကို..ကိုဖမ်းဆီးထားပါတယ် ...ဒီလိုဖမ်းဆီးထားတာကို.."ကဆူမီ"သိတဲ့အခါမှာသူ့အကို..ကိုဘယ် လိုကယ် ထုတ် မလဲဆိုတာ.............
ပြီး တော့..ဒီဇတ် လမ်းထဲမှာကဖိုက် တင် ချတဲ့အခန်း တွေအရမ်းလန်းတာမို့..ဒီဇတ် ကားကို ဒေါင်းကြည့် မယ် ဆို..."ဒီဇတ် ကား လေးကမဆိုးပါဘူးကွာ"လို့အာမေဋိပ် ' တော့ထွက်မိကြမှာပါ။

File Size         : 680 MB
Quality           : Blu ray 720P
Running Time : 1hr 27 minute
Format           : Mp4
Genre             : Action, Adventure
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

(ဘာသာပြန်သူနဲ့ အညွန်းရေးသူကတော့ John La Yaung  ပဲ ဖြစ်ပါတယ်)

NINJA; Shadow of a tear (2013) - မြန်မာစာတန်းထိုး

IMDb rating 6.2/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးကတော့ကျွန်တော်(စိုးထွေး)ရဲ့ဘာသာပြန်(၁၂)
ကားမြောက်ကားလေးဖြစ်လာပါပြီ။ Channel Myanmarကိုရောက်လာတာလည်း (၂)လကျော်(၃)လလောက်တော့ရှိပါတော့မယ်။ ဟိုနေ့ကကျွန်တော့်မွေးနေ့ကိုအားတက်သရောဆုတောင်းပေးကြတဲ့ cmရဲ့အမျိုးတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားလေးဟာကျွန်တော်အမြဲဘာသာပြန်နေကျဇတ်ကား
လေးလိုပါပဲ အက်ရှင်ကာင်းတစ်ကားပါ။


ဒီဇတ်ကားလေးက အပိုင်း(၂)ပါ . ပါဝင်တဲ့မင်းသားက Undisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2 ထဲကမင်းသားရယ်ဖြစ်တာကြောင့် မကောင်းမှာပူစရာမလိုတော့ပါဘူး။

(ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်ကအင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်။ နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။ ဂျပန်နိင်ငံမှာအိမ်ထောင်ကျနေတဲ့အမေရိကန်လူမျိုးကေစီရယ် သူရဲ့ဇနီးနာမီကိုရယ်တစ်နေ့မှာနာမီကိုအသတ်ခံခဲ့ရတဲ့အခါမှာဘယ်သူကနာမီကိုကိုလုပ်ကြံခဲ့တာလဲ။ ဇနီးသည်သေဆုံးပြီးနောက် ကေစီဟာသူနဲ့ရန်ညိုးရှိတဲ့လူတွေ
ဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိင်ငံမှာရောက်နေတဲ့စီနီယာဆီကိုသွားပြီး နာမီကိုသေဆုံးတာကိုစုံစမ်းပုံ လူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီးလုပ်ကြံပုံစသဖြင့်
ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါ။ဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့် ပရိတ်သတ်တွေလက်မလွတ်သင့်ဘူးလို့ပြောချင်ပါတယ်။

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ပဲဖြစ်ပါတယ်။)
@SanWinMaung

File Size                          : 900 Mb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : HD 360P
Running Time                  : 1h 34m
Translated                       : Soe Htwe
Encoded                         : San Win Maung 


Download and Direct Watch HD 720P

Download and Direct Watch HD small file 480P

Monday, February 22, 2016

Legend (2015) မြန်မာစာတန်းထိုး

2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ
IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး
ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ်
ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်

1960 ၀န်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇ၀တ်မှုသမိုင်းက
အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့
ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ်
လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါ


Filesize : 720 MB

Quality : WEBRip720p

Format : mp4

Run Time : 2h 12 min

Subtitle : Myanmar Subtitle ( Hardsub )

Encoded By LK



Download And Watch With Pcloud Link 

Police Story (1985) မြန်မာစာတန်းထိုး

Police Story ဆိုတာနဲ့ မင်းသားကြီး ဂျက်ကီချန်းဇာတ်ကားတွေမှန်း သိပြီးသားဖြစ်မှာပါ။
Police Story နာမည်နဲ့ ဂျက်ကီချန်းဇာတ်ကား ၆ ကားထွက်ပါတယ်။
ကျွန်တော်အစဉ်လိုက်ဖြစ်အောင် တင်ဆက်သွားပါ့မယ်။
ဒီဇာတ်ကားကတော့....
ဟောင်ကောင်ရဲ ချန်ကာကူအဖြစ် ဂျက်ကီချန်းကို စတင်အသက်သွင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။
မူးရစ်ဂိုဏ်းတစ်ခုကို မိုးဆုံးမြေဆုံ လိုက်လံချေမှုန်းမယ့် ကွန်ဖူးရဲအဖြစ်တွေ့ရမှာပါ။

တစ်ခုသတိထားမိတာက အက်ရှင်ခန်းတွေ စတန့်ခန်းတွေကို Effect တွေမသုံးဘဲ လူတွေကိုယ်တိုင်
စွန့်စွန့်စားစားရိုက်ကူးထားတာပါပဲ...
ဂျက်ကီချန်းကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာဖြစ်ပြီး စတန့်တွေအတွက်
သူဘယ်လောက် ပင်ပန်းခံထားလဲဆိုတာ တွေ့မြင်ရမှာပါ။ 
နောက်ပြောစရာရှိတာကတော့ သရုပ်ဆောင်မှုတွေပါ...
အတော်လေးကိုပီပြင်ပါတယ်...ကြည့်နေရင်းနဲ့ တကယ်ဖြစ်နေသလို ပီပြင်အောင် သရုပ်ဆောင်သွားပါတယ်...ဟာသဆိုလဲ အတင်းဖြစ်ညှစ်လုပ်ထားတာမဟုတ်ဘဲ ကြည့်နေရင်းနဲ့ သဘောကျမိလာအောင် စွမ်းဆောင်နိုင်ပါတယ်...
(မျက်မှောင်ကြီးကျုံ့ကြီး အားစိုက်သရုပ်ဆောင်တတ်တဲ့... အတင်းဖြစ်ညှစ် ဟာသလုပ်နေတဲ့ (.....)သရုပ်ဆောင်တွေ အတုယူဖို့ကောင်းပါတယ်)

ကဲ....ကုန်ကုန်ပြောရရင်တော့ ဂျက်ကီချန်းပရိတ်သတ်တွေလုံးဝလက်မလွတ်သင့်တဲ့
ဟိုးအရင်တုန်းက ဂျက်ကီချန်းဇာတ်ကားလေးပါလို့။
တင်ပြီးသမျှ Police Story ဇာတ်ကားများကို http://www.channelmyanmar.com/search?q=police+story  မှာရှာပါ။ 
နောက်ထပ်လာမယ့် Police story ဇာတ်ကားတွေကိုလဲ စောင့်မျှော်အားပေးကြပါဦး။

File size...(900MB) 
Quality...BR-Rip 720p

Format...mp4
Duration....01:39:56
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(Uploading)

 





နမူနာကြည့်ရန်

Sunday, February 21, 2016

Star Wars Episode I : Phantom Menace (မြန်မာစာတန်းထိုး)(1999)



                    ကမ္ဘာ့ပရိသတ်အင်အားအများဆုံးကားတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ စတားဝါးစ် ဇာတ်လမ်းတွေကို တင်ပေးပါတော့မယ်။ စုစုပေါင်း ဇာတ်ကား ၇ ကားထွက်ရှိထားပါတယ်။ စတားဝါးစ် ဇတ်လမ်းရဲ့ ထူးခြားတာတစ်ခုကတော့ ၁၉၇၇ ပထမဆုံး ထွက်ရှိခဲ့တဲ့ ကားဟာ နံပါတ် ၁ မဟုတ်ဘဲ နံပါတ် ၄ ဖြစ်နေတာပါပဲ။ အစဉ်အရဆိုရင် ၄ ၅ ၆ ၁ ၂ ၃ ၇ဆိုပြီး ထွက်ရှိခဲ့တာပါ။ ကျတော်ကတော့ ၁ ကနေ ၇ ထိ အစဉ်တိုင်းပဲ တင်ပေးသွားပါမယ်။ ဒီကားတွေကို ဘာသာပြန်ဖို့ တွေဝေနေရတာက ဒီဇာတ်ကားရဲ့ ဒိုင်ယာလော့ခ် တွေဟာ ကမ္ဘာကျော်ပြီးသားဖြစ်နေပြီး အခုချိန်ထိ တခြားရုပ်ရှင်တွေအများကြီးထဲမှာ
ကိုးကားပြီးပြောနေကြတုန်းဖြစ်တဲ့အတွက် မြန်မာမှုပြုလိုက်ရင် သဘောမတူစရာတွေ တွေ့လာမှာစိုးတာပါ။
ဒါပေမယ့် အတတ်နိုင်ဆုံး ဘာသာပြန်ပြီး တင်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းအားလုံးဟာ အနာဂါတ်မှာ ဖြစ်နေတာတွေ မဟုတ်ဘဲ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ တစ်နေရာရာက အဖြစ်တွေပဲဆိုတာသတိထားစရာပါ။

                                          ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်တွေပေါင်းစည်းပြီး ဖွဲ့စည်းထားတဲ့
ရီပတ်ဘလစ်ကြီးမှာ နိုင်ငံရေးတွေ ရှုပ်ထွေးနေချိန် ကုန်သွယ်ရေးအဖွဲ့ကြီးက နဘူးဆိုတို့ ဂြိုလ်ငယ်လေးကို
ပိတ်ဆို့ပြီး သိမ်းပိုက်လိုက်ပါတယ်။ အဲဒီအရေးကို ဖြေရှင်းဖို့ စကြာဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေ
Jedi သူရဲကောင်း ၂ ယောက်ကို စေလွှတ်ခံလိုက်ရပါတယ်။ Jedi ဆိုတာ စကြာဝဠာထဲမှာရှိတဲ့ Force လို့ ခေါ်တဲ့ စွမ်းအင်တစ်မျိုးကို အသုံးချနိုင်ပြီး အလင်းဓားတွေကိုင်ဆောင်တဲ့ သူရဲကောင်းအဖွဲ့ပါ။ ဒါပေမယ့် သူတို့ဖြေရှင်းရတဲ့ ပြသနာနောက်ကွယ်မှာ Force ကို မကောင်းတဲ့နည်း အမုန်းတရားကို အခြေပြုပြီးသုံးတဲ့
Anti-Jedi မျိုးတွေဖြစ်တဲ့ Sith တွေ ပါဝင်နေတာကို သိလိုက်တဲ့အခါ........။

                     ဒီဇာတ်ကားမှာ အဓိကအချက်တွေကတော့ ကမ္ဘာ့နာမည်အကြီးဆုံး ဗီလိန်တွေထဲက
တစ်ယောက်ဖြစ်တဲ့ Darth Vader ရဲ့ မူလ အစကို တွေ့မြင်ရမှာ ဖြစ်ပြီး စတားဝါး Light Saber Fight
အလင်းဓားတိုက်ပွဲတွေထဲမှာ အကောင်းဆုံးပါလို့ ပြောကြတဲ့ အိုဘီဝန် နဲ့ ဒါ့သ်မောတို့ရဲ့ တိုက်ပွဲကိုလည်း
လက်လွှတ်မခံသင့်ပါဘူး။ ဟာသအနေနဲ့ပြောရရင် မင်းသားကြီး Liam Neeson ကို ရှားရှားပါးပါးသတ်နိုင်တဲ့ ဗီလိန် အဖြစ်လဲ တွေ့ရမှာပါ။ ကြည့်ပြီးသားလူတွေအတွက်တော့ ပိုနားလည်ပြီး
နောက်တစ်ခေါက်ခံစားမိရုံပဲဖြစ်ပြီး မကြည့်ဖူးသေးတဲ့သူတွေ ဒီဇာတ်လမ်းကို တွေ့ခဲ့ရင်တော့ ကံကောင်းစွာနဲ့ပဲ ဆက်တိုက်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

                          ဒီဇာတ်လမ်းတွေထဲမှာ Jedi နဲ့ Sith တွေကို မူရင်းအတိုင်းသုံးပြီး Force ကို စွမ်းအင်လို့ပဲ ဘာသာပြန်ပေးလိုက်ပါတယ်။ May the force be with you ဆိုတဲ့ စကားစုကို တော့
မြန်မာမှုပြုပြီး highlight လေးနဲ့ မပျက်စီးအောင်ထိန်းသိမ်းပေးလိုက်ပါတယ်ဗျာ။




Saturday, February 20, 2016

Volver(2006) မြန်မာစာတန်းထိုး

ဇာတ်လမ်းကတော့ မိသားစုအိမ်တွင်းရေးတွေကို စိတ်ဝင်စားအောင်ရိုက်ထားတဲ့စပိန်ဇာတ်ကားလို့ပဲဆိုပါတော့ မင်းသမီး ရန်မန်ဒါဟာ မိသားစုအတွင်းရေးတွေလည်း ရှုပ်ထွေးနေပြီးတော့ အလုပ်ကိုလည်း အနိုင်နိုင်လုပ်ကိုင်နေရရှာတယ်.... ဇာတ်လမ်းစတာကတော့ သူ့သမီးကို သူ့ရဲ့နောက်ယောက်ျားက အဓမ္မကျင့်ဖို့ ကြိုးစားရာက သူ့သမီးက ပထွေးက သတ်လိုက်တာပဲ... ထိုကိစ္စတွေ ဖြစ်နေချိန်မှာ သူချစ်ရတဲ့ အဒေါ်ကလည်း ဆုံးပါးသွားတယ်... ဒီကြားထဲမှာမှ မထင်မှတ်တဲ့ ကိစ္စတွေပါ ထပ်မံရောထွေပေါ်လာတဲ့အချိန်မှာတော့ မိသားစုရေးရာကိစ္စတွေကို ရန်မန်ဒါတယောယက်ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါ စပိန်ဇာတ်ကားဆိုပေမယ့် IMDb rating 7.2 အထိ ရရှိထားပါတယ်

File Size         : 950 MB
Quality           : Blu ray 720P
Running Time : 2hr 1 minute
Format           : Mp4
Genre             : Comedy,Crime, Drama
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(အညွန်းရေးသူကတော့ AP Newschool ဖြစ်ပါတယ်)

Friday, February 19, 2016

The Lost Room (TV Mini-Series 2006) မြန်မာစာတန်းထိုး


အဓိက အကြောင်းအရာအားလုံးက သော့ လေး တစ်ချောင်းကနေ စ တင်လာပါတယ်

ရှေး ယုံတမ်းပုံပြင်တွေအရ မှော်ဆန်တဲ့ ခရီးသွား တစ်ယောက်ဟာ အခန်းတစ်ခုအတွင်း

တည်းခိုနေထိုင်ခဲ့ပါတယ် ပြီးတော့ ထိုအခန်းအတွင်း ပစ္စည်းအားလုံးဟာ

တန်ခိုး ကိုယ်စီ အသက်ဝင်ပြီး တန်ဖိုးရှိကုန်ကြပါတယ်

တစ်နည်းနည်းဖြင့် ထိုပစ္စည်းတစ်ချို့ အပြင်ရောက်လာခဲ့ပြီး

ရာဇ၀တ်သားတွေလက်ထဲကို ရောက်ရှိပြီး သတ်ဖြတ် လုယက်ကြပါတော့တယ်

ထို အခန်းထဲကို ၀င်တဲ့ သော့တံ ကတော့ ဘယ်တံခါးကို ဖွင့်ဖွင့်ရောက်ချင်တဲ့နေရာကို

ချက်ချင်း ပို့ဆောင်ပေး ဖွင့်ပေးတဲ့ လိုတရ သော့တံ ဖြစ်ပြီး သမီးတစ်ယောက် အဖေ ရဲသား တစ်ယောက်ဆီ

ရောက်သွားရာကနေ ဇတ်လမ်း စ ပါတော့တယ်....

(သစ်ဆန်းခန့်)

Download List
==============






Love’s Coming(2014) မြန်မာစာတန်းထိုး



 ရုပ်ရှင်ကားတွေမှာ rating သတ်မှတ်ချက်တွေ ဘယ်လောက်ပဲကောင်းကောင်း ရုပ်ရှင်ကြည့်သူအကုန်လုံးနဲ့တော့အံဝင်ဂွင်ကျဖြစ်လေ့မရှိပါဘူး... ကိုယ်ပိုင်စိတ် ကိုယ့်ခံယူချက်အတိုင်းဇာတ်ကောင်တွေကိုနှစ်သက်တယ်မနှစ်သက်ဘူးဆိုနိုင်သလို ဇာတ်လမ်းတစ်ခုအနေနဲ့ပဲကြည့်နိုင်သူတွေလည်းရှိပါတယ်...ဒီတော့ဇာတ်လမ်းကိုအရင်ညွှန်းပေးပါ့မယ်...

 အိမ်နီးချင်းကောင်လေးနှစ်ယောက်ဖြစ်တဲ့ Gump နဲ့ Nai တို့မှာ စာညံ့တဲ့ Nai ကိုစာပြပေးဖို့ Gump ဟာနေ့စဉ်လို Nai ရဲ့အိမ်ကိုသွားရတာဟာ Gump ရဲ့သူငယ်ချင်းတွေမှာသံသယတွေဖြစ်လာစေပါတယ်... အဲ့ဒီအတွက် သံသယဝင်နေတဲ့သူငယ်ချင်းသုံးယောက်ဟာ Gump ရဲ့အမှန်တရားကိုသိဖို့အတွက် နည်းလမ်းတွေရှာဖွေလာပါတော့တယ်... အရင်းဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ဦးလေးဆီမှာအကူအညီတောင်းပြီးသူ့ရဲ့နည်းလမ်းတွေအတိုင်းစမ်းသပ်ပါတော့တယ်... ပထမနည်းလမ်းကအဆင်မပြေခဲ့သလို ဒုတိယတစ်ခုကလည်း ပုံမလာခဲ့တဲ့နောက် စိတ်ပျက်စပြုလာတဲ့သူငယ်ချင်းသုံးယောက်ဟာ နောက်ဆုံးနည်းလမ်းအတိုင်း Gump နဲ့ Nai ကိုပါခေါ်ပြီးခရီးတစ်ခုထွက်ကြပါတော့တယ်... အဲ့ဒီမှာတော့ ပုံမှန်အတိုင်းမဟုတ်ပဲ သူငယ်ချင်းသုံးယောက်ဟာ ဝှက်ဖဲတစ်ခုထုတ်သုံးခဲ့တဲ့နောက် ဘာဆက်ဖြစ်မလဲဆိုတာတော့...

 ကဲ ဒီတစ်ခါဇာတ်ကားတစ်ခုလုံးကိုသုံးသပ်ပြပါ့မယ်... 2014 ခုနှစ်ရဲ့ gay movie ကားကောင်းတစ်ကားဖြစ်ပြီး ပုံမှန်သတ်မှတ်ချက် IMDB rating 6.7 အထိရထာပြီး 8.1 နယ်ပယ်အထိတက်လာခဲ့ပါတယ်... Comedy, Romance အမျိုးအစားဖြစ်တဲ့အတွက် Mario Maurer ရဲ့ First Love ကိုကြိုက်သူတွေ ဒီကားကိုလည်းအကြိုက်တွေ့မှာပါ... ရုပ်ရှင်ကားတစ်ခုလုံးမှာ မိဘရဲ့ချစ်ခြင်းကိုမသိမသာလေးပြထားခဲ့ပါတယ်... ဇာတ်လမ်းအရမပါပေမယ့် သူပြောချင်တာက မိဘမသိတဲ့အရာဆိုတာမရှိပါဘူးတဲ့... ဇာတ်လမ်းကို သူငယ်ချင်းလေးယောက်ရဲ့သူငယ်ချင်းအချစ်နဲ့ ကောင်လေးနှစ်ယောက်ရဲ့အချစ်ကို မျှ ပြီးပြထားတယ်လို့ပြောလို့ရပါတယ်... ဇာတ်ကြောင်းနည်းတယ်လို့ဆိုချင်ပါတယ်... Sex scene ဆန်တဲ့ဇာတ်ဝင်ခန်းမျိုးမပါတဲ့အတွက်ကြည့်ရတာတော်တော်လေးအဆင်ပြေပါတယ်... no.2 ထွက်လာပြီးတဲ့နောက် ဒီကားကဇာတ်လမ်အစပျိုးဖို့ဇာတ်ကြောင်းပြောထားသလိုတော့ခံစားရပါတယ်... ကြိုပြောထားပါမယ် no.2 က rating 8.7 အထိရထားပါတယ်...

ဒါကတော့ ဇာတ်လမ်းကြည့်မဲ့သူတွေနဲ့ပတ်သတ်ပြီးပြောပါမယ်... ဇာတ်ကားကောင်းတစ်ကားဖြစ်တာတော့သေချာတဲ့အတွက် gay တွေဘာတွေနားမလည်ဘူး ဖျော်ဖြေရေးကားအဖြစ်ပဲရုပ်ရှင်ကြည့်တတ်တဲ့သူတွေအတွက်အဆင်ပြေပါတယ်... Gay right ကိုခါးခါးသီးသီးမနှစ်မျို့တဲ့သူတွေမကြည့်ကြပါနဲ့ အဆင်ပြေမှာမဟုတ်ပါဘူး... ဒီကားကိုဘာသာပြန်ပေးဖို့ပြောလာတဲ့ကျော်သယ်ရင်းတစ်ယောက်ကိုသာဝိုင်းဆဲကြပါ... ဒီလိုဇာတ်လမ်းမျိုးကြိုက်ကြတဲ့ညီငယ်ညီမငယ်တွေအတွက်တော့ဝမ်းသာစရာဖြစ်မှာသေချာပါတယ်... တခြားရုပ်ရှင်ကားဘာသာမပြန်ပဲ ဒီကားပြန်နေလို့ ဝိုင်းဆဲကြပါသော(သောက်မြင်ကပ်ကပ်နဲ့မြန်မြန်ပြီးအောင်ကိုပြန်ပလိုက်တယ်) ကျော့်သယ်ရင်းပေါင်းသောင်းခြောက်ထောင်ကိုသာကျေးဇူးတင်ကြပါလို့ပြောချင်ပါတယ်...

File Size         : 780 MB
Quality           : HD 720P
Running Time : 1hr 48 minute
Format           : Mp4
Genre             : Romance
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဘာသာပြန်သူနဲ့ အညွန်းရေးသူကတော့ Jean Nyi Ngalပဲ ဖြစ်ပါတယ်)

Thursday, February 18, 2016

Creed (2015) မြန်မာစာတန်းထိုး

ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် 2015 မှာထွက်ရှိထားပြီး ဒါရိုက်တာ 
Ryan Coogler ရိုက်ကူးတင်ဆက်ထားတဲ့ Creed ဇာတ်ကားပဲဖြစ်ပါတယ်.IMDb Rate 7.9 
အထိရရှိထားပြီး  Rotten Tomatoes 94% ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်

Adonis Johnson ဟာ သူ့ရဲ့အဖေက အင်မတန်နာမည်ကြီးကျော်ကြားတဲ့လက်ဝှေ့သမားတစ်
ယောက်ဖြစ်ခဲ့တယ်ဆိုတာကိုသူလုံးဝမသိပါဘူး ဘာကြောင့်လဲဆိုရင် သူ့ကိုကိုယ်ဝန်ဆောင်နေတဲ့
အချိန်မှာပဲ သူ့အဖေ Apollo Creed ဟာ သေဆုံးသွားခဲ့လို့ပါပဲ..ဒါပေမယ့် သူ့ရဲ့ကိုယ်ထဲမှာ
လက်ဝှေ့သမားရဲ့သွေးတွေစီးဆင်းနေပြီး ပါရမီပါပါတယ်. သူဟာလက်ဝှေ့ထိုးတာလည်းဝါသနာပါ
တယ်..ဒါကြောင့်မို့ Adonis Johnson ဟာ အနားယူသွားပြီဖြစ်တဲ့ လက်ဝှေ့ချန်ပီယံဟောင်းတစ်
ဦးဖြစ်တဲ့ Rocky Balboa ကို သူ့ကိုလေ့ကျင့်ပေးဖို့အကူအညီတောင်းပါတယ်..Rocky Balboa ရဲ့
အကူအညီနဲ့ပဲ Adonis Johnson ဟာ တော်လာပါတယ်..သူ့ဘ၀မှာဘာတွေဆက်ဖြစ်မလဲ
သူ့အဖေဘယ်သူဆိုတာရော သိနိုင်မှာလား..အဖေရဲ့ခြေရာကိုရောနင်းနိုင်မှာလားဆိုတာ
ဆက်လက်စောင့်ကြည့်ခံစားကြည့်ရှုပါ..အစကနေအဆုံးထိဆွဲဆောင်သွားမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်

Filesize : 716 MB

Quality : DvdScr

Format : mp4

Run Time : 1h 33 min

Subtitle : Myanmar Subtitle ( Hardsub )

Encoded By LK



Download And Watch With Pcloud Link 

Diary of a Nymphomaniac (2008) မြန်မာစာတန်းထိုး (18++)

ဇာတ်ကားရဲ့နာမည်က Diario de una Ninfómana
(Diary of a Nymphomaniac (or) Diary of a Sex Addict) လို့ အဓိပ္ပာယ်ရပါတယ်။
စပိန်စကားပြော ဇာတ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ပြင်သစ်စာရေးဆရာ Valérie Tasso ရဲ့ နာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါ။

Valérie ဆိုတဲ့ စပိန်ရောက် ပြင်သစ်သူလေးဟာ အသက် ၁၅ နှစ်အရွယ်မှာ
သူရဲ့ အပျိုစင်ဘဝကို စွန့်လွှတ်လိုက်ပါတယ်။
သူနဲ့ သူ့ချစ်သူကောင်လေးတို့ ပျော်ပွဲစားခရီးတစ်ခုမှာ အပျော်တွေလွန် နယ်တွေကျွံခဲ့ကြပါတယ်။
အဲဒီအချိန်ကစလို့ သာယာမှုကို အလွန်အမင်း မက်မောသွားရှာတဲ့
 Valérie တစ်ယောက် သာယာမှုနောက်ကို တကောက်ကောက်လိုက်လို့ အပျော်တွေ ရှာပါတော့တယ်။

Valérie ရဲ့ လိုအင်ဆန္ဒတွေဟာ ဘယ်သောအခါမှ ပြည့်စုံခြင်းမရှိပါဘူး။
 တောင့်တမြဲ တောင့်တဆဲပါပဲ။
အရွယ်ရောက်လို့ အိမ်ထောင်ကျသွားတဲ့အခါ ဆန္ဒရမက်ပြင်းထန်တဲ့
သူ့ကို သူ့ခင်ပွန်းဖြစ်သူကတောင် သည်းမခံနိုင်တော့ပါဘူး။

အိမ်ထောင်ကွဲလို့ တစ်ခုလတ်ဖြစ်သွားတဲ့နောက် Valérie တစ်ယောက်
 နောက်ထပ် ခပ်ချောချော ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံမိပါတယ်။
 အဲဒိကောင်လေးကိုတော့ သူ့ခမျာ အရူးအမူးချစ်ပြီး စိတ်ကူးတွေယဉ် အပျော်ကြီးပျော်နေခဲ့ရှာပါတယ်။
 သူ့ရဲ့ ဆာလောင်မွတ်သိပ်မှုတွေဟာ ကောင်လေးကို ချစ်တဲ့
သူ့ရဲ့အချစ်အောက်မှာ ပျောက်ဆုံးစပြုနေပါပြီ။

ဘဝဟာ တည်ငြိမ်တော့မယ့်ဆဲဆဲ အဲဒီ့ကောင်လေးက သူ့ကို သစ္စာဖောက်သွားတဲ့အခါ
 Valérie တစ်ယောက် စိတ်ဓာတ်တွေအကြီးအကျယ်ကျပြီး အချစ်ဆိုတာကို အယုံအကြည်မရှိတော့ဘဲ
သာယာမှုနောက်ကိုပဲ လိုက်ရင်းလိုက်ရင်း ကြေးကြီးပြည့်တန်ဆာဘဝ ရောက်သွားရှာပါတယ်။

ဒီဇာတ်ကားဟာ စဉ်းစားဆင်ခြင်နိုင်မှု၊ မိမိစိတ်ကို မိမိထိန်းသိမ်းနိုင်မှု၊
 ဆန္ဒနှင့်သိက္ခာကြား လွန်ဆွဲမှုတွေ စတဲ့ မိမိရဲ့ဘဝမှာ ကြုံတွေ့လာနိုင်တဲ့
အဖြစ်အပျက်တွေကို ပညာပေးသဘောနဲ့ တင်ပြထားပါတယ်။
ဇာတ်ကားကို ကြည့်ပြီးသွားရင်တော့ ဇာတ်ကားက ပေးတဲ့
message ကို သေသေချာချာ စဉ်းစားစေလိုပါတယ်။ တွေးတောကြပါ။
သုံးသပ်ကြပါလို့ တိုက်တွန်းပါတယ်။

နောက်ပြီး Valérie တစ်ယောက် ပြည့်တန်ဆာဘဝရောက်သွားတဲ့အခါ
 ပြည့်တန်ဆာမိန်းမတစ်ယောက်ကို ယောက်ျားတွေက
ဘယ်လိုသဘောထားသလဲဆိုတာ ဒါရိုက်တာက မညှာမတာ ရိုက်ပြထားပါတယ်။
အဲသလို ယောက်ျားမျိုးတွေ အပြင်မှာ တကယ်ရှိတဲ့အတွက် သူ ဒီလိုရိုက်ပြတာဟာ
 မှန်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။
ဒီဇာတ်ကားကို ကြည့်ပြီး ကျွန်တောလည်း မိန်းမသားတွေရဲ့
ဘဝကို ပိုပြီးတော့ စာနာမိသွားပါတယ်။
ဒါက ဒီဇာတ်ကားက ပေးလိုက်နိုင်တဲ့ အသိတရားတစ်ခု ဆိုပါတော့။

နောက်တစ်ခုကတော့ အိမ်ထောင်ရေးဟာ လိင်ကိစ္စမပါရင် မပြည့်စုံဘူးဆိုတာ မှန်ပေမယ့်၊
 လိင်ကိစ္စတစ်ခုတည်းနဲ့တော့ အိမ်ထောင်တစ်ခုကို တည်ဆောက်လို့မရဘူးဆိုတာ
 ဒီဇာတ်ကားလေးက ထောက်ပြနေပါတယ်။
"The Secret Ingredient Of Sex is Love" တဲ့။
ဆက်ဆံတာချင်းတူပေမယ့် သာယာမှုကို လိုချင်ရုံသက်သက်နဲ့ ဆက်ဆံတာဟာ
 နှစ်ဦးသားချစ်ခြင်းနဲ့ ဆက်ဆံတာကို ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ပါဘူး။
 ဒါကို Valérie တစ်ယောက် နောက်ဆုံးမှာ သဘောပေါက်သွားပါတယ်။
 

မိသားစုနဲ့ မကြည့်ဘဲ၊ သူငယ်ချင်းတွေနဲ့ ဒါမှမဟုတ်
တစ်ယောက်တည်း ကြည့်တာ ပိုကောင်းမယ်လို့ပဲ ပြောပါရစေ။
ကျွန်တော်လည်း သေသေချာချာ စဉ်းစားပြီးမှ တင်သင့်တယ်လို့ ယူဆတဲ့အတွက် ရေးလိုက်တာပါ။
ကြည့်ရဲမကြည့်ရဲ တွေဝေနေတဲ့ လူတွေကတော့

Trailer ကို ကြည့်ပြီးမှ ကြည့်သင့် မကြည့်သင့် ဆက်စဉ်းစားကြပေါ့။
(ရုပ်ရှင်အညွှန်းကို Movie Locos မှကူးယူဖော်ပြပါသည်။)

File size...(800MB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....01:41:21
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (Uploading)

Download and Watch 360p Small File Size(350MB)

 




နမူနာကြည့်ရန်

The Protector (2005) - မြန်မာစာတန်းထိုး

IMDb rating 7.1/10 ထိရရှိထားတဲ့ ဒီဇာတ်ကားလေးကတော့ ကျွန်တော်(စိုးထွေး)ရဲ့၁၁
ကားမြောက်ဘာသာပြန်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားအပိုင်း(၂)ကိုတော့ကျွန်တော်တို့ရဲ့channel
myanmar မှာတင်ထားပြီးပါပြီ။ အဲဒါကြောင့်ပရိတ်သတ်တွေရဲ့အာသီသကိုကျွန်တော်က နားလည်သာအားဖြင့်အပိုင်း(၁)ကိုဘာသာပြန်ပေးလိုက်ပါတယ်။ ong-bak ဘုရားခေါင်းခိုးတဲ့ကားနဲ့နာမည်
ကြီးခဲ့တဲ့ထိုင်းမင်းသားတိုနီဂျာဟာ အခုဆိုရင်ဟောလီးဝုဒ်ထိကိုအောင်မြင်စပြုနေပါပြီ။ ဒီဇာတ်ကားဟာ တိုနီဂျာရဲ့ပြည်ပမှာထွက်ပြီးရိုက်ကူးခဲ့တဲ့ပထမဆုံးကားလည်းဖြစ်ပါတယ်။ အာဆီယံကအက်ရှင် မင်းသားတွေထဲမှာတိုနီဂျာဟာ အလွန်အောင်မြင်နေတဲ့မင်းသားတစ်လက်အဖြစ်ယခုအချိန်မှာ ရပ်တည်နေပါပြီ။ သူ့ရဲ့ထိုးကွက်ဆန်း တိုက်ကွက်ဆန်းတွေကတိုနီဂျာကိုနာမည်ကြီးစေတဲ့ အချက်တွေပါပဲ။


(အစပိုင်းမှာပျော်ရွင်စရာမိသားစုအဖြစ်ခမ်ရယ်ခမ်ရဲ့အဖေရယ်ဆင်၃ကောင်ရယ်ရှိနေတဲ့အချိန်မှာ ကံကြမ္မာက ဆိုးချင်တော့ဆင်တစ်ကောင်ကရန်သူတွေရဲ့သေနတ်ကျည်ဆန်ကြောင့်သေဆုံးခဲ့ပြီး ကျန်
တဲ့ဆင်၂ကောင်ကိုသြစတေးလျကိုခေါ်ဆောင်သွားတဲ့လူတစ်စု။ မိမိရဲ့ဆင်ကိုသြစတေးလျထိလိုက်ပြီး ခမ်ဘယ်လိုကယ်တင်မလဲမိမိပက်သက်မိတဲ့လူဆိုးဂိုဏ်းကသာမန်ဂိုဏ်းလေးမဟုတ်ပဲတရုတ် မာဖီးယားဂိုဏ်းဖြစ်နေသောအခါ ခမ်ဘယ်လိုရင်ဆိုင်မလဲသြဇီမှာတာဝန်ကျနေတဲ့ထိုင်းနိင်ငံသားရဲသား  မက်ကကောခမ်ကိုဘယ်လိုကူညီမလဲစသဖြင့်. . . ဇာတ်လမ်းအကျင်းလေးအနည်းငယ်ပြောခဲ့ပါတယ်။) ဒီဇတ်ကားလေးမှာထိုင်းနိင်ငံရဲ့ဆင်တွေအပေါ်ထားတဲ့လေးမြတ်မှုကိုတွေ့နိင်သလို နိင်ငံခြားသားfighter ပေါင်းစုံကိုလည်းအစုံအလင်တွေ့နိင်ပါတယ်။





ကြည့်ပြီးသူများကြည့်ပြီးတယ်ဆိုပေမဲ့မြန်မာစာတန်းထိုးနဲ့ကြည့်တာကပိုပြီးဇတ်

ကားရဲ့ရသမြောက်စေမယ်လို့ပြောကြားရင်းဒေါင်းလုပ်လင့်သာပြေးနှိပ်ကြပါကုန်။
(ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။)
@SanWinMaung

Part 2 ကိုကြည့်ရှုလိုသူများက ဒီလင့်ကနေရယူနိုင်ပါတယ်။  

File Size                          : 999 Mb
Quality                            : HD 720P
File Size 2                       : 450 Mb
Quality                            : HD 480P
Running Time                  : 1h 50m
Translated                       : Soe Htwe
Encoded                         : San Win Maung  

Download and Direct Watch HD720P 

Download and Direct Watch HD small file 480P 

 

 


Wednesday, February 17, 2016

Straight Outta Compton ( 2015 ) မြန်မာစာတန်းထိုး

နာမည်ကြီးကမ္ဘာကျော်အနုပညာရှင်တွေဖြစ်တဲ့ Dr.Dre , Easy-E , Ice Cube , MC Ren , DJ Yella
တို့ရဲ့ဘ၀ဇာတ်ကြောင်းကိုရိုက်ထားတဲ့ဇာတ်ကားလို့ဆိုပါတယ်.
IMDb Rate 8.0 ထိရရှိထားတဲ့ဇာတ်ကားမို့လို့ မကောင်းမှာတော့
စိတ်ပူနေစရာမလိုပါဘူး..ကြည့်ရှုခံစားလိုက်ပါ



Filesize : 790 MB

Quality : WEB-DL 720p 

Format : mp4

Run Time : 2h 27 min

Subtitle : Myanmar Subtitle ( Hardsub )

Encoded By LK



Download And Watch With Pcloud Link 

Ip Man (2008) မြန်မာစာတန်းထိုး


2008 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ip Man ဇာတ်ကားဖြစ်သလို ပထမဦးဆုံးသောဇာတ်ကားပဲဖြစ်ပါတယ်
IMDb Rate 8.1 ရရှိထားတဲ့ တရုတ်ကွန်ဖူးနဲ့ပတ်သတ်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်
အားလုံးလည်း ဒီဇာတ်ကားနဲ့စိမ်းနေမယ်မထင်ပါဘူး..အညွှန်းပေးဖို့မလိုတော့ဘူးထင်ပါတယ်
မကြည့်ရသေးတဲ့သူတွေလည်းကြည့်ကြည့်ပါ.ဇာတ်လမ်းရဲ့အရသာ ကို ကိုယ်တိုင်ပဲခံစားကြည့်
ဖို့တိုက်တွန်းလိုက်ပါတယ်

Filesize : 685 MB

Quality : Bluray720p 

Format : mp4

Run Time : 1h 48 min

Subtitle : Myanmar Subtitle ( Hardsub )

Encoded By LK



Download And Watch With Pcloud Link 

Chennai Express (2013)မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါး လေးနဲ့ ရယ်ရွှင်ကြည်နူးဖွယ် ဇာတ်ကားလေးပေါ့ ။ ရင်ဘတ်ကြီးရဲ့ သန်မာမှုက လက်ရုံး ခွန်အားထက် ပိုမိုသာမွန်ကြောင်း သက်သေပြစေခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။

ဇာတ်လမ်းအကျဉ်း  ရာဟူးဟာ လူပျိုကြီးတစ်ယောက်ပေါ့။ သူငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးမှာ အက်စီးဒင့်ဖြစ်ခဲ့ကြပြီး အဘိုးက ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ အဘိုးလည်း ကွယ်လွန်ပြီးနောက်မှာတော့ ရာဟူးဟာ အဘိုးရဲ့ဆန္ဒအရ အရိုးပြာတွေကို ယမုံနာမြစ်ထဲ မျောချစေချင်တဲ့ သူ့ အဘွားရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တစ်ခြား နေရာကို ခရီးသွားဖို့ လုပ်ပါတယ်။

 ရာဟူးဟာ သူ့အဘွားကို လှည့်စားဖို့  ယမုံနာ မြစ်ဆီသွားဖို့ Chennai Express ရထားလေးစီးနင်းခဲ့ရပြီး ရထားပေါ်၌ မီရာကို တွေ့ခဲ့ပါသည်။ မီရာဟာ မာဖီယားခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်ပြီး အခုလည်း လူဆိုးတစ်ဦးနှင့် အတင်းပေးစားခံရသောကြောင့် ထွက်ပြေးလာခဲ့သည်။ မီရာဟာ သူမ၏ ဘ၀အကြောင်းပြောပြခဲ့ပြီး သူမ၏ ချစ်သူ အဖြစ် ဖခင်ရှေ့တွင် ဟန်ဆောင်စေခဲ့သည်။ တကယ်တမ်းတော့ ရာဟူးဟာ ကြောက်ရွံ့တတ်သူ ဖြစ်ပြီး မီရာလက်မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်မှာတော့ မချစ်တတ်သေးသောရာဟူးအဖို့ ဘယ်လို ပုံစံ ဖြစ်မလဲဆိုတာကတော့ ---??? ဇာတ်ညွှန်းလေးကတော့ ဒီမှာပဲ ရပ်ထားပါရစေ။

တကယ်တမ်း အနှစ်သာရတွေက ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကို ထိရှခံစားစေနိုင်မှာပါ။ ဒီကားလေးမှာတော့ မာဖီယားအသံကြားတာနဲ့ ကြောက်လန့်တတ်သူအဖို့ အချစ်၏ခွန်အားရှိလာသည့်အခါ မည်သို့ရင်ဆိုင်လာသနည်း။ အချစ်နဲ့သံယောဇဉ်တို့ကလည်း မည်သို့နှီးနှော ဆက်စပ်နေသနည်း စတဲ့ အတွေးအမြင်တို့ကလည်း ဇာတ်၏ အချို့အဆိမ့်ကို ပရိသတ်အကြိုက် ကြည်နူးစေမှာပါ။ အချစ်စစ်တို့ ခက်ခဲပုံကတလီ ရယ်စရာထွေလီတွေကတမျိုး မရိုးရအောင် တင်ဆက်ထားပုံတွေက အသည်းစိုင်ကို ဘယ်လို ခတ်သွားမလဲ ဆိုတာကတော့ ပရိသတ်ကြီး ရင်ခုန်လိုက်ရအောင်။

File Size         : 1 GB
Quality           : Blu ray 720P
Running Time : 2hr 21 minute
Format           : Mp4
Genre             : Action, Comedy, Romance
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းရေးပေးသူကတော့ လင်းခယံ ပဲ ဖြစ်ပါတယ်)

Tuesday, February 16, 2016

The Legend of Zorro-2(2005) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးကတော့ ကျွန်တော်(စိုးထွေး)ရဲ့(၁၀)ကားမြောက်ဘာသာပြန်ကားလေးဖြစ်ပါတယ်။
IMDb rating 5.9/10ရရှိထားတဲ့ဒီဇာတ်ကားကို ဇောရိုးဆိုတာနဲ့cmပရိတ်သတ်တွေရင်းနီးပြီးသား
ဖြစ်ပါလိမ့်မယ်။
ဇောရိုးဖြစ်တည်လာပုံအစပိုင်း အပိုင်း(၁)ကိုတော့ကျွန်တော်တို့ရဲ့cmမှာတင်ပြီးထားပါပြီ။ အပိုင်း(၁)ကြည့်ပြီးဆံ့တငံ့ငံ့ဖြစ်နေတဲ့ပရိတ်သတ်တွေရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးဖို့
အပိုင်း(၂)လေးကိုပရိတ်သတ်တွေဆီအရောက်ပို့လိုက်ပါပြီ။
ဇောရိုးအပိုင်း(၁)ကတော်တော်လေးကိုကောင်းပါတယ်။ အပိုင်း(၂)ကလည်း အပိုင်း၁နဲ့မခြားအရမ်းကောင်း ပါတယ်။ Channel Myanmar ပရိတ်သတ်တွေသေချာပေါက်အကြိုက်တွေ့မှာပါ။


ကျွန်တော်ဇာတ်လမ်းအကြောင်းလေးနည်းနည်းပြောပြပါ့မယ်။အပိုင်း၂မှာကတော့ဇောရိုးနဲ့ အလီနာတို့ရဲ့ရင်သွေးလေးပါဝင်လာပါပြီ။ ကယ်လီဖိုးနီးယားကိုအမေရိကန်ပြည်ထောင်စုနဲ့ အတူတူပူးပေါင်းနိင်ဖို့အတွက် ဇောရိုးဦးဆောင်ပြီးကြိုးစားပုံ၊ ထူးဆန်းတဲ့ဗုံးလက်နက်ကိုတီထွင်တဲ့
မြို့စားအာမန်ဇောရိုးရဲ့ဇနီးချောလေးအလီနာ၊ စွန့်စားမှုတွေကိုခုံမင်တဲ့ဇောရိုးနဲ့အလီနာတို့ရဲ့သားလေး
ဂျို အာကွင်းအန္တရာယ်တောတွင်းထဲကနေ ဇောရိုးနဲ့အလီနာတို့ကယ်လီဖိုးနီးယားကိုဘယ်လိုကာကွယ်မလဲ စသဖြင့် သည်းထိပ်ရင်ဖိုစွန့်စားမှုအချစ်အလွမ်းအဆွေး အကြမ်းစသဖြင့်ပရိတ်သတ်တွေကို ဇာတ်လမ်းစလယ်ဆုံးဆွဲဆောင်သွားပါလိမ့်မယ်။
ကဲ . . . စိတ်ဝင်စားမှုများလာရင်တော့ ဒေါင်းသာကြည့်ကြပါတော့ . . .
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသာသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။)
@SanWinMaung

Zorro Part(1)ကို ဒီလင့်ကနေဒေါင်းနိုင်ပါတယ်။




File Size                          : 999 Mb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : HD 360P
Running Time                  : 2h 10m
Translated                       : Soe Htwe
Encoded                         : San Win Maung  


 Download and Direct Watch HD720P

 Download and Direct Watch HD small file 360P

Monday, February 15, 2016

Exposed (2016) မြန်မာစာတန်းထိုး

မင်းသားကြီး ကီနူးရိဗ်က ရဲစုံထောက်စကော့ဂယ်လ်ဘန်အဖြစ်လည်းကောင်း၊
မင်းသမီးလေး Ana de Armas က အစ္စဘဲလ်အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားတဲ့
ဇန်နဝါရီလကမှ ထွက်ထားတဲ့ ဇာတ်ကားအသစ်လေးဖြစ်ပါတယ်။
Knock Knock ဇာတ်ကားမှာ ကီနူးရိဗ်ကို အတော်လေး ဒုက္ခပေးသွားတဲ့
မင်းသမီး Ana de Armas ကိုတော့ မှတ်မိဦးမယ် ထင်ပါတယ်။
ဒီဇာတ်ကားမှာလဲ သူတို့နှစ်ဦးပေါင်းပြီး ဆက်လက်တင်ဆက်ထားပါတယ်။
ဘယ်လိုပုံစံဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။
(ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကိုတော့ Knock Knock ဇာတ်ကားတုန်းက ဘာသာပြန်ပေးခဲ့တဲ့
Carey Nyein မှထပ်ပြီး ဘာသာပြန် တင်ဆက်လိုက်တာပါ။)

File size...(750MB) 
Quality...WEB-DL Rip 720p

Format...mp4
Duration....01:42:29
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(Uploading)

 



နမူနာကြည့်ရန်