Monday, June 1, 2015

Mud(မြန်မာစာတန်းထိုး)


တကယ်က ဒီကားက စလယ်ဆုံး အကုန်ကောင်းပါတယ်။ 
ဒါပေမဲ့ ခံစားမှုနဲ့ ရင်ဘတ်ကိုတိုက်ရိုက်ထိမှန်သွားတာ တစ်ခန်းရှိတယ်။
Matthew McConaughey ဟာတကယ်ကို တော်တဲ့အနုပညာရှင်တစ်ယောက်ပါ။ သူဟာ ပါဝင်တဲ့ဇာတ်ကွက်တိုင်းမှာ သူ့အတွက်ဘယ်နေရာမှာပါပါ သူ့လုပ်ကွက် ကို အကောင်းဆုံးလုပ်ဆောင်သွားခဲ့တဲ့ ဆေးစက်ကျရာ အရုပ်ပေါ်ခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။
ဒီကားမှာ သူဟာ ငယ်ချစ်ဦး Juniper အတွက် ကာကွယ်ယပေးရင်း ပြစ်မှုကျူးလွန်ရာမှ နေထွက်ပြေးနေရတဲ့ တရားခံတစ်ဦးပါ။ သူဟာ ဂျူနီပါ နဲ့တွေ့ဆုံချိန်းဆိုပြီး ဘယ်သူမှမတွေ့တဲ့နေရာတစ်ခုကို ထွက်ပြေးဖို့တိုင်ပင်ထားပြီး အဲဒီနေရာကိုရောက်ဖို့ ကြိုးစားနေတဲ့ ၀ရမ်းပြေးတစ်ယောက်နေရာက သရုပ်ဆောင်ခဲ့တာပါ။

သူအရမ်းချစ်တဲ့ချစ်သူအတွက် သူ့ဘ၀ကြီးတစ်ခုလုံးကို လောင်းကြေးထပ်ပြီး ပေးဆပ်ခဲ့ပြီး ဒီ့အတွက် ဆုလာဒ် အနေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ သူ့ချစ်သူနဲ့ တွေ့ဆုံပြီး ထွက်ပြေးဖို့ အမျော်လင့်ကြီး မျှော်လင့်ပြီး သူ့ချစ်သူနဲ့ တွေ့ဖို့ တစ်ကားလုံး ကြိုးစားခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့ ဂျူနီကရော အချစ်တစ်ခုတည်းသာကြည့်ပြီး ၀ရမ်းပြေးဘ၀နဲ့ နေချင်မှာလား၊ သူ့ချစ်သူဆီကို အသွား ဖမ်းဖို့စောင့်နေကြတဲ့ ရဲတွေလက်ကရော ရှောင်ပြေးနိုင်ပါ့မှာလားဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရမဲ့ ဇာတ်ကားပါ။ IMDB Ratingလဲ 7.5အထိရထားလို့ ဇာတ်ကားကောင်းတစ်ကားဆိုတာ သံသယ၀င်စရာ မရှိပါဘူး။

Mud Movie Download Link>>>>>>http://adf.ly/1I9aKr

@joker

No comments:

Post a Comment