Saturday, June 27, 2015

Due Date (2010) မြန်မာစာတန်းထိုး



မင်းသားတွေကတော့ Iron Man ထဲက စွယ်စုံရမင်းသား Robert Downey Jr နဲ့ Hangover ထဲက ငကြောင်ဇာတ်ရုပ်ပိုင်နိုင်တဲ့ Zach Galifianakis တို့ရဲ့ အားပြိုင်မှုကို တွေ့မြင်ရမှာပါ။

ဇာတ်လမ်းကတော့ အမေရိကန်အရှေ့ပိုင်းဒေသကို အလုပ်ကိစ္စနဲ့ရောက်နေတဲ့
ပီတာ(Robert Downey Jr) ဟာ မိန်းမမီးဖွားချိန်မီအောင်လို့ အမေရိကန်အနောက်ပိုင်းကို လေယဉ်နဲ့ပြန်ချိန်မှာ အီသန်(Zach Galifianakis)နဲ့ စတွေ့ခဲ့ပါတယ်။ အီသန်ကြောင့် လေယာဉ်စီးခွင့်အပိတ်ခံရပြီး ပိုက်ဆံလည်းမရှိ မှတ်ပုံတင်လည်းမရှိ ဒုက္ခရောက်ခဲ့ရပါတယ်။
နောက်မှာတော့ အီသန်ရဲ့ဖိတ်ခေါ်ချက်အရ ကားနဲ့အမေရိကန်နိုင်ငံကို ဖြတ်ပြီး မိုင် ၂၀၀၀ လောက် ခရီးအတူထွက်လာခဲ့ပြီး လမ်းမှာ အီသန်ကြောင့် ပီတာဒုက္ခရောက်ရပုံများကို ဟာသဖောက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီကားထဲမှာ နှစ်ယောက်စလုံးက သရုပ်ဆောင်သိပ်ကောင်းကြပြီး Zach Galifianakis ဟာ Hangover ထဲကအတိုင်း ငကြောင်ဇာတ်ရုပ်ကို အပိုင်နိုင်ဆုံးသရုပ်ဆောင်သွားနိုင်ပါတယ်။ Jamie Fox လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ပါတယ်။ IMDb Rating 6.6 ရခဲ့တဲ့ Comedy ကားကောင်းလေးပါ။

Robert Downey Jr နဲ့ Zach Galifianakis တို့ကြောင့် ဇာတ်လမ်းအဆုံးအထိ ပရိတ်သတ်ကြီး မပျင်းရပါဘူး။

Movie Download Link>>>>http://adf.ly/1Jv4e6

Small File Size Download Link>>>>http://adf.ly/1Jv4jK
(ဒီဇာတ်ကားကိုတော့ Channel Myanmar ပရိသတ်တစ်ဦးဖြစ်တဲ့ ကို Nyi Nyi Kyaw Myintကနေပြီး ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်)

@joker

No comments:

Post a Comment