Wednesday, February 3, 2016

The Pianist (2002) မြန်မာစာတန်းထိုး



IMDb rating 8.5 ရထားတာဆိုထဲက အထူးညွှန်းစရာမလိုဘူးလို့လဲထင်ပါတယ်
ပိုလန်နိုင်ငံ ၀ါဆောနယ်ထဲမှာ
ဂျူးလူမျိုး စန္ဒရားပညာရှင်တယောက်ရှိခဲ့တယ်....
ပိုလန်အသံလွှင့်ဌာနမှာ အမြဲတီးခတ်နေတဲ့ ဒီစန္ဒရားဆရာရဲ့ အနုပညာခရီး
ကို ဒုတိယကမ္ဘာစစ်ကြီးရဲ့ သေနတ်သံ ဗုံးသံတွေကဖျက်ဆီးပစ်လိုက်တယ်
ဂျူးတွေကိုမုန်းတီးတဲ့ဟစ်တလာရဲ့ ဂတ်စတာပိုရဲတပ်ဖွဲ့ တွေအောက်မှာ
မိတကွဲ ဖတကွဲ ဘယ်နေ့ကိုယ်သေမယ့် အလှည့်ရောက်မလဲဆိုတာကို
ကျီးလန့်စာစားဖြတ်သန်းခဲ့ရတဲ့ အနုပညာရှင်တယောက်ရဲ့အကြောင်း---
ဂျူးတွေကို သီးသန့်နယ်မြေကန့်သတ်ပြီး ညစ်ပတ်နံစော်နေတဲ့ ဂျူးရပ်ကွက်ထဲမှာ
ဘ၀ကိုရုန်းကန်ခဲ့ရတာတွေ--
စားဝတ်နေရေးအတွက်သူမြတ်နိုးလှတဲ့စန္ဒရားကြီးကိုရောင်းခဲ့ရပေမယ့် အလျဉ်းသင့်ရင်
သင့်သလို စန္ဒရားနဲ့နီးစပ်အောင်ကြိုးစားခဲ့ရတာတွေ--
သူ့အရည်အချင်းကိုသိတဲ့ နီးစပ်ရာတွေက အတတ်နိုင်ဆုံးကူညီခဲ့လို့ မဟာမိတ်တွေဝင်
မလာခင်ထိ အသည်းယောင်အသားဝါရောဂါ အစာရေစာမရှိဘဲ သေမင်းကိုရင်ဆိုင်ခဲ့ရ
ပုံတွေက စစ်ရဲ့ အနိဌာရုံတွေကိုမီးမောင်းထိုးပြထားပါတယ်....
မဟာမိတ်တွေဝင်လာပြီး စစ်ရှုံးလို့ ဆုတ်ခွါရတော့မယ့်ဂျာမန်စစ်ဗိုလ်တဦးအကူအညီနဲ့ ရက်အနည်းငယ်
အသက်ဆက်နိုင်ခဲ့အခန်းမှာလဲ ၀ါဒတွေ အမုန်းတရားတွေဘယ်လောက်ပဲထန်ထန်
လူဆိုတဲ့သဘာဝကိုပီပြင်အောင်ပြနိုင်ခဲ့ပါတယ်--
စစ်နိုင်တဲ့လူတွေဟာတွေ နေ့ညမရွေး ရှုံးနိမ့်သွားနိုင်တယ်ဆိုတဲ့လောကပြကွက်ကိုဇာတ်အိမ်ဖွဲ့ထားပုံက
စိတ်ဝင်စားစရာကောင်းလှပါတယ်
အရည်အချင်းရှိသူ ဇွဲရှိသူတယောက်ဖြစ်တဲ့ သူဟာနောက်ဆုံးတော့သူချစ်တဲ့အနုပညာလမ်းပေါ်
ဘယ်လိုပြန်ရောက်သွားတယ်ဆိုတာကို ရသစုံနဲ့ဖော်ညွှန်းထားတဲ့ဇာတ်ကားကောင်းတကောင်း
ဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်သင့်တယ်လို့ ပဲပြောပါရစေ
(ဇာတ်ကားဘာသာပြန်သူရော အညွှန်းရေးသူရောက "မြန်မာကြီး" ပဲဖြစ်ပါတယ်)


IMDb - 8.5/10
File size  - (852 MB) 
Quality -    720p
Format - MP4
Duration  02:28:00
Subtitle - Myanmar
Encoder - AP newschool

No comments:

Post a Comment