Saturday, June 6, 2015

Saving Private Ryan(မြန်မာစာတန်းထိုး)



စစ်ကားတွေတောင်းဆိုထားတဲ့ သူတွေအတွက်ပါ။ ဒီကားလေးက ဒုတိယကမ္ဘာစစ်ကို အခြေပြုပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲကို အခြေပြုရိုက်ကူးထားပြီး Normandy ကမ်းခြေကို အမေရိကန်စစ်တပ်တွေ ၀င်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင် ရှုစားရမှာဖြစ်တယ်။ Call of Duty 2 ထဲမှာလည်း ပါပါတယ်။

ဇာတ်လမ်းကတော့ စစ်တိုက်နေတာချည်းပဲရိုက်ထားတာမဟုတ်ပါဘူး။ ဇာတ်ကားအစမှာ စစ်တပ် အရာရှိတစ်ယောက်က စစ်မြေပြင်ကနေ အကြောင်းကြားစာ တစ်စောင်ရပါတယ်။ စာထဲမှာ ကျဆုံးသွားတဲ့ တပ်သားတွေရဲ့ နာမည်တွေပါရှိပြီး စစ်တပ်က အရာရှိတွေက သူတို့ရဲ့မိသားစုတွေကို လိုက်ပြီး အကြောင်းကြားရတာဖြစ်ပါတယ်။ အဲ့ဒီအရာရှိက ထူးထူးခြားခြား Ryan မိသားစုက ညီအကို လေးယောက်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေရာမှာ ၃ ယောက်ကျဆုံးသွားတယ်လို့ စာရောက်လာပြီး၊ အဲ့ဒီအရာရှိက သူ့အမေကို သွား အကြောင်းကြားရမှာဖြစ်ပါတယ်။ အဲ့ဒီမှာအရာရှိက သားသုံးယောက် ဆုံးသွားတဲ့အမေကို ကိုယ်ချင်းစာမိပြီး ကျန်နေတဲ့ သားတစ်ယောက်ကို အသက်ရှင်လျက် ပြန် ခေါ်ဖို့ အမိန့်ထုတ်လိုက်ပြီး အနီးဆုံးမှာ ရှိနေတဲ့တပ်ရင်းကိုသွားပြီး ကယ်ခိုင်းတာဖြစ်ပါတယ်။ Private Ryan က လေထီးစစ်သားဖြစ်ပြီး ရန်သူ့နယ်မြေထဲကို လေထီးခုန် ဆင်းပြီး နေရာယူထားတာဖြစ်လို့ သွားကယ်ရမယ့်သူတွေက ရန်သူ့နယ်မြေထဲထိ သက်စွန့်ဆံဖြားကယ်ဆယ်ရမှာဖြစ်လို့ ကယ်ဆယ်ရေးအဖွဲကလည်း မကျေနပ်ကြပါဘူး။ အမိန့်ကို မလွန်ဆံနိုင်လို့သာ သွားရမှာဖြစ်ပြီး ဓါတ်ပုံလည်းမရှိ၊ ဘယ်နေမှန်းမသိတဲ့သူကို ကယ်ရမှာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းသလို၊ လမ်းမှာ ရန်သူတွေကို ဘယ်လိုရင်ဆိုင်မလည်း၊ Ryan ကိုရော ကယ်တင်နိုင်ပါ့မလား၊ ဘယ်သူတွေ အသက်ရှင်ကျန်ရစ်မလည်းဆိုတာကိုလည်း ၇င်သပ်ရှုမောဖွယ် ခံစားရမှာပါ။

နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks (Catch me if you can), Matt Damon (Bourne Trilogy), Vin Diesel (Fast & Furious Series) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင် ချက်၊ ဇာတ်လမ်း ကပြောစရာမရှိသလို ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg (Jurassic Park, Catch me if you can)  ဖြစ်လို့ ပြောစရာမလိုပါဘူး။အော်စကာဆု ၅ခုကို ဆွတ်ခူးနိုင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိုင်ခဲ့ပါတယ်။ IMDBမှာလဲ Rating 8.6အထိတောင် ရထားပါတယ်

ဇာတ်ကားကောင်းတစ်ကားပါ။ စစ်ကားကြိုက်ပရိတ်သတ်တွေ စိတ်ကျေနပ်မယ်လို့ထင်ပါတယ်။ ကြည့်သင့်ပါတယ်။ (No Nudity, No Sex) မိသားစုကြည့်ဖို့အဆင်ပြေပါတယ်။ သွေးထွက်သံယိုများလို့ ကလေးတွေ မိဘနဲ့ပဲကြည့်သင့်ပါတယ်။

Saving Private Ryan Download Link>>>>http://adf.ly/1ILqt5

Small File Size Download Link>>>>http://adf.ly/1ILqwf

(ဇာတ်ကားအညွန်းကို Movie Previews For Myanmarမှ ကူးယူဖော်ပြသည်)

@joker

No comments:

Post a Comment