Saturday, June 4, 2016

Hearty Paws 2 (2010) မြန်မာစာတန်းထိုး

အားလုံးသိကြတဲ့ Big Boss (Song Jong-Ki)တဲ့ကားကောင်းလေးတစ်ကားဖြစ်တဲ့ Hearty Paws 2 မှာတော့မိခင်မေတ္တာကိုအထူးသရုပ်ဖော်တင်ဆက်ထားပါတယ်....ဒုံဝေါ က သူအဖေနောက်ဆုံးလက်ဆောင်အဖြစ်ဂရုစိုက်ဖို့ပေးထားခဲ့တဲ့ ခွေးမလေးအသဲနဲ့နေ့တိုင်းကစားနေတော့ စာမေးပွဲတွေနဲ့အမှတ်တွေကျလာခဲ့ပါတယ်....ဒါကြောင့် ဒုံဝေါ့ရဲ့အမေကခွေးမလေးနဲ့သူရဲ့သားလေးသုံးကောင်ကိုသူ့မောင်ရှိတဲ့ဆီကိုပို့လိုက်ပါတယ်....ခွေးမိသားစုလေးကတော့တိရစ္ဆာန်စောင့်ရှောက်တဲ့လူမရှိခင် ဒုံဝေါ့ရဲ့ဦးလေးဖြစ်သူရဲ့အခွေဆိုင်လေးမှာနေခဲ့ရပါတယ်....

အဲ့ဒီအချိန်မှာဘဲဖောက်ထွင်းမှု့ကျူးလွန်တဲ့လူနှစ်ယောက်က ခွေးလေးတွေကိုမြင်ပြီးတော့အခွေဆိုင်ကိုရောက်လာခဲ့ပါတယ်...အကြောင်းကတော့သူတို့ရဲ့ခိုးရာပါစိန်တွေကို ခွေးလေးတစ်ကောင်ရဲ့ခန္ဓာကိုယ်ထဲမှာထည့်ပြီးသယ်ဖို့အတွက်ဆုံးဖြတ်လိုက်လို့ပါဘဲ...သူခိုးနှစ်ယောက်ကသူ့ရဲ့ကလေးလေးတစ်ကောင်ကိုဖမ်းသွားတဲ့အခါ အသဲလို့ခေါ်တဲ့ခွေးမလေးကအန္တရာယ်တွေကြားထဲကနေ ပြန်လိုက်ကယ်ရတဲ့ကားလေးဖြစ်ပါတယ်....အသဲက သူ့ရဲ့ကလေးလေးကိုကယ်တင်နိုင်မလား ????ဒုံဝေါကကောသူရဲ့ အချစ်ဆုံးခွေးလေး အသဲနဲ့ခွေးလေးတွေကိုပြန်ပြီးတွေ့နိုင်မလားဆိုတာ Hearty Paws 2 မှာကြည့်ရှု့နိုင်ပါတယ်...

ရယ်စရာဟာသခန်းလေးများလည်းပါတဲ့အပြင်မိခင်မေတ္တာကိုအဓိကညွှန်းဆိုထားတဲ့ကားလေးဖြစ်လို့ မျက်ရည်မခိုင်သူများအတွက် အရမ်း သနားစရာကောင်းတဲ့ကားကောင်းလေးတစ်ကားလည်းဖြစ်တယ်လို့ပြောပါရစေ...ကျွန်တော် ဘ၀အတွက် အရေးပါတဲ့ တစ်ယောက်သောသူက ကြည့်ချင်တယ်ဆိုလို့ ဘာသာပြန်ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့လဲ ပြောလို့ ရပါတယ်။

File Size         :670 MB
Quality           : DVD Rip
Running Time : 1hr 32 minute
Format           : Mp4
Genre             : Drama,Comedy
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Moe Myint Lwin ပဲ ဖြစ်ပါတယ်)

No comments:

Post a Comment