Wednesday, June 15, 2016

Batman:Assault On Arkham (မြန်မာစာတန်းထိုး)


ဒီဇာတ်ကား အတွက် review မရေးခင်မှာဒီကားထဲမှာအဓိက ပါဝင်တဲ့ suicide squad နဲ့ နည်းနည်း မိတ်ဆက်ပေးပါရစေတကယ်တော့ suicide squad ဆိုတာအမေရိကန် အစိုးရ အဖွဲ့မှ Amanda Waller ဆိုတဲ့ခပ်ကြမ်းကြမ်း အမျိုးသမီး ကြီး ဖွဲ့စည်းထားတဲ့ Task Force X လို့ခေါ်တဲ့ အထူးမစ်ရှင်တွေ လျှို့ဝှက် ကိစ္စတွေကို အစိုးရကိုယ်စားတိုက်ပွဲဝင်ပေးရတဲ့supervillians ကြီးများနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်
Amanda Wallerဟာ ဒီ supervillianကြီးတွေကိုလည်ပင်းမှာခြေရာခံ ကရိယာနဲ့ Nano ဗုံးလေးတွေထည့်ပေးပြီး လိုသလိုစေခိုင်းပါတယ် 
တစ်ချို့ကိစ္စတွေမှာ အစိုးရအနေနဲ့ ဝင်လို့မကောင်းတာမျိုးတွေမှာ သူ့ရဲ့ Task Force Xကိုလွှတ်ပြီး ဖြေရှင်းစေပါတယ် ကိစ္စအောင်မြင်တော့လဲအမြတ်
မအောင်မြင်ရင်လဲ အစိုးရအနေနဲ့ခေါင်းခံစရာ မလိုတဲ့အတွက်တစ်ချက်ခုတ်နှစ်ချက်ပြတ် နည်းလမ်း ပဲဖြစ်ပါတယ်
ဒီလို အဖွဲ့ကို ကိုင်တွယ် ရတာလဲ Wallerအတွက် လွယ်ကူလှတယ်တော့ မဟုတ်ပါဘူး  ခဏ ခဏ သူ့အသတ်ကိုပြန်ရန်ရှာခြင်းတွေလဲကြုံတွေ့ရပါတယ် 
Task Force X အဖွဲ့သားတွေအနေနဲ့လဲ mission တစ်ခုပြီးတိုင်း အသတ်ပါရင်းနှီး လိုက်ရတဲ့အထိ ခက်ခဲကြမ်းတမ်း လွန်းတဲ့ ကိစ္စတွေကိုကိုင်တွယ်ရတာဖြစ်လို့ နောက်ပိုင်းမှာTask Force X အမည်ပျောက်ပြီး Suicide Squad လို့အမည်တွင် လာတဲ့အထိပဲဖြစ်ပါတယ်SSရဲ့ အဖွဲ့သားများအနေနဲ့ကတော့ အတည်တကျရယ်လို့တော့မရှိပါဘူးmission တစ်ခေါက်ကို အဖွဲ့ဝင် တစ်မျိုးနောက်mission ဆိုလျှင် အဖွဲ့ဝင်အသစ်တွေ ဖြစ်နေတက်ပါတယ်
ထင်ရှားတဲ့ Member များကတော့
Deadshot, Captain Boomerang,Harley Quinn တို့ပဲဖြစ်ပါတယ်……
လာမယ့် August မှာ ရုံတင်မယ့် Suicide Squad
မလာခင်မှာ SSနဲ့ အားလုံးနဲ့ရင်းနှီးသွားအောင်
ဒီ Assault On Arkham ဇာတ်ကားလေးကို
တင်ဆက်ပေးလိုက်ပါတယ်
Assault On Arkham အတွက် အညွှန်းအနေနဲ့ကတော့Amanda Waller ဟာ Mission တစ်ခုအတွက်Suicide Squad အဖွဲ့သားတွေကို စုဆောင်းပါတယ်
အဖွဲ့ဝင်အဟောင်းတွေ ပါသလိုအဖွဲ့ဝင် အသစ်တွေလဲ ပါဝင်ပါတယ် 
Amanda ဟာ ပစ္စည်း တစ်ခု အတွက်Gotham မြို့မှာ ရှိတဲ့ Arkham စိတ္တဇအကျဉ်းထောင်ကိုသူ့ရဲ့ Suicide Squad အဖွဲ့သားတွေကို
ချိုးဖောက်ဝင်ရောက်စေပါတယ် 
ဒါပေမယ့် သူတို့အတွက် ခက်ခဲတဲ့ အဟန့်အတားတစ်ခုကတော့ Gotham မြို့ဆိုတာကအားလုံးသိတဲ့ အတိုင်းပဲ Batman ရဲ့ မြို့တော်ဖြစ်တဲ့အတွက် သူတို့လို Villianတွေခြေရှုပ်ဖို့သိပ်မလွယ်ကူပါဘူး 
ဒီလို စိတ်လှုပ်ရှား စရာတွေ နဲ့ ပြည့်နေတဲ့ ဒီဇာတ်ကားမှာAmanda ဟာ Arkham မှာ ဘာပစ္စည်းကိုယူခိုင်းတာလဲဘာအကြံအစည် တွေရှိလဲ 
SS အဖွဲ့သားတွေကရော missionကိုအောင်မြင်အောင်စွမ်းဆောင် နိုင်ပါ့မလား SSရဲ့ထုံးစံအတိုင်း Mission အပြီးမှာ ဘယ်သူတွေက အသက်ပေးလိုက်ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ရှုစားပေးပါခင်ဗျာ……… 
(ဒီဇာတ်ကားလေးကို ဘာသာပြန်ပြီး အညွှန်းပါ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားသူကတော့ ကိုHan Htoo Zawပဲ ဖြစ်ပါတယ်)

File size...430MB
Quality...Blu-ray 1080P
Format...mp4
Duration....01:15:56
Subtitle....Myanmar Subtitle (Hardsub)
Encoder....seniorkaung91

ဇာတ်ကားနမူနာကြည့်ရန်




No comments:

Post a Comment