Friday, January 15, 2016

The Last Witch Hunter (2015) မြန်မာစာတန်းထိုး

ဒါရိုက်တာBreck Eisner ကရိုက်ကူးပြီး Summit Entertainment မှဖြန့်ချိထားသည့်The Last Witch Hunter ဇာတ်ကားသည် နာမည်ကြီးသရုပ်ဆောင် Vin Diesel ခေါင်းဆောင်ပါဝင်ကာ Elijha Wood, Rose Leslie, Olafur Darri Olafsson, Julie Engelbrecht, Michael Caine စသည့် သရုပ်ဆောင် များပါဝင်ထားသော သဘာဝလွန်စွမ်းအင်နှင့် လူသားတို့အားပြိုင်သည့် ဇာတ်ကားတစ်ကားဖြစ်သည်။

နှစ်ပေါင်းများစွာ အောက်လမ်းစုန်းအတတ်ပညာရှင်များကို ရှင်းလင်း သုတ်သင်နေကြသည့် စုန်းမုဆိုး ခေါ် Witch Hunter များရှိနေကြသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဆိုပါ စုန်းမုဆိုးများထဲမှ Kaulder ဆိုသူသည် ထူးချွန်သည့်စုန်းမုဆိုးသူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး စုန်းဘုရင်မနှင့် နောက်လိုက် များကို အပြီးသတ်သုတ်သင်ရှင်းလင်းခဲ့သည်။ စုန်းဘုရင်မသည် မသေဆုံးနိုင် သည့် သူမ၏စွမ်းရည်များကို ကျိန်စာပြုလုပ်ပြီးKaulder နှင့်သူ၏မိသားစုကို နောင်ဘဝများတွင်Kaulder နှင့်ကွဲကွာစေရန်ကျိန်စာတိုက်ခဲ့သည်။

Kaulder သည် နှစ်ပေါင်းများစွာရှင်သန်ခဲ့ပြီး စုန်းပညာရှင်များကို သုတ်သင်ရှင်းလင်းနေခဲ့ သည်။ ထိုအတောအတွင်း သူ၏မိသားစု လူ့ဘဝပြန်ဖြစ်သည့်ကာလတွင် ဆုံတွေ့နိုင်ရန် ကြိုးစားလိုက်ရှာနေတော့သည်။ ၎င်းအချိန်တွင် စုန်းဘုရင်မသည် ပြန်လည်အသက်ဝင်ရှင်သန်လာခဲ့ပြီး Kaulder အားလက်စားချေရန် ကြိုးစားသည့်အခါတွင် လူသားမျိုးနွယ်များကို ဒုက္ခပေးနိုင်သည့် စုန်းဘုရင်မ နှင့်Kaulder တို့အကြား ကြီးမားသည့်စစ်ပွဲများဖြစ်ပွားလာရပုံကို ရိုက်ကူးတင် ဆက်ထားသော ဇာတ်ကားဖြစ်ပါသည်။
(ရုပ်ရှင်အညွှန်းကို www.moi.gov.mm မှကူးယူဖော်ပြပါသည်။)

ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကိုတော့ Tariq L Walker မှကိုယ်တိုင် ဘာသာပြန်ပေးထားတာပါ။

File size...(900MB) 
Quality...WEB-DL Rip 720p

Format...mp4
Duration....01:46:27
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(400MB)

 



နမူနာကြည့်ရန်

No comments:

Post a Comment