ဒီဇာတ်ကားလေးကတော့ IMDB 7.6/10 အထိ ရရှိထားပြီး 2004 ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာ
ဆူနာမီဘေးကို ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဆူနာမီမှာ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို ရောက်ရှိနေတဲ့
ဒေသခံတွေ၊ ကမ္ဘာလှည့်ခရီးသည် မိသားစုတွေ အစရှိတဲ့ လူတွေအပါအ၀င် မြို့ပေါင်း(၁၄)မြို့က လူပေါင်း ၂ သိန်း ၃သောင်းကျော် သေကြေပျက်စီးခဲ့ရပါတယ်။
ဒါဟာ…အိန္ဒိယမြေလွှာနဲ့ မြန်မာ့မြေလွှာထုတို့ ထိတွေ့ရာကနေ ငလျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေဟာ ကမ်းခြေဒေသတွေမှာ ပေ(၁၀၀)အမြင့်ထိ တက်ခဲ့ပါတယ်။ ဒီငလျင်နဲ့ဆူနာမီ
ပြင်းအားဟာ ဟီရိုရှီးမားကို ကြဲခဲ့တဲ့ အက်တမ်ဗုံးပေါင်း - ၂၃၀၀၀ ရဲ့ ပြင်းအားနဲ့ ညီမျှတယ်လို့ မှတ်သား
ရပါတယ်။
ဒီဇာတ်ကားလေးဟာ ... ဆူနာမီဘေးသင့် ကမ္ဘာလှည့်ခရီးသည်မိသားစုတွေထဲက မိသားစုတစ်စုရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။(ဇာတ်ကားရဲ့ အဆုံးပိုင်းလေးမှာ ကာယကံရှင်မိသားစုဓါတ်ပုံ ပါပါတယ်)။ ဇာတ်လမ်းအကျဉ်းကတော့….
ဂျပန်နိုင်ငံကနေ ဖူးခက်ကမ်းခြေကို သားငယ်(၃)ယောက်နဲ့အတူ အပန်းဖြေခရီးထွက်လာခဲ့ကြတဲ့ မိသားစုဟာ ဆူနာမီဘေးကြောင့် တစ်ကွဲတစ်ပြားစီဖြစ်ခဲ့ကြရပါတယ်။ အဲ့ဒီနောက်ဘယ်လိုတွေ ဒုက္ခရောက်ကြရတယ်၊ မိသားစုကရော စုံစုံလင်လင် ပြန်ဆုံဆည်းနိုင်မလားဆိုတာကိုတော့ The Impossible ဆိုတဲ့ဒီဇာတ်ကားလေးကို ခံစားကြည့်ကြရအောင်ပါ။ အမေဖြစ်သူနေရာမှာ King Kong မင်းသမီးချော Naomi Watts က ပီပြင်စွာ သရုပ်ဆောင်ထားပြီး၊ ကလေးငယ်(၃)ယောက်ဟာလည်း အသက်အရွယ်နဲ့ မလိုက်အောင်ကို တော်လွန်းကြတော့ ပရိတ်သတ်တွေကို ဇာတ်လမ်းတစ်လျှောက်လုံး စက္ကန့်မလတ် ဆွဲဆောင်သွားမယ့်
ဇာတ်ကားမျိုးဖြစ်ပါတယ်။
(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Sherlock ပဲဖြစ်ပါတယ်။)
@San Win Maung
File Size : 800 Mb
Quality : HD 720P
File Size 2 : 400 Mb
Quality : 360P
Running Time : 1h 54m
Translator : Sherlock
Encoder : San Win Maung

No comments:
Post a Comment