Tuesday, June 21, 2016

Mighty Morphin Power Rangers:The Movie (1995) (မြန်မာစာတန်းထိုး)


ပါဝါရိန်းဂျားတွေ တစ်ဖြစ်လဲ ဆယ်ကျော်သက်ကျောင်းသားလူငယ်လေး ခြောက်ယောက်ဖြစ်တဲ့ တော်မီ ကင်ဘာလေ ရော်ကီ ဘီလီ အဒမ် အေးရှား တို့ဟာ အိန်ဂျယ်ဂရော့ မြို့မှာ နေထိုင်ကြပြီး ကျောင်းတက်ရင်း မြို့ကိုကာကွယ်စောင့်ရှောက်နေကြသူတွေဖြစ်ပါတယ်။ တစ်နေ့မှာတော့မမျှော်လင့်ပဲနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့ အနီးနားကရှိ တွင်းကြီးတစ်ခုထဲက အလွန်ဆန်းကြယ်တဲ့ ခရမ်းရောင် ဥကြီးဟာ ဆောက်လုပ်ရေးလုပ်သားတွေကြောင့် မြေပေါ်ကို ပေါ်ထွက်လာခဲ့ပြီး Lord Zedd နဲ့ ကြင်ယာတော် Rita တို့လက်ချက်ကြောင့် အဲ့ဒီဥထဲကနေ နှစ်ပေါင်းခြောက်ထောင်ကျော်ကြာ ပိတ်လှောင်ခံထားရတဲ့ အီဗန်အူးဇ် ဆိုတဲ့ ကမ္ဘာဖျက်မကောင်းဆိုးဝါးကြီး နိုးထလာခဲ့ပါတော့တယ်။ အီဗန်အူးဇ် ဟာ ပါဝါရိန်းဂျား တို့ရဲ့ ခေါင်းဆောင်ကြီး ဇိုဒန် နဲ့ရန်ငြိုးရှိခဲ့ဖူးတာကြောင့် ဇိုဒန် ရှိရာ ဌာနချုပ်ကို သွားပြီး အကုန်ဖျက်ဆီးတိုက်ခိုက်ခဲ့ရာမှာတော့ ဌာနချုပ်ပျက်စီးပြီး ပါဝါရိန်းဂျားတို့လည်း စွမ်းအားများပျောက်ကွယ်ကာ ဇိုဒန်မှာလည်း သေလုမျောပါးအခြေနေထိရောက်သွားပါတော့တယ်။ အဲ့ဒီနောက် တော်မီ ဦးဆောင်တဲ့ ပါဝါရိန်းဂျား တို့ဟာ ဇိုဒန် နဲ့ အိန်ဂျယ်ဂရော့မြို့ကို ကာကွယ်ဖို့ ဘယ်ကိုခရီးထွက်ကြမှာလဲ ဘယ်လိုအရာတွေနဲ့ တွေ့ကြုံရမှာလဲ ဘယ်သူတွေက ကူညီပြီး ဘယ်သူတွေက ဒုက္ခပေးမှာလဲ သူတို့အဆင်ပြေနိုင်ကြပါ့မလားဆိုတာ ကို ရုပ်ရှင်ဇာတ်ကားကိုပဲ ဆက်လက်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ဒါကတော့ ရုပ်ရှင်ဇာတ်လမ်းအကျဉ်းပါ။

တစ်ခုမေတ္တာရပ်ခံချင်တာက ဒီရုပ်ရှင်ဟာ 1995 ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်တာကြောင့်မို့ သုံးထားတဲ့ အထူးပြုလုပ်ချက်တွေဟာ ဒီဘက်ခေတ်နဲ့ယှဉ်ရင်တော့ ရီစရာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ် ဒါပေမဲ့ သူ့ခေတ်သူ့အခါမှာတော့ ရင်သပ်ရှူမောစရာ ကောင်းတာမို့ ဒီတစ်ခုတော့နားလည်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
ကဲ ကျွန်တော်တို့ 90'kids တွေ အရင်နှစ်တွေဆီကို ပြန်သွားကြရအောင်လား ဗျာ။
(ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Moe Oo Mann ပဲ ဖြစ်ပါတယ်)

File size...(780MB)  
Quality...DVD Rip
Format...mp4
Duration....1hr 30 mins
Subtitle....Myanmar Subtitle (Hardsub)
Encoder....seniorkaung91


ဇာတ်ကားနမူနာကြည့်ရန်


No comments:

Post a Comment