Thursday, July 2, 2015

The Crossing (2014) မြန်မာစာတန်းထိုး

Screenshots




ဒီဇာတ်ကားက ၁၉၄၉ တုန်းက ခရီးသည် ၁၅၀၀ ကျော် သေဆုံးခဲ့ရတဲ့ တိုင်ပင်းဆိုတဲ့ သင်္ဘောနစ်မြုပ်ခဲ့မှုကို အခြေခံရိုက်ကူးထားတာမို့ တရုတ်တိုင်တန်းနစ်ကားလို့တောင် ပြောလို့ရပါတယ်။
ဇာတ်လမ်းအစမှာ ၁၉၄၀ ပြည့်နှစ်များဆီက ဂျပန်နဲ့ စစ်ဖြစ်နေတဲ့ တရုတ်နိုင်ငံ မြင်ကွင်းတွေနဲ့ အတူ တပ်မတော် အရာရှိ လေ့ယိဖန်ဟာ ကြယ်နှစ်ပွင့်ရပြီး ရာထူးတိုးသွားခဲ့ပါတယ်။ 
ဂျပန်-တရုတ်စစ်ပွဲတွေအပြီးမှာတော့ တရုတ်နိုင်ငံဟာ စစ်တပ်နဲ့ ကွန်မြူနစ်တွေ တိုက်ကြခိုက်ကြတဲ့ ပြည်တွင်းစစ် ထပ်ကြုံခဲ့ရာ သေကျေဒဏ်ရာရရှိမှုတွေလည်း များပြားခဲ့ပြီး မိသားစုတွေလည်း ကွဲကွာကုန်ကြပါတယ်။
ဒေသ ၂၂ က စစ်ဆေးရုံမှာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကလာတဲ့ ယုကျန်ဆိုတဲ့ အမျိုးသမီးဟာ လုပ်အားပေးနေရင်း စစ် အတွင်းရောက်နေတဲ့ ခင်ပွန်းဖြစ်သူကို ရှာဖွေနေခဲ့ပါတယ်။ တစ် ရက်မှာတော့ အရာရှိ ယိဖန်ဟာ မြို့ထဲတစ်နေရာကိုသွားရင်း ဘဏ် လုပ်ငန်းရှင်ရဲ့သမီး ကျိုးယွမ်ဖန် ဆိုတဲ့ မိန်းကလေးကို မြင်မြင်ချင်း စိတ်ဝင်စားသွားခဲ့ပါတယ်။ အလျင်အမြန် ပိုးပန်းပြီးတဲ့နောက် သူတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ပါတယ်။
စစ်ကြောင့် ဒဏ်ရာရသူတွေကို ထိုင်ဝမ်ကို ပို့ဆောင်တာမို့ ယုကျန်တစ်ယောက် ထိုင်ဝမ် သွားဖို့ သင်္ဘောလက်မှတ် မတတ်နိုင်တဲ့ အခြေနေ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရင်သွေးလွယ်ထားပြီဖြစ်တဲ့ ယွမ်ဖန်ဟာ ရှေ့တန်းသွားရမယ့် သူ့ခင်ပွန်း ယိဖန်ကိုထားခဲ့ပြီး သူ့မိသားစုတွေနဲ့ ထိုင်ဝမ်မှာ ဘေးလွတ်ရာ ပြောင်းနေဖို့လုပ်ခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ ခရီးသည်တွေ တင်ဆောင်လာတဲ့ သင်္ဘောကြီးနစ်မြုပ်ခဲ့ရာမှ မိသားစုတွေ သေကွဲရှင်ကွဲကွဲကွာပြီးနောက်မှာ အပြောင်းအလဲ ဖြစ်ကုန်တဲ့ အခြေအနေတွေကို ဘယ်လိုပုံဖော်ပြသွားမလဲဆိုတာ ကိုယ်တိုင်ကြည့်လိုက်ကြပါဦး။ လူပေါင်းများစွာ သေကျေရတဲ့ စစ်ပွဲမြင်ကွင်းတွေ၊ စစ်အတွင်း လူမှုဘ၀တွေ၊ချစ်မေတ္တာအကြောင်းအရာတွေကို ရသစုံကြည့်ရမှာမို့ ပရိသတ်တွေ အကြိုက်တွေ့ကြဦးမယ်ထင်ပါတယ်။
ဒီဇာတ်လမ်းက အပိုင်း (၁) အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာက ထွက်ထားတာဖြစ်ပါတယ်။ အပိုင်း (၂) ကိုတော့ ဒီနှစ် မေလထဲမှာ ထွက်ရှိ မယ်လို့ ထင်ပါတယ်။ ဒါရိုက်တာ ဂျွန်ဝူးက နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ ကျန်ဇီယီ၊ တာကဲရှိခါနဲရှိယို၊ ဆောင်းဟေကို၊ ဟွမ်ရှောင်မင်၊ တုံးသာ့ဝေ၊ မာဆ မိနာဂါဆာဝါတို့နဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းကို 7daydaily.com မှကူးယူဖော်ပြပါသည်။)

File size...(1.1GB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....02:08:14
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(Uploading)



 



နမူနာကြည့်ရန်



No comments:

Post a Comment