Tuesday, June 30, 2015

Jab Tak Hai Jaan(2012) မြန်မာစာတန်းထိုး

Screenshots




Samar မျက်နှာ စူပုတ်ပုတ်နဲ့ ရဲ့ရင်တဲ့ ဗုံးရှင်းသမား၊ ဗုံးတစ်လုံး ဖြုတ်ပြီးတိုင်း အေးဆေးတဲ့ နေရာမှာ တစ်ယောက်ထဲ အနားယူ တတ်တယ်။ သူ့ဘဝရဲ့ ၉၈ လုံးမြောက် ဗုံးကို ဖြုတ်ပြီး ကမ်းခြေဘက်မှာ တစ်ယောက်ထဲ အနားယူနေတဲ့ အချိန် Akira ဆိုတဲ့ မိန်းမလှလေး ရေနစ်လို့ ဆင်းကယ်ပြီး အနွေး ဓါတ်ရဖို့ Samar ရဲ့ အပေါ် အနွေးထည်ကို ပေးလိုက် မိရာမှာ မထင်မှတ်ပဲ Samar ရဲ့ Diary ကို Akira ရသွားပြီး Samar ရဲ့ လွမ်းစရာ ကောင်းတဲ့ London က အချစ် ဇာတ်လမ်းကို သိခဲ့ရပြီး Samar ကို Akira တစ်ယောက် စိတ်ဝင်စားခဲ့ပါတယ်။
Akira ဆိုတာ Discovery Channel မှာ မှတ်တမ်းရုပ်ရှင် ရိုက်ရဖို့ ကြိုးစားနေတဲ့ ၂၁ နှစ်အရွယ် ဆွဲဆောင်မှု အပြည့်ရှိတဲ့ မိန်းမလှလေးပါ။ Akira တွက် အခွင့် အရေး တစ်ခု ရောက်ရှိ လာပါတယ်။ ၃ ပါတ်အတွင်း Samar ရဲ့ ဗုံးဖြုတ် တပ်သား တစ်ယောက် အကြောင်း မှတ်တမ်း ရုပ်ရှင် ရိုက်ပေး ရမယ့် အခွင့်အရေးပါ။
Samar က Akira ကို တပ်ဖွဲ့ထဲ မလိုက်ခဲ့ စေချင်ပေမယ့် Samar ရဲ့ နိုင်ကွက်ကို သိထားတဲ့ Akira တစ်ယောက်က Samar ရဲ့ အတိတ်နဲ့ ယှဉ်ယှဉ်ပြီး ပြောလို့ Samar က Akira ကို လိုက်ခွင့် ပြုခဲ့ပါတယ်။ အခက် အခဲ အချို့ ရှိခဲ့ပေမယ့် Akira တစ်ယောက် Samar ဆိုတဲ့ ဗုံးဖြုတ် တပ်သား တစ်ယောက် အကြောင်း မှတ်တမ်း ရုပ်ရှင် ပြီးမြောက်အောင် ရိုက်နိုင် ခဲ့ပါတယ်။
Samar ရဲ့ ဇာတ်လမ်းကို Discovery Channel မှာ ပြဖို့ ဒါတွေဟာ Samar ရဲ့ ဇာတ်လမ်း တကယ်ဖြစ်ကြောင်း ထောက်ခံဖို့ ၁၀နှစ်ကျော် ခြေဦး မချခဲ့တဲ့ London မြေကို ပြန်လည် ခြေချခဲ့ရပါတယ်။ ခါးသီးတဲ့ အတိတ်တွေ ရှိခဲ့တဲ့ London မြေကို Samar တစ်ယောက် ပြန်လည် ခြေချတဲ့ နေ့မှာပဲ…။

ဒါရိုက်တာ Yash Chopra ရဲ့ ရိုက်ချက် ကောင်းတွေနဲ့ 176 မိနစ် ကြည့်ရမယ့် Drama Romance ဇာတ်ကား ဖြစ်ပါတယ်။ Jab Tak Hai Jaan ဆိုတဲ့ အဓိပ္ပါယ်ကတော့ Till my last breath ဖြစ်ပါတယ်။ ဖြစ်ပါတယ်။ Bollywood Star တွေဖြစ်တဲ့ Shah Rukh Khan, Katrina Kaif, Anushka Sharma တို့ရဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းကို moviereview.ygn.me မှကူးယူဖော်ပြပါသည်။)

IMDb Rating(6.9/10) နဲ့ Rotten Tomatoes 89% ထိရရှိထားလို့ကြည့်သင့်တဲ့ဇာတ်ကားပါ။
မြန်မာစာတန်းထိုးကိုတော့ Ko Moe Kyaw မှ ဖန်တီးတင်ဆက်ထားပါတယ်။

File size...(1.3GB) 
Quality...DVD-Rip 720p

Format...mp4
Duration....02:56:01
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p (pCloud Link)



 



နမူနာကြည့်ရန်



Monday, June 29, 2015

Monster House (2006) မြန်မာစာတန်းထိုး


Animationကြိုက်သူတွေအတွက် နောက်ထပ် စကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းရဲ့ အစကတော့ အသက် ၁၂နှစ်သာရှိသေးတဲ့ DJ waltersကနေပြီး

သူတို့အိမ်ဘေးမှာ ရှိတဲ့ ထူးဆန်းတဲ့ အိမ်ကြီးကို စတင်သတိထားမိလာပါတယ်

အဲဒီ အိမ်ကို သွားထိတဲ့ ကလေးတွေမှန်သမျ တစ်ခုခု ဒုက္ခတွေ့ရတာကို သူ သတိထားမိလာပါတယ်

တစ်ခြားလူတွေကို ပြောပြဖို့ ကြိုးစားပေမဲ့လဲ ဘယ်သူမှ မယုံကြပါဘူး

အဲဒါနဲ့ အဲဒီကောင်လေးနဲ သူရဲ့ သူငယ်ချင်း နှစ်ယောက်ပေါင်းပြီး

အဲဒီအိမ်ကို ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ပါတော့တယ်

သူတို့ သုံးယောက်ကရော အဲဒီအိမ်ကို ပြန်တိုက်ခိုက်နိုင်မှာလား

ဘယ်လို အခက်အခဲတွေ အန္တရယ်တွေ တွေ့ကြုံရမဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ ဇာတ်လမ်းပါ

Sonyက ထုတ်ထားတာဖြစ်ပြီး IMDB Rating 6.7 ရထားတဲ့ ဇာတ်ကားပါ

Animation Movieချစ်သူတွေ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်

Movie Download Link>>>>>>http://adf.ly/1JzpcV

Small File Size Download Link>>>>http://adf.ly/1Jzn2l
@joker

Sunday, June 28, 2015

After School Massacre (2014) မြန်မာစာတန်းထိုး

Snapshots



Comedy, Horror အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ တချို့အခန်းတွေကတော့ 18+ တွေဖြစ်ပါတယ်။
IMDb Rating (4.4/10) ရရှိထားတဲ့ဇာတ်ကားပါ။

File size...(793MB) 
Quality...DVD-Rip

Format...mp4
Duration....01:13:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch  (pCloud Link)

Download and Watch 360p Small File Size(400MB)



 




နမူနာကြည့်ရန်
 
 

The Great Gatsby (2013) မြန်မာစာတန်းထိုး



ဒီ ရုပ်ရှင်က ကျနော့်ကို ဆွဲဆောင်ခဲ့တယ်.....

နာမည်ကျော် Spider Man ဇတ်ကားထဲက ပင့်ကူလူသား ပီတာပါကာ လို့ သိကြတဲ့

မင်းသား Tobey Maguire နဲ့ တိုင်တန်းနစ် နဲ့ နာမည်ကျော်လာပြီး Blood Diamond ဇတ်ကား

နဲ့ ပိုပြီး နာမည်ကျော်လာတဲ့ မင်းသားချော လီယိုနာဒို တို့ အပြင် ဧည့်သယ်သရုပ်ဆောင်အဖြစ်

မင်းသားကြီး အမီတာဘချမ်း လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်....

===============================

Director: Baz Luhrmann ရိုက်ကူးတင်ဆက်ထားပြီး

ဇတ်ကားကြာမြင့်ချိန် 2h 23m ရှိတဲ့ ဒီရုပ်ရှင်ကားကို

May 1, 2013 (USA) မှာ ရုံတင်ပြသခဲ့ပါတယ်...

ရုပ်ရှင်ချစ် ပရိတ်သက်ကြီး ရရှိမှာကတော့ အချစ်ကြီးလှတဲ့

ယောင်္ကျားတစ်ယောက် ဟာ နှစ်နဲ့ ချီပြီးတော့ စောင့်နိုင်တယ်

ကြိုးစားနိုင်တယ် အသက်တောင် ပေးနိုင်တယ် ဆိုတဲ့

အချစ်ရဲ့ အင်အား နဲ့ ဘ၀ ကို နေထိုင်လာခဲ့တဲ့ လူတစ်ယောက် အကြောင်း

ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်.....

=====================================
ဇတ်လမ်းအကျဉ်း
=====================================

စိတ်ရောဂါကု ဆရာဝန် နဲ့ ဆွေးနွေးနေတဲ့ နစ်ကာရေး ကို

ဆရာဝန်က မေးတယ် မင်း ဖြစ်နေတာက အရာရာတိုင်းကို

မနှစ်မြို့ဘူး သဘောမကျဘူး မယုံကြည်ဘူး ဆိုတော့ အားလုံးပဲလား

မဟုတ်ဘူး တစ်ယောက်ကိုတော့ ကျနော် သဘောကျတယ်...

ဘယ်သူလဲ မင်းကိုယ့်ကို လား မစ္စတာ ကာရေး...

မဟုတ်ဘူး ကျနော် သဘောကျတာ တစ်ယောက်ထဲ... သူက ဂစ်ဘီ....

လွန်ခဲ့တဲ့ ၁၉၂၂ ခုနှစ်က အကြောင်းကို ကာရေး က ပြန်နောက်ကြောင်းပြန်တယ်

သူ နယူးရောက် ဝေါစထရိ က စတော့ ငွေကြေးဌာန မှာ အော်ပရေတာ လုပ်တယ်

ညဘက်တွေ နဲ့ အားလပ်ချိန်တွေမှာ ၀ါသနာအရ စာရေးတဲ့ အလုပ်ကို လုပ်တယ်

ကာရေး ရဲ့ အိမ်နားမှာ ရဲတိုက်ကြီးတစ်ခု ရှိတယ် လူချမ်းသာတစ်ယောက်နေတယ်

နေ့တိုင်း ပါတီတွေ ပေးတယ် ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ် အဲ့ ပိုင်ရှင်က မစ္စတာ ဂစ်ဘီ လို့

သိရပြီး တစ်ခါမှမြင်ခွင့် မကြုံခဲ့ရဘူး....

ကာရေး နေတဲ့ အရှေ့ဘက်ကမ်း မိုင် ၂၀ လောက်မှာ ကာရေး ရဲ့ အစ်မ ဒေစီ ရှိတယ်

ဒေစီ ကတော့ လူချမ်းသာ တွမ် ကို လက်ထပ်ထားတာ ၅ နှစ်ရှိပြီ ဖြစ်ပြီး

ရဲတိုက်ကြီး နဲ့ ကျယ်ဝန်းလှတဲ့ ဥယဉ်ခြံမြေတွေနဲ့ ချမ်းသာနေပါတယ်...

တွမ် ဟာ သူ့ယောက်ဖ ဖြစ်သူ ကာရေး ကို ချစ်ခင်သူဖြစ်ပြီး အမြဲလိုလို

အိမ်သို့ ဖိတ်ခေါ်ထမင်းကျွေးပြီး လျှောက်လည်လေ့ ရှိပါတယ်..

ဒေစီ ဟာ အလွန်ချောမော လှပသော မိန်းကလေးဖြစ်ပြီး ကောလိပ်ကျောင်းသူဘ၀ မှာ

လူတိုင်း သဘောကျ ချစ်ကြတဲ့ မိန်းကလေးဖြစ်ပြီး ထိုသို့ မိန်းကလေးကို တွမ် က

လက်ထပ်ရယူထားပါတယ်...

ဒါပေမယ့် တွမ် ဟာ ရှုပ်ပွေသူ ဖြစ်ပြီး သူ၏ မိတ်ဆွေ ကားဝပ်ရှော့ပိုင်ရှင်ရဲ့ ဇနီးနဲ့လဲ

တိတ်တိတ်ပုန်း ရှုပ်ပွေလျက် ရှိပြီး အများအားဖြင့် ပြည့်တန်ဆာ များကို အိမ်တစ်လုံးငှားကာ

ပျော်ပါးပြီး နေတက်သူ ဖြစ်သဖြင့် ထိုအကြောင်းတွေ ဒေစီ က ကာရေး ကို ရင်ဖွင့်တက်ပါတယ်..

အဲ့ဒီ ကိစ္စတွေ ဖြစ်ပြီး ကာရေး တစ်ယောက် လူတိုင်းကို အပေါ်ယံ အမြင်နဲ့ မယုံနိုင်အောင်

ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် အဲ့ဒါတွေကို ပျောက်ပြယ် ကုန်ဖို့အတွက် သူ့အိမ်နီးချင်း

လူချမ်းသာ မစ္စတာ ဂစ်ဘီ ဆီက ပါတီပွဲ တက်ဖို့ ဖိတ်စာရောက်လာပါတော့တယ်...

သူတစ်ခါမှ မမြင်ဖူးတဲ့ မစ္စတာဂစ်ဘီ ဆိုသော သူဌေးလူချော ဆိုသူဖြင့် ဆုံတွေ့ရပြီး

မစ္စတာ ဂစ်ဘီ က ကာရေး အား သူနှင့် အတူ ဘယ်သွားသွား ခေါ်သွားကာ

အကောင်းဆုံး ဆိုသော အရာများဖြင့် မိတ်ဆက်ပေးပြီး အစိုးရပိုင်း နှင့် စီးပွားရေးသမားများ

အနုပညာရှင် များစွာဖြင့် ကာရေး အား မိတ်ဆက်ပေးပါတော့တယ်...

ကာရေး သည်လဲ လူညံ့ မဟုတ်သောကြောင့် ဘာလိုချင်လို့ ဒါတွေကိုလုပ်ပေးရသလဲဟု

မစ္စတာဂစ်ဘီ အား မေးခွန်းထုတ်ရာ သူမမျှော်လင့်ထားတဲ့ အဖြစ်အပျက်ကို စသိပါတော့တယ်

မစ္စတာ ဂစ်ဘီ သည် လွန်ခဲ့သော ၅ နှစ်က ဒေစီ ၏ ချစ်သူ ဖြစ်ပြီး လက်ထပ်ကြဖို့

ရည်ရွယ်ထားသော်လဲ ဂစ်ဘီ စစ်ထဲပါသွားသောကြောင့် အဆက်အသွယ်တွေပျက်ပြီး

တွမ် ကို ယူလိုက်ရတာဖြစ်ပါတယ် ဂစ်ဘီ ဟာ ဒေစီ ကို သူစီစဉ်တဲ့ ပါတီတွေမှာ

လာလို့ လာမလား ဟု အကုန်အကြခံကာ အမြဲတမ်း ပျော်ပွဲရွှင်ပွဲတွေ ပေးခဲ့တာဖြစ်ပါတယ်

သူ တစ်သက်မှာ ဒေစီ နဲ့ တစ်ခါလောက် တွေ့ဖို့ အရေး ဒေစီ ရဲ့ မောင် ကာရေး ကို

လဘက်ရည်တူတူသောက်ဖို့ စီစဉ်ပေးပါလို့ တောင်းဆိုခြင်းဖြစ်ပါတယ်....

မစ္စတာဂစ်ဘီ နဲ့ ဒေစီ တို့ တွေ့ကြပြီးနောက် ဘာတွေ ဆက်ဖြစ်မလဲ

ဒေစီ ရဲ့ ခင်ပွန်း တွမ် သိပြီး ဘာတွေ ဆက်ဖြစ်မလဲ...

ဒေစီ နဲ့ ဂစ်ဘီ တို့ ပေါင်းရမှာလား ဒါမှမဟုတ် ခွဲရမှာလား

ဂစ်ဘီ က ဒေစီ ကို တကယ်ချစ်တာ ဟုတ်ရဲ့လား

ဒေစီ ကရော ချစ်နိုင်သေးရဲ့လား

ကာရေး ကရော ဒီ အရှုပ်ထုပ်တွေကြားမှာ ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ

Movie Download Link>>>>>http://adf.ly/1JwNzp

Small File Size Download Link>>>>http://adf.ly/1JwO6M

( Movie Previewကိုတော့ Admin Thit San Khantရေးပေးထားတာ ဖြစ်ပါတယ်)

@joker

Saturday, June 27, 2015

Due Date (2010) မြန်မာစာတန်းထိုး



မင်းသားတွေကတော့ Iron Man ထဲက စွယ်စုံရမင်းသား Robert Downey Jr နဲ့ Hangover ထဲက ငကြောင်ဇာတ်ရုပ်ပိုင်နိုင်တဲ့ Zach Galifianakis တို့ရဲ့ အားပြိုင်မှုကို တွေ့မြင်ရမှာပါ။

ဇာတ်လမ်းကတော့ အမေရိကန်အရှေ့ပိုင်းဒေသကို အလုပ်ကိစ္စနဲ့ရောက်နေတဲ့
ပီတာ(Robert Downey Jr) ဟာ မိန်းမမီးဖွားချိန်မီအောင်လို့ အမေရိကန်အနောက်ပိုင်းကို လေယဉ်နဲ့ပြန်ချိန်မှာ အီသန်(Zach Galifianakis)နဲ့ စတွေ့ခဲ့ပါတယ်။ အီသန်ကြောင့် လေယာဉ်စီးခွင့်အပိတ်ခံရပြီး ပိုက်ဆံလည်းမရှိ မှတ်ပုံတင်လည်းမရှိ ဒုက္ခရောက်ခဲ့ရပါတယ်။
နောက်မှာတော့ အီသန်ရဲ့ဖိတ်ခေါ်ချက်အရ ကားနဲ့အမေရိကန်နိုင်ငံကို ဖြတ်ပြီး မိုင် ၂၀၀၀ လောက် ခရီးအတူထွက်လာခဲ့ပြီး လမ်းမှာ အီသန်ကြောင့် ပီတာဒုက္ခရောက်ရပုံများကို ဟာသဖောက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီကားထဲမှာ နှစ်ယောက်စလုံးက သရုပ်ဆောင်သိပ်ကောင်းကြပြီး Zach Galifianakis ဟာ Hangover ထဲကအတိုင်း ငကြောင်ဇာတ်ရုပ်ကို အပိုင်နိုင်ဆုံးသရုပ်ဆောင်သွားနိုင်ပါတယ်။ Jamie Fox လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ပါတယ်။ IMDb Rating 6.6 ရခဲ့တဲ့ Comedy ကားကောင်းလေးပါ။

Robert Downey Jr နဲ့ Zach Galifianakis တို့ကြောင့် ဇာတ်လမ်းအဆုံးအထိ ပရိတ်သတ်ကြီး မပျင်းရပါဘူး။

Movie Download Link>>>>http://adf.ly/1Jv4e6

Small File Size Download Link>>>>http://adf.ly/1Jv4jK
(ဒီဇာတ်ကားကိုတော့ Channel Myanmar ပရိသတ်တစ်ဦးဖြစ်တဲ့ ကို Nyi Nyi Kyaw Myintကနေပြီး ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်)

@joker

The Day the Earth Stood Still (2008) မြန်မာစာတန်းထိုး


John Wick ဇတ်ကားလေး ပြန်ကြည့်မိတုန်း မင်းသားချော Keanu Reeves
ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၈ ခုနှစ်တုန်းက ကမ္ဘာပျက်ကိန်း ရုပ်ရှင်
ကားလေးကိုလဲ ပြန်သတိရလာတယ်...
ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ်ဘာသာ ဟောကိန်းတွေထဲမှာပါဝင်သလိုမျိုး
ကမ္ဘာပျက်ခါနီး နောဧ ရဲ့ လှေကြီးထဲမှာ သတ္တ၀ါ အဖိုအမ တစ်စုံစီ
ထည့်ပြီး လှေကြီးကို ရွက်လွှင့်ခဲ့တယ် ကျန်တဲ့ သက်ရှိတွေက သေရတယ်
နောက်ပြီး ကမ္ဘာပျက်ခါနီး ဘုရားသခင်က ကမ္ဘာဖျက်မယ့် သတ္တ၀ါ
 
တစ်ကောင်ကို စေလွှတ်တယ် ဘုရားသခင် ဖန်ဆင်းထားတဲ့ သက်ရှိ
သက်မဲ့ အားလုံးကို ပြန်ရုတ်သိမ်း ဖျက်စီးစေတယ်....
ဒီဇတ်ကားထဲမှာ ဒီနှစ်မျိုးလုံး တွေ့ရပါတယ်...
လူတွေက သူတို့ ကမ္ဘာကို သူတို့ ဖျက်စီးဖို့ အတ္တတွေ လောဘတွေ
ဝင်ရောက်လာတဲ့အခါ ဘုရားသခင်က ပြန်ရုတ်သိမ်းလိုက်ပြီး
ကမ္ဘာကြီးကို သန့်ရှင်းလိုက်တယ် အစ ကနေ ပြန်စစေတယ်...
အဲ့ဒီသဘောမျိုး ဒီရုပ်ရှင်က သက်ရောက်စေတယ်...
ကြည့်ဖူးတဲ့သူတွေကတော့ ဘယ်လောက်ကောင်းတယ်ဆိုတာကို
သိကြမှာပါ...

(Thit San Khant)

Download Link
=============





(သစ်ဆန်းခန့်) 
 
www.facebook.com/thitsankhant2
 
 အသစ်တင်တိုင်း သိရှိလိုပါက
 
 အောက်ပါ Follow Button အပြာလေးကို Click ပေးခဲ့ပါ
 

Channel Myanmarပရိသတ်များသို့ အသိပေးခြင်း

Channel Myanmar ပရိသတ်များသို့ အသိပေးခြင်း

ကျွန်တော့်တို့ ဒီဆိုက်ကို ထောင်ထားတာ အခုဆို တစ်နှစ်ကျော်လာပါပြီ

ဒီဆိုက်ကို ကျွန်တော်တို့ရဲ့ အချိန်တွေ၊လုပ်အားတွေ၊ငွေအားတွေတဲ့ တည်ထောင်လာတာ အခုဆို ပရိသတ်တော်တော်များသိလာတဲ့အထိ အောင်မြင်လာပါပြီ။ပရိသတ်တွေ ဆိုက်ထဲဝင်ရတာ အဆင်ပြေစေဖို့အတွက်လဲ Popup-adsတွေကိုလဲ ဖြူတ်နိုင်ခဲ့ပါပြီ။

ဒီဆိုက်မှာ Movieတွေ Download လုပ်ရတာ အဆင်ပြေဖို့အတွက် အရင် Pcloud 500Gb Plan နှစ်ခုကို ဒီဆိုက်က Adminတွေရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ စိုက်ဝယ်ခဲ့တာပါ။ တစ်နှစ်ကို မြန်မာငွေ ၁ သိန်းကျော်လောက် ကျပါတယ်။

အခု အချိန်မှာ ပရိသတ်တွေများလာတာနဲ့အမျ Downloadဆွဲတာတွေ ပိုများလာတဲ့အတွက် Pcloud Storge Spaceက ပိုမိုလိုအပ်လာပါတယ်။ အရင် အကောင့်တစ်ခုက ပိုက်ဆံထပ်မသွင်းနိုင်တာကြောင့် ဇာတ်ကားလင့်တွေ တော်တော်များများ ပျက်ကုန်ရတာလဲ စိတ်မကောင်းပါဘူး။

အခု 1TB Planကို ဆိုက်အတွက် ၀ယ်ဖို့စိတ်ကူးထားပါတယ်။ အဲဒါဆိုရင် တစ်နှစ်စာအတွက် မြန်မာငွေ ၂သိန်းကျော်လောက်လိုလာပါပြီ။ အဲဒါကြောင့်မို့ အခု ကျွန်တော်တို့ဆိုက်မှာ Paypal က Donateလုပ်နိုင်ဖို့ Paypal Donate Buttonထည့်ထားပါတယ်။ဒီဆိုက်အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးချင်သူများအတွက် Donateပေးလို့ရအောင်ပါ။ လှူမဲ့လူမရှိခဲ့ရင်လဲ ကျွန်တော်တို့ တတ်နိုင်သမျအားနဲ့ ဒီဆိုက်ကို ရှေ့ဆက်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ။ အားပေးမှူအတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Channel Myanmar Admin Team


Friday, June 26, 2015

Wrong Turn ( 1 To 6 ) Collection မြန်မာစာတန်းထိုး



2003 ခုနှစ်ကနေစပြီး 6 ကားတိတိ ထွက်ရှိခဲ့တဲ့ Wrong Turn ဆိုတဲ့ ဇာတ်ကားဟာ Saw ဇာတ်ကားလိုမျိုးပဲအောင်မြင်မှုတွေရရှိခဲ့ပါတယ်..သည်းထိတ်ရင်ဖိုကိုမှ ကြည့်ချင်နေတဲ့
သူတွေအတွက်တော့ ဒီ Wrong Turn ဇာတ်ကား 6 ကားစလုံးဟာ ဒီအရသာကိုပြည့်ပြည့်၀၀
ပေးစွမ်းနိုင်စွမ်းရှိပါလိမ့်မယ်..ဒါပေမယ့် ကလေးသူငယ်များ နဲ့ နှလုံးရောဂါအခံရှိသူများ
ကြည့်ရှုဖို့တော့အဆင်မပြေနိုင်ပါ ....

အခုတင်ပေးထားတဲ့ဒီခြောက်ကားစလုံးအတွက် ဒေါင်းရတာ
အဆင်ပြေအောင် ဖိုင်ဆိုဒ်အကြီး ( အကြည် ) ရော ဖိုင်ဆိုင်အသေးပါ တခါတည်းတွဲတင်
ပေးထားပါတယ်..အဆင်ပြေမယ်လို့မျှော်လင့်မိကြောင်းပါ

အညွှန်းကိုရေးရမယ်ဆိုရင် တစ်ကားကိုတစ်ခု ရေးရမယ်ဖြစ်ပြီး Post အရမ်းရှည်သွားမှာ
ဖြစ်လို့ ကိုယ်တိုင်ပဲ စိတ်လှုပ်လှုပ်ရှားရှားနဲ့ ခံစားကြည့်ရှုကြပါ ;)

( ဒီဇာတ်ကားအတွက်စာတန်းထိုးဖိုင်ကို ကသာသားလေးမှ ပြုလုပ်ပြီး
ကို ကျော်စွာဝင်းမှ Encoding ပြုလုပ်ပါသည် )

Download Wrong Turn 1 With Pcloud ( 903 MB )

Download Wrong Turn 1 Small Filesize ( 270 MB )

---------------------------------------------------------------
Download Wrong Turn 2 720p ( 904 MB)

Download Wrong Turn 2 Small Filesize ( 311 MB )

----------------------------------------------------------------
Download Wrong Turn 3 720p ( 904 MB )

Download Wrong Turn 3 Small Filesize ( 379 MB )

----------------------------------------------------------------
Download Wrong Turn 4 720P ( 904 MB )

Download Wrong Turn 4 Small Filesize ( 299 MB )

-----------------------------------------------------------------
Download Wrong Turn 5 720p ( 904 MB )

Download Wrong Turn 5 Small Filesize ( 368 MB )

------------------------------------------------------------------
Download Wrong Turn 6 720p ( 902 MB )

Download Wrong Turn 6 Small Filesize ( 290 MB )

------------------------------------------------------------------



Thursday, June 25, 2015

Dare Devil Season 1 (မြန်မာစာတန်းထိုး)


Dare Devil TV Series ကို  April 10, 2015 မှာ စတင်ပြသခဲ့ပါတယ်

Marvel Comic ထဲက မျက်မမြင် လူစွမ်းကောင်းဖြစ်ပြီး

သူဟာ မနက်မှာ ရှေ့နေလူချောလေး ဖြစ်ပြီး ညဘက်အခါတွင်

မြို့တစ်မြို့လုံးက ဒုစရိုက်မှုတွေ အားလုံးကို နှိမ်နှင်းတဲ့ သူရဲကောင်း တစ်ယောက်ဖြစ်ပါတယ်


ဇတ်လမ်း အကျဉ်း
==============

မာ့ခ် ဟာ အသက် ၉ နှစ်အရွယ်က သူတစ်ပါးကို ကူညီဖို့ ကြိုးစားရင်း

ဓါတုဆေးရည်များ မျက်လုံးထဲ ၀င်သွားပြီးနောက် အမြင်အာရုံများ လုံးဝ ဆုံးရှုံးသွားပါတယ်

သူ့မှာ လက်ဝှေ့ထိုးတဲ့ လက်ဝှေ့သမား ဖခင်သာ ရှိပြီး သူ၏ ဖခင်ကသာ သူ့ရဲ့ Hero

ဖြစ်ပါတယ် သူ စိတ်ဓါတ်ကျနေတဲ့အခါတိုင်း ဖခင် ဖြစ်သူက ဆွဲထူခဲ့ပါတယ်..

သူမှာ အားသာချက်က အကြားအာရုံဖြစ်ပြီး ထိုအကြားအာရုံက မျက်လုံးမြင်ရတဲ့သူတွေထက်

သူ့ကို ပိုအစွမ်းထက်ပြီး ပိုမြင်စေပါတယ်...

တရားဥပဒေ မှာ ရှင်းလို့ မရတဲ့ ရှေ့နေလေး မာ့ခ် ဟာ

ညဘက် တွေမှာ ထို ဥပဒေအား လက်တစ်လုံးခြားလုပ်သွားတဲ့ သူတွေကို

လိုက်လံ အပြစ်ပေးပါတော့တယ်....

အထက်ပါ TV Series ကို Channel Myanmar Team ရဲ့

Member တစ်ဦး ဖြစ်သူ Little Neo မှ ဘာသာပြန်ပေးထားတာဖြစ်ပါတယ်

ဆက်လက် ကြည့်ရှုလိုပါက တောင်းဆိုနိုင်ပါကြောင်း....


Download Link
===============



(Thit San Khant)

အသစ်တင်တိုင်း သိရှိလိုပါက အောက်ပါ Follow Button အပြာလေးကို Click ပေးခဲ့ပါ

Windtalkers (2002) မြန်မာစာတန်းထိုး


Director: John Woo ရိုက်ကူးတင်ဆက်ထားပြီး

June 14, 2002 မှာ ရုံတင်ပြသခဲ့တဲ့ စစ်ကားဖြစ်ပါတယ်...


'' ဒီဇတ်ကားလေးဟာ ကျနော် တို့ Channel Myanmar Team ရဲ့

အမာခံ ပရိတ်သက် တစ်ဦးဖြစ်သူ Thet Phyo Oo မှ ဘာသာပြန်ပေးထားပါတယ်

စစ်ကား ကောင်းကောင်းလေးတွေ ဘာသာပြန် ကြည့်ချင်ရင် သူ့ကိုသာ ပူဆာဗျို့ :D '' 



၁၉၄၁ ဒုတိယကမ္ဘာစစ်အတွင်မှာ အမေရိကန်နိုင်ငံရဲ့ နာဗားဂျိုး လူမျိုးများဟာ သူတို့ရဲ့မိခင်ဘာသာစကားနှင့်အတူ ဆိုက်ဖာဆက်သွယ်ရေးသမားများအဖြစ် လေ့ကျင့်ခြင်းခံခဲ့ရပါတယ်. ဆော်လမွန်ကျွန်တိုက်ပွဲအတွင်း အမိန့်ကို ဦးထိပ်ထားခဲ့တဲ့အတွက်ကြောင့် မိမိရဲ့ လက်အောက်ငယ်သားအားလုံးဆုံးရှုံခဲ့ရကာ မိမိကိုယ်မိမိ အပြစ်မကင်းသလိုခံစားနေရတာကတော့တပ်ကြပ်ကြီး ဂျိုးအန်ဒါ (Necolas Cage) ပဲဖြစ်ပါတယ် တပ်ကြပ်ကြီး ဂျိုးအန်ဒါ ကို ဆိုက်ဘာသမား ဘန်ယာဇီ (Adam Beach) လုံခြုံရေးအတွက် တာဝန်ပေးအပ်လာတဲ့အခါ ….. ခံစားချက်ကို ရှေ့တန်းမထားပဲ ဘယ်လိုထမ်းဆောင်ခဲ့တယ် ဘယ်လိုတိုက်ပွဲဝင်ခဲ့တယ်ဆိုတာ မျက်ဝါးထင်ထင်ဒီကားမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်. IMDb 6.0 ရရှိထားတဲ့ အက်ရှင်စစ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်


Download Link
============== 

Size - 1GB


(Thit San Khant)




အသစ်တင်တိုင်း သိရှိလိုပါက အောက်ပါ Follow Button အပြာလေးကို Click ပေးခဲ့ပါ


(James Bond) Dr.No (1962) မြန်မာစာတန်းထိုး

Screenshots


Cast & Crew
James Bond: Sean Connery
Director: Terence Young
Producer(s): Harry Saltzman, Albert R. Broccoli
Writer(s): Ian Fleming
Screenplay: Richard Maibaum, Berkely Mather,
Johanna Harwood
Editor: Peter R. Hunt
Music: Monty Norman
Theme song: "James Bond Theme"
Monty Norman (Composer & performer)
John Barry Orchestra (Performer)
Facts & Figures
Budget: $1 million
Gross: $59.6 million
Distributed By: United Artists
Released: 5 October 1962 (UK)
8 May 1963 (USA)
Running Time: 109 minutes
Preceded By: None
Followed By: From Russia with Love

James Bond ဇာတ်ကားတွေ ထွက်ရှိခဲ့တာ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (1962) ကနေ အခုနောက်ဆုံးထွက် Spectre (2015) ထိ (၂၄) ကားရှိပါတယ်။
ကျွန်တော်တို့ Channel Myanmar အနေနဲ့ ထွက်ရှိပြီးသမျှ James Bond (၂၄) ကားလုံးကို
မြန်မာစာတန်းထိုး Blu-ray Rip Quality နဲ့တင်ပေးဖို့ ကြိုးစားသွားမှာပါ။
တစ်လကို (၂) ကားနှုန်းလောက်နဲ့တင်သွားပါ့မယ်။
James Bond ဇာတ်ကားတချို့ကကြာခဲ့ပြီဖြစ်တဲ့အတွက် ထိုခေတ်ကအခြေအနေနဲ့သာ ရှုမြင်အားပေးကြဖို့မေတ္တာရပ်ခံလိုပါတယ်။
တင်ပြီးသမျှ James Bond မြန်မာစာတန်းထိုးဇာတ်ကားများကို http://www.channelmyanmar.com/search/label/007 မှာသွားရှာပါ။

အားပေးကြသူ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

File size...(1.2GB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....01:49:50
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(500MB)



 



နမူနာကြည့်ရန်

Epic ( 2013 ) မြန်မာစာတန်းထိုး


2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Epic Animation Film ဟာ IMDb Rating မှာ 6.7 ရထားပြီး
Rotten Tomatoes ကတော့ 64% ရရှိထားပါတယ်...

အသံသရုပ်ဆောင်တွေအဖြစ် ကမ္ဘာကျော် Pop အဆိုတော် Beyoncé နဲ့ Colin Farrell တို့အပြင်
အခြား သရုပ်ဆောင်တွေများစွာကနေ ပါဝင်ထားပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ မေရီကက်သရင်းလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာ
သူ့အဖေ ရယ်..သူ့ရဲ့ခွေးလေးတို့နဲ့အတူ..တောအုပ်အနီးက သစ်သားအိမ်လေးထဲမှာ
နေထိုင်ကြပါတယ်..သူ့အဖေ ဖြစ်တဲ့ ပရော်ဖက်ဆာ ဘွန်းဘ ဟာ  သစ်တောထဲမှာ
နေထိုင်တဲ့ သစ်ရွက်လူသားလေးတွေတပ်ဖွဲ့အကြောင်းကို နှစ်ပေါင်းများစွာလေ့လာနေတဲ့
သူပါ..တစ်နေ့မှာတော့ ပရော်ဖက်ဆာ ဟာ တော ထဲကိုထွက်သွားရင်းနဲ့ ပြန်မလာလို့
သမီးဖြစ်သူ မေရီကက်သရင်းက အနောက်ကနေလိုက်သွားရင်းနဲ့ သူ့မှာထူးဆန်းတဲ့
အရာတခုနဲ့ကြုံတွေ့ပြီး အလွန်သေးငယ်တဲ့ သစ်ရွက်လူသားအရွယ်အဖြစ် သူကိုယ်တိုင်
ပြောင်းလဲသွားတဲ့အခါ...ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာ ဆက်လက်ကြည့်ရှုခံစားကြပါ

Filesize : 715 MB
Quality : BrRip 720p

Format : mp4
During : 1:42:29
Subtitles : Myanmar Subtitles ( Hardsub )
Encoder : LK


Wednesday, June 24, 2015

The Returned (2013) မြန်မာစာတန်းထိုး

Director: Manuel Carballo ရိုက်ကူးတင်ဆက်ထားပြီး


February 14, 2014 (USA) မှာ ရုံတင်ပြသခဲ့တဲ့ ကပ်ရောဂါ ဘေးဆိုးအကြောင်း

ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်....


ဇတ်ကားပုံစံကတော့
အဲလစ် ဆိုတဲ့ ဂစ်တာတီး သင်တန်းဆရာ ဟာ သူ့မိန်းမ ဆရာဝန် ကိတ် နှင့်

အတူ အိမ်ထောင်လေး တစ်ခု တည်ထောင်ထားပါတယ် ပြီးတော့ သူတို့မှာ

ဂျေကော့ နဲ့ အမ်ဘာ ဆိုတဲ့ စာရေးဆရာ လင်မယား မိတ်ဆွေတွေရှိပါတယ်

အချိန်အခါဟာလဲ မြို့တော်မှာ ကပ်ရော တစ်ခု ဆိုက်နေပါတယ်

ကူးစက်ရောဂါ ဖြစ်ပြီး အသွေးအသား နဲ့ ထိမိလျင် လျင်မြန်စွာ

ရောဂါဝေဒနာ ခံစားရပြီး သေဆုံးရပါတယ်...

ထိုရောဂါ အတွက် ထိန်းချူပ်ဖို့ ယာယီ ဆေးသာ ဖော်ထုတ်နိုင်ပြီး

ကုသရန် ဆေးလုံးဝ မရှိသေးပါ ထိုရောဂါ ဆွဲကပ်ပြီး ချက်ချင်းမသေပဲ

အသက်ပြင်းသူများကို Returned ဟု ခေါ်ပြီး ဆေးရုံတွင် အခန်းကန့်ကာ

ဆေးကုသပေးထားပြီး တစ်ရက်တစ်ခါ ဆေးမထိုးရရင် ထိုလူနာများဟာ

ဦးနှောက်ပျက်စီးပြီး Zombi ပုံစံ ဖြစ်ကာ အသွေးအသာ စားချင်စိတ်ဖြစ်ပေါ်လျက်

လုံးဝ ကယ်မရတော့ပဲ ဖြစ်သွားတက်ပါတယ်...

လျို့ဝှတ်ချက် တစ်ခုအနေနဲ့ အဲလစ် ဟာ ထိုရောဂါ ခံစားနေရသူဖြစ်ပြီး

မိန်းမဖြစ်သူ ကိတ် ဟာ အဲလစ် အတွက် ဆေးရုံမှ ကာကွယ်ဆေးများကို

ခိုးခိုးဝယ်ကာ ထိုးပေးနေရပါတယ် ထိုကဲ့သို့ အသက်ဆက်နေရပြီး ကုသနိုင်သော

ဆေးထွက်ပေါ်သည် အထိ အသက်ကို ဆွဲဆန့်ထားရပါတယ်...

ငြိမ်းချမ်းနေသော သူတို့ ဘ၀ လေးကို ဂျေကော့ တို့ လင်မယား

ဝင်ရောက်လာသော အခါ အဲလစ်က ယုံကြည်ကာ

ဂျေကော့အား သူဖြစ်ပျက်နေသော ရောဂါ အားအသိပေးလိုက်ရာ

မမျှော်လင့်ပဲ ကံကြမ္မာဆိုးများ ၀င်ရောက်လာပါတော့တယ်...

Download Link
=============



(သစ်ဆန်းခန့်)



အသစ်တင်တိုင်း သိရှိလိုပါက အောက်ပါ Follow Button အပြာလေးကို Click ပေးခဲ့ပါ


Independence Day (1996) မြန်မာစာတန်းထိုး



ဒီဇာတ်ကားက ထွက်ထားတာ တော်တော်ကြာနေပေမဲ့ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၁၆မှာ ဒီဇာတ်ကား အနှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့ Independence Day 2လာဦးမှာမို့ ဒီဇာတ်ကားကို အရင် ကြည့်ထားသင့်ပါတယ်။ ဒီဇာတ်ကားက စိတ်ကူးယာဉ် သိပ္ဗံဇာတ်ကား တစ်ကားဖြစ်ပြီး ဂြိုလ်သားတွေက ကမ္ဘာမြေကို လာဖျက်ဆီးတဲ့ ဇာတ်ကားပါ။ နည်းပညာမြင့်တဲ့ ဂြိုလ်သားတွေက လူသားတွေက ဘယ်လို စိတ်ဓာတ်၊ဘယ်လို အစီအမံတွေနဲ့ ရင်ဆိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။ သူ့ခေတ် သူ့အခါတုန်းအနေအထားနဲ့ကြည့်ရင် ကွန်ပျူတာ ပြုလုပ်ချက်တွေ အဲလောက်ထိ ကောင်းမွန်တာက အံ့သြစရာပါ။ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် Will Smithက ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့လူများ ကြည့်လိုက်ကြပါဦး

Movie Download Link>>>http://adf.ly/1JiWYq
@joker

Jai Ho 2014 (မြန်မာစာတန်းထိုး)

 

ဇာတ်လမ်းအကျဉ်း
Jai. Ho ဆိုသောသူသည်

သူ၏ ကူညီမှု formula အား

အကောင်အထည်ဖော်လျက်ရှိသူဖြစ်သည်
သူ၏ ဖော်မြူလာမှာ

သူက တစ်ဦးအားကူညီပေးလျှင်

ထိုသူဆီမှ ကျေးဇူးတင်စကားထက်

ထိုသူမှတစ်ဆင့် လူသုံးဦးအား

အခါအခွင့်သင့်လျှင်

ပြန်လည်ကူညီပါမည်ဟူသော

ကတိစကားအားသာလျှင်

တောင်းခံလေ့ရှိသည်
လက် မသန်စွမ်းသောမိန်းကလေးတစ်ဦး၏

သေဆုံးမှုကြောင့်လည်း

သူ၏ကူညီချင်လိုစိတ်သည်

ပိုမိုပြင်းပြလာခဲ့သည်
ထိုမိန်းကလေးသည် စာမေးပွဲဖြေ ဆိုချိန်တိုင်း

သူ၏အစ်ကိုအားအကူရေးခိုင်း၍

ဘေးမှရွတ်ဆိုပေးရသည်

စာတော်သူတစ်ဦးလည်းဖြစ်၍

တစ်နေ့စာမေးပွဲဖြေဆိုချိန် တွင်

ကားလမ်းကြပ်နေသောအစ်ကို့ခရီးအား

မျှော်ရင်း အချိန်မလောက်မှုကြောင့်

စာမေးပွဲအား တုံးတိလက်လေးဖြင့်

ကြိုးစားဖြေခဲ့သည်။

သို့သော် စိတ်ဓာတ်ကျဆင်း၍သာလျှင်

မိမိကိုယ်ကိုအဆုံးစီရင်ခဲ့လေသည်။
ထိုကားလမ်းပိတ်မှုမှာ

အာဏာရှိသူ၏ သမီးလာမည်ကိုကြိုဆိုသောကြောင့်

ကြိုတင်ပိတ်ထားသည်ကို

အစ်ကို သိသောအခါ

ဝန်ကြီးအားသွားတိုင်ကြားသော်လည်း

အခွင့်မသာ အဆင်မပြေခဲ့

နောက်ဆုံး အသတ်ခံရသည်အထိ

ဖြစ်သွားခဲ့ရသည်
ဤဖြစ်ရပ်အား

Jai ho သိလျှင်

ဝန်ကြီးအား သွားရောက်ကြိမ်းမောင်းရာ

ဗလတောင့်သော တပည့်တပန်းများနှင့်

မည်သို့ရင်ဆိုင်ရမည်ကိုလည်းကောင်း
ထိုနောက် ခပ်ကြမ်းကြမ်းဇာတ်ကွက်များနှင့်

မည်သို့ရင်သပ်ရှုမောဖွယ်

ကြည့်မြင်ရမည်ကိုလည်းကောင်း
ထိုနိုင်ငံ၏ အာဏာရသူနားသို့

Jai ho ၏ ကူညီမှု ဖော်မြူလာ

မည်သို့ရောက်ရှိသွားမည်ကိုလည်းကောင်း
ထိုမျှမက

ခပ်လန်းလန်းကောင်မလေးနှင့်

Jai ho တို့၏အချစ်ဟာသ ဇာတ်ကွက်များအားလည်းကောင်း
နှလုံးသားယဉ်ပါးသော်လည်း

ဒေါသအဟုန်တို့၏ အဟုန်ကြောင့်

တောရဲခြင်္သေ့တစ်ကောင်ကဲ့သို့

တိုက်ကွက်များအားလည်းကောင်း
သူ၏ကူညီမှုဖြင့်

တစ်နိုင်ငံလုံးအထိ

ပြန့်နှံ့သွားပုံအားလည်းကောင်း
ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမည်ဖြစ်ပါတယ်

သူငယ်ချင်းတို့
--မြန်မာနိုင်ငံမှာဆို
ဆရာ နန္ဒ၀င်း(ဆေး ၁)ရဲ့တန်ဖိုးနည်းညစာဆိုတဲ့
Idea လေးပြန့်နှံ့သလိုပါပဲ


(Tear Cry) မှ ဇတ်လမ်းအညွှန်း ရေးသားပေးပါသည်။

Downlod
===============

Size : 2 GB


(Thit San Khant)

အသစ်တင်တိုင်း သိရှိလိုပါက အောက်ပါ Follow Button အပြာလေးကို Click ပေးခဲ့ပါ


Tuesday, June 23, 2015

Face Off (1997) မြန်မာစာတန်းထိုး



ပထမတစ်ခေါက်တင်ပေးတုန်းက Link error ဖြစ်ပြီး ဘယ်သူမှ ကြည့်လို့မရဘူးပြောတဲ့အတွက်
ပြန်တင်ပေးလိုက်ပါတယ်..ဒီတစ်ခေါက်တော့တကယ်အဆင်ပြေပါပြီ...ကြည့်ကြပါ :)

1997 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Face Off ဇာတ်ကားကို ဒါရိုက်တာ John Woo က ရိုက်ကူးထားပြီး
မင်းသားနှစ်လက်ဖြစ်တဲ့ Nicolas Cage နဲ့ John Travolta တို့က သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအစမှာတော့ နီကိုလပ်ကေ့စ် က ဗီလိန် လူဆိုးနေရာကနေသရုပ်ဆောင်ထားပါတယ်
ရာဇ၀တ်မှုတွေနဲ့ အလို ရှိနေတဲ့ ကတ်စတာ  ( Nicolas Cage) ကို FBI Agent တစ်ယောက်ဖြစ်တဲ့
ဆမ်အာချာ က လိုက်နေပါတယ်..ကတ်စတာ ဟာ ထွက်ပြေးရင်းနဲ့ လေယာဉ်ပျက်ကျခဲ့ပြီးတော့
သေလုနီးပါးထိ ဖြစ်ခဲ့ပါတယ်..

အဲ့ဒီနောက်မှာတော့ FBI မှာ နောက်ထပ်ပြသနာတစ်ခုကြုံတွေ့လာ
ပါတော့တယ်..ကတ်စတာ ရဲ့ညီ ဆင်ထားခဲ့တဲ့ ဗုံးကိုသတင်းရရှိခဲ့ပြီးတော့ ဗုံးရဲ့ပေါက်ကွဲအားကို
ခန်းမှန်းကြည့်တဲ့အခါ ကြောက်စရာကောင်းအောင်ပြင်းထန်နေတာမို့..ကတ်စတာရဲ့ ညီကို
ဗုံးအကြောင်းမေးမြန်းပါတော့တယ်..ဘယ်လိုမှမေးမြန်းလို့မရတော့တဲ့အဆုံး FBI က အရာရှိသုံး
လေးယောက်နဲ့သာတိုင်ပင်ပြီး သတိမေ့နေတဲ့ ကတ်စတာ ( နီကိုလပ်ကေ့စ် ) ရဲ့ မျက်နှာ
အရေပြားကို FBI စုံထောက် ဆမ်အာချာ ရဲ့ မျက်နှာပေါ်မှာတပ်ပြီးတော့ ခွဲစိတ်ပြုပြင်ကာ
ထောင်ထဲကို ဆမ်အာချာကို ကတ်စတာ အဖြစ်နဲ့လွှတ်လိုက်ပါတော့တယ်..
ဒီအဖြစ်အပျက်ကို ခွဲစိတ်တဲ့ဆရာဝန်ရယ်..သူ့သူငယ်ချင်းအရာရှိနှစ်ယောက်ရယ်..
ပဲသိပါတယ်..မထင်မှတ်ပဲနဲ့ ကတ်စတာ နိုးလာတဲ့အချိန်မှာတော့ သူ့ရဲ့သူငယ်ချင်းတွေကို ဖုန်းဆက်
လှမ်းခေါ်ပြီး ဆရာဝန်ကို ခြိမ်းခြောက်က စုံထောက် ဆမ်အာချာ ရဲ့ မျက်နှာကို သူ့ ပေါ်မှာ
တပ်ခိုင်းပါတော့တယ်..ဆရာဝန်မှာလည်း ခြိမ်းခြောက်တာကိုမခံနိုင်လို့ ခွဲစိတ်ပေးပြီးတဲ့အခါမှာတော့
သူ (ကတ်စတာ ခန္ဒာ ကိုယ်..ဆမ်အာချာ မျက်နှာနှင့်သူ ) ဟာ အခြား သိရှိတဲ့ FBI က လူနှစ်ယောက်ကိုပါဖမ်းပြီး
ဓါတ်ဆီလောင်းမီးရှို့ကာ ဒီကိစ္စကို လုံးဝအစဖျောက်လိုက်ပါတယ်.ပြီးတဲ့အခါမှာတော့
စုံထောက် ဆမ်အာချာ အဖြစ်နဲ့စတင်ပြီးလှုပ်ရှားပါတော့တယ်...

ဒီဇာတ်လမ်းဟာ စာနဲ့အညွှန်းရေးပြရင် အတော်ကိုရှုပ်ပါတယ်..ဇာတ်လမ်းကြည့်ရင်တော့
ရှုပ်ထွေးမှုလည်းမရှိသလို..နားလည်ရလည်းလွယ်ပါတယ်..IMDb Rating က 7.3 ရထားပြီးတော့
Rotten Tomatoes မှာလည်း  Tomatometer 91% ထိရရှိထားပါတယ်..
ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့နီကိုလပ်ကေ့ခ်ျ ရဲ့ ဇာတ်လမ်းကောင်းတစ်ကားသာဖြစ်ပြီး
 Action ကား စိတ်လှုပ်ရှားစရာဇာတ်ကားတွေကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့
 ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်းအသိပေးလိုက်ပါတယ်..

Filesize: 696 MB
Quality: BrRip720p
Format : mp4

During : 2:18:56
Subtitles : Myanmar Subtitles (Hardsub)
Encoder: LK


Download And Watch With Pcloud Link




My Name Is Khan (2010) မြန်မာစာတန်းထိုး


၂၀၁၀ လောက်က ထွက်ခဲ့တဲ့ ရှရွတ်ခန်ရဲ့ ဇာတ်ကားလေးတစ်ခုပါ။
ရှရွတ်ခန်ဟာ ဒီကားမှာတော့ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ သူ့သရုပ်ဆောင်မှုကလည်း ပြောစရာမရှိအောင်ကောင်းမွန်လှပါတယ်။

သူဟာ သူ့မိဘတွေဆုံးတော့ သူ့ညီရှိရာ အမေရိက ကိုလိုက်သွားပါတယ်။

  သူဟာ သူ့အစ်ကိုကုန်ပနီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး  မြင်မြင်ခြင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကျခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ စီစဉ်နေသူပါ။ Khan ကတော့ မကြာခဏ Mandira ဆိုင်ဘက်ခဏခဏရောက်ဖြစ်နေပါတယ်။

Khan ဟာ သာမန်လူတစ်ယောက်မဟုတ်ပေမယ့်လည်း သူ့ရဲ့ရိုးသားမှု ညဏ်ကောင်းတာတွေကို Mandira က သဘောကျသောကြောင့် လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ အစပိုင်း Khan အစ်ကို့ သူတို့မင်္ဂလာဆောင်ကိုကန့်ကွက်ပါသေးတယ် . . . Mandira က ဟိန္ဒူဘာသာဝင်ဖြစ်ပြီး Khan တို့က မွတ်စလင်ဘာသာဝင်ဖြစ်နေသောကြောင့်ပါ။ ဒါပေမယ့် Khan ကတော့ Mandira ကိုပဲ ရွေးချယ်လိုက်ပါတော့တယ်။

Khan, Mandara နဲ့ သူတို့သားတို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိပြီး . . . တစ်ရက်တော့ သူတို့အတွက် ကံကြမ္မာဆိုးလို့ပြောရမယ့် အရာတစ်ခုပေါ်ပေါက်လာပါတော့တယ်။ 9/11 အသေခံဗုံးဖောက်မှုဖြစ်ပွားပြီး လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပါတယ်။ ထိုကိစ္စကြောင့်အမေရိကန်မှာ မွတ်စလင်နဲ့ တခြားဘာသာခြားတို့ကြား အဆင်မပြေမှုတွေ စပေါ်ပေါက်လာတော့တယ်။ ထိုအဆင်မပြေမှုစနက်တွေကြောင့်ပဲ သူတို့သားဖြစ်သူ ဆုံးရှုံးသွားရပါတောတ့ယ်။ ထို့နောက်သူတို့လင်မယားအဆင်မပြေမှုတွေဖြစ်ပွားပြီး Khan ဟာအိမ်ပေါ်က ဆင်သွားပါတော့တယ်။ သူ့မိန်းမရဲ့ စကားအတိုင်းပဲ Khanက သမ္မတကြီးနဲ့ တွေ့ဆုံပြီး အကြမ်းဖက် သမား မဟုတ်ဘူးဆိုတာကို ပြောဖို့ ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားတဲ့ အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်သွားမှာလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

ဘာသာရေးနဲ့ ပတ်သတ်ပြီး အတုယူစရာတွေကိုလဲ ဒီဇာတ်ကားထဲမှာ အများကြီးတွေ့နိုင်ပါတယ်။ လူတိုင်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ကျွန်တော်စာရေးပြီးပြောတာထက်အများကြီးပိုအဓိပ္ပါယ်ရှိပါတယ်။ IMDB Ratings: 7.7/10 ရရှိထားတဲ့ဇာတ်ကားလေးတစ်ခုပါ။

Movie Download Link>>>>http://adf.ly/1JfAK7

Small File Size Download Link>>>>http://adf.ly/1JfA8f

(ဇာတ်ကားအညွန်းကို MMmovie Guideမှ ကူးယူဖော်ပြသည်)

@joker

The Last Airbender(2010) မြန်မာစာတန်းထိုး

Snapshots

File size...900MB   
Quality...Blu-ray Rip 720p

Format...mp4
Duration....01:43:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

 
Download and Watch 720p HD (pCloud Link)




နမူနာကြည့်ရန်
 
 

Monday, June 22, 2015

The Concubine(2012) မြန်မာစာတန်းထိုး 18+++


 ငယ်စဉ်ကအတူကြီးပြင်းလာခဲ့တဲ့ချစ်သူနဲ့ ကိုယ်ဝန်ရခဲ့သော်လည်း ဖခင်အမတ်ကြီး အသတ်ခံရမှာစိုးတဲ့အတွက် မိဖုရားဖြစ်လာခဲ့သူ ဟွယွန်

ဟွယွန်ကို ငယ်စဉ်ကတည်းက စိတ်ဝင်စားသော်လည်း လက်လွတ်ခဲ့ရပြီး ဘုရင်ဖြစ်လာမှ မရမကယူချင်နေတဲ့ ဆောင်ဝမ်

အမတ်ကြီးသမီးနဲ့ချစ်မိလို့ ယောက်ကျားစစ်စစ်ဘ၀ဆုံးရှုံးလိုက်ရပြီး လက်စားချေဖို့အတွက် နန်းတွင်းထဲကို ကုန်းကုန်းအဖြစ် ၀င်ရောက်လာသူ ကွမ်ယို

အာဏာမက်မောလွန်းတဲ့အတွက် လက်ရှိဘုရင်ကိုသတ်ပြီး သားဖြစ်သူ ဆောင်ဝမ်ကို ရုပ်သေးဘုရင်အဖြစ် အသုံချပြီး နန်းတော်ကိုချယ်ခြယ်နေတဲ့ မယ်တော်ကြီး

အဲဒီ ဇာတ်ကောင်တွေဦးဆောင်တဲ့ဒီဇာတ်ကားဟာ အာဏာ၊ တဏှာ၊ အချစ်၊ မိခင်မေတ္တာနဲ့ လက်စားချေမှုတို့ကို ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အာဏာဟာ လူတွေကို ဘယ်လောက်စေစားနိုင်လဲ၊ လူတွေကို ဘယ်လိုရူးသွပ်သွားစေနိုင်လဲဆိုတာ တွေ့ရမှာပါ။ ဒါ့အပြင် မိန်းမတွေရဲ့စိတ်ဓါတ်ဟာ ဘယ်လိုရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ မင်းသမီး Jo Yeo-jeong ကတော့ တီဗွီက ဇာတ်လမ်းတွဲတွေထဲမှာ မြင်ဖူးကြမှပါ။ ဒီကားမတိုင်ခင်က Servant(2010) မှာကတည်းက လူတွေစိတ်ဝင်စားခဲ့တဲ့ Jo Yeo-jeong ဟာ ဒီ The Concubine(2012) ထွက်အပြီးမှာတော့ တော်တော်ကိုနာမည်ကြီးသွားပါတယ်။ ဒီကားက ဇာတ်လမ်းအသားပေး Drama ကားဆိုပေမယ့် တစ်ချို့အခန်းတွေက တော်တော်ကြမ်းတာကြောင့် 18+++ ဖြစ်ပါတယ်။ IMDb မှာလည်း Rating ကောင်းတဲ့ကောင်းပါ။ Jo Yeo-jeong ဘာလို့နာမည်ကြီးသွားလဲကြည့်လိုက်ပါဦး

Movie Download Link>>>>http://adf.ly/1bN4JP

Small File Size Download Link>>>>

( ဒီဇာတ်ကားကို ဘာသာပြန်သူကတော့ Channel Myanmar ပရိသတ်တစ်ဦးဖြစ်တဲ့ Nyi Nyi Kyaw Myintပဲ ဖြစ်ပါတယ်)

@joker

Sunday, June 21, 2015

Setup (2011) မြန်မာစာတန်းထိုး


အက်ရှင်ဇာတ်လမ်းကားတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် Die Hard မင်းသားကြီး
Bruce Willis ပါဝင်ထားတဲ့ Setup ကား ကို တင်ဆက်ပေးလိုက်ပါတယ်

2011 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Setup ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Mike Gunther က ပုံဖေါ်ရိုက်
ကူးခဲ့ပြီး Emmett/Furla/Oasis Films ထုတ်လုပ်ရေးကဖြန့်ချီခဲ့ပါတယ်

ဒီဇာတ်ကားမှာ Die Hard ဇာတ်ကားတွေမှာ ဆက်တိုက်သရုပ်ဆောင်ခဲ့တဲ့ မင်းသား
Bruce Willis အပြင် နာမည်ကြီး Hip Hop အဆိုတော် 50 cents ကလည်းပါဝင်သရုပ်ဆောင်ထားပါတယ်

IMDb Rating မှာတော့ 4.4 သာရရှိထားတာကိုတော့သတိပြုရမှာဖြစ်ပါတယ်

Filesize : 600 MB
Quality : BrRip 720p
Format : mp4

During : 1:24:54
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK


Download And Watch With Pcloud Link 

Blackhat (2015) မြန်မာစာတန်းထိုး

Screenshots




Thor မင်းသား Chris Hemsworth နဲ့ တရုတ်မင်းသမီး Tang Wei တို့အဓိကပါဝင်ထားတဲ့ 
Action, Crime, Drama အမျိုးအစားဇာတ်ကားပါ။
Hacking နဲ့ပတ်သတ်တဲ့အသုံးအနှုန်းတွေပါနေတာကြောင့် IT နည်းပညာနဲ့ပတ်သတ်ပြီး
ဆက်စပ်မှုရှိမှပဲ ကြည့်လို့အဆင်ပြေနိုင်ပါတယ်။
IMDb Rating (5.4/10) ရရှိထားပြီး Rating တွေနည်းနေတာကိုတော့ သတိပြုစေချင်ပါတယ်။

File size...995MB   
Quality...Blu-ray Rip 720p

Format...mp4
Duration....01:50:39
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(Uploading)



 


နမူနာကြည့်ရန်