Thursday, June 30, 2016

တာရာဘတ်ကို သွားတဲ့ တံတား (၂၀၁၇) မြန်မာစာတန်းထိုး

ဒီဝထ္ထု ဟာ အမေရိကန်နိုင်ငံသား အမျိုးသားစာပေဆုရ စာရေးဆရာ ကက်သရင်း ပါတာဆန် ရေးသားထုတ်ဝေခဲ့တဲ့ အအောင်မြင်ဆုံးဝထ္ထုထဲက တစ်ခုပါ။ ဒီဝထ္ထုက နှစ်ကြိမ်ဆက် အသက်သွင်းဖို့အကမ်းလှမ်းခံခဲ့ရတာပါ။ နာမည်ကျော် Disney က 2007 ခုနှစ်မှာရရှိခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ (၄)တန်းကျောင်းသားလေးနှင့် ကျောင်းသူလေးတို့ စတင်တွေ့ဆုံမိရာမှစတာပါ။ တစ်ယောက်အခက်ခဲကို တစ်ယောက်ကူညီရင်း အပြန်ပြန်အလှန်လှန်ချစ်ခင်ကြပုံ။နှစ်ယောက်သား အကြောင်းအမျိုးမျိုးကြောင့် ထွက်ပေါက်ရှာရင်း မှော်တိုင်းပြည်တစ်ခုကို ဖန်တီးပြီးရောက်ရှိသွားပါတော့တယ်။ ကလေးတွေဆိုပေမင့် ဇာတ်လေးလေးက ကလေးလူကြီးမရွေး ကြည့်မိသူတိုင်း တသသ ဖြစ်စေမိမှာပါ...လို့ပြောရင်း သိပ်အများကြီးညွှန်းနေရင် ပေါ့သွားမှာစိုးလို့...ဒီလောက်ပဲ ညွန်းပါရစေ

File Size         : 750 MB
Quality           : Blu ray 720P
Running Time : 1hr 36 minute
Format           : Mp4
Genre             : Adventure, Drama, Family
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)

GOT စီစန် (၆)










File Size : 1 Gb / 500 Mb
Encoder  : Littleneo
Duration : 2 hrs 14 min
Quality   : 720p Brrip


Tuesday, June 28, 2016

သုတ်သင်ရှင်းလင်းရေး ပွဲတော် (၂၀၁၄) မြန်မာစာတန်းထိုး

ဒီဇာတ်ကားဟာ 2023 ခုနှစ် အမေရိကန် နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် အဲ့ဒီအချိန်ကာလအမေရိကန် နိုင်ငံကို (Nation Reborn)အဖြစ်သက်မှတ်ပြီး တည်ထောင်သူအသစ်များ(New Founding Fathers) အမည်ခံ အစိုးရအဖွဲ့မှ နိုင့်ငံမူဝါဒ စည်းစနစ်များကို ပြောင်းလဲချမှတ်ကြပါတယ်။ တည်ထောင်သူအသစ်များ အစိုးရ အနေနဲ့ လူဦးရေ တိုးပွားမှုကိုကန့်သက်ထိန်းချုပ်ရန်အတွက် တစ်နှစ်မှာ တစ်ည သုတ်သင်ရှင်းရေး(Purge) လုပ်ခွင့်ပြုလိုက်ကာ March လ 21 ရက်နေ့ ညနေ 6 နာရီမှ 22ရက်နေ့ မနက် 6နာရီ အထိ 12 နာရီ အတွင်းတွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများကိုတရားဝင် ကျူးလွန် ခွင့်ပေးထားပါတယ်။

ဇာတ်ကားရဲ့ဇာတ်အိမ်ကိုတော့ ဆဋ္ဌမမြောက် သုတ်သင်ရှင်းလင်းရေးညမှာ ဇာတ်အိမ်တည်ထားပါတယ် အဲ့ဒီနေ့ ညမှာ အပြင်ကို လက်နက်အပြည့်အစုံကားတစ်စီးနဲ့ ထွက်လာတဲ့ sergeantတစ်ဦးဟာ အိမ်ကိုအချိုးဖောက်အဝင်ခံရပြီး သုတ်သင်ရှင်းလင်းမှုခံရဖို့ ဆဲဆဲ Eva နဲ့ သူမရဲ့သမီး Cali တို့ကို မနေနိုင်သဖြင့်ဝင်ရောက် ကယ်ဆယ်ခဲ့ပါတယ် နောက်တစ်ခါ ခရီသွားလာရင်း ကားပျက်သွားပြီး သုတ်သင်ရှင်းလင်းရေးညကြီးမှာ ပိတ်မိသွားတဲ့ Shane နဲ့ Liz ဆိုတဲ့ လင်မယားနှစ်ယောက် နဲ့ထပ်မံ တွေ့ဆုံခဲ့ကြပြီး ဒီလူလေးယောက်ရဲ့

 ဒီတစ်ညတာ အသက်ရှင်သန်ရေးဟာ အဆိုပါ sergeant ရဲ့ ခေါင်းပေါ်ကိုရောက်လာပါ တော့တယ် သူတို့ဒီတစ်ညတာကိုအသက်ရှင်လျှက်ဖြတ်သန်းနိုင်ပါ့မလား sergeantကရာ ဒီလူလေးယောက်လုံးကိုဘေးကင်းအောင် ကူညီနိုင်ပါ့မလား လက်နက်အပြည့်အစုံ နဲ့ အပြင်ကို ထွက်လာ တဲ့ sergeant ကရော သုတ်သင်ရှင်းလင်းရေးပွဲမှာ ပါဝင်ဆင်နွဲဖို့များလား ဒါမှမဟုတ်ဘာအကြောင်းတွေရှိလို့လဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ ဇာတ်ကားတစ်ကားလုံးရင်တထိတ်ထိတ်အသဲတစ်ယားယား ကြည့်ရှုခံစားရမယ့် ဒီဇာတ်ကားဟာ iMDb rating အနေနဲ့ 6.5/10 ရရှိထားပြီး Action/Thriller အမျိုးအစားဖြစ်ပါတယ် Action ကားကြမ်းကြမ်းမှကြိုက်နှစ်သတ်သူတွေ လုံးဝအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။


ဇာတ်ကားကို ဒီလင့်ကနေ ၀င်ဒေါင်းနိုင်ပါတယ်

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Han Htoo Zawပဲဖြစ်ပါတယ်)

စာပို့ကြသူများ (၂၀၀၇) မြန်မာစာတန်းထိုး

ကနေဒါနိုင်ငံရဲ့ လယ်တောထဲမှာဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ရိုလင်မိသားစု ကြောက်မက်ဖွယ်အဖြစ်ဆိုးကြီး ကြုံတွေ့ရပြီး နောက်ခြောက်နှစ်အကြာမှာ မိသားစုတစ်စုက ထိုလယ်ကိုဝယ်လိုက်ပြီး ပြောင်းရွှေ့လာကြပါတယ်...အဲ့ဒီအချိန်မှာပဲ မကျွတ်လွတ်သေးတဲ့ ပရလောကသားတွေက တစခန်းထလာပါတော့တယ်။ (အကယ်၍သင်ဟာသင့်အိမ်ထဲမှာ တစ္ဆေတစ်ကောင် တွေ့ပြီဆိုပါစို့...သင်ပြောတာကိုဘယ်သူမှမယုံဘူး၊ ဘယ်သူမှလက်မခံဘူးဆိုရင် သင်ဘာဆက်လုပ်မှာလဲ...)

လယ်သမားမိသားစုရဲ့ စီးပွါးရေး၊ မိသားစုဆက်ဆံရေးနဲ့ ပရလောကတွေအပါအ၀င် စိတ္တဇ စသည့်ဖြင့်ဝေဆာအောင် ဇာတ်အိမ်ဖွဲ့ထားပါတယ်။ပိုပြီးကြည့်ချင်စရာကောင်းတာကတော့ Twilight မင်းသမီး Kristen Stewart ပါဝင်အားဖြည့်ထားပါတယ်။


ဇာတ်ကားကို ဒီလင့်ကနေ ဒေါင်းပါ

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)

ဟန်နာ မွန်တားနား : ရုပ်ရှင်ကြီး (2009) မြန်မာစာတန်းထိုး



ဒီဇာတ်ကားလေးဟာ Imdb4.2 သာရရှိထားပေမဲ့ လူအများတစ်ခဲနက်နှစ်သက်အားပေးကြတဲ့ တေးသံစုံ မိဘမေတ္တာဘွဲ့ ဇာတ်မြူးကားလေးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Miley Cyrus ကို မတူတဲ့ဘဝနှစ်ခုမှာ ရှင်သန်နေထိုင်လျက်ရှိတဲ့ ဆယ်ကျော်သက်မိန်းမငယ်လေးအဖြစ်မြင်ရမှာဖြစ်ပြီး နှစ်မျိုးစလုံးဟာ အခုပုံစံနဲ့မတူ ရိုးသားအပြစ်ကင်းပြီး ချစ်စရာကောင်းနေတာကြောင့်  Miley ပရိသတ်တွေအတွက် လွမ်းစရာအမှတ်တရလေးတော့ဖြစ်ကြမှာပါ။
ဇာတ်လမ်းအညွှန်းအရ မိုင်လီစတီးဝပ် ဆိုတဲ့ကောင်မလေးဟာ လက်ရှိဘဝအပြင် ဟန်နာမွန်တာနား ဆိုတဲ့ အောင်မြင်နေတဲ့ ဆယ်ကျော်သက်အဆိုတော်မလေး ဘဝကိုပါပိုင်ဆိုင်ထားသူပါ။ဒါပေမဲ့ ဟန်နာမွန်တားနားဆိုတာ မိုင်လီစတီးဝပ် မှန်းဘယ်သူကမှမသိကြပါဘူး။ သူမကိုယ်တိုင်ကလည်း နှစ်ဘဝလုံးမှာနေသားတကျနဲ့အောင်မြင်မှုရနိုင်ဖို့ကိုဆန္ဒရှိနေသူပါ။ တစ်နေ့ ဖက်ရှင်စတိုးတစ်ခုမှာ သူမရဲ့  သူငယ်ချင်းဖြစ်သူ လီလီ အတွက်မွေးနေ့လက်ဆောင်ပေးဖို့ဖိနပ်ဝယ်ရာကနေ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ တိုင်ရာဘန့်စ်  နဲ့ရန်ဖြစ်ခဲ့ကြပါတော့တယ်။အဲ့ဒီအဖြစ်ပျက်ကြောင့်ပဲ မိုင်လီ ရဲ့အဖေဟာသူမကို တန်နက်ဆီပြည်နယ်ကိုခေါ်သွားခဲ့ကာ လူမှုဆက်ဆံရေးနဲ့ ပေါင်းသင်းဆက်ဆံမှုပြေလည်စေဖို့  မိသားစု နဲ့အတူလေ့လာသင်ယူခဲ့ခိုင်းရာကနေ သူမနှစ်သက် သဘောကျရပြီး သူမကို မိုင်လီစတီးဝပ် အဖြစ်ပဲသိတဲ့ ကောင်လေးနဲ့တွေ့မိခဲ့ပြီးတဲ့နောက်မှာတော့  သူမ ဘယ်ဘဝမှာပဲ ဆက်ရှင်သန်မှာလဲ။
သူမ ချစ်ရတဲ့ မိသားစုနဲ့ ချစ်ရတဲ့သူရှိတဲ့ မိုင်လီစတီးဝပ် ဘဝမှာလား ။ လူတိုင်းအားကျမက်မောရတဲ့ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ ဟန်နာမွန်တာနားဘဝ ကိုရွေးမှာလား။ ဒီရုပ်ရှင်လေးထဲမှာပ Miley Cyrus ရဲ့  ဖခင်ရင်းဖြစ်သူ Billy Ray Cyrus ဟာလည်း မိုင်လီစတီးဝပ်ရဲ့  ဖခင်ရော်ဘီစတီးဝပ် အဖြစ်သရုပ်ဆောင်ထားကာ အားလုံး နှစ်သက်ကျမဲ့ ဇာတ်ဝင်ခန်းတွေဖြစ်တဲ့ ဖခင်တစ်ယောက်ရဲ့  ကိုယ့်ရဲ့သမီးအပေါ်မှာ သူငယ်ချင်းတစ်ယောက်လို ရင်ဖွင့်ဖော်တစ်ယောက်လို ဘဝလမ်းမှန်ကိုတည့်မတ်ပြုပြင်ပေးတဲ့ဖခင်တစ်ယောက်လို စိတ်နှစ်ကာသရုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့အနုပညာစွမ်းအားကို အံ့အားသင့်ဖွယ်ရာ ပြသခဲ့ပါတယ်။ကျန်တဲ့ ဇာတ်လမ်းတစ်လျှောက်ကြုံတွေ့ရတဲ့အခက်အခဲတွေ ကိုတော့  spoiler ဖြစ်မှာစိုးတဲ့အတွက်မပြောတော့ဘဲ ဇာတ်လမ်းကိုသာကြည့်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
(ဇာတ်ကားလေးကို ဘာသာပြန်ထားသူကတော့ Kay Kay ဖြစ်ပြီး Moe Oo Mann မှ အညွှန်းရေးထားပေးပါတယ်)

File size...733MB 
Quality...DVD-Rip 
Format...mp4
Duration....01:42:19
Subtitle....Myanmar Subtitle (Hardsub)
Translator .......Kay Kay
Encoder....seniorkaung91



သုတ်သင်ရှင်းလင်းရေး ပွဲတော် (၂၀၁၄) မြန်မာစာတန်းထိုး



File Size         : 750 MB
Quality           : Blu ray 720P
Running Time : 1hr 43 minute
Format           : Mp4
Genre             : Action, Horror,Sci-fi
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

ကွန်ဖူးပန်ဒါ ၃ မြန်မာစာတန်းထိုး

File Size         : 750 MB
Quality           : Blu ray 720P
Running Time : 1hr 32 minute
Format           : Mp4
Genre             : Action, adventure, Animation
Encoder         : San Win Maung


Download And watch With Pcloud Link Full HD

ကွန်ဖူးပန်ဒါ ၂ မြန်မာစာတန်းထိုး


File Size         : 630 MB
Quality           : Blu ray 720P
Running Time : 1hr 32 minute
Format           : Mp4
Genre             : Action, adventure, Animation
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

ကွန်ဖူးပန်ဒါ ၁

File Size         :  620 MB
Quality           : Blu ray 720P
Running Time : 1hr 35 minute
Format           : Mp4
Genre             : Action, adventure, Animation
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

စာပို့ကြသူများ The Messengers (2007) မြန်မာစာတန်းထိုး

File Size         : 710 MB
Quality           : Blu ray 720P
Running Time : 1hr 30 minute
Format           : Mp4
Genre             : Drama Thriller, Horror
Encoder         : Joker.phs




Sunday, June 26, 2016

Three Steps Above Heaven (2010) မြန်မာစာတန်းထိုး



IMDb rating 7.1 အထိရထားတဲ့ စပိန် အချစ်ဇာတ်ကားလေးတကားဖြစ်ပါတယ်
ခပ်မိုက်မိုက် လမ်းသရဲကောင်လေးနဲ့ အဖြူထည် ကျောင်းသူလေးတို့ ရဲ့
ရိုမတ်ဆန်စွာရိုက်ကူးထားတဲ့အချစ်ဇာတ်လမ်းလေးလို့ပဲဆိုပါတော့ ...
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုင်ကယ်စကေး လမ်းသူရဲ ကောင်လေးလည်း
အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့ တွေ့ တော့ နှလုံးသားရဲ့ခံစားချက်အရာအားလုံးကိုခ၀ါချရတော့တာပေါ့....
မူချင်ပေမယ့်လည်း ... မူချိန်မရလိုက်တဲ့ မယ်မဒီလေး ....
ကောင်လေးရဲ့ ကြွပ်ဆပ်ဆပ် အပြုအမူတွေကြားမှာ အကန်းတစ္ဆေမကြောက်သလိုဖြစ်ခဲ့ရပြီလေ...
အမေ့ရဲ့အုပ်ထိန်းမှုအောက်မှာ ကြီးပျင်းလာရတဲ့ သမီးအလိမ္မာလေး ကောင်လေးရဲ့အချစ်တစ်ခုအတွက်
အရာအားလုံးကို စုန်ကန်ဖို့ အသင့်ဖြစ်နေတာပေါ့...
အချစ်ကို ပုံလောင်းချင်တဲ့ အမေလည်း သမီးကို မျက်စိဒေါက်ထောက်ကြည့်နေပေမယ့် ယောက္ခထီးကို အပိုင်ချုပ်နိုင်တဲ့
ကောင်လေးရဲ့စကေးတစ်ပေါက်ကြောင့် သမီးလေးကို လိုက်မမှီတော့ဘူးလေ...
ကောင်းကင်အထက် သုံးမီတာအထိ မြင့်တဲ့သူတို့ ရဲ့ အချစ်ရထားလေးကို ရိုမန်တစ်ဆန်ဆန်မြှင့်ရင်း
ခုတ်မောင်းလာခဲ့တာ နေ၀င်ချိန်ကမ်းခြေအလှနှင့်အတူ အိမ်တွင်းပုန်းကျောင်းသူလေးရဲ့ အပျိုစင်ဘ၀လေးက...???
မိခင်ရဲ့ ပုံစံခွက်ထဲက ရုန်းထွတ်နိုင်အောင် ကြိုးစားနေတဲ့ သမီးလေးရဲ့ ဘ၀???
မတူညီတဲ့ဘ၀နှစ်ယောက်ရှိတဲ့လူနှစ်ယောက် အချစ်ဆိုတဲ့အရာကို တခုတည်းပေါင်းစည်းနိုင်မှာလား
ကဲ... အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့ လမ်းသူရဲလေးကောင်လေးတို့ ကောင်းကင်အထက်သုံးမီိတာမှာ ဘာဆက်ဖြစ်ကြမလဲ ....



File size...(879MB)
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Myo Thiha
Encoder....Aung Pyay



အစမ်းကြည့်ရန်

The Rescuers Down Under (1990) မြန်မာစာတန်းထိုး



IMDb Rating 6.9/10 ဆိုတော့ ကာတွန်းကားထဲမှာဆို မဆိုးဘူးလို့ပြောလို့ရတဲ့ ကာတွန်းကားတကားပါ
ထွက်တဲ့ခုနှစ်က ၁၉၉၀ အန်နီမေးရှင်း ကြည့်လိုက်တော့ သူ့ခေတ်သူ့အခါနဲ့ဆို တော်တော် လန်းတယ်လို့
ပြောလို့ရတယ်။ ကြည့်လိုက်တော့ ၁၉၉၁ မှာ ဇာတ်ကားဆုက ၆ဆုရထားတယ်။ ရထားတဲ့ဆုတွေက လည်း အလန်းတွေ 1.Feature Film - Family 2.Best Animated Film 1992 ရောက်တော့ Golden Screen ဆုထပ်ရတယ် ပြီးတော့ Motion Picture ရဲ့ Sound Editor ဆုပါထပ်ရထားတော့ ပရိတ်သတ်ကြီးအနေနဲ့ ဒီကားတွန်းကားက ဘာတွေများထူးခြားနေလဲဆိုတာ ကြည့်သင့်တဲ့ကား လက်မလွှတ်သင့်တဲ့ကား

ဇာတ်လမ်း အကျဉ်းက R.A.S Agent မစ္စဘရိုင်ရန်ကာ နဲ့ ဘားနတ်တို့ဟာ လူငယ်လေးတယောက်ကို
ကယ်ဖို့အတွက် ပြိုင်ဆိုင်မှုတခုပြုလုပ်ပြီး ယှဉ်ပြိုင်ရာမှ ရက်စက်တဲ့ ရွှေရောင်သိမ်းငှက်ကြီးရဲ့ တိုက်ခိုက်မှုကို မထင်မှတ်ဘဲတွေ့ကြုံလိုက်ရတဲ့ အခါမှာတော့ .......

(ဒေါင်းလော့လင့်အသစ်များဖြင့်တင်ဆက်ပေးထားသောကြောင့် FeedBack များအား မျှော်လင့်လျက်ရှိပါတယ်ခင်ဗျား။ မည်သည့် Hosting ကို အသုံးပြုမည်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် ပရိတ်သတ်ကြီးရဲ့ အဆင်ပြေမှုမပြေမှုကို အဓိကထား ဆုံးဖြတ်မည်ဖြစ်ပါသောကြောင့် FeedBack များအား မန့်ပေးခဲ့မည်ဟုမျှော်လင့်မိပါတယ်)

File size...(900MB)
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Myat Htet Aung
Encoder.... Aung  Pyay



အစမ်းကြည့်ရန်

Chronicles Of Evil (2015) မြန်မာစာတန်းထိုး




IMDb rating 6.7/10 ရရှိထားတဲ့ ဒီကားလေးကတော့
ငယ်စဉ်ကနာကျည်းစရာခံစားမှုများနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ 
ကလေးတစ်ယောက်ရဲ့ အငြှိုးအတေးများ
ရာထူးတိုးဖို့ရည်မှန်းချက်များနဲ့ ကပ္ပတိန်ချွဲ မတော်တဆလူသတ်မှုဖြစ်ပြီး 
အခက်အခဲများနှင့်ဘေးကျပ်နံကျပ်ကြုံရသောအခါ
ရဲတပ်ဖွဲ့ရဲ့ မှားယွင်းသောဆုံးဖြတ်ချက်များကြားမှာ 
တကယ့်တရားခံအစစ်ကို ဘယ်သူတွေကရှာတွေ့ပြီး 
ဘယ်လိုပြဿနာတွေတက်ကြမယ်ဆိုတာကိုတော့ 
ဒီဇာတ်ကားလေးထဲမှာပဲ ပဟေဠိဆန်စွာနဲ့ 
ရင်ခုန်စွာစောင့်ကြည့်ကြပါတော့လို့ပဲ.......
(ဇာတ်ကား အညွှန်းနဲ့ ဘာသာပြန်ကတော့ ကိုမိုးဇင် ဖြစ်ပါတယ် )

File size...(900MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Moe Zin
Encoder....Aung Pyay





အစမ်းကြည့်ရန်


Virgin Dream (2008) မြန်မာစာတန်းထိုး 18+

အောင် မြင် စပြု နေတဲ့ပြု နေတဲ့ မော် ဒယ် မ လေး'ရင် ဂို'ဟာသူ့ရဲ့လုပ် ရပ် တစ် ချို့ ကြောင့်  နာမည် ပျက် သွားတဲ့အချိန် မှာမီဒီယာများအလယ် မှာအရှက် ရပြီး သူ့ရဲ့လုပ် ဖော် ကိုင် ဖက် တစ် ယောက် နဲ့အတူတိုက် ခန်းတစ် ခုမှာပုန်းခို နေရပါတယ်

ဇာတ် လမ်းကခုမှအစပျိုးပါမယ် အဲဒီတိုက် ခန်း ဘေးမှာ 'ချယ် ရီ'ဆိုတဲ့ မော်ဒယ်မလေးရင် ဂိုကိုစွဲလန်းနေတဲ့ရူးကြောင်ကြောင်လူကလည်းရှိနေပါသေးတယ် အဲဒီမှာ'ရင် ဂို'ရဲ့လုပ် ဖော် ကိုင် ဖက် ဟာ.'ရင် ဂို'ကိုသူ ဌေး တွေဆီ ရောင်စားဖို့ အလုပ် မှာ 'ရင် ဂို'ထွက် ပြေးလာခဲ့ပြီး'ချယ် ရီ"အခန်းကို ရောက် ရှိလာခဲ့ပါတယ် ...ဒီမှာ တော့ ချယ်ရီဟာသူချစ် တဲ့ရင် ဂိုကိုကာကွယ် ပေးနိုင် မဲ့သူရဲ ကောင်းအဖြစ် ရပ် တည် ပေးနိင် မှာလား... ..အချစ် ဆိုတာရင် ဆိုင် ရမဲ့ဘဝတိုက် ပွဲအတွက် လိုအပ်နိုင်မဲ့အားအင် တစ် ခုဆိုတာ ဖော် ပြထားပါတယ်။

CM ပရိသတ်တွေအတွက် Download လုပ်ရ ပိုအဆင်ပြေအောင် တင်ပေးနေကြ Pcloudရော၊ Hostingအသစ်ဖြစ်တဲ့ Amazon Driveနဲ့ရော တင်ပေးလိုက်ပါတယ်။ Amazon Driveကနေ Download လုပ်သူများ အဆင်ပြေ မပြေ Feedback ပေးသွားကြပါ။ ကျွန်တော်တို့ အဲဒါနဲ့ ဆက်တင်သင့် မတင်သင့် စဉ်းစားလို့ရအောင်ပါ။

File Size         : 500 MB
Quality           : DvD Rip

Running Time : 1hr 18 minute
Format           : Mp4
Encoder         : Joker.phs


Download  With Amazon Drive

Download And watch Pcloud Link

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့  John La Yaung ပဲ ဖြစ်ပါတယ်)

Game of Thrones Season 6 (မြန်မာစာတန်းထိုး)



                  Season 6 တင်ထားပေးပါပြီဗျာ။ ဒီအပိုင်းမှာတော့ မေးခွန်းတွေ အရမ်းများနေပါပြီ။ ဂျွန်စနိုး ပြန်ရှင်လာမလား..... အာရာ လေး မျက်စိပြန်မြင်လာမလား....ထွက်ပြေးနေတဲ့ ဆန်ဆာကော လွတ်မြောက်ပါ့မလာ.....နဂါးတွေရဲ့မိခင်ကော သူ့ရဲ့မြို့တွေကို ပြန်အုပ်စိုးနိုင်မလား။ လူပုလေးကရော ဘယ်လိုအရေးပါလာဦးမလဲ.....သမီးအသတ်ခံလိုက်ရတဲ့ လန်နစ်စတာမောင်နှမဆီကရော ဘယ်လိုကလဲ့စားတွေ လာမလဲ။ မေးခွန်းပေါင်းများစွာရဲ့အဖြေတွေကို သိဖို့ အပတ်စဉ်စောင့်ကြည့်ကြတာပေါ့ဗျာ။
ဘာသာပြန်ကိုတော့ MMsubtitles page မှကူညီပေးထားပါတယ်။

ကွန်ဖူးပန်ဒါ (၁+၂+၃) မြန်မာစာတန်းထိုး

DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ... လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ...ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်…

ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ အပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်...သူ့နာမည်ကတော့ 'ပို' လို့ခေါ်ပြီး ၀တုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်...ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီး ကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်...သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီး သင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမား ငါးယောက်လည်းရှိပါတယ်...သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်.... တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီး ကျင်းပပါတော့တယ်...ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကို ရွေးချယ်မှာဖြစ်ပါတယ်... 'ပို' တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့် သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်...

'ပို' တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက် ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်...ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ... 'ပို' လည်း အရမ်းကြည့်ချင်နေတာနဲ့ အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်...ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ...ဒီအချိန်မှာ 'ပို' ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ျေချာ်တွေဖြစ်ပြီး မမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့..... ဇာတ်လမ်းရဲ့အရသာကို အပြည့်အ၀ခံစားနိုင်ဖို့အတွက် ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်... 'ပို' တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲ ဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး..... IMDb rating 7.6/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး အသံသရုပ်ဆောင်သူများထဲမှာလည်း နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ဂျက်ကီချန်း ၊ အင်ဂျလီနာဂျိုလီ စသဖြင့် ပါဝင်သရုပ်ဆောင်ထားပါတယ်... မလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း ပြောကြားရင်းနဲ့ ခံစားကြည့်ရှုပေးကြပါဦးလို့.....

ကွန်ဖူးပန်ဒါ ၁ ဒေါင်းရန် ဒီလင့်ကို နှိပ်ပါ




Kung Fu Panda 2 မှာတော့ 'ပို' ရဲ့ ဘ၀ဇာတ်ကြောင်းကို ကြည့်ရှုရမှာပါ.... 'ပို' ရဲ့အဖေဖြစ်သူဟာ မွေးစားအဖေဖြစ်နေပါတယ်... 'ပို' လသားအရွယ်မှာ သူတို့ရဲ့ရွာလေးကို တပ်ဖွဲ့တစ်ခုက ၀င်ရောက်တိုက်ခိုက်ဖျက်စီးတာကို ခံလိုက်ရပါတယ်... ပို ရဲ့မိဘတွေဟာ ထွက်ပြေးရင်းနဲ့ ပို့ ကို စွန့်ပစ်ခဲ့ရပါတော့တယ်...ဒါက ပို ရဲ့ ဘသ ဇာတ်ကြောင်းပါ...

အခုချိန်မှာတော့ ဒေါင်းမင်းသားတစ်ယောက်ဟာ လက်နက်ဆန်းတစ်ခုကို တီထွင်ပြီးတော့ တရုတ်ပြည်ကြီးကို သိမ်းပိုက်ဖို့ ကြံစည်နေပါပြီ...ဒါကို ပို နဲ့ သူ့အဖွဲ့က တားဆီးဖို့အတွက် တာဝန်ကျလာပါပြီ...
ဒီတော့ ပို တို့တွေ ဒေါင်းမင်းသားကို ဘယ်လိုတားဆီးကြမှာလဲ ဘာတွေဆက်ဖြစ်ကြဦးမလဲ ဆိုတာကိုတော့ ထုံးစံအတိုင်း ကြည့်ရှုခံစားပေးကြပါဦး grin emoticon
ဒီဇာတ်ကားဟာလည်း ပထမကားလိုပဲ rating ကောင်းကောင်းရထားတဲ့ကားတစ်ကားဖြစ်ပါတယ် (IMDb rating 7.3/10 )
အားပေးကြပါ


ကွန်ဖူးပန်ဒါ ၂ ကို ဒီလင့်ကနေ ဒေါင်းပါ

(ဘာသာပြန်သူကတော့ ညီသံလွင်ဖြစ်ပြီး အညွန်းရေးသူကတော့ Ye’ Kyaw Htetပဲ ဖြစ်ပါတယ်)



Kung Fu Panda ဆိုရင် မသိတဲ့လူမရှိသလောက်ပဲ ကမ္ဘာမှာအောင်မြင်ခဲ့တဲ့ဒီ Animation ကားလေးဟာ Movie လောကမှာသာမက Game လောကမှာရော ဒိတ်ဒိတ်ကြဲကိုအောင်မြင်ခဲ့ပါတယ်။ 1 နဲ့ 2 ကို ကြည့်ရှုခဲ့ကြပြီး ဇာတ်လမ်းဆုံးသွားပြီထင်နေခဲ့တုန်းမှာပဲ 2015 ခုနှစ်ရဲ့ Movie review တွေမှာ စတင်ကြော်ငြာပါလာခဲ့တော့ အရမ်းကိုမျှော်လင့်ပျော်ရွှင်စောင့်စားခဲ့ရတယ်။ အခုတော့ ကျွန်တော်တို့အချိန် CM အချိန်ရောက်ခဲ့ပြီ။



ဒီဇာတ်ကားဟာ အရင်ကားတွေထက်ပိုအောင်မြင်ခဲ့ပြီး IMDb rating 7.8/10 ထိရရှိအောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပဲပြောပြချင်ပါတယ်။ ပိုရဲ့ ဆရာဖိုးဖိုးလိပ် ရဲ့ တိုက်ဖော်တိုက်ဖက် ကိုင် ဟာ ၀ိညာဉ်ကမ္ဘာက သိုင်းဆရာတွေအားလုံးရဲ့ စွမ်းအင်တွေကို သိမ်းပိုက်ပြီး လူ့ပြည်ကိုပြန်ဝင်ရောက်လာပါတယ်။ ပြီးတော့ လူ့ပြည်က ဆရာတွေအားလုံးရဲ့ စွမ်းအင် ချီ တွေကိုပါ သိမ်းပိုက်လိုက်ပါတယ်။ ဒါကို တားဆီးနိုင်ဖို့အတွက် ပို တစ်ယောက်လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ပါဘူး။ သူကိုယ်တိုင် ချီရဲ့ အရှင်သခင် ဖြစ်အောင်လုပ်ရပါတော့မယ်။ ဒီအဆင့်ကိုရောက်ဖို့ ဆရာလိပ်က နှစ် ၃၀ လောက် တရားထိုင်ခဲ့ရပြီး ဆရာရှီဖူမှာလဲ အဲ့အစွမ်းတောင် မရှိသေးတဲ့အတွက် ပိုတစ်ယောက် လမ်းစပျောက်နေချိန်မှာ သူ့ရဲ့ပျောက်ဆုံးနေတဲ့ ဖခင်က သူ့ကို ချီရဲ့လျို့ဝှက်ချက်တွေ သင်ပေးဖို့ဆိုပြီး ပန်ဒါရွာကို ပြန်ခေါ်သွားပါတော့တယ်။ ဘာတွေဆက်ဖြစ်လဲဆိုတာတော့ဒီMovie ကို Download ဆွဲပြီးသာဆက်ကြည့်ကြပါတော့။


ကွန်ဖူးပန်ဒါ ၃ ကို ဒီလင့်ကနေ ဒေါင်းပါ

(ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Kyaw Ye Aung( ကသာသာလေး ) ပဲဖြစ်ပါတယ်။ Special Thanks to PyayHeinsoe and KyawKyawZinPhyo )

@SanWinMaung

Friday, June 24, 2016

စပိုင်တို့၏ တံတား (၂၀၁၅) မြန်မာစာတန်းထိုး

File Size         : 1 GB
Quality           : Blu ray 720P
Running Time : 2hr 22 minute
Format           : Mp4
Genre             : Biography, Drama, Thriller
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

The New Adventures of Aladdin (2015) မြန်မာစာတန်းထိုး

အာလာဒင်ပုံပြင်ကိုဆန်းသစ်ထားတဲ့ ပြင်သစ်ဇာတ်ကားပါ။
အာလာဒင်ကို Comedy ဇာတ်ကားဖြစ်အောင်ရိုက်ကူးထားပါတယ်။
တွေ့ဖူးသမျှ အာလာဒင်ဇာတ်ကားတွေထဲမှာတော့ ဒီဇာတ်ကားက အတော်အခွက်ပြောင်ပါတယ်။
တစ်ကားလုံး ရယ်ရမလို စိတ်ပျက်ရမလိုနဲ့ သေချာတာကတော့ ကြားဖူးနေကြ အာလာဒင်နဲ့လုံးဝမတူတာပါပဲ။
ဇာတ်ကားတစ်ကားလုံးကို သွက်လက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပံ့ပိုးထားတဲ့အပြင်
အာလာဒင်သီဆိုတဲ့ Rap သီချင်းတွေကလဲ နားထောင်လို့ကောင်းပါတယ်။
အားလပ်ရက်မှာ Comedy ဇာတ်ကားနဲ့ ပေါ့ပေါ့ပါးပါးအနားယူကြည့်ရှုဖို့သင့်တော်ပါတယ်။

File size...(900MB) 
Quality...BR-Rip 720p

Format...mp4
Duration....01.45:45
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

နမူနာကြည့်ရန်

လိပ်နင်ဂျာ (၂၀၁၄) မြန်မာစာတန်းထိုး

Teenage Mutant Ninja Turtles(2014) မြန်မာစာတန်းထိုး


#ရုပ်ရှင်မိတ်ဆက်


ပရိတ်သတ်ကြီး စောင့်မျှော်နေတဲ့ TMNT ဇာတ်ကား နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက တစ်ချိန်တုန်းက နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ နဲ့ ကာတွန်းစာအုပ် တွေထဲက Superheros ဖြစ်တဲ့ TMNT ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သူက အခုမှ ရုပ်ရှင်ထွက်တာတော့မဟုတ်ပါဘူး။ ၁၉၉၀ တုန်းက ဇာတ်ကား ၃ကားထွက်ထားဖူးသလို၊ ၂၀၀၇ မှာလည်း ကာတွန်းအနေနဲ့ထွက်ထားဖူးပါတယ်။


ဇာတ်လမ်းမှာ April O'Neil (Megan Fox) က သတင်းထောက်တစ်ဦးဖြစ်ပြီး New York မြို့က Foot Clan ဆိုတဲ့ ဂိုဏ်းကို လိုက်လံသတင်းယူနေရာကနေ Turtles တွေနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပါတယ်။ ဒီကနေ သူမ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အဖြစ်အပျက်ကို သတိရသွားပြီး Turtles တွေရဲ့ Origin ကို မှတ်မိသွားပါတယ်။ တစ်ဖက်မှာလည်း ဆရာ Splinter က April ကို Foot Clan ရဲ့ ရန်က ကာကွယ်ဖို့အတွက် April ကို ရအောင် ရှာပြီး ခေါ်လာဖို့ ညွှန်ကြားပါတယ်။


ဇာတ်လမ်းကသိပ်မထူးခြားပေမယ့် ပရိတ်သတ် စိတ်ဝင်စားမယ့် Action ကားကောင်းတစ်ကားပါ ကျွန်တော်တို့ ကလေးဘ၀ကတည်းက တီဗီမှာ ကာတွန်းအဖြစ်နဲ့ကြည့်ခဲ့ဖူးကြပြီး၊ Nintendo ဂိမ်းတွေ အဖြစ်လည်း ဆော့ကစားခဲ့ကြပါတယ်။ ဒါကြောင့် ပရိတ်သတ်နဲ့တော့မစိမ်းကြပါဘူး။ ဒီကားက ဒီဘက်ခေတ်ရဲ့ ပိုကောင်းတဲ့ CGI နဲ့ရိုက်ကူးထားတာကြောင့် အရင်ကားတွေထက် ပိုကြည့်ကောင်းပေမယ့် ဇာတ်လမ်းအရတော့ သိပ် မကောင်းလှပါဘူး။ အထူးသဖြင့် လိပ်နင်ဂျာတွေရဲ့ Origin ကိုအနည်းငယ် ပြင်ထားတာကြောင့် ပရိတ်သတ်အချို့က သိပ်မကျေနပ်ကြပါဘူး။ TMNT ရဲ့ အဓိကဗီလိန် ဖြစ်တဲ့ Shredder ကလည်း Transformer လို စက်ရုပ်ပုံစံဖြစ်နေတာကလည်း စိတ်ပျက်စရာပါ။


အထူးသဖြင့် Shredder အဖြစ်သရုပ်ဆောင်မယ့် William Fichtner က သရုပ်ဆောင်ကောင်း တစ်ဦးဖြစ်ပေမယ့်၊ တကယ့် ကာတွန်းထဲက Shredder က ဂျပန်လူမျိုး တစ်ဦးဖြစ်တာကြောင့် ဥရောပလူမျိုး ဖြစ်တဲ့ William ကို Shredder အဖြစ်ရိုက်ကူးပြီးမှ ဝေဖန်ခံရမှာစိုးတာကြောင့် ပြန်ရိုက်ကူးခဲ့ပြီး၊ ဂျပန်လူမျိုးတစ်ဦးကို အသံနဲ့ သရုပ်ဆောင်စေခဲ့ပါတယ်။ ဒါတွေကြောင့်လည်း ဇာတ်ကားကကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး။


ဘယ်လိုပဲဖြစ်ဖြစ်၊ ပရိတ်သတ် တွေ စိတ်ကျေနပ်မှုရခဲ့တဲ့ဇာတ်ကားဖြစ်ပြီး၊ TMNT 2 ထွက်မယ်လို့ကြေငြာ ခဲ့တာကြောင့် နောက်ကားမှာ ပိုကောင်းလာမယ်လို့လည်း ပရိတ်သတ်တွေက မျှော်လင့်နေပါတယ်။ ဒါ့အပြင် TMNT ပိုစတာထွက်လာတုန်းက ပရိတ်သတ်တွေတော်တော်များများက ပုံတွေကိုကြည့်ပြီး Turtles တွေက ရုပ်ဆိုးပြီး ကြောက်စရာကောင်းတယ်လို့ ထင်နေကြပါတယ်။ တကယ်တမ်းရုပ်ရှင်ထဲ မှာတော့ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ Teenager သရုပ်ကိုပီပြင်အောင် သရုပ်ဖော်ထားနိုင်ပါတယ်။ ကာတွန်းတွေမှာ ပါတဲ့အတိုင်း လူငယ်စရိုက်နဲ့တွေ့ရမှာဖြစ်သလို၊ သူတို့အချင်းချင်းကြားက စကားပြော ခန်းတွေကလည်း ပရိတ်သတ်တွေကို အကြိုက်တွေ့စေမှာပါ။


မိသားစုတူတူကြည့်ဖို့အဆင်ပြေပါတယ်။ Action ဇာတ်ကားကြိုက်သူတိုင်း၊ TMNT ပရိတ်သတ်တိုင်း ကြည့်သင့်ပါတယ်။

(အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်...)

 နမူနာကြည့်ရန်

Teenage Mutant Ninja Turtles(2014) မြန်မာစာတန်းထိုး

File size...(999MB) 
Quality...Blu-Ray Rip 720p

Format...mp4
Duration....01:41:18
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

Xmen DOFP

X-Men: Days of Future Past(2014) မြန်မာစာတန်းထိုး

Screen Shot



ဒီကားအကြောင်းမပြောခင် တစ်ခုကြို ပြောချင်တာက X-Men: Days of Future Past မကြည့်ခင်၊ X-Men Trilogy နဲ့ X-Men: First Class တို့ကိုတော့ ကြည့်ဖူးထားဖို့လိုပါမယ်။ သာမန်ရုပ်ရှင်ကြည့် ပရိတ်သတ်ဆိုရင် ကြည့်ထားဖို့ပိုလိုပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားနှစ်ကားနဲ့ လက်ရှိ ဇာတ်ကား က အဆက်အစပ်ရှိနေလို့ပါ။ ကာတွန်းကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းတွေသိပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းမပြောခင် Spoiler အနည်းငယ်ပါမယ်လို့ကြိုသတိပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ The Wolverine ဇာတ်ကားအပြီး ကနေဆက်ထားပြီး၊ ဇာတ်လမ်းအစမှာ Trailer မှာပါတဲ့ Sentinel တွေနဲ့ X-Men တွေ တိုက်ခိုက်တဲ့အခန်းနဲ့စထားပါတယ်။ ဒီမှာ X-Men အဖွဲ့က Kitty Pryde ရဲ့ ပါဝါကိုသုံးပြီး သူတို့အဖွဲထဲက တစ်ယောက်ကို အချိန်နောက်ပြန်ပို့ပြီး Sentinel တွေလာတော့မယ်ဆိုပြီး သတိပေးပြီး နေရာပြောင်းခိုင်းပါတယ်။ ဒီလိုနည်းနဲ့ သူတို့ ထွက်ပြေးနေရာကနေ၊ Professor X, Logan (wolverine), Magneto, တို့က Sentinel Program စတင်ခဲ့တဲ့ ၁၉၇၀ ကျော် လွန်ခဲ့တဲ့နှစ် ၅၀ ကို ပြန်သွားပြီးတော့ အတိတ်ကို ပြောင်းလဲဖို့ကြိုးစားပါတယ်။
ဒီအစီအစဉ်မှာ တစ်ခြားဘယ်သူ့ကိုမှ ဒီလောက်အဝေးကြီး ပြန်လွှတ်လို့မရဘဲ၊ Wolverine တစ်ယောက်သာလျှင် သူ့ရဲ့ Healing Power ကြောင့် ဒီ Mission ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို တားဆီးမယ် ဘာကို တားဆီးရမယ်ဆိုတာတော့ ပိတ်သားထက်မှာ ဆက်လက်ကြည့်ရှုကြတာ ပိုပြီး အရသာရှိပါတယ်။
ဒါ့အပြင် X-Men ၃ကားက ကာရိုက်တာတွေနဲ့ X-Men First Class က လူတွေပေါင်းရိုက်ထားတာလည်း ပညာသားပါပြီး၊ Mutant တစ်ယောက်တည်းကို အခြေခံရိုက်ကူးထားတာမဟုတ်ပဲ၊ အားလုံး ညီတူညီမှ ပါဝင်အောင် ရိုက်ကူးထားပါတယ်။ James McAvoy ရဲ့ Charles Xavier အငယ်နဲ့ Patrick Stewart ရဲ့ Charles Xavier အကြီး တို့ စကားပြောခန်းလည်း ပါပါသေးတယ်။
Comic Fan တစ်ယောက်အနေနဲ့ အနည်းငယ်စိတ်မကျေနပ်စရာကတော့ Wolverine နဲ့ Sentinel တွေ ချတဲ့အခန်း၊ Wolverine ရဲ့ Adamantium claws တွေနဲ့ Sentinel တွေကို ဖျက်ဆီးတဲ့ အခန်းတွေ လုံးဝမပါပါဘူး။ ဒါ့အပြင် ပရိတ်သတ် အချစ်တော် တွေဖြစ်တဲ့ Colossus, Blink, Ice-Man, Bishop တိုလည်း အနည်းငယ်စီပဲ ပါဝင်ရပါတယ်။ တကယ်ဆို အပိုင်းနှစ်ပိုင်းခွဲပြီး Part 1 & 2 ဆို ခွဲရိုက်ရင် ပိုပြီး ကောင်း ကောင်း ကြည့်ရနိုင်ပါတယ်။
ဒါပေမယ့်လည်း ဇာတ်လမ်းအရ အရေးပါတဲ့ဇာတ်လမ်းဖြစ်ပြီး၊ X-Men Franchise နဲ့ Marvel Universe တို့အတွက် တော့ အရေးပါတဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုတော့ X-Men: Days Of Future Past ဇာတ်လမ်းကြောင့်၊ X-Men:The Last Stand နဲ့ X-Men Origin Wolverine မှာဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက်တွေက လုံးဝမရှိတော့ပါဘူး။ ဆိုလိုချင်တာက ဒီကားနှစ်ကားက အဖြစ်အပျက်တွေက လက်ရှိ Timeline မှာမပါတော့ပါဘူး။ X-Men 1 & 2 နဲ့ The Wolverine တို့အဖြစ်တွေကတော့ ရှိနေဦးမှာပါ။ X-Men: First Class ကတော့ ဒီအဖြစ်အပျက်တွေ အားလုံးရဲ့အစပါ။
အချုပ်ပြောရရင်တော့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားက ပရိတ်သတ် အမြင် အကပ်ဆုံး ဇာတ်ကား နှစ်ကားဖြစ်တဲ့ X-Men:The Last Stand နဲ့ X-Men Origin Wolverine တို့ ကို Erase လုပ်လိုက်သလို၊ ကာတွန်း က ဇာတ်လမ်းကိုလည်း တူနိုင်သမျှ တူအောင် သွားနေပါတယ်။ အထူးသဖြင့် Wolverine သူ့ရဲ့ မှတ်ဥာဏ်တွေ ဘယ်လို ပျောက်သွားတယ်၊ သူ့ကိုယ်ထဲကို Adamantium သတ္တု ဘယ်လို ရလည်းဆိုတာပါ အမှန်ပြင်ပေးထားပါတယ်။ (Origin က ဇာတ်လမ်းက ကာတွန်းနဲ့ကွဲပါတယ်။) William Stryker အငယ်ဘ၀က ဒီကားမှာပါပြီး၊ Wolverine နဲ့ ဘယ်လိုတွေ့သွားတယ်၊ Wolverine ရဲ့ မှတ်ဥာဏ် ဘယ်လိုပျောက်သွားမယ်ဆိုတာ လည်း ပြထားပါတယ်။
Action Scene တွေ သိပ်မများလို့ အားမရတဲ့သူတွေရှိပေမယ့် ဇာတ်လမ်းအရ အရေးပါပြီး၊ ကြည့်ကိုကြည့်သင့်တဲ့ကားပါ။ ဇာတ်ရှိန်အတက်အကျကောင်းသလို ပရိတ်သတ် အကြိုက်တွေ့မှာသေချာပါတယ်။
(အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်..........)

ဇာတ်ကားကို ဒီလင့် မှာဒေါင်းပါ။


နမူနာကြည့်ရန်
 

နေမင်း၏မျိုးဆက်သစ်များ (DOTS) Series မြန်မာစာတန်းထိုး

 KBS 2TV ရုပ်သံလှိုင်းမှ ထုတ်လွှင့်ခဲ့ပြီး
လက်ရှိအချိန်မှာ အောင်မြင်မှု အများဆုံးရရှိထားတဲ့ Korea serie တစ်ခုပါ

Captain Yoo Shi Jin (ယိုရှီဂျင်)နေရာမှာမကြာသေးခင်ကမှစစ်မှုထမ်းပြီးထွက်လာတဲ့
နှုတ်ခမ်းနီမလေးများရဲ့အသဲကျော် Song Joong Ki (ဆုန်းဂျွန်ဂီ) ဖြစ်ပြီး
Doctor Kang Mo Yoen(ဂန်မိုယွန်း)နေရာမှာတော့ အွန်စော ဆိုပြီး လူသိများကြိုက်နှစ်သက်ခဲ့တဲ့
ပုရိသတို့ အသည်းစွဲမင်းသမီး Song Hye Kyo (ဆောင်းဟေဂို) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်

ဇာတ်လမ်း အညွှန်း
=============================
အာရှအလယ်ပိုင်း ....
Urak(ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီး
စစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိုင်းပင်းမှု စည်းလုံးမှုတွေကို ဖော်ညွှန်းပြီး ဒုက္ခ တွေကြားမှာ အချစ်စစ်တစ်ခုပေါက်ဖွားလာပုံကို ဇာတ်အိမ်တည် ရိုက်ကူးခဲ့ပါတယ်

Alpha အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယိုရှီဂျင်နဲ့ Volunteer ဆရာဝန်မလေး
ဂန်မိုယွန်း တို့ အမှတ်မထင်ဘဲ ဟဲဆောင်ဆေးရုံ မှာ စတင်တွေ့ရှိခဲ့ရာကနေ စပြီး ဟာသလေးတွေနဲ့ အချစ်ဇာတ်လမ်းကို တွေ့မြင်ရမှာပါ

ထို့ပြင် ငယ်ငယ်တည်းက ဘဝနာခဲ့တဲ့ ဒုအရာခံဗိုလ်လေး ဆိုးဒယ်ယောင်း နဲ့
ဗိုလ်မှူးချုပ်ကြီး သမီးဖြစ်တဲ့ စစ်ဆရာဝန်မလေး ယွန်မြောင်ဂျို တို့ရဲ့ ဘဝအခြေအနေမတူတဲ့ အချစ်ဇာတ်လမ်းကိုလည်း ခံစားရမှာဖြစ်ပါတယ်

အပိုင်းတစ်မှာ Running Man မှ လီဂွမ်ဆူ ဧည့်သည် သရုပ်ဆောင်ထားပြီး
အပိုင်းနှစ်မှာ Shinee leader Owen က ဆရာဝန်လေးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းလေးကလည်းကောင်း မင်းသား မင်းသမီး တွေကလည်းကောင်းလို့ ကြည့်သင့်တဲ့
ဇာတ်လမ်းတွဲတစ်ခုပါလို့ ညွှန်းချင်ပါတယ်။ အခုတလောမှာ ကြည့်ရှုသူဦးရေ တရစပ်မြင့်တက်လာနေတဲ့
စီးရီးတစ်ခုဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဒီကိုရီးယားဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံသားများ ကြည့်ရှုကြဖို့ တိုက်တွန်းထားပါတယ်။တရုတ်မှာတော့ ကြည့်ရှုသူဦးရေ မြင့်တက်လာမှုကြောင့် သတိပေးမှုတွေတောင်
ပြုလုပ်ထားတယ်လို့ ကြားသိရပါတယ်။

ဒီစီးရီးကို အပိုင်း (၁၆ ပိုင်း) ရိုက်ကူးမယ်လို့ သိရှိရပြီး
ကျွန်တော်တို့ Channel Myanmar အနေနဲ့ အတတ်နိုင်ဆုံးအမြန်ဆုံးဆက်လက်တင်ဆက်သွားပါ့မယ်။

(အညွှန်းကို Min Htet Khant Shar မှရေးသားထားတာပါ။
ဘာသာပြန်သူကတော့ Eiz (အိ) ဖြစ်ပြီး အင်္ဂလိပ်စာတန်းထိုးနဲ့ ဘာသာပြန်ထားရတာကြောင့်
မူရင်း ကိုရီးယားဘာသာနဲ့ အနည်းငယ်လွဲချော်မှုများရှိခဲ့ရင် ဖြည့်စွက်ခံစားပေးဖို့ တောင်းပန်အပ်ပါတယ်။)


ဇာတ်ကားကိုဒီလင့်မှာဝင်ဒေါင်းပါ။


နမူနာကြည့်ရန် 

Descendants of the Sun မြန်မာစာတန်းထိုး



Quality....HDTV Rip 720p 
Format...mp4

Total Episode...16
Subtitle....Myanmar Subtitle (Hardsub)

Translated By Eiz , LK , Carey Nyein , Little Neo
Encoder....Nyeinsaeya Aung , LK , Little Neo

  

Episode 1 >>> Download And Watch (600MB)

Episode 1 Small File Size >>> Download And Watch (250MB)

 

Episode 2 >>> Download And Watch (510MB)

 

Episode 3 >>> Download And Watch (640MB)

Episode 3 Small File Size >>> Download And Watch (242MB)

 

Episode 4 >>> Download And Watch (642MB)

Episode 4 Small File Size >>> Download And Watch (193MB)

Episode 5 Small File Size >>> Download And Watch (187MB)


Episode 6 >>> Download And Watch (600MB) 

Episode 6 Small File Size >>> Download And Watch (300MB)


Episode 7 Small File Size >>> Download And Watch (289MB)


Episode 8 >>> Download And Watch (644MB)

Episode 8 Small File >>>Download And Watch (200MB)


Episode 9 >>> Download And Watch (646MB)

Episode 9 Small Filesize >>> Download And Watch  (210MB)


Episode 10  >>>Watch or Download(420Mb)


Episode 11  >>>Watch or Download(600Mb)

Episode 11 Small Filesize >>> Download And Watch (240MB)


Episode 12  >>>Watch or Download(627Mb)
Episode 12 Small File >>>Download 200Mb


Episode 13  >>>Watch or Download(630Mb)

Episode 13 Small Filesize >>> Download And Watch (200MB)


Episode 14  >>>Watch or Download(618Mb)

Episode 14 Small Filesize >>> Download And Watch (206MB)


Episode 15 >>> Download (600Mb)

Episode 16(ဇတ်သိမ်း) >>> Download(630Mb)

The Fault

The Fault in Our Stars(2014) (မြန်မာစာတန်းထိုး)
===========================




ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘ၀ရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။

         "ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ၀မ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ၀တ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ကျွန်မလဲ အခြားကောင်မလေးတွေလိုပဲ အဲဒီလို ဇာတ်လမ်းလေးတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ယုံလိုက်ပါ အဲဒါတွေဟာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားကို အခုပြောပြမယ်။ စိတ်မကောင်းပါဘူး။ "

        ဇာတ်လမ်းလေးရဲ့ နိဒါန်းလေးကို ဒီလိုပြောပြီးဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်ထွက် Drama,Romance ရုပ်ရှင်လေးပါ။ IMDb 7.8 နဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနောက်ဆုံးဆင့်နဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေအချင်းချင်းနှစ်သိမ့်တဲ့ အဖွဲ့လေးမှာ တခြားကင်ဆာနဲ့ ဆယ်ကျော်သက်ကောင်လေး အောဂက်စ်တက် နဲ့ သိကျွမ်းလာရပါတယ်။ သူတို့ ၂ ယောက်ရဲ့ တွေ့တွေ့ချင်း အငြင်းပွားစရာခေါင်းစဉ်ကတော့ အာဂတ်စ်တက်က သူသေဆုံးပြီးနောက်မှာ မေ့ပစ်ခံရပြီးအလုံးစုံပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့နေပါတယ်။ သူ့အိမ်မက်က လူတွေ သန်းပေါင်းများစွာက သူ့ကိုမှတ်မိနိုင်လောက်အောင် အရေးပါတဲ့သူ သို့မဟုတ် သူရဲကောင်းတစ်ယောက်လို ရှင်သန်ချင်နေခဲ့တာပါ။ ဟေဇယ်ကတော့ လူသားအားလုံးဟာ တစ်ချိန်မှာ ပျောက်ကွယ်ခြင်းအဖြစ်ကို ရှောင်လွှဲမရဘူး ဒီတော့ အဲဒါကို ကြောက်ရင် ဥပက္ခာပြုထားလိုက်ဖို့ပဲတွေးပါတယ်။ ပြီးတော့ လူတွေအားလုံးက အမှတ်တရဖြစ်နေဖို့ထက် တစ်ယောက်ထဲကပဲ ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီဆိုတဲ့ အတွေးနဲ့ ကောင်မလေးပါ။

        တစ်နေ့မှာတော့  ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့    အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ.......

         တခြားဇာတ်ကားတွေမှာ ၀မ်းနည်းစရာပြကွက်မှာ ၀မ်းနည်းပြီး ပျော်စရာပြကွက်မှာ ပျော်ရွင်ကြရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမြင်မျိုးစုံနဲ့ ခံစားနိုင်ကြပါတယ်။ ကျွန်တော့်အမြင်မှာ အထူးခြားဆုံးခံစားချက်ကတော့ ဒီဇာတ်ကားလေးမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေမှာတောင်ေ ဟဇယ်ရဲ့ နှာခေါင်းက အောက်စီဂျင်ပိုက်ကလေး တစ်ခုတည်းကနေ ၀မ်းနည်းမှုတစ်ခုကို အချိန်ပြည့် ရောထွေးနေစေတဲ့အတွက် ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို အမြဲရနေခဲ့ပါတယ်။ မိတ်ဆွေတို့လဲ ကြည့်ပြီးရင် တစ်ခုခု ပြန်လာမျှဝေကြပါဦး။မူရင်းရသကို မမှီပေမယ့် အတော်လေး ကြည့်လို့ကောင်း တွေးလို့ကောင်း ခံစားလို့ကောင်းတဲ့ ကားလေးကို ပေါ်လွင်အာင် ဘာသာပြန်ပေးထားပါတယ်။ လူတိုင်း တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ 
(Littleneo ဘာသာပြန်ပေးထားပါတယ်)

File Size   >>> 950 / 500 Mb
Quality     >>> Blurayrip 720p
Duration  >>> 2 hr 13 min
Subtitle    >>> Myanmar (hardsub)
Encoder   >>> Littleneo



ဒီအောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတော့ ဇာတ်လမ်းအတွင်းမှာ သုံးသွားတဲ့ တစ်ချို့ နာမည်လေးတွေရဲ့ နောက်ခံကို ပြန်ရှင်း ပြပေးထားတာပါ။

သူတို့၂ယောက် လည်ပတ်ခဲ့တဲ့ Anne Frank House အန်းဖရန့်ခ် အိမ် ဆိုတဲ့နေရာက ဒုတိယကမ္ဘာစစ်မှာ နာဇီလက်ထဲနေ အန်း ရဲ့ မိသားစု နဲ့ လူ၎ ယောက်ပုန်းခိုနေခဲ့တဲ့နေရာပါ။ အန်း ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ အဲဒီအိမ်ကလေးဟာ ကမ္ဘာကျော်နေရာတစ်ဖြစ်လာခဲ့ပါတယ်။

နောက်ပြီးတော့ နောက်ဆုံးမှာ ဗန်ဟောင်တန်ပြောခဲ့တဲ့ Omnis cellula e cellula (လက်တင်-ပြင်သစ် ထင်ရပါတယ်) ဆဲလ်အားလုံးဟာ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ ထင်ရှားတဲ့ သီအိုရီ တစ်ခုပါပဲ။

Trolley Problem ဆိုတဲ့ စကားစုလေးကလဲ  Philippa Foot က ၁၉၆၇ မှာ စတင်မိတ်ဆက်ခဲ့တဲ့ လူကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်မေးခွန်းတစ်ခုပါ။ မူရင်းကတော့ ရထားလမ်းအတိုင်း လိမ့်ဆင်းလာတဲ့လှည်းတစ်ခုရဲ့ လမ်းကြောင်းပေါ်မှာ လူ ၅ ယောက်ကို မလှုပ်နိုင်အောင် ကြိုးချီထားခဲ့ပါတယ်။ အဲဒီရထားလှည်းကို လမ်းကြောင်းပြောင်းပေးနိုင်တဲ့ လီဗာ အနီးမှာ လူတစ်ယောက်ရှိနေပါတယ်။ တကယ်လို့ သူဟာလီဗာကို ဆွဲလိုက်ရင် လမ်းကြောင်းပြောင်းသွားမှာပါ။ ဒါပေမယ့် ခင်ဗျားပြောင်းမဲ့လမ်းကြောင်းပေါ်မှာလဲ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ။ (၁) လီဗာမဆွဲဘဲ လူ ၅ယောက်ကို အသေခံမယ် (၂) လီဗာဆွဲပြီး ဘေးလမ်းက လူကို အသေခံမယ် ဆိုရင် ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှုလဲ ဆိုတာပါပဲ။

X-Men: Days of Future Past(2014) မြန်မာစာတန်းထိုး

File size...(999MB) 
Quality...WEB-DL Rip 720p

Format...mp4
Duration....02:02:53
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)



Download Zip File(Mediafire Link)

London Has Fallen (2016) မြန်မာစာတန်းထိုး

File size...(900MB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....01:38:42
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

Race ( 2016) မြန်မာစာတန်းထိုး

 ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။

 ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။ CM ပရိသတ်များ အားပေးလိုက်ကြပါဦး။

File Size         : 950 MB
Quality           : Blu ray 720P
Running Time : 2hr 14 minute
Format           : Mp4
Genre             : Biography,Drama,sport
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)

Gone With The Wind (1939) မြန်မာစာတန်းထိုး


ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါ

 ခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား
" လေရူးသုန်သုန် " ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျ

ဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး
မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့
ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီး

အေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်း

နောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ
အော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး
၈ဆု ရခဲ့တဲ့ဇာတ်ကား

ဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ
94% နဲ့ imdb မှာ 8.2ရထားတဲ့ကား

မသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ
ထိပ်ဆုံး list ကနေပါတဲ့ကား

စပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကား

ဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က
၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ်

စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း
စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ
ကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက်
အရွဲ့တိုက်ချင်တဲ့စိတ်
ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ
နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ
လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . . 

အကောင်းဆုံး ဂန္ဓဝင်​ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ကိုယ့်ဇာတ်ကောင်ကို
ပိုင်နိုင်မှုတွေနဲ့ 
ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုမျိုး အော်စကာဆု ၈ဆုရတဲ့
အကြီးကျယ်ဆုံး ဂန္ဓ၀င်ဇာတ်ကားကြီး ဖြစ်လာပါတော့တယ်

"After all, tommorrow is another day! "
(ဒီဇာတ်ကားကို ဘာသာပြန်သူနဲ့ အညွှန်းရေးပေးသူကတော့ Ye Khant Min ပဲ ဖြစ်ပါတယ်)

File Size         : 1.6GB, 837.4MB
Quality           : Blu ray 720P
Running Time : 3hr 53 minute 14 seconds
Format           : Mp4
Genre             : Drama, Romance
Encoder         : seniorkaung91


Download and watch via pCloud(small size)(837.4MB)