Thursday, May 26, 2016

Talvar (2015) မြန်မာစာတန်းထိုး


မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသောသမီးလေး နှင့် အစေခံအလုပ်သမား စုစုပေါင်း 
မိသားစုလေးဦး သာယာချမ်းမြေ့သောမိသားစုရိပ်မြုံလေး တစ်ခုသောမနက်ခင်းလေး
နိုးထချိန်မှာတော့ အရာအားလုံးဟာကမ္ဘာပျက်သလိုဖြစ်ခဲ့သည် တစ်ဦးတည်းသော
သမီးလေးဟာ ရက်ရက်စက်စက်လည်ပင်းလှီးကာ အသတ်ခံခဲ့ရခြင်းဖြစ်သည် 
တဆက်ထဲမှာပင် အစေခံအလုပ်သမားပျောက်နေသောကြောင့်လူသတ်သမားဟုယူဆကာ
လိုက်လံရှာဖွေရသဖြင့်အိန္ဒိယရဲတွေအလုပ်ရှုတ်ကုန်သည် သို့သော် လူသတ်သမားဟုယူဆထားသူ
အစေခံအလုပ်သမားမှာ အပေါ်ထပ်အခန်းထဲတွင်လည်လှီးခံရပြီးသေနေသည်ကိုထပ်မံတွေ့ရသဖြင့်
ရဲတွေ ဦးဏှောက်ခြောက်ကုန်သည် ရဲတွေ၏စစ်ဆေးချက် တရားခံပေါ်ထွက်လာရာ ၀န်ကြီးဌာနမှ 
ကျေနပ်မှုမရှိသဖြင့် စီဒီအိုင်ဌာနရော အမှုအတွက်ပါဝင်လာရသည် စီဒီအိုင်ပထမလွှတ်သောအဖွဲ့၏
ရလဒ်မှာလည်း သက်သေမလုံလောက်ဟုဆိုက ဒုတိယအဖွဲ့ထပ်မံလွှတ်ပြန်သည်
လူသတ်မှုတစ်ခုကိုအဖွဲ့၃ဖွဲ့တောင်စုံစမ်းခဲ့ရပြီဆိုကထဲက
သို့လော သို့လော ဒွိဟပွားစရာတွေနဲ့ ခက်ခဲနက်နဲသိမ်မွေ့တယ်ဆိုတာ မှန်းလို့ရလောက်
ပါပြီ ဒီကားထဲကမင်းသားကြီးကိုတော့ ပရိတ်သတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ ဒီဇာတ်ကားကိုကြည့်ခြင်းဖြင့်
ကိုယ်တိုင်စုံထောက်တစ်ယောက်လိုခံစားရမှာဖြစ်ပါတယ် အသေးအဖွဲလေးဟုသဘောထားသည့် ကိစ္စများ
ကပင် အပြစ်မဲ့လူတစ်ချို့ကိုဒုက္ခရောက်သွားစေနိုင်ကြောင်းလည်းတွေ့မြင်ရမှာဖြစ်ပါတယ် 
ယခုဇတ်ကားသည် ၂၀၀၈ခုနှစ်တွင် ဖြစ်ပျက်ခဲ့သောလူသတ်မှုအားအခြေခံကာ ရိုက်ကူးထားသောဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါသည် 
ကဲပရိတ်သတ်ကြီးရေ ဇာတ်ကားရဲ့အလှည့်အပြောင်းတွေ ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာတော့........
(ဘာသာပြန်နဲ့အညွှန်းကတော့ ကိုဖြိုးပြည့် ဖြစ်ပါတယ်)


File size...(1GB)  
Quality...BR-Rip 720p
Format...mp4
Duration....02:30:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Phyo Pyae
Encoder....Aung Pyay




အစမ်းကြည့်ရန်


No comments:

Post a Comment