Tuesday, May 31, 2016

Spiritual Kung Fu (1978) - မြန်မာစာတန်းထိုး


ဂျက်ကီချန်းရဲ့ လွန်ခဲ့တဲ့ 25 နှစ်ကျော်က နာမည်ကြီးခဲ့တဲ့သိုင်းကားလေးတစ်ကားပါ။
ဂျက်ကီချန်းပရိတ်သတ်တွေကတော့ တကယ်ကိုကြိုက်ခဲ့ကြတဲ့ကားလေးတစ်ကားဆိုလည်း
မမှားပါဘူး။ ဒီဇာတ်ကားကတော်တော်လေးကိုကြာနေခဲ့ပါပြီ။ ဂျက်ကီချမ်းနဲ့ သရဲငါးကောင်ဆိုရင်
သိသူတွေတော်တော်များမယ်ထင်ပါတယ်။ ဇာတ်လမ်းအစကတော့ရှောင်လင်ကျောင်းရဲ့
သိုင်းကျမ်းကို သူခိုးခိုးသွားတာကနေစတင်ထားပါတယ်။ ထိုသိုင်းကျမ်းကိုမည်သူခိုးသွားတာလဲ၊
ထိုသိုင်းကျမ်းရဲ့ ပျောက်ဆုံးနေတဲ့တန်ပြန်သိုင်းကျမ်းကကော ဘယ်နေရာမှာလဲ၊ သရဲငါးကောင်နဲ့
မတော်တဆတွေ့မိတဲ့ ဂျက်ကီချန်းကကော ထိုသရဲတွေဆီမှာသိုင်းပညာသင်နိင်မှာလား စသဖြင့်
လှည့်ကွက်မျိုးစုံနှင့် ပရိတ်သတ်အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးပါ။



ကဲ . ကျွန်တော်ရဲ့ (၁၉)ကားမြောက် ဘာသာပြန်ဇာတ်ကားလေးကို ခုပဲတင်ဆက်လိုက်ပါတယ်။
(ဒီဇာတ်ကားလေးရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ CM Team မှ ညီလေး Soe Htwe ပဲဖြစ်ပါတယ်။)
@San Win Maung

File Size                          : 900 Mb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : 360P
Running Time                  : 1h 34m
Translator                       : Soe Htwe
Encoder                         : San Win Maung 

Download and Direct Watch HD720P

Download and Direct Watch Small file

Super Junior: Attack On the Pin-up Boys (2007) မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာ နာမည်ကြီးK-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့Super Junior အဖွဲ့သားတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် ဇာတ်လမ်းအကြောင်းမပြောခင်မှာ အဖွဲ့အကြောင်းလေးအရင်မိတ်ဆက်ပါရစေ။

Korean Boys Band တစ်ခုဖြစ်တဲ့ Super Junior ကို စတင်ဖွဲ့စည်းခဲ့ချိန်က2005 ခုနှစ်မှာဖြစ်ပြီး အေဂျင်စီကတော့ SM Entertainment ပဲဖြစ်ပါတယ်။စတင်ဖွဲ့စည်းခဲ့စဉ်က Leeteuk, Heechul, Hangkyung, Yesung, Kangin, Shindong, Sungmin, Eunhyuk, Siwon, Donghae, Ryeowook, Kibum စတဲ့အဖွဲ့ဝင်ဆယ့်နှစ်ယောက်နဲ့စတင်ဖွဲ့စည်းခဲ့ပြီးတော့ 2006 ခုနှစ်မှာ Kyuhyun ဆိုတဲ့ အဖွဲ့ဝင်သစ်ကိုထပ်တိုးပေါင်းထည့်ခဲ့ပြီး အဖွဲ့ဝင်ဆယ့်သုံးယောက်အဖြစ်နဲ့ ရပ်တည်ခဲ့ပါတယ်။
2009 ခုနှစ်မှာထွက်ရှိခဲ့တဲ့ "Sorry, Sorry" အယ်ဘမ် ကြောင့် Super Junior ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာထိအောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့ပြီး နောက်ပိုင်းမှာလည်း ပုံစံမတူကွဲပြားတဲ့ ဂီတအမျိုးစားပေါင်းများစွာကို ချပြနိုင်ခဲ့တာဒီနေ့အထိပါပဲ။သူတို့ရဲ့အောင်မြင်ခဲ့တဲ့ သီချင်းတွေနဲ့အတူ Super Junior M , Super Junior T ,Super Junior Happy အစရှိသဖြင့် များစွာသောအဖွဲ့ငယ်လေးတွေပါတိုးချဲ့ခဲ့ရတဲ့အထိအောင်မြင်မှုကြီးမားခဲ့ပါတယ်။လေးနှစ်တိုင်တိုင် "Best Selling K-Pop Artist" ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့အပြင် Golden Disk Award 16ခု , Mnet Asian Music award 13 ခုနဲ့ Mtv Asia award , Teen Choice Award ရဲ့ International Artist နဲ့ Best Fandom ဆုတွေကိုပါဆွတ်ခူးရရှိခဲ့ပါသေးတယ်။အခုချိန်မှာတော့ အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Kibum နဲ့ Hankyung တို့နှစ်ယောက်ကတော့ အဖွဲ့ကနေတရားဝင်နှုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

ဇာတ်ကားအညွှန်းဘက်ကိုပြန်သွားရမယ်ဆိုရင် 2007 က ရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်တာကြောင့် နည်းနည်းတော့အမြင်တစ်မျိုးဖြစ်နေပါလိမ့်မယ်။အဲ့ဒီအချိန်ကခေတ်စားခဲ့တဲ့ အလေ့အထလေးတွေလည်းကြည့်ရမှာပါ။ ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ကျောင်းတစ်ကျောင်းရဲ့ အကြောင်းပြချက်တစ်ခုနဲ့နာမည်ကြီးပြီးချောမောတဲ့ကောင်လေးတစ်ယောက်စီကို အမည်မသိလူတစ်ယောက်က ညအချိန် မစင်ထုတ်နဲ့ ချောင်းပြီးပစ်ပေါက်တိုက်ခိုက်တဲ့ဇာတ်လမ်းကအစပြုတာပါ။ အဲ့ဒီတိုက်ခိုက်ခံရတဲ့ကျောင်းသားတိုင်းကလည်း သူတို့အားသန်ရာနယ်ပယ်တိုင်းမှာ လူသိများအောင်မြင်သွားကြပါတော့တယ်။ ဒီအချက်ကြောင့်ပဲ Paran High ဆိုတဲ့ အထက်တန်းကျောင်းက ကောင်လေး တစ်စုရဲ့ ပြသနာအရှုပ်အရှင်းတွေ နာမည်ကြီးအောင်ကြိုးစားအားထုတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အမည်မသိတိုက်ခိုက်သူ ရဲ့ရည်ရွယ်ချက်နဲ့ အဲ့ဒီလူကဘယ်သူလဲဆိုတာ ကို စူးစမ်းလိုစိတ်နဲ့ကြည့်ရှုရမဲ့အပြင် ကျောင်းသားလေးတွေရဲ့ဟာသ အလွဲလေးတွေပါ သဘာဝကျကျထည့်သွင်းရိုက်ကူးထားလို့ အတော်ကြည့်ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပါရစေဗျ။

File Size         : 580 MB
Quality           : DVD Rip
Running Time : 1hr 21 minute
Format           : Mp4
Genre             : Comedy
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းနဲ့ ဘသာပြန်သူကတော့ Moe Oo Mann ပဲ ဖြစ်ပါတယ်)

ကပ္ပတိန်အမေရိက : ဆေဗယ်လ်ဝါးရ်(၂၀၁၆)(မြန်မာစာတန်းထိုး)


                   ဒီဇာတ်ကားက ၀မ်းသာစရာ အစောကြီး အတော်ကြည်တဲ့ version လေး ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ DVD ကွာလတီတော့မဟုတ်ပေမယ့်။ ဒီအချိန်မှာ ဒီလောက်ကြည်တာတော့ ကြည့်ဖို့တန်မယ်ထင်ပါတယ်။
             ဇာတ်လမ်းအကျဉ်းကတော့ Age of Ultron အပြီးမှာ ပြန်လည်စုစည်းထားတဲ့ Avenger တွေဟာ စစ်ဆင်ရင်းတစ်ခု ဆင်နွဲရင်း မတော်တဆ လူတွေသေရပြန်ပါတယ်။ Avenger တွေရဲ့ တိုက်ပွဲတိုင်းမှာ ပျက်စီးမှုတွေ များလွန်းတာကို သည်းမခံနိုင်တော့တဲ့ ကမ္ဘာကြီးဟာ သဘောတူစာချုပ်တစ်ခုကို နိုင်ငံများစွာက လက်မှတ်ထိုးပြီး UN ရဲ့ လက်အောက်မှာ Avenger တွေကို ထားဖို့ဆန္ဒပြုလာပါတော့တယ်။ ဒါကို ဆုံးဖြတ်ချက်အမှားတွေကြောင့် နောင်တရနေတဲ့ Iromman က နောက်ထပ် အမှားတွေကိုတားဆီးနိုင်ဖို့လို့ တွေးပြီး ချက်ချင်းလက်ခံနိုင်ပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ယုံကြည်တဲ့ Captain America ကတော့ 
လုံးဝလက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာချုပ်ကို အတည်ပြုနေစဉ်အတွင်းမှာပဲ အကြမ်းဖက်တိုက်ခိုက်မှု ပေါ်လာပြီး Cap ရဲ့ သူငယ်ချင်း Winter Soilder ပါဝင်ပတ်သတ်နေတယ်လို့ အားလုံးက ထင်သွားတဲ့အခါမှာ သူ့ကို ကူညီချင်တဲ့ Cap နဲ့ ဘက်ကီကို မယုံကြည်တဲ့ Tony တို့လုံးဝစိတ်ဝမ်းကွဲပြီး Avenger တွေ 
ဘက်တစ်ဘက် ကို ရွေးဖို့ အချိန်ကြလာတဲ့အခါမှာတော့...................။
(Littleneo ဘာသာပြန်ပေးထားပါတယ်)

File size...(1.2 Gb)  
Quality...1080p HDTC 
 
Format...mkv
Duration....02:27:56
Subtitle....Myanmar Subtitle (Hardsub)

Encoder....Joker@Phs


I Miss U (2012) မြန်မာစာတန်းထိုး

နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ ထိုင်းသရဲကားပါ။
အချစ်ကြောင့် ကျွတ်တမ်းမဝင်ဘဲ တိုင်ပတ်နေတဲ့သရဲမရယ်....
အချစ်ကိုစွဲလမ်းပေမယ့် အတွေ့ကိုမရှောင်နိုင်တဲ့ ဆရာဝန်လေးရယ်...
အချစ်မှာကျရှုံးမိတဲ့ စေတနာရှင်မလေးရယ်...
သူတို့ ၃ ယောက်ရဲ့ဘဝတွေကို အချစ်တစ်ခုကရစ်ပတ်နှောင်ဖွဲ့ထားတဲ့အခါမှာတော့........။

File size...(950MB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....01:57:10
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

  



နမူနာကြည့်ရန်

Monday, May 30, 2016

Frequency (2000) မြန်မာစာတန်းထိုး

http://www.gstatic.com/tv/thumb/movieposters/25233/p25233_p_v8_ad.jpg 

ရုပ်ရှင်အညွှန်းလေးကို မပြောပြခင် ဒီရုပ်ရှင်ကားကို Video Type ခေတ်ကတည်းက

ကြည့်ရှုခဲ့တာမို့ အဟောင်းတွေ ပြန်လည်တူးဆွရင်း ပြန်လည်တွေ့ရှိပြီး

ဘာသာပြန် Moe Myint Lwin ကို ဘာသာပြန်ဖို့ တိုက်တွန်းခဲ့ပြီး

ယခု ကြည့်ရှုသူများလက်သို့ အရောက် အပ်ခဲ့ပါပြီ....


ဇတ်လမ်းရဲ့ ပုံစံကတော့ ဂျွန် ဟာ သူငယ်စဉ်ကတည်းက ဖခင်ကို

ဆုံးရှုံးခဲ့ရသူဖြစ်ပြီး မီးသတ်တပ်ဖွဲ့အတွက် ဖခင်ဟာ အသက်ပေးသွားရသူပါ

ဘ၀ တစ်လျှောက်လုံး ဂျွန် ဟာ ဖခင် မေတ္တာငတ်မွတ်ခဲ့ရပါတယ်...

ဂျွန် မှာ မိခင်ကြီးသာ ရှိပြီး အမေ နှင့်လဲ မတွေ့ဖြစ်တာ ပိုများနေပါတယ်...

ဂျွန် ၏ အလုပ်မှာ ရဲစုံထောက်ဖြစ်ပြီး ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးရန်

စုံစမ်းစစ်ဆေးနေတဲ့ အချိန်ဖြစ်ပါတယ်...

တစ်ရက်မှာတော့ ဂျွန် သူငယ်ချင်း နှင့် သူငယ်ချင်း၏ သားဖြစ်သူတို့ ဂျွန်အိမ်ကို လာပြီး

ဖခင်ကြီး သိမ်းဆည်းသွားသော မီးသက်တပ်ဖွဲ့ဝန်ထမ်း သေတ္တာကို ဖွင့်စစ်ရာ

ဖခင်ကြီး အသုံးပြုခဲ့သော ရှေးခေတ် အရေးပေါ် အသံထုတ်လွှင့်ဖမ်းစက် တစ်ခုကို

ပြန်လည်ရှာတွေ့ကြပြီး သူငယ်ချင်း ၂ ယောက်ထိုစက်အား ကောင်းမကောင်း

ပြန်တပ်ဆင်ကြပါတော့တယ်....

မေ့မေ့ပျောက်ပျောက်ဖြစ်သွားသော ည တစ်ညမှာတော့ ထို အသံထုတ်လွှင့်ဖမ်းစက် အား

တစ်ခြား အသံလှိုင်းတစ်ခုမှ လာရောက် ပူးပြီး ဂျွန်နှင့် မိတ်ဆက်စကားပြောရင်း

ထို အသံလှိုင်းပိုင်ရှင်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ တွင် ကွယ်လွန်သွားခဲ့သော

ဂျွန် ၏ ဖခင်ကြီး ဖရန့် ဖြစ်နေသည်ကို သိလိုက်ရသော အခါမှာတော့.....

(သစ်ဆန်းခန့်)

Download Link
===============




 IMDb Rate - 7.3/10
File size - ( 848MB )
Quality - HDRip 720P
Format - MP4
Duration - 1h 59m
Subtitle - Myanmar Subtitle
Encoder - Thit San Khant

 


Texas Chainsaw 3D (2013) မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးက 2013 ကထွက်ရှိထားပြီး 3D Effect တွေနဲ့ အလန်းစား ကြည့်ရမယ့်ဇာတ်ကားလေးပါ။ မိသားစုအရေးတွေ၊ အချစ်ရေးတွေ၊ နိုင်ငံရေးတွေ၊ လိမ်လည်မှု့တွေ.. စသည့်ရသ တွေနဲ့ကြည့်ရမဲ့လူသတ်ကားအခြေခံဇာတ်ကားကောင်းလေးပါ။ သင် SAW ကားတွေကိုကြိုက်ရင် ဒီဇာတ်ကားလေးကိုလည်းသေချာပေါက်နှစ်သက်မှာပါ..

 ဆော်ရာမိသားစုဟာဆိုရင် လူပျောက်မှု့ လူသတ်မှု့တွေနဲ့ သံသယ ရှိနေတဲ့မိသားစုပါ။ တနေ့မှာတော့ သတ်သေတခုရရှိကြပြီး တစ်မျိုးလုံးတဆွေလုံးကို မီးလောင်တိုက်သွင်းကြပါတော့တယ်... မီးထဲကနေ ကောင်မလေးတစ်ယောက်လွတ်ပြီး...အသက်ရွယ်ရောက်လာတဲ့ အခါမှာ အိမ်ကြီးတလုံးအမွေရပါတယ်... အဲဒီအိမ်ကြီးကို သွားတဲ့အခါမှာတော့ ကံကြမ္မာဆိုးကြီး တစ်ခုနဲ့တွေ့ပါတော့တယ်... ဘယ်လိုကံကြမ္မာဆိုးကြီးလဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....

File Size         : 780 MB
Quality           : Blu ray 720P
Running Time : 1hr 32 minute
Format           : Mp4
Genre             : Horror, Thriller
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)

Sunday, May 29, 2016

Bangkok Traffic Love Story (2009) မြန်မာစာတန်းထိုး

IMDb Rating (7.3/10) ထိရရှိထားတဲ့ Comedy, Romance အမျိုးအစား ထိုင်းဇာတ်ကားလေးပါ။
မင်းသမီး Cris Horwang ကိုအထူးသတိထားမိမယ့်ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားနဲ့
အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုကိုရရှိခဲ့ပါတယ်။
အချစ်ပုံပြင်တစ်ခုကို ဟာသဆန်ဆန်ပုံဖေါ်ထားတာ အတော်လေးသဘောကျမိပါတယ်။
ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုသင့်တဲ့ Comedy ဇာတ်ကားမျိုးပါ။
(Phyo Thu Hein မှခံစားတင်ဆက်ထားပါတယ်။)

File size...(1GB) 
Quality...WebDL-Rip 720p

Format...mp4
Duration....02:05:40
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(450MB)

  



နမူနာကြည့်ရန်
 

High Strung (2016) မြန်မာစာတန်းထိုး


High Strung ဇာတ်ကားသည် IMDb(6.6) ရရှိထားပြီး ပရိတ်သတ်များ မထင်မှတ်ထားလောက်သော အမြင်မှ ရိုက်ကူးပြထားသည်။

ဘဲလေးအကပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပုံများ ၊ ဘဲလေး အကတင်သာမက ခေတ်ပေါ်အကများပါ ကျွမ်းကျင်အောင်လေ့ကျင့်ရသော အနောက်နိုင်ငံများမှ ဘဲလေး အကပညာရှင်များ လေ့ကျင့်ပုံများကို အသေးစိတ်ရိုက်ကူးပြထားသည်။

Street Dance သမားများ၏ ဘဝ အခက်အခဲများ ကြိုးစားကြပုံများ ၊ Street Dance ဟုခေါ်ဆိုရလောက်အောင် အကပြိုင်ပွဲများ လေ့ကျင့်ပုံများကို ရိုက်ကွက်လှလှများနှင့် အသေအချာ အကျအန ရိုက်ပြသွားသည်။

တယောပညာကို ပြန်လည်ဖော်ဆောင်ထားသည်။တယော ပညာရှင်နှစ်ဦး၏ ပြိုင်ပွဲကိုလည်း သံစဉ်များနှင့် ယှဉ်ပြိုင်ကာ ရိုက်ကူးပြထားသည်။ တယောသံနှင့် ခေတ်ပေါ်ဂီတပေါင်းစပ်လို့ရကြောင်းကိုလည်း idea အသစ်တစ်မျိုးနှင့်ဖော်ပြထားသည်။

ထိုသို့မထင်ထားသောအရာများကို ပေါင်းစပ်ပြီး ရိုက်ကူးပြထားသော High Strung ဇာတ်ကားသည် အရင်က Street Dance ဇာတ်ကားများနှင့်မတူပဲ ခွဲထွက်နေပြီး လုံးဝထင်မထားလောက်အောင် ရိုက်ကူးပြထားသောဇာတ်ကားဖြစ်သည်။

မတူညီသောအနုပညာ ၃မျိုး ဘဲလေး ၊ Street Dance ၊ တယော တို့ကို မည်သို့ပေါင်းစပ်ရိုက်ကူးပြသွားမလဲဆိုတာတော့ ပိတ်ကားပေါ်တွင် ဆက်လက်ကြည့်ရှူ့ပါ....

File Size         : 580 MB
Quality           : HD Rip
Running Time : 1hr 35 minute
Format           : Mp4
Genre             : Drama,Romance
Encoder         : SeniorKaung91

Download And watch With Pcloud Link Full HD

(ဘာသာပြန်နဲ့ အညွှန်းရေးသူကတော့ မေမြတ်နိုးပဲ ဖြစ်ပါတယ်)

Saturday, May 28, 2016

The Restless (2006) မြန်မာစာတန်းထိုး


တော်ဝင်မိသားစုတွေဟာ ကိုယ်ကျင့်တရားပျက်စီးလာပြီး
တိုင်းပြည်ဟာပျက်ယွင်းလာခဲ့တဲ့ မင်းဆက်ရဲ့နောက်ဆုံးအချိန်ကို
ရောက်လာခဲ့တယ်
မင်းကျင့်တရားပျက်ယွင်းလာတာနဲ့အမျှတရားမျှတမှုမရှိတော့ဘဲ
 တိုင်းပြည်ကပျက်ဆီးလာသလို ပုန်ကန်မှုတွေလဲ ပေါ်ပေါက်ခဲ့တယ်
မကောင်းဆိုးဝါးတွေလဲဝင်ရောက်လာခဲ့တယ်

တော်ဝင်မိစ္ဆာဖမ်းတဲ့အဖွဲ့ဟာ ပြည်သူတွေအတွက်တော်လှန်ပုန်ကန်ခဲ့ပေမယ့်
အာဏာရူးတို့ထုံးစံအတိုင်းအပြတ်ရှင်းခဲ့ပြီးတဲ့နောက်မှာ.....

သူတို့အယူအဆအရတော့လူသေပြီးရင် ကြားခံဘုံမှာ ၄၉ ရက်ကြာနေပြီး
လူပြန်ဝင်စားရင်ဝင်စား ဒါမှမဟုတ် နိဗ္ဗာန်ဘုံကိုလဲသွားနိုင်တယ်
ဒီကြားခံဘုံကို တော်ဝင်မိစ္ဆာအဖွဲ့ကတဦးထဲသောကျန်ခဲ့တဲ့သူရောက်သွားတဲ့အခါ

လူ့ဘ၀ကနားကျည်းချက်တွေနဲ့ ကမ္ဘာကြီးကိုပြင်ဖို့ကြိုးစားခဲ့တဲ့ တချိန်ကတော်ဝင်မိစ္ဆာနှိမ်နင်းရေး
ကလူရောဘာဖြစ်သွားမလဲ.....

အချစ် အလွမ်း ရသစုံပေးနိုင်တဲ့ ဇာတ်ကားကောင်းတခုဖြစ်တယ်ဆိုတာတော့ညွှန်းပါရစေ

File Size         : 750 MB
Quality           : Blu ray 720P
Running Time : 1hr 45 minute
Format           : Mp4
Genre             : Action, Adventure,Drama
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်)

Ash Vs Evil Dead TV Series (2015) မြန်မာစာတန်းထိုး

Ash Vs Evil Dead ဒီဇာတ်လမ်းတွဲဟာ 1981 ခုနှစ်ကစတင်ခဲ့တဲ့ Evildead ရုပ်ရှင်ဇာတ်ကားများမှာပါတဲ့ဖြစ်ရပ်များဖြစ်ပွားခဲ့ပြီး နှစ်ပေါင်းသုံးဆယ်ကြာပြီးတဲ့နောက်မှစတင်ပြီးဇာတ်အိမ်ဖွဲ့ထားခြင်းဖြစ်ပါတယ်..

ထိုဖြစ်ရပ်များဖြစ်ပွားခဲ့ပြီးနှစ်သုံးဆယ်ကြာတဲ့တိုင်အောင် အက်ရှလေဝီလီယံ တစ်ယောက်ဘဝကိုအထီးကျန်စွာဖြတ်သန်းခဲ့ရပါတယ်။တစ်နေ့မှာတော့ မမျှော်လင့်ပဲ သေမင်းစာအုပ်ကိုပြန်တွေ့ခဲ့ရာမှတစ်ဆင့်မှားယွင်းရွတ်ဆိုခဲ့မိတဲ့အတွက်ကြောင့် မိစ္ဆာနတ်ဆိုးတွေပြန်လည်လွတ်မြောက်နိုးထလာပြီး အက်ရှလေဝီလီယံ ကိုအမဲဖျက်ဖို့ရန် အတွက်ကြိုးပမ်းခဲ့ကြပါတယ် အက်ရှ ကရော သူတို့လက်က လွတ်မြောက်နိုင်ပါ့မလား ဇာတ်လမ်းတစ်လျှောက် တွေ့ကြုံရတဲ့ဖြစ်ရပ်ဆန်းတွေကိုရောကျော်လွှားနိုင်ပါ့မလား တွေ့ဆုံရတဲ့လူတွေကရော သူ့အတွက်အကူအညီအထောက်အပံ့ပေးနိုင်မဲ့ လူတွေဖြစ်ပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးကိုသာ ဆက်လက်ကြည့်ကြပါ..IMDB Rating 8.7 အထိ ရထားတဲ့ Comedy, Horror စီးရီးဆိုတော့ တစ်ခြားစီးရီးတွေနဲ့ မတူတဲ့ အရသာကို ခံစားစေရမှာ သေချာပါတယ်။

Channel Myanmarကနေပြီး တစ်ရက်တစ်ပိုင်းနဲ့ နေ့စဉ်တင်ဆက်သွားမှာ ဖြစ်ကြောင်းလဲ သတင်းကောင်း ပါးလိုက်ရပါစေ

Season 1


(ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်သူကတော့ မိုးဦးမာန်ပဲ ဖြစ်ပါတယ်)

House at the End of the Street (2012) မြန်မာစာတန်းထိုး

မင်းသမီး ဂျနီဖာလောရင့် အဓိကပါဝင်သရုပ်ဆောင်ထားတဲ့
Horror, Mystery, Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
IMDb (5.6/10) ပဲရရှိထားတဲ့ဇာတ်ကားဖြစ်ပေမယ့် ဂျနီဖာလောရင့်ပရိတ်သတ်တွေနဲ့
သည်းထိတ်ရင်ဖိုခံစားချင်သူတွေတော့ အကြိုက်တွေ့မယ်ထင်ပါတယ်။

File size...(850MB) 
Quality...BR-Rip 720p

Format...mp4
Duration....01:41:46
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(380MB)

  





နမူနာကြည့်ရန်

Friday, May 27, 2016

Gods Of Egypt (2016) မြန်မာစာတန်းထိုး




အားလုံးတောင်းဆိုနေကြတဲ့ Gods Of Egypt လာပါပြီ...ဒီဇာတ်ကားလေးကတော့ ရုံတင်တာကြာပြီဖြစ်ပေမယ့် အကြည်ထွက်ဖို့တော့ တော်တော်လေး စောင့်လိုက်ရပါတယ်။ရုပ်ရှင်ချစ်ပရိသတ်တွေ အနေနဲ့ ဒီကားလေးရဲ့ review တွေ
အကြောင်းကို ကြားတော့ ကြားမိကြမှာပါ။ Deadpool နဲ့ ယှဉ်ဖိုက်ခဲ့ရတာ မို့ အမြတ်ငွေပိုင်းဆိုင်ရာမှာ မကိုက်ခဲ့ပေမယ့် visual effectကို ကြိုက်တဲ့ ပရိသတ်တွေရယ် ရှေးဟောင်းအီဂျစ်တွေရဲ့ နေထိုင်မှုပုံစံတွေရယ်ကို စိတ်ဝင်စားတဲ့သူတွေ
အတွက်ကတော့ ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေဦးမှာပါ။



နတ်တွေနဲ့ လူသားတွေ ရောနှောနေထိုင်ကြတဲ့ အီဂျစ်အယူတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။တူဖြစ်သူ Horusကို နတ်ဘုရားတွေရဲ့ ဘုရင်အဖြစ် နန်းတက်မယ့် ပွဲမှာပဲ ထီးနန်းလုခဲ့တဲ့ Set ကတော့ ဒီဇာတ်ကားရဲ့ အဓိက ဗီလိန်ပါ။ အဓိက
ဇာတ်ဆောင်ကိုတော့Horus လို့ ထင်ထားခဲ့ပေမယ့် သာမန်လူသားတစ်ယောက်ဖြစ်တဲ့ Bekက ပိုပြီး လုပ်ဆောင်ချက်တွေ များနေတာတွေ့ရတော့ အံ့သြမိပါတယ်။ချစ်သူကောင်မလေးအတွက် နတ်ဘုရားတွေရဲ့တိုက်ပွဲတွေ အကြား တိုးဝင်
လာခဲ့တဲ့ Bek ရဲ့ ချစ်ခြင်းတရား...နတ်ဘုရားကိုတောင် အာခံဝံ့တဲ့ သူရသတ္တိ တွေနဲ့ နတ်ဘုရားတွေနဲ့ လူသားတွေကြားက သံယောဇဉ်တွေ ပိုပါ အချိုးကျကျ ထည့်ပြီး ဇာတ်ကို အရှိန်မြှင့်ထားပါတယ်။
IMDb ကတော့ 5.6 ပါ။ ကျွန်တော့်အတွက်တော့ အရမ်း underrated ဖြစ်တယ်လို့ ခံစားရပါတယ်။
(ဇာတ်ကားအညွှန်းကိုတော့ ကောင်းမြတ်သူကရေးသားပေးခဲ့တာပါ)


File size...(900MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Aung Pyay 






အစမ်းကြည့်ရန်


Bajirao Mastini (2015) မြန်မာစာတန်းထိုး




 အခုလို မိုးအေးအေးလေးနဲ့ ကော်ဖီလေးသောက်ရင်း ဒရာမာဆန်ဆန်
ဇာတ်ကားကောင်းကို ကြည့်ချင်သပဆိုရင်တော့ 
ဒီကားလေးကိုပဲ ရွေးချယ်လိုက်ပါ ။

ဇာတ်လမ်းအညွှန်း
•••••••••••••••••••••
စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ 
စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့
အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး
ဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း 
ပိုင်ဆိုင်ထားသူပါ။

တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို
မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး 
မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါရန် အကူညီတောင်းခံလာခဲ့သည်။ ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်
မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့လေသည်။

ထို့နောက် ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို
ချစ်မြတ်နိုးလာပြီး သူမပြန်ခင်အချိန်မှာ
သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။
မင်းသမီး မာစတီးနီ တို့တိုင်းပြည်မှာတော့
ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်
တောင်းခြင်းလို့ အဓိပ္ပါယ် သက်ရောက်ပြီး
ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို
တယုတယသိမ်းထားခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း
အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို တွေ့ဆုံပြီး ကြိုးစားခဲ့တယ်။


ကဲ••••••••
ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ 
ပရိသတ်များ ရင်ခုန်ကြည့်လိုက်ပါဦး။
ဒီဇာတ်ကားလေးဟာဖြင့် အိန္ဒိယသမိုင်းကို
အခြေပြုရိုက်ကူးထားပြီး ဆုပေါင်း ၁၄ ခု
ရရှိအောင်မြင်ထားပါတယ်။ ထို့ပြင်
မင်းသမီးချော ဒီးပီကာနဲ့ ချိုပရာ တို့
ပါဝင်သရုပ်ဆောင်ထားပြီး မိန်းမသားတို့ရဲ့
ခံစားချက်/ အချစ်ရဲ့ခံယူချက်ကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဇာတ်လမ်းရဲ့ အတွေးအခေါ်/
စကားပြောတွေက ထိရှစေပြီး အကအလှ
စုံလင်မှုကလည်း ပြည့်စုံလှပါတယ်။ ဤသို့
ကောင်းမွန်လှတဲ့ ဇာတ်လမ်းမျိုးကို
မကြည့်ရမရှိလေအောင် ခံစားကြည့်ရှုလိုက်ပါဦးလို့ ညွှန်းပါရစေလားဗျာ။

File Size         : 1 GB
Quality           : Blu ray 720P
Running Time : 2hr 38 minute
Format           : Mp4
Genre             : Drama, Histry, Romance
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်း ရေးပေးသူကတော့ လင်းခယံ ပဲ ဖြစ်ပါတယ်)

The Monuments Men (2014) မြန်မာစာတန်းထိုး

http://t1.gstatic.com/images?q=tbn:ANd9GcRFwHhQ2IJ5p8AvgM8saoQmTfRf6ehQ5UY14bUtlO8dmFpdeWxh


စစ်ကားကောင်း ကြိုက်တက်တဲ့သူတွေအတွက်ပါ 

အညွှန်းကိုတော့ အထူးတလည် ရေးမနေတော့ပါဘူး

(သစ်ဆန်းခန့်)

Download Link
===============


  IMDb Rate -  6.1/10
File size - ( 850 MB )
Quality -  1080P Blu Ray Rip
Format - MP4
Duration - 1h 58m
Subtitle - Myanmar Subtitle
Encoder - Thit San Khant


The Tag Along (2015) မြန်မာစာတန်းထိုး



၂၀၁၅ခုနှစ် ရဲ့horrorsဇတ် ကား ကောင်း တွေထဲကတစ် ကားကိုချပြပါဆိုရင် ...ဒီကာ လေးလည်းအပါအဝင် ဖြစ် တယ် လို့ အသိ ပေးပါရစေ...

ဒီဇာတ် လမ်း လေးက..အစမှာတည်းကိုက.. ခြောက် ခြားမှု တွေနဲ့ ရုပ် ရှင် ကြည့် သူ တွေရဲ့စိတ် ကို..ဆွဲ ခေါ်ထားပါတယ် .. Horrorsဇာတ် ကား တွေရဲ့ထုံးစံအတိုင်း ကြောက် စရာအခန်း တွေ မှောင် မိုက် တဲ့ညမြင် ကွင်း တွေနဲ့ ခြောက် ခြားစရာ ကောင်း လောက် အောင် ရိုက် ကူးထားတဲ့ဒီကားဟာ Imdb 6.6ထိရှိထားပါတယ် မင်းသမီး ချောWei Ning Hsuလည်းပါဝင် တာမို့ ပိုပြီးအသက် ဝင် နေတဲ့ Horrorဇတ် ကား လေးအဖြစ် နဲ့မိတ် ဆက် ပေးလိုက် ပါတယ်

File Size         : 650 MB
Quality           : Blu ray 720P
Running Time : 1hr 33 minute
Format           : Mp4
Genre             : Horror, Thriller

Encoder         : Joker.phs

Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ John La Yaung ပဲ ဖြစ်ပါတယ်)

Thursday, May 26, 2016

Il.Mare (2000) မြန်မာစာတန်းထိုး

http://i735.photobucket.com/albums/ww360/edgada/046kb.jpg


စာတိုက်ပုံးလေးတစ်ပုံးကနေ ဖြစ်လာခဲ့တဲ့ Drama ဇာတ်လမ်းလေး... ကောင်လေးလက်ရှိနေနေတဲ့အချိန်နဲ့ ကောင်မလေးလက်ရှိနေနေတဲ့အချိန်က ကြားထဲမှာ အချိန်က ၂နှစ်ကွာနေတယ် ဒီနှစ်ယောက်က ဘယ်လိုတွေဆက်သွယ်ကြမလဲ ဘယ်လိုတွေ ဇာတ်လမ်းဆက်မလဲ သူတို့နှစ်ယောက် အပြင်မှာတွေ့ကြမလား Happy Ending လား မတွေ့ပဲနဲ့ပဲ ငိုခြင်းချရမယ့် ဇာတ်လမ်းလေးလား P.S မင်းသမီးက My Sassy Girl မင်းသမီးနော်
အညွှန်း နဲ့ ဘာသာပြန် ကိုတော့ May Myat Noe မှ ရေးသားပေးထားတာပါ
 
Edit Story
========
ဒီရုပ်ရှင်လေးကို အစတုန်းက ကြည့်ပြီး သိပ်သဘောမပေါက်ဘူး

တစ်ဖြေးဖြေးကြည့်မှ  စိတ်ဝင်စားစရာကောင်းလာတယ်...

ကောင်လေးက လက်ရှိအချိန်ထက် စောပြီး ၂ နှစ်ကြိုရောက်နေတယ်

ကောင်မလေးက ၂ နှစ်နောက်ကျပြီး ရှိနေတယ်...

သူတို့ နှစ်ယောက်ရဲ့ အချစ်ဟာ ထူးဆန်းလွန်းပါတယ်...

အချိန်ကာလ မတူတဲ့ နေရာ ၂ ခုကနေ ချစ်မိကြတယ်...

ကြိုပြောပြတာတော့ မဟုတ်ဘူးဗျ ဇတ်လမ်းထဲက တစ်ကွက်ကို

ဖောက်သည် ချရရင်တော့ ကောင်မလေးကို ကောင်လေးက အပြင်မှာ

ရအောင် ရှာပြီး သွားနှုတ်ဆက်တယ်....

ဒါပေမယ့် ကောင်မလေးက လုံးဝ သူစိမ်းဆန်တဲ့ အကြည့်နဲ့ ကြည့်ပါတယ်..

သူ့ခံစားချက်ကို ကိုယ်ချင်းစာမိလိုက်တယ် သူတို့ သိကြရမှာက ၂ နှစ်ကြာပြီးမှလေ

ကိုယ်က သိနေပေမယ့် ချစ်နေပေမယ့် အတိတ်မေ့နေတဲ့ ကောင်မလေး တစ်ယောက်ကို

ချစ်နေရသလိုပါပဲ ချစ်တက်သူတွေ ကြည့်သင့်တဲ့ လုံးဝ Romance ကားလေးပါ...
 
2000ခုနှစ်က ရုပ်ရှင်ဆိုတော့ရုပ်ထွက် 640P လောက်ပဲ ရနိုင်တာကိုတော့
 
နားလည်ပေးကြပါ...


 
(သစ်ဆန်းခန့်) 

Download Link
=====================



 IMDb Rate - 7.7/10
File size - ( 549MB )
Quality - 640P
Format - MP4
Duration - 1h 36m
Subtitle - Myanmar Subtitle
Encoder - Thit San Khant

Talvar (2015) မြန်မာစာတန်းထိုး


မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသောသမီးလေး နှင့် အစေခံအလုပ်သမား စုစုပေါင်း 
မိသားစုလေးဦး သာယာချမ်းမြေ့သောမိသားစုရိပ်မြုံလေး တစ်ခုသောမနက်ခင်းလေး
နိုးထချိန်မှာတော့ အရာအားလုံးဟာကမ္ဘာပျက်သလိုဖြစ်ခဲ့သည် တစ်ဦးတည်းသော
သမီးလေးဟာ ရက်ရက်စက်စက်လည်ပင်းလှီးကာ အသတ်ခံခဲ့ရခြင်းဖြစ်သည် 
တဆက်ထဲမှာပင် အစေခံအလုပ်သမားပျောက်နေသောကြောင့်လူသတ်သမားဟုယူဆကာ
လိုက်လံရှာဖွေရသဖြင့်အိန္ဒိယရဲတွေအလုပ်ရှုတ်ကုန်သည် သို့သော် လူသတ်သမားဟုယူဆထားသူ
အစေခံအလုပ်သမားမှာ အပေါ်ထပ်အခန်းထဲတွင်လည်လှီးခံရပြီးသေနေသည်ကိုထပ်မံတွေ့ရသဖြင့်
ရဲတွေ ဦးဏှောက်ခြောက်ကုန်သည် ရဲတွေ၏စစ်ဆေးချက် တရားခံပေါ်ထွက်လာရာ ၀န်ကြီးဌာနမှ 
ကျေနပ်မှုမရှိသဖြင့် စီဒီအိုင်ဌာနရော အမှုအတွက်ပါဝင်လာရသည် စီဒီအိုင်ပထမလွှတ်သောအဖွဲ့၏
ရလဒ်မှာလည်း သက်သေမလုံလောက်ဟုဆိုက ဒုတိယအဖွဲ့ထပ်မံလွှတ်ပြန်သည်
လူသတ်မှုတစ်ခုကိုအဖွဲ့၃ဖွဲ့တောင်စုံစမ်းခဲ့ရပြီဆိုကထဲက
သို့လော သို့လော ဒွိဟပွားစရာတွေနဲ့ ခက်ခဲနက်နဲသိမ်မွေ့တယ်ဆိုတာ မှန်းလို့ရလောက်
ပါပြီ ဒီကားထဲကမင်းသားကြီးကိုတော့ ပရိတ်သတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ ဒီဇာတ်ကားကိုကြည့်ခြင်းဖြင့်
ကိုယ်တိုင်စုံထောက်တစ်ယောက်လိုခံစားရမှာဖြစ်ပါတယ် အသေးအဖွဲလေးဟုသဘောထားသည့် ကိစ္စများ
ကပင် အပြစ်မဲ့လူတစ်ချို့ကိုဒုက္ခရောက်သွားစေနိုင်ကြောင်းလည်းတွေ့မြင်ရမှာဖြစ်ပါတယ် 
ယခုဇတ်ကားသည် ၂၀၀၈ခုနှစ်တွင် ဖြစ်ပျက်ခဲ့သောလူသတ်မှုအားအခြေခံကာ ရိုက်ကူးထားသောဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါသည် 
ကဲပရိတ်သတ်ကြီးရေ ဇာတ်ကားရဲ့အလှည့်အပြောင်းတွေ ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာတော့........
(ဘာသာပြန်နဲ့အညွှန်းကတော့ ကိုဖြိုးပြည့် ဖြစ်ပါတယ်)


File size...(1GB)  
Quality...BR-Rip 720p
Format...mp4
Duration....02:30:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Phyo Pyae
Encoder....Aung Pyay




အစမ်းကြည့်ရန်


Brooklyn Bizarre (2015) မြန်မာစာတန်းထိုး


Mauriceဆိုတာ ပြင်သစ်လူမျိုး ဆယ်ကျော်သက်လေးဖြစ်ပြီး ပြင်သစ်နိုင်ငံကနေ ခိုးထွက်လာခဲ့ သူပါ။ ပြင်သစ်နိုင်ငံက လွတ်မြောက်လာပြီးနောက် သူဟာ Brooklynမှာ ရှိတဲ့ club တစ်ခုဖြစ်တဲ့ BIZARRE မှာ အလုပ်ဝင်လုပ်ခဲ့ ပါတယ်။ မကြာခင်မှာပဲ သူဟာ အဲ့ နာမည်ကြီး ကလပ် ရဲ့ လာဘ်ကောင်လို ဖြစ်လာခဲ့ ပါတယ်။ အဲ့က ပိုင်ရှင်တွေနဲ့ အနုပညာရှင်တွေက သူ့ကို ဝိုင်းချစ် ကြပေမယ့် သူကတော့ သူ့ဘဝ အတိတ်ကြောင့် ပြန်မချစ်နိုင်ရှာပါဘူး။

သူ့ဘဝအတိတ်က ဘာလဲ..ဘာလို့ မွေးရပ်မြေဖြစ်တဲ့ ပြင်သစ်ကနေ ခိုးထွက်လာရတာလဲ...ကလပ် ပိုင်ရှင်နဲ့ရော ဘယ်လိုဇာတ်လမ်းဆက်သွားမယ်ဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါပြီ။အဖော်အချွန်အခန်းတွေနဲ့ Sex Sense အချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူ မကြည့်သင့်ပါဘူး။

File Size         : 680 MB
Quality           : Blu ray 720P
Running Time : 1hr 38 minute
Format           : Mp4
Genre             : Drama, Musical, Romance
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းရေးပေးသူကတော့  Kaung Myat Thu ပဲ ဖြစ်ပါတယ်)

Wednesday, May 25, 2016

Deadpool (2016) မြန်မာစာတန်းထိုး



ကဲ . . . cmပရိတ်သက်တို့တွေမျှော်လင့်နေတဲ့ နွေရာသီရဲ့နေ့လေးတစ်နေ့ရောက်လာပါပြီ။ အခုတင်ပေးမယ့်ကားလေးကို ပရိတ်သက်များအချိန်တော်တော်ကြာအောင်မျှော်လင့်တောင်းဆိုစောင့်စားခဲ့ကြသလို
ကျွန်တော်တို့ CM Team တစ်ခုလုံးလည်းမျှော်လင့်စောင့်စားနေခဲ့ကြတာပါပဲ။ ဒီနေ့ကတော့ Deadpool Day of Channel Myanmar လို့ပဲ ပရိတ်သက်ကြီးသိထားပေးပါ။ Marvel ကားတွေထဲမှာမှ IMDb rating 8.4/10 ထိတောင်ရယူနိုင်ခဲ့ပါတယ်။
(မြန်မာနိုင်ငံရဲ့ရုံတွေမှာတင်ပြသွားတုန်းလို ဆင်ဆာလုံးဝမဖြတ်ထားပါဘူး။)
Deadpool Review
**************
မျက်နှာပြောင်လှတဲ့ Deadpool ရုပ်ရှင်က ဇာတ်လမ်းစ စာတန်းထိုးကတည်းကကို ပြောင်ပါတယ်။ ဇာတ်လမ်းပြီး စာတန်းထိုးပြီးတဲ့ထိပါပဲ။ ညစ်တီးညစ်ပတ် ဟာသတွေ၊ မျက်နှာပြောင်နေတာတွေက ကြည့်တဲ့လူကို ရုပ်ရှင်တစ်ကားလုံး မပျင်းရအောင် လုပ်ထားနိုင်တယ်။ ညစ်တီးညစ်ပတ်ဟာသ ဆိုတာ အပြောသာဆိုးတာ တကယ်ဆိုမြန်မာကားတွေထဲမှာ ဒီလိုဟာတွေက ကလေးတောင်သိတဲ့ ဟာသတွေပါ။ ဒါပေမဲ့ Deadpool ထဲက joke တွေတော်တော်များများက ကျွန်တော်တို့ နားမလည်ပါဘူး။ သူတို့ပြောတာနားမလည်တာရယ် တချို့ဟာတွေက သူတို့ နိုင်ငံမှာပဲ ရှိလောက်မဲ့အကြောင်းတွေဖြစ်နေလို့ပါ။


မင်းသား Ryan Reynolds ကတော့ Deadpool လုပ်ဖို့မွေးလာသလားအောက်မေ့ရတယ်။ တချို့ပြောသလိုပဲ RDJ က Iron Man လိုမျိုး Ryan Reynolds က Deadpool ပဲ။ သရုပ်ဆောင် တော်တော်မိုက်တယ်။ လိုက်တယ်လို့ပြောရမှာပေါ့။
ရိုက်ချက်တွေအကြောင်းပြောရရင် Deadpool ရဲ့ action ခန်းတွေက ကျွန်တော်ကြည့်ဖူးတဲ့ Superhero
 တွေထဲမှာ အကြမ်းဆုံးဖြစ်နေသလို တော်တော်များများ နာမည်ကြီး Action ကားတွေထက်လည်း ကြမ်းပါတယ်။ ဟိုလို Man of Steel ထဲကလိုမျိုး ဝုန်းဒိုင်းကြဲကြမ်းတာကိုပြောတာမဟုတ်ပါဘူး။ Wade Wilson ရဲ့ Skill ကို ပြသွားတာ တော်တော်မိုက်လို့။ ခုန်ပျံကျော်လွှားတဲ့ဟာတွေ ခုတ်တာဘာညာက တော်တော်ကြည့်ကောင်းတယ်။ Stunt တွေလည်းလှတယ်။4th Wall breaking ကတော့ ဘယ်ပြောကောင်းမလဲပေါ့။ ဖောက်ချက်က မြင်မကောင်းဘူး။ တခြားရုပ်ရှင်တွေ မင်းသားမင်းသမီးတွေ ရုပ်ရှင် studio တွေလည်းမနေရဘူး။ မင်းသားတစ်ယောက်ဆို တော်တော်သနားဖို့ကောင်းတယ် သူ့ပဲဖောက်နေလို့ ။ နောက်ခံတေး သို့မဟုတ် ပြောင်တေး ကလည်းမိုက်သဗျ။ သီချင်းတွေကောင်းတယ်။


နောက်ဆုံးပြောချင်တာက Deadpool ဟာ fan တွေစောင့်စားလာသမျှအတွက် တော်တော်အားရစေမဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အရမ်းကြီး perfect တော့မဖြစ်၊ သိပ်အားမရဘူးတော့ဖြစ်တဲ့လူဖြစ်လိမ့်မယ်။ ဇာတ်လမ်းက အခုမှ အစဖြစ်တာရယ် ပြသချိန်တိုတာရယ် အဲ BUDGET က $58 Million ထဲရယ်။ နောက်ကားတွေဆို ဒီထက်ပိုကောင်းလောက်မယ်ထင်ပ။ လုံးဝ 18+ joke တွေ အခန်းတွေမို့လို့ သိကြမဲ့အတိုင်း ကလေးတွေအတွက် တော်တော်ကြမ်းပါတယ်။ ဒါတောင် တချို့အခန်းတွေက ဒီကမိန်းကလေးတွေအတွက် သိပ်မသင့်တော်ဘူးလို့ပြောလို့ရပါတယ်။ (ဒါပေမဲ့ ဒီမှာတော့ ကလေးဘာညာမရွေး ကြည့်နေကြတာပဲလေနော့) ဒီလောက်ပါပဲ။ အဲလောက်ကြီးအဆိုးကြီးမဟုတ်ပါဘူး။ Comic fan မဟုတ် marvel fan မဟုတ်ဘူးဆိုရင်တောင် action/comedy ကားအနေနဲ့ ကြည့်လို့ကောင်းတယ်။

နောက်ဆုံး မှာချင်တာက ဇာတ်လမ်းကို ပြီးတဲ့ထိကြည့်ကြပါ။ စာတန်းထိုးပြီးတဲ့အထိ။ ကျွန်တော် Mingalar Sanpya မှာကြည့်တာ။ စာတန်းထိုးတဲ့အထိ မီးမဖွင့်သေးလို့ တခြား ဇွဲကောင်းတဲ့ တခြားပရိတ်သတ် (၂၀) လောက်နဲ့ စောင့်လိုက်တာ အားပါးပါး။ ပါတဲ့အခန်းက လုံးဝတန်တယ်။ မိနစ်ပိုင်းလေးပဲကို စောင့်ကြည့်လိုက်ပေါ့။
ရုပ်ရှင်အညွှန်းကို http://www.datshin.com/ ကနေ ကူးယူရေးသားဖော်ပြထားပါတယ်။
(ဒီဇာတ်ကားကို Ye Kyaw Htet နဲ့ Myo Myint Maung တို့မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်။)

ဇာတ်ကားကို ဒီမှာ ဒေါင်းပါ။
  




နမူနာကြည့်ရန်

The Promise(2005) မြန်မာစာတန်းထိုး






မထင်မှတ်ဘဲ အငတ်ဘေးဆိုက်ရာမှ မိမိအသက်ရှင်သန်ဖို့အရေးအတွက်
အစားအစာရှာဖွေရင်း မထင်မှတ်ထားတဲ့ နတ်ဘုရားသခင်မ မန်ရှင်း ကို တွေ့ဆုံခဲ့ရတဲ့ ကျွီချန်
မိမိတိုင်းပြည်ကိုကာကွယ်ဖို့အတွက် အင်အား ၃သောင်းခန့်ရှိတဲ့ စစ်တပ်ကို
ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်နေတဲ့ စစ်သူကြီး ကွမ်းမင်
သူ့သခင်ကို ပြန်လည်ကယ်ဆယ်ဖို့အတွက် မိမိအသက်အန္တရာယ်ကို
ဂရုမစိုက်ပဲ ရန်သူတွေကြားထဲကို တိုးဝင်လာတဲ့ ကွမ်လွန် ငယ်ငယ်လေးကတည်းက ကတိသစ္စာပျက်ခဲ့လို့ယုံကြည်ချက်ပျောက်သွားခဲ့တဲ့ ဝူဟွမ် 
သူတို့လေးယောက် ဆုံဆည်းမိတဲ့ အခါမှာတော့ ဘာတွေဖြစ်လာမလဲ
နတ်ဘုရားတွေနဲ့လူတွေကြားက ကတိတွေကိုဘယ်လိုချိုးဖောက်မှုတွေ
ကြောင့် ဘယ်လိုများကြုံတွေ့ရမလဲဆိုတာကိုတော့
ပရိတ်သတ်ကြီးကဘဲ ဒေါင်းယူခံစားကြည့်ရှူလိုက်ပါတော့
ဇာတ်ကားလေးက IMDb rating 5.6/10 ရရှိထားပြီး
ကျတော်တို့ အရင်ခေတ်က ဒါရိုက်တာရင် ဆိုပြီး ရင်းနှီးခဲ့ကြတဲ့
မင်းသားကြီး Dong-gun Jang ဟာလဲ ခွန်လွန် အဖြစ်ပါဝင်သရုပ်ဆောင်
ထားတာကြောင့် ဇာတ်ကားကောင်းတကားဖြစ်နေတာတော့ မလွဲပါဘူး။

File size...(900MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Translator.....Moe Zin
Encoder....Aung Pyay





အစမ်းကြည့်ရန်



Rab Ne Bana Di Jodi (2008) မြန်မာစာတန်းထိုး

မင်းသားကြီး ရှာရွတ်ခန်း နဲ့ PK မင်းသမီး Anushka Sharma တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့
Comedy, Drama, Musical အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
အချစ်က အရာရာကိုပြောင်းလဲစေနိုင်တယ်ဆိုတာ မျက်ဝါးထင်ထင်မြင်ရမယ့်ဇာတ်ကားပါ။
ဇာတ်လမ်းပေါ့သွားမှာစိုးလို့ အညွှန်းမပေးတော့ပါဘူး။
IMDb Rating (7.1/10) နဲ့ Rotten Tomatoes (83%) ရရှိထားလို့ 
ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အကြောင်း သိပ်လဲညွှန်းစရာမလိုပါ။
(ဒီဇာတ်ကားကို Aung Maw Han မှခံစားတင်ဆက်ထားပါတယ်။)

File size...(1.1GB) 
Quality...BR-Rip 720p

Format...mp4
Duration....02:44:17
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(550MB)

  



နမူနာကြည့်ရန်