Saturday, June 13, 2015

Once Upon a Warrior (မြန်မာစာတန်းထိုး)





Director: Prakash Kovelamudi ရိုက်ကူးတင်ဆက်ထားပြီး


January 21, 2011 (USA) မှာ ရုံတင်ခဲ့တဲ့ India မှော် ရုပ်ရှင်ဇတ်ကားဖြစ်ပါတယ်..


ဇတ်လမ်းပုံစံကတော့ စွမ်းအားအကြီးမားဆုံး မြွေစုန်းမ တစ်ကောင်ဟာ ကမ္ဘာပေါ်မှာပေါ်လာပြီး

မျက်လုံးနက်ဖြင့် ပြုစားကာ သူမ ခိုင်းစေလို့ရသော လက်အောက်ငယ်သားများအဖြစ်

ပြောင်းလဲခဲ့ပါတယ်...

ရွာတိုင်း မြို့တိုင်းကို ဖြတ်ဆီးသတ်ဖြတ်ပြီး လူတွေကို ဖမ်းဆီးကာ ခိုင်းကောင်းတဲ့သူတွေကို

ပြုစားထားပြီး ခိုင်းမရတဲ့သူတွေကိုတော့ မီးရှို့သတ်ဖြတ်ပြီး

မီးမြွေကို ယစ်ပူဇော် တက်ပါတယ်...

ထို့အပြင် ဘာသာရေး အားနည်းသော ရွာများတွင် မြန်မာပြည်အတွင်း ပုဂံခေတ်က

နေရာယူခဲ့သော အရည်းကြီး ကဲ့သို့ ဘုန်းကြီး အတုများက ပွဲခံ လိမ်လည်ခါ

မျက်ရည်စက် အဖွဲ့ဆိုပြီး အဆောင်တွေရောင်း ဆေးမန်းတွေရောင်း နှင့်

ပြည်သူတွေကို အပူပေါ် အပူဆင့် ဒုက္ခပေးလျက် ရှိပါတော့တယ်...

တစ်ခါမှာတော့ အဂါသာ ဆိုတဲ့ ရွာလေးကို ဘုန်းကြီးတုတွေက စောင့်ရှောက်တယ်လို့

လိမ်လည်ညာစားနေသော်လဲ မြွေစုန်းမ ၏ အဆိပ်များ ရွာသို့ ပြန့်နှံ့ကာ ကလေးတွေအားလုံး

အိပ်ပျော်သွားတဲ့ အခါမှာ ဘုန်းကြီးတွေက ဟိုလိုဒီလိုပြောကာ ကုရာဆေးမပေါ်ဟု

ပြောတဲ့အခါမှာတော့ ကလေး အမေ တစ်ဦးမှ မော်ရှာ ဆိုသော

တော်ပေါ်မှာ တရားကျင့်ကြံနေတဲ့ သူတော်စင်မလေးကို ဆင့်ခေါ်ရန်

အကြံပေးတဲ့အခါ ဘုန်းတော်ကြီးများမှ သူတို့လို လူလိမ်ဟု မှတ်၍ ကြိုက်သလို

သွားခေါ် ကုမရဟု လှောင်ရယ်ကြလေသည်။

ဝမ်းဆွဲသည် မိန်းမ သည် မော်ရှာ ကို သူမ အမေဗိုက်ထဲက ထုတ်ယူမွေးဖွားခဲ့သူ

ဖြစ်သဖြင့် ယခုကပ်ဆိုးကို အမှန်ပင်ရှင်းနိုင်မည်ဟု ယုံကြည်လျက် ၀မ်းဆွဲသည်မ ၏ ယောင်္ကျားမှ

သူတို့ ကလေးအတွက် ရွာ၏ ကလေးတွေအတွက် ခရီးအဝေးကြီးမှ သူတော်စင်မလေး မော်ရှာ အား

သွားရောက်ပင့်ဆောင်ပါတော့တယ်...

ကျန်တာကိုတော့ ဒေါင်းလုပ်ဆွဲကြည့်လိုက်တော့နော်... :D

Download Link
=============


(သစ်ဆန်းခန့်)


ရုပ်ရှင်အသစ်တင်တိုင်းသိရှိလိုပါက အောက်ပါ Follow Button အပြာလေးကို Click ခဲ့ပါ


No comments:

Post a Comment