Wednesday, February 24, 2016

Ted : The Lost Explorer (2012) မြန်မာစာတန်းထိုး


Channel Myanmar က ကာတွန်းကားတွေ မတင်တာကြာပြီမို့ ဒီတစ်ခါ ကာတွန်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ...
ဒီကားလေးကလည်း ကျွန်တော်ကြည့်ခဲ့ဖူးသမျှ ကာတွန်းကားတွေထဲက စိတ်ထဲမှတ်မှတ်ရရရှိနေခဲ့ ကားလေးတစ်ကားဖြစ်ပါတယ် ..
ဇာတ်လမ်းလေးကတော့ ...
ဖခင်ဖြစ်သူလို ရှေးဟောင်းသုတေသနပညာရှင် ဖြစ်ချင်နေတဲ့ တက်ဒ်(Tad) ဆိုတဲ့ကောင်လေးဟာ ဖြစ်ချင်တာကို မလုပ်ရပဲ ကြုံရာအလုပ်ကိုသာ လုပ်နေခဲ့ရပါတယ် ... ဒါပေမယ့် သူ့ရဲ့ဝါသနာကြောင့် အလုပ်တွေမှာ အဆင်မပြေဖြစ်ရပါတယ် ... ဒါပေမယ့်
တစ်နေ့မှာ သူ့ရဲ့အိပ်မက်တွေဖြစ်လာဖို့အခွင့်အရေးတစ်ခုကို မမျှော်လင့်ပဲကြုံတွေ့ရပါတော့တယ် ...
အဲ့ဒါကတော့ ပျောက်ဆုံးနေတဲ့မြို့တော်တစ်ခုကို ရှာဖွေရမယ့် အခွင့်အရေးပါ
ဒါပေမယ့် အနှောက်အယှက်တွေ ထူးဆန်းမှုတွေ စွန့်စားမှုတွေ အပြည့်နဲ့ ကြုံလာခဲ့တဲ့အခါမှာတော့ ....

ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် နာမည်ကြီးဇာတ်လမ်း အင်ဒီယာနာဂျုန်းစ်ကို ကာတွန်းဗားရှင်းနဲ့ပြန်ကြည့်ရသလိုခံစားရစေမှာပါ(တလွဲလေးတွေတော့ ပါတာပေါ့လေ ငိငိ )
ပရိတ်သတ်ကြီး အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်...ကြည့်ရှုအားပေးကြပါဦး
(Like & Share လေးလုပ်သွားဖို့လည်း မမေ့ကြနဲ့ဦးနော် .. လူကြီးမင်းတို့ရဲ့ Like/Share တစ်ချက်က ကျွန်တော့်တို့အတွက် အားဆေးပါပဲ )

File Size         : 730 MB
Quality           : Blu ray 720P
Running Time : 1hr 32 minute
Format           : Mp4
Genre             : Animation Adventure, Comedy
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

(ဇာတ်ကားထဲက စကားလုံးအသုံးအနှုန်းတွေဟာ ရှေးဟောင်းအကြောင်းအရာတွေနဲ့ပတ်သက်နေတာကြောင့် ဘာသာပြန်မှုလွဲချော်မှုလေးတွေရှိရင် ကျွန်တော့်ရဲ့အားနည်းချက်သာ ဖြစ်ပါကြောင်း @Ye Kyaw Htet)

No comments:

Post a Comment