Sunday, June 12, 2016

Daredevil Season 2 (မြန်မာစာတန်းထိုး)



                     ဒီစီးရီးရဲ့ မူလဇာတ်လမ်းအကျဉ်းကတော့ ငယ်စဉ်က လူတစ်ယောက်ကို ကူညီရင်း မျက်စိကွယ်သွားတဲ့ ကလေးငယ်လေးဟာ သာမာန်လူတွေထက် ထူးခြားတဲ့ အာရုံတွေနဲ့အတူ လျို့ဝှက်ဂိုဏ်းဝင်ဆရာတစ်ဦးရဲ့ လေ့ကျင့်ပေးမှုကြောင့် လူစွမ်းကောင်းတစ်ဦးရဲ့ စွမ်းရည်တွေ ပိုင်ဆိုင်လာခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေတက္ကသိုလ်ကနေ ဘွဲ့ရပြီး ရှေ့နေတစ်ဦးလဲ ဖြစ်လာခဲ့ပါတယ်။ သူနေထိုင်တဲ့ ငရဲမီးဖိုမြို့နယ်လေးမှာ ရှေ့နေဘ၀နဲ့ တရားမျှတမှုကို ရှာဖွေနေရင် မလုံလောက်တော့သလို ခံစားလာရတဲ့အခါ ညဖက်မှာ လျို့ဝှက်လှုပ်ရှားပြီး မတရားမှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းပါတော့တယ်။ စီစန် ၁ မှာတော့ ဖစ်ခ် လို့ခေါ်တဲ့ ဒုစရိုက်ဂုဏ်းခေါင်းဆောင်ကြီးကို ထောင်ထဲအရောက်ပို့၊ ယာကူဇာ ခေါင်းဆောင် နင်ဂျာကို သတ်၊ တရုတ်မူးယစ်ဂိုဏ်းကို မောင်းထုတ်ခဲ့နိုင်တာကနေ အဆုံးသတ်သွားပါတယ်

                 အခု စီစန် ၂ မှာတော့ ယခင်စိုးမိုးနေတဲ့ လူဆိုးဂိုဏ်းတွေကြောင့် ငြိမ်နေရတဲ့ ဂိုဏ်းအချို့ ပြန်လည် ခေါင်းထောင်ပြီး နေရာယူမလို့ ကြံစဉ်နေဆဲမှာပဲ အတိတ်ဆိုးတစ်ချို့ကြောင့် ဘာကိုမှဂရုမစိုက်ပဲ အားလုံးကို အပြစ်ပေးလက်စားချေမဲ့သူပေါ်ပေါက်လာတာရယ် Daredevil ရဲ့ ရည်းစားဟောင်းပြန်ပေါ်လာတာနဲ့အတူပါလာတဲ့ ပြသနာတွေရယ်။ သူ့ရဲ့ ဆရာ Stick ပြန်ပေါ်လာပြီးကြုံရမယ့် ရန်သူဂိုဏ်းကြီးတွေရယ်နဲ့ သွေးလွှမ်းတော့မဲ့ ပြသနာကြားထဲမှာ ရှေ့နေသူငယ်ချင်း ဖော်ဂီနဲ့ ကာရန်ရယ် ပူးပေါင်းပြီး ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာ........


               

No comments:

Post a Comment