Saturday, June 13, 2015

Cloudy With A Chance Of Meatballs 2(မြန်မာစာတန်းထိုး)


Flint Lockwood နဲ့ သူ့သူငယ်ချင်းတွေဟာ သူတီထွင်ဖန်တီးခဲ့တဲ့ FLDSMDFR ဆိုတဲ့ ရေခိုးရေငွေ့ ကနေ အစားအစာထုတ်လုပ်ပေးတဲ့ စက်က ပုံမှန်အရွယ်အစားထက် အဆမတန်ကြီးမားတဲ့ စားစရာတွေကိုထုတ်လုပ်နေတဲ့အတွက် ဖျက်ဆီးလိုက်ပါတယ်…

သူတို့ရဲ့ စိတ်ကူးထဲမှာတော့ သူတို့နေထိုင်ရှင်သန်ခဲ့တဲ့ ကျွန်းကလေး ကို ပြန်လည်ရှင်သန်လာအောင် ပြန်တည်ဆောက်ပြီး ဝါသနာပါတဲ့တီထွင်ဖန်တီးမှု့တွေ လုပ်ကိုင်ရင်း အေးချမ်းစွာ နေထိုင်မယ်လို့ စဉ်းစားနေချိန်မှာပဲ

သူငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရတဲ့ Chester-V ရောက်ရှိလာခဲ့ပြီး ကျွန်းကလေး သန့်ရှင်းစေဖို့ တာဝန်ယူမယ်လို့ပြောဆိုကာ တလက်စတည်း သူ့ရဲ့ Live Corp မှာ ဝင်ရောက်လုပ်ကိုင်စေခဲ့တယ်…

မကြာခင်မှာပဲ Chester-V ဟာ ကျွန်းကလေးမှာ ကျန်ရှိနေခဲ့တဲ့ Flint ရဲ့ FLDSMDFR လေးကို ရှာမတွေ့နိုင်လို့ အခက်အခဲတွေ့နေရကြောင်း ပြောဆိုကာ FLDSMDFR ကိုရှာဖွေပြီး ရပ်တန့်သွားအောင် လုပ်ပေးဖို့ Flint ကို တာဝန်ပေးအပ်ခဲ့ပါတယ်…

တကယ်တမ်း ပြသနာဟာ FLDSMDFR ကနေ အစားအစာ နဲ့ သီးနှံတွေကို သက်ရှိသတ္တဝါတွေ အဖြစ်နဲ့ မွေးထုတ်ပေးနေတာပဲ ဖြစ်ပါတယ်…

ကြောက်စရာကောင်းတဲ့ ဘာဂါကြီးတွေ ၊ ပီဇာကြီးတွေ နဲ့ သူတို့လုံးဝမထင်မှတ်ထားတဲ့ ချစ်စရာကောင်းတဲ့ စတော်ဗလ်ရီသီးလေးတွေ …

ရေကူးနေတဲ့ ကျောက်ဖရုံသီးတွေနဲ့ ပြေးလွှားတတ်တဲ့ ငှက်ပျော်သီးတွေလဲ ပါတာပေါ့..

Flint ဟာ FLDSMDFR ကို သကြားလုံးတောင်ကြီးပေါ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး Chester-V ရဲ့ စေခိုင်းချက်အတိုင်းလုပ်ဆောင်အပြီးမှာတော့ …

IMDb မှာ 6.5/10 ရရှိထားပြီး လူကြီးရော လူငယ်ပါ စိတ်ချမ်းမြေ့စွာ ကြည့်ရှု့နိုင်တဲ့ ကားကောင်းလေး တကားပါပဲ… စားစရာတွေ သီးနှံတွေကို သက်ရှိတွေ ဖြစ်အောင်သာမက မထင်မှတ်ထားတဲ့ သက်ရှိပုံစံမျိုးရအောင် စဉ်းစားရေးဆွဲထားပြီး စိတ်ကြိုက်ဖြစ်စေမယ့် ကားတကား ဖြစ်ပါကြောင်း…

Movie Download Link>>>>>http://adf.ly/1IbWE3

Small File Size Download Link>>>>>http://adf.ly/1IbVaS

(Movie အညွန်းကို MMmovieguideမှကူးယူဖော်ပြသည်)

No comments:

Post a Comment