Final Fantasy VII (Movie) ဟာ 2005 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb rating 7.4 ရရှိထားတဲ့
Animation ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မူရင်း video game ဖြစ်ပြီး movie အဖြစ်ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။
နောက်ဆုံးတိုက်ပွဲပြီးဆုံးပြီးနောက် နှစ်နှစ်အကြာကမ္ဘာကြီးတစ်ခုလုံးပြန်လည်တည်ငြိမ်လာတဲ့အချိန်မှာ
နောက်ထပ်အန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ရပါတော့တယ်။ လူတွေအားလုံးဟာလဲကမ္ဘာမြေကပ်လို့ခေါ်တဲ့
ရောဂါတစ်မျိုးဖြစ်ပွားနေပြီ။ကြေးစားစစ်သည်တစ်ဦးဖြစ်တဲ့ ကလောက်ဒ့်ဟာ တီဖာရဲ့ကနေတစ်ဆင့် ရှင်နေရာ ကုမ္ပဏီရဲ့ ဥက္ကဠ ရုပ်ဖ့် နဲ့တွေ့ပြီး ရုပ်ဖ့်က ဂျီနိုဗာဆဲလ်ကိုလိုက်ရှာနေတဲ့ လူသုံးယောက်ကို တားဆီးဖို့အကူညီတောင်းရာမှာ ငြင်းဆန်ပြီးပြန်လာခဲ့ပါတယ်။
သူပြန်လာချိန်မှာတော့ သူနဲ့အတူနေထိုင်တဲ့ ရောဂါခံစားနေရတဲ့ မိဘမဲ့ကလေးငယ်တွေကို ဖမ်းခေါ်သွားကြတာကိုသိလိုက်ရပါတယ်။ တစ်ကိုယ်တည်းနေတတ်တဲ့ ကလောက်ဒ့်မှာလဲ ရောဂါခံစားနေရပြီး သူငယ်ချင်းတွေကိုတောင်မပြောပြခဲ့ပါဘူး။ ဒါပေမဲ့ သူကလေးတွေကို ကယ်တင်ဖို့ကြိုးစားရင်း ဂျီနိုဗာဆဲလ်ကို ရှာဖွေနေတဲ့ လူသုံးယောက်ကို ကလောက်ဒ့် နဲ့သူ့သူငယ်ချင်းတွေ ကနောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်ကြရပါတော့တယ်။
Video game ကနေ movie အဖြစ်ထွက်လာတဲ့အတွက် fighting scenes တွေကလဲအမိုက်စားတွေမို့ ကြိုက်ကြမှာပါ။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Myo Myint Maung(ငတုံးမျိုးကို) ပဲဖြစ်ပါတယ်။)
@SanWinMaung
File Size : 900 Mb
Quality : HD 720P
File Size 2 : 400 Mb
Quality : HD 360P
Running Time : 1h 30m
Translated : Myo Myint Maung(ငတုံးမျိုးကို)
Encoded : San Win Maung

No comments:
Post a Comment