Sunday, June 12, 2016

Midnight FM (2010) မြန်မာစာတန်းထိုး

Imdb Rating 6.6 ထိရရှိခဲ့သော ဇာတ်လမ်း ဇာတ်အိမ်ထူးခြားသည့်ဇာတ်ကားတစ်ကားဖြစ်သည်။ မင်းသမီး Soo Ae က ညလယ်ပိုင်းအသံလွှင့်သူ အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ နာမည်ကြီးမင်းသား Ji-Tae Yu ကို စိတ်ဝေဒနာရှင် လူဆိုးတစ်ယောက်အဖြစ်မြင်တွေ့ရမှာပါ။ 

သရုပ်ဆောင်ကောင်းတဲ့ Ji-Tae ကို လုံးဝခွဲထွက်နေတဲ့ ဗီလိန်ဇာတ်ကောင်အနေနဲ့ဆိုတော့ ထူးခြားနေမှာတော့ အမှန်ပါပဲ။Ji-Tae နဲ့ Soo Ae ဘယ်လိုအပေးအယူမျှမျှနဲ့ သရုပ်ဆောင်သွားကြမလဲဆိုတာကတော့ ဒီဇာတ်လမ်းရဲ့အသက်ပါပဲ။

 ညလယ်ပိုင်းအစီအစဉ်တစ်ခုမှအစီအစဉ်တင်ဆက်သူ ဂိုဆိုးယွန်ရဲ့ အသံလွှင့်အစီအစဉ်ကနေ အနားယူတော့မည်လို့ကြေညာခဲ့ပြီးပါတယ်။ဒီလိုကြေညာခဲ့တဲ့အတွက်ကြောင့် ဆိုးယွန်ရဲ့ပရိတ်သတ်တွေက နှမြောကြပါတယ်။ အဲဒီအထဲမှာမှ ဆိုးယွန်၏ ပရိတ်သတ်တစ်ဦးက ဆိုးယွန်ရဲ့အစီအစဉ်မှာ သူကိုယ်တိုင်ပါဝင်တင်ဆက်ချင်တဲ့အတွက် ဆိုးယွန်အိမ်အတွင်းသို့ ဝင်ရောက်ခဲ့ပါတယ်။ 

အိမ်မှာရှိနေတဲ့ဆိုးယွန်ရဲ့ ညီမ ၊ သမီးလေး နဲ့ တူမလေးတို့ကို ဓားစာခံအဖြစ်ဖမ်းထားပြီး ဆိုးယွန်ကို ခြိမ်းခြောက်မှူတွေလုပ်ပြီးတော့ သူနားထောင်ချင်သမျှသီချင်းတွေကို ရေဒီယိုကနေ လွှင့်ခိုင်းပါတယ်။ မလွှင့်ပေးရင်သတ်ပစ်မယ်ဆိုပြီး ချိန်းခြောက်တဲ့အတွက် ဆိုးယွန်တစ်ယောက် သမီးဇော ၊ ညီမလုပ်သူနဲ့ တူမလေးတို့အတွက် လိုက်လုပ်ပေးရပါတော့တယ်။ FM ကသူတောင်းဆိုတဲ့သီချင်းကို မှားပြီးဖွင့်ပေးတဲ့အတွက် ဆိုးယွန်ရဲ့ ညီမဖြစ်သူကိုသတ်လိုက်ပါတယ် ။ 

ဓားစားခံအဖြစ် ကျန်နေတဲ့ သမီးနဲ့ တူမကို ကယ်ချင်ရင် စိတ္တဇလူက သူဖြစ်စေချင်သမျှအသီအစဉ်အတိုင်းအကောင်အထည်ဖော်ပါပေးပါလို့တောင်းဆိုပါတော့တယ်။ ထိုလူက ဆိုးယွန်အစီအစဉ်မှာပြောသမျှ ဒိုင်ယာလော့တွေအတိုင်း အပြင်လောကမှာပါ အကောင်အထည်လိုက်ဖော်နေတဲ့စိတ်ဝေဒနာသည်တစ်ဦးဖြစ်ပါတယ် ။ လူသတ်မှုနဲ့ထောင်ကျခဲ့ဖူးပြီးတော့ ဆေးကုသမှုကို ၃နှစ်နီးပါး ကုသခဲ့ရတဲ့လူဖြစ်တဲ့အတွက် စိတ်အခြေအနေကပုံမှန်မဟုတ်ပါဘူး။ 

ကဲ အညွှန်းကတော့ ဒီလောက်ပဲရေးပါတော့မယ် ။ 
ဆိုးယွန်တစ်ယောက် ဒီလူ့လက်ထဲကနေ ကလေးတွေကိုကယ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူ့ပါ။

File size...590MB 
Quality...BluRay Rip 720p 
Format...mp4
Duration....01:43:27
Subtitle....Myanmar Subtitle (Hardsub)
Encoder....seniorkaung91

(ဇာတ်ကားအညွှန်း နဲ့ ဘာသာပြန်ပေးသူကတော့ မေမြတ်နိုးပဲ ဖြစ်ပါတယ်)



No comments:

Post a Comment