Thursday, March 31, 2016

The Revenant(2015) မြန်မာစာတန်းထိုး


အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင် ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက် လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့ သရုပ်ဆောင် သက်တမ်းတစ်လျှောက် အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်း ဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။

ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေ အပြင် ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သား လုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာ ဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ယောက်ျားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူ ယောကျာ်းကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ 


မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကို ခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့ အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကို အားရကျေနပ်ဖွယ် ကောင်းလောက်အောင် ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကို ပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကို အားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင် မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ဇာတ်လမ်းကို လုံးဝအသက်ဝင်သွားအောင် ချပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်ကားကောင်းလို့မပြောပါရစေနဲ့။ ထိပ်တန်းဇာတ်ကားပါ။ကောင်းတယ်ဆိုတာထက်ကိုလွန်သွားပါပြီ။
(အညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပြီး ဘာသာပြန်ထားသူကတော့ Hades ဖြစ်ပါတယ်။)

File size...(1.1GB) 
Quality...WEB-DL Rip 720p

Format...mp4
Duration....02:36:55
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(500MB)

 





နမူနာကြည့်ရန်

Wednesday, March 30, 2016

The Boy In The Striped Pajamas(2008) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးက IMDb rating 7.8 အထိရရှိထားပြီး ဒုတိယကမ္ဘာစစ်ကိုအခြေခံကာရိုက်ကူးထားတဲ့
Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။
Action အားပေးနေကြ ပရိတ်သတ်တွေအတွက်လည်း အပြောင်းအလဲလေးဖြစ်အောင်ကြည့်သင့်ပါတယ်။
ဒီဇာတ်ကားလေးကိုကြည့်ပြီးတဲ့အခါ message တစ်ခုခုချန်ထားပေးခဲ့မယ့် ဇာတ်ကားလေးဆိုတာကိုတော့ အာမခံပြောချင်ပါတယ်။လူသားချင်း ထောက်ထားညှာတာမှုတွေကိုတွေ့မြင်နိုင်မယ့်ဒီဇာတ်ကားလေးဟာ ဖြူစင်သန့်ရှင်းတဲ့ ကလေးငယ်တွေရဲ့စိတ်ကိုလည်းသိမြင်နိုင်မယ့် တကယ့်ဇာတ်ကားကောင်းလေးပါ။


ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေထားတဲ့အကျဉ်းစခန်းကို အုပ်ချုပ်ရတဲ့ဂျာမနီတပ်အရာရှိကြီးရဲ့ (၈)နှစ်အရွယ်သားလေးကို ဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားပါတယ်။ ဂျူးအကျဉ်းသားတစ်ဦးရဲ့ သားဖြစ်သူ ရွယ်တူကောင်လေးတစ်ယောက်နဲ့ အကျဉ်းစခန်းမှာ မထင်မှတ်ပဲတွေ့ကြတဲ့နောက်မှာ
ရန်ဘက်မျိုးနွယ်စုကြီး(၂)စုက အပြစ်မဲ့ကလေး(၂)ယောက်ရဲ့ သံယောဇဉ်ကို ပီပြင်အောင် ရိုက်ပြထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ခိုးစားရတဲ့အသီးဟာ ချိုတယ်ဆိုတဲ့ စကားပုံလိုပဲ သူငယ်ချင်းဖြစ်လို့မရတဲ့ရန်သူမျိုးနွယ်စု (၂)ဖက်က ကလေး(၂)ယောက်ကြားထဲက Forbidden Friendship ကိုကြည်နူးဖွယ်ရာနဲ့စတင်ထားပြီးတော့ ကြေကွဲဖွယ်ရာဇာတ်လမ်းဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Sharlock ဖြစ်ပါတယ်။ !!! နာမည်ကအလန်းနော် . . . )
@SanWinMaung





File Size                          : 850 Mb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : 360P
Running Time                  : 1h 34m
Translator                       : Sharlock
Encoder                         : San Win Maung 

Download and Direct Watch HD720P

Download and Direct Watch small file 360P

Shareek(2015) မြန်မာစာတန်းထိုး


Shreek ဇာတ် ကားက တော့ IMB Rating 7.5 ထိရရှိထားတဲ့ဇာတ် ကား ကောင်းတစ် ကားဖြစ် ပါတယ် Shreek ရဲ့အဓိပ္ပါယ် က တော့ ဝေမျှခြင်း ဆိုတဲ့အဓိပ္ပါယ် ပါ။ အမြင် မတူတဲ့ ညီအစ် ကိုနှစ် ဦးရဲ့ အ ကြောင်းဇာတ် လမ်း လေးဖြစ် ပါတယ် ။ ၁၉၉၀ပြည့် နှစ် ၂၀၀၀ခုနှစ် အ စောပိုင်း နဲ့ ယ နေ့ ခေတ် လူ နေမှူ့ပုံစံ တွေကိုပါအ ခြေခံပြီးရိုက် ကူးတင် ဆက် ပြသထားပါတယ် ။ နယ် မြေတစ် ခုကို ပိုင် ဆိုင် ဖို့နဲ့အပိုင် လက် ဝါးကြီးအုပ် သိမ်းထားတတ် တဲ့ အိန္ဒိယနိုင် ငံရဲ့ အဖြစ် အပျက် တွေကို ထင် ဟပ် ပြသထားပါတယ် ။ ဒီ နယ် မြေကိုပိုင် ဆိုင် ဖို့ဘာ တွေလုပ် ရတယ် ၊ ဘယ် လိုထိန်းသိမ်းတယ် ဆိုတာ တွေကိုပါ ရိုက် ကူးပြသထားပါတယ် ။ အမြဲတမ်း နယ် မြေကိုလု နေတဲ့ အိန္ဒိယရဲ့ အဖြစ် အပျက် များစွား ဂိုဏ်းစတား တွေအ ကြောင်းကို ရိုက်ကူးထားပါတယ် ။

ညီအစ် ကိုနှစ် ဦးရဲ့နယ် မြေလုပုံ တွေနဲ့ သား၊သမီး တွေအထိ ရန် ငြိုးဖွဲ့ကြပုံ နှစ် ပေါင်းများစွာတည် ရှိ နေတဲ့ အမုန်းတရား ၊ ချစ် ခြင်း မေတ္တာ ၊ ကြည် နူးစွတ် ပျံ့ဖွယ် ရာများ စသည် တို့ကို ဒီ Shreek ဇာတ် ကားတစ် ကားထဲမှာတင် ခံစားကြည် ရှူ့လို့ရမှာဖြစ် ပါတယ် ။ 

File Size         : 950 MB
Quality           : Blu ray 720P
Running Time : 2hr 17 minute
Format           : Mp4
Genre             : Drama, Family
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းရေးသူကတော့ May Myat Noe ပဲ ဖြစ်ပါတယ်)

Raavan (2010) မြန်မာစာတန်းထိုး

မင်းသားက Abhishek Bachchan ပါ။
မင်းသမီးကတော့ ၁၉၉၄ ခုနှစ်ရဲ့ မယ်စကြာဝဠာအလှမယ် Aishwarya Rai ဖြစ်ပါတယ်။
Action, Adventure, Crime အမျိုးအစားဖြစ်ပြီး IMDb Rating (5.4/10) ရရှိထားတဲ့
Bollywood ဇာတ်ကားဖြစ်ပါတယ်။
အချစ်မှာ ကျရှုံးမိတဲ့ လူကြမ်းကြီးတစ်ယောက်အကြောင်းကို ခံစားကြည့်ရှုရမှာပါ။

File size...(1GB) 
Quality...HD-Rip 720p

Format...mp4
Duration....02:16:11
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(450MB)

 




နမူနာကြည့်ရန်

Tuesday, March 29, 2016

Ice Age: The Great Egg-Scapade(2016) - မြန်မာစာတန်းထိုး

ကဲလာပါပြီဗျာ . IMDb rating 6.0/10 ရရှိထားတဲ့  Ice Age ကားအသစ်လေးပါ။ 



ဒီဇာတ်ကားမှာ Easter Day ဘယ်လိုမျိုးဖြစ်လာတယ်ဆိုတာကိုသိမြင်ရမှာပါ...  ရေခဲတွေကြားမှာ Easter စားပွဲကိုကျင်းပဖို့ပြင်ဆင်နေကျရာမှ ပင်လယ်ဓားပြယုန်ရဲ့ နှောက်ယှက်မှုကြောင့် ဥတွေအကုန်ပျောက်ဆုံးကုန်ပါတယ်။ အဲ့ဒီဥတွေကို ဘယ်လိုပြန်လည်ရယူသူယ်ဆောင်ကြမလဲ . ဘယ်လိုတွေ ဆက်လုပ်ကြတယ်ဆိုတာကို အမိုက်စားရုပ်ထွက်တွေနဲ့တင်ပြထားပါတယ်။ ကြည့်နေရင်းနဲ့ရေခဲပြင်ထဲကို ကိုယ်တိုင်ပါရောက်သွားသလိုခံစားရမယ့် ကားကောင်းလေးတစ်ကားပါ။



2016 Ice Age ရဲ့ထူးခြားမှုကတော့ ဇာတ်လမ်းအသစ်လေးဟာတိုပြီး Bonus အနေနဲ့ အရင်ဇာတ်လမ်းဟာသအပိုင်းစလေးတွေကိုပါ တစုတစည်းထဲတင်ပြပေးထားတော့ အရင်ထွက်ပြီးသားကားတွေကို
ပြန်ကြည့်စရာမလိုဘဲ Ice Age အစအဆုံးကိုအလိုလိုနားလည်လာမယ့် ကားကောင်းလေးတကားပါ။
(ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ CM Team မှ ညီလေး Moe Myint Lwin ဖြစ်ပါတယ်။
@San Win Maung

File Size                          : 500Mb
Quality                            : HD 720P
Running Time                  : 1h 13m
Translator                       : Moe Myint Lwin
Encoder                         : San Win Maung 


Download and Direct Watch HD720P-(500 Mb)

Ice Age(2002) Part(1)ကိုဒီလင့်ကဒေါင်းနိုင်ပါတယ်။

Monday, March 28, 2016

Goodnight Mommy(2014) - မြန်မာစာတန်းထိုး

ဒီနေ့အတွက် IMDb rating 6.7/10 ရရှိထားတဲ့ Horror ကားလေးတစ်ကားတင်ပေးချင်ပါတယ်။


Elias နဲ့ Lukas တို့ဟာ ဆယ်နှစ်အရွယ်အမွှာညီကိုတွေဖြစ်ပြီး ဖခင်နဲ့အတူနေရာမှ မျက်နှာခွဲစိတ်ပြီးဆေးရုံကဆင်းလာတဲ့ မိခင်နဲ့အတူနေရန်အအကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူတို့မိခင်ဟာ ဆေးရုံကဆင်းလာချိန်ကစပြီး အသွင်ပြင်တွေဟာ ပြောင်းလဲလာပါတယ်။
 ညီအကိုနှစ်ယောက်အတွက်မနက်စာကို တစ်ယောက်စာပဲလုပ်ပေးခြင်းတွေ . အဝတ်တစ်စုံပဲထုတ်ပေးခြင်းတွေနဲ့  ဒေါသအမြဲလိုလိုထွက်နေခြင်းတို့ဖြစ်ပါတယ်။
 အမွှာညီအကိုနှစ်ယောက်ဟာ ထိုအခြင်းအရာတွေကိုထောက်ရှုပြီး တစ်စုံတစ်ခုကိုရိပ်မိသွားတဲ့နောက် 
ဘယ်လိုအဖြေရှာဖော်ထုတ်ကြမလဲဆိုတာကို ပရိတ်သက်ကြီးကရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။
(ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ CM Teamမှ ညီလေး Moe Oo Mann ဖြစ်ပါတယ်။)
@San Win Maung

File Size                          : 850 Mb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : HD 360P
Running Time                  : 1h 40m
Translator                       : Moe Oo Mann
Encoder                         : San Win Maung 


Download and Direct Watch HD720P


Download and Direct Watch HD small file 360P


Star Wars 7 : The Force Awakens(2015)(မြန်မာစာတန်းထိုး)





                   စတားဝါးစ်တွေထဲက နောက်ဆုံးထွက် အပိုင်း(၇) ဇတ်ကား ရပါပြီခင်ဗျာ။ ဒီဇာတ်ကားမထွက်ခင် အရင်ကား ၆ ကားကို ပြီးသလောက် တင်သွားမယ်ဆိုပြီး လုပ်ခဲ့တာ ၃ ကားပဲ ရပါသေးတယ်။ ဒီတော့ မကြည့်ရသေးတဲ့ သူတွေကတော့ ပြန်ကြည့်ဖို့ လိုမှာပေါ့။ ကြည့်ပြီးသားလူတွေကတော့ ထခုန်ပြီး
ဒေါင်းလို့ရပါပြီဗျာ။

                   အရင် ၃ ကားတင်ထားပြီးပြီဆိုတော့ မတင်ရသေးတဲ့ ၃ ကားအတွက် အကျဉ်းလေး ပြန်ပြောပြပါ့မယ်။ အပိုင်း ၃ အဆုံးမှာ အနာကင် စကိုင်းဝေါကာ ဟာ ဒ့ါသ်ဗိတ်ဒါ ဆိုတဲ့ Sith ဖြစ်လာခဲ့ပြီး သူ့ဆရာ ဒါ့သ် စီးဒီးယပ်စ်က အင်ပါယာဖြစ်လာခဲ့ပါပြီ။ ပါ့ဒ်မီက တော့ အမွှာလေး ၂ ယောက်မွေးဖွားပေးပြီး
သေဆုံးသွားခဲ့ပါပြီ။

                    အပိုင်း ၄ ၅ ၆ မှာတော့ သူတို့ ၂ယောက်ရဲ့သား လုခ် စကိုင်းဝေါကာဟာ မာစတာ ယိုးဒါးနဲ့ မာစတာ အိုဘီ-၀မ် တို့ရဲ့ သင်ကြားပေးမှုကြောင့် Jedi မျိုးဆက်သစ်ဖြစ်လာခဲ့ပါပြီ။ သူ့ညီမ ဖြစ်သူ
လိုင်ရာကတော့ တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဖြစ်လာခဲ့ပြီး ဟန်ဆိုလို ဆိုတဲ့ မှောင်ခိုသမားတဖြစ်လဲ တော်လှန်ရေးအဖွဲ့ ဗိုလ်ချုပ်နဲ့ လက်ထက်ခဲ့ပါတယ်။ သူတို့ မောင်နှမ ၂ ယောက်နဲ့ ဟန်ဆိုလို တို့
ကြောင့် ဒါ့သ်စီးဒီးယပ်စ် ကျဆုံးသွားခဲ့ပြီး သူ့တို့အဖေလဲ သေဆုံးသွားခဲ့ပါပြီ။ Sith တွေရဲ့ Death Star လို့ခေါ်တဲ့ ဂြိုလ်ဖျက်လက်နက်ကြီးကိုလဲ ဖျက်ဆီးနိုင်ခဲ့ပါပြီ။

                 အခု အပိုင်း ၇ မှာတော့ အင်ပါယာ ကျဆုံးမှုအောက်ကနေ First Order ဆိုတဲ့ အဖွဲ့ကြီးထပ်မံပေါ်ပေါက်လာပြီး Sith တွေကပဲ ဦးဆောင်နေပြန်ပါတယ်။ အဲဒီချိန်မှာ လုခ် စကိုင်းဝေါကာက ပျောက်ဆုံးနေပြီး ညီမဖြစ်သူ ဗိုလ်ချုပ်လိုင်ရာဟာ အပူတပြင်းရှာဖွေနေပါတယ်။ ဒီလမ်းခရီးမှာ သူ့ရဲ့ အကောင်းဆုံး ပိုင်းလော့ထ် နဲ့ သစ္စာဖောက် မုန်တိုင်းတပ်သား တစ်ယောက်နဲ့ အမှိုက်ကောက်သမားလေးတစ်ယောက်တို့ တွေ့ဆုံပြီး ...................


File Size      : 980 Mb
Duration      : 2 hr 18 min
Quality        : 1080 * 480 p
Encoder       : Littleneo




              ယခင် Star Wars ဇာတ်ကားများကို အောက်တွင် ဒေါင်းယူနိုင်ပါသည်။



Sunday, March 27, 2016

The 5th Wave(2016) - မြန်မာစာတန်းထိုး

2016 ထွက် Action, Adventure ဇာတ်ကားခပ်လန်းလန်းလေးတစ်ကားကို ဒီနေ့အတွက်တင်ပေးချင်ပါတယ်။ 2016 Janauary လကုန်ပိုင်းမှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ . လောလောဆယ် IMDb rating 5.3/10 ထိပဲရရှိထားပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေဟာ အရမ်းကိုစိတ်ဝင်စာဖို့ကောင်းပြီး Adventure Movie တွေကို ကြိုက်နှစ်သက်တဲ့ပရိတ်သက်တွေအတွက်တော့ လက်မလွှတ်တမ်းကြည့်ရှု ချင်မယ့်ဇာတ်ကားကောင်းတစ်ကားလို့ပြောချင်ပါတယ်။


ဒီဇာတ်လမ်းအကြောင်းကိုအနည်းငယ်ပြောပြရရင်တော့ ဇာတ်ကားရဲ့နာမည်အတိုင်းပဲ တစ်ခြားကမ္ဘာက
ဂြိုလ်သားကပ်ပါးကောင်တွေဟာ ကမ္ဘာကိုဒုက္ခပေးမယ့် အစီအစဉ်အကြိမ်အရေအတွက် (5) ခုထိစီစဉ်ထား ပါတယ်။ ရောဂါvirusတွေနဲ့ 4th waveကို အကောင်အထည်ဖော်ပြီးချိန်မှာ လူသားမျိုးနွယ်တွေဟာမျိုးတုန်းလုနီးပါးဖြစ်ခဲ့ပြီး အသက်မသေဘဲကျန်ရစ်သူတွေဟာမိမိတို့ရဲ့ ကိုယ်ပိုင်အိမ်မြေတွေကို စွန့်လွှတ်ခဲ့ပြီး ဒုက္ခသည်စခန်းကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ အဲ့ဒီထွက်ပြေးတဲ့အထဲမှာ မင်းသမီးကေစီတို့မိသားစုလည်းပါဝင်ခဲ့ပါတယ်။ ကေစီရဲ့အမေဟာဒေါက်တာတစ်ယောက်ဖြစ်ပြီး 4th waveမှာviursကူးစပ်ခံရတဲ့လူနာတွေကိုကယ်တင်ရင်းသူမကိုယ်တိုင် ကူးစပ်ခံရကာသေဆုံးခဲ့ရတယ်။ နောက်ဆုံး ကေစီရဲ့အဖေနဲ့ မောင်လေးသာဒုက္ခသည်စခန်းကိုရောက်ရှိခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်စစ်တပ်ကကားတွေနဲ့လာရောက်ကယ်တင်တဲ့အခါ ကလေးတွေနဲ့လူကြီးတွေကို ခွဲခြားသယ်ဆောင်ခေါ်ယူခဲ့ပြီး ကေစီဟာ သူ့မောင်လေးနဲ့ဖခင်တို့နဲ့ ဝေးကွာခဲ့ပါတယ်။


အဆိုးဆုံးဖြစ်ရပ်က 5th waveဟာအဲ့မှာစတင်ခဲ့တာပါပဲ . ဂြိုလ်သားတွေဟာလူတွေရဲ့ဦးနှောက်ထဲကိုဝင်နေခဲ့ပြီး လူတွေအတိုင်းအသက်ရှင်နေထိုင်ပြီး လူသားတွေကိုအမျိုးဖြုတ်ပါတော့တယ်။ စစ်တပ်တစ်ခုလုံးကို သိမ်းဆည်းခဲ့ပြီး လူသားချင်းပြန်လည်သတ်ဖြတ်ဖို့ကို လှည့်စားမှုဟာသိပ်ကိုကြောက်ဖို့ကောင်းပါတယ်။ ဇာတ်လမ်းကိုကြည့်လိုက်ရင်အခုထက်ကိုပိုမိုကောင်းမွန်ပြီး မထတမ်းကြည့်ရှုမိမယ့် ဇာတ်လမ်းဆိုတာ ပြောချင်ပါတယ်။ အော် . ဒါနဲ့ မင်းသမီးလေးက ချောချောလေးသိလား . . .
(ဒီဇာတ်လမ်းကို ဘာသာပြန်ပေးသူကတော့ CM Team မှ Han Htoo Zaw ပဲဖြစ်ပါတယ်။)
@San Win Maung


အခုတင်ပေးထားတဲ့ movie size 2 မျိုးလုံးဟာ 360P HD resolution ပါ။ လိုင်းကောင်းတဲ့သူများက full HD 360P ဆိုဒ်အကြီးကိုဆွဲပါ အရမ်းကြည်ပါတယ်။။ နောက်တစ်မျိုးကတော့ 360P resolutionကိုပဲ ဆိုဒ်လျော့ပေးထားတာပါ။
မိမိအဆင်ပြေရာကိုဆွဲပါ။ 


File Size                          : 999 Mb
Quality                            : HDrip 360P
File Size 2                       : 499 Mb
Quality                            : 360P
Running Time                  : 1h 52m
Translated                       : Han Htoo Zaw
Encoded                         : San Win Maung 


Download and Direct Watch HDrip 360P

Download and Direct Watch small file 360P

Dragon Nest Warrior's Dawn (2014) မြန်မာစာတန်းထိုး

တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့နယ်မြေကြီးတစ်ခုရှိခဲ့တယ်....
လူသား.. နတ်သူငယ်.. မိစ္ဆာသားရိုင်းကောင်နဲ့ နဂါးတွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့...
လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေနဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့်
သူတို့အချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲဖြစ်ခဲ့ကြတယ်....
ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် ဘုံရန်သူကြီး ပေါ်ပေါက်လာတော့တယ်...
မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက်ရောင်နဂါးကြီးတစ်ကောင်ပေါ့...
အဲ့ဒီအတွက် လူသားန့နတ်သူငယ်တွေ မဟာမိတ်ဖွဲ့ပြီး
လူသား နတ်သူငယ် မှော်ဆရာ(စုန်း) တို့တွေပါဝင်တဲ့ စစ်သည်တော်တစ်ဖွဲ့ပေါ်ပေါက်လာတဲ့အခါမှာတော့ .....
သူတို့တွေ နဂါးကြီးကို နှိမ်နင်းနိုင်ကြမလား ?
ဘာတွေဆက်ဖြစ်လာကြမလဲ ?
ဆိုတာတွေကိုတော့ ဟောဒီကာတွန်းရုပ်ရှင်လေးထဲမှာ ခံစားကြည့်ရှုကြပါကုန် ....
ဒီရုပ်ရှင်လေးဟာ တရုတ်ပြည်ရဲ့ အားပေးသူအများအပြားရရှိထားတဲ့ ကာတွန်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်...
အထူးသဖြင့် ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေက ပရိတ်သတ်ကို အဓိက ဆွဲဆောင်သွားနိုင်ခဲ့တာပါ...
Special အနေနဲ့ဆို နတ်သူငယ်မလေး လီယာ(ကြာပန်းလေး) ကတော့ ပရိတ်သတ်အချစ်တော်လေးပေါ့ဗျာ...
ကဲ တကယ်ကောင်းမကောင်းကို ကြည့်ရှုခံစားကြည့်လိုကိကြပါဦး

ဒီဇာတ်ကားလေးကို ကြည့်ပြီးသူတွေရှိပေမယ့် မကြာခင်မှာ ဒီကားရဲ့အဆက် Dragon Nest : Throne Of Elves ဆိုတဲ့ကား ထပ်ထွက်လာတော့မှာဖြစ်လို့ အစပျိုးတဲ့အနေနဲ့တင်ဆက်ပေးလိုက်တာပါ
(စာတန်းထိုးပြီးတဲ့အထိကြည့်လိုက်ပါဦး ခွေးလေးတွေကို နာမည်အသစ်ပေးတဲ့အခန်းပါပါတယ်)

ဒီဇာတ်ကားရဲ့ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက် ဖြစ်ပါတယ် 


Filesize : 750 MB

Quality : Bluray720p 

Format : mp4

Run Time : 1h 28 min

Subtitle : Myanmar Subtitle ( Hardsub )

Translated By Ye Kyaw Htet

Encoded By AP Newschool



Download And Watch 720p


Starwars 3 Revenge of The Sith (2005)



                အပိုင်း ၃ လာပါပြီ။ ဒီအပိုင်းမှာတော့ စိတ်မကောင်းစရာတွေများပါတယ်။ ဒီမိုကရေစီကျဆုံးပြီး  Sith Lord အာဏာရှင်ဖြစ်လာပုံ။ ဂျီဒိုင်းတွေ အကုန်ပျောက်ကွယ်ရပုံ။ ညီအစ်ကိုရင်းတွေလိုချစ်ကြတဲ့ ဆရာ
တပည့် ၂ယောက်ရဲ့ အသေအကြေတိုက်ပွဲ။ Yoda နဲ့ Sith တို့ရဲ့ အကြီးဆုံးတိုက်ပွဲ တွေကိုတွေ့ရမှာပါ။
               စွန့်လွှတ်သင့်တာကို မစွန်လွှတ်နိုင်တဲ့စိတ်၊ ကြောက်စိတ်၊ သံသယစိတ်၊ စွမ်းအားကိုတပ်မက်စိတ်တွေက Jedi တစ်ယောက်ကို အမှောင်ခြမ်းကို ဆွဲခေါ်သွားခဲ့ပြီပေါ့ဗျာ။ ကြည့်ကြည့်ကြပါဦး

File Size       : 1 Gb /
Duration      : 2hr 20min
Quality        : 1080p Brrip
Encoder       : Littleneo



Go Princess Go 2015 TV Series မြန်မာစာတန်းထိုး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj96kFFoGxCWi1Jfllfvm276XaBOP3PdqfYk6_RkyaZyrkzjIgLe_5pQrwOw4mkpoUORmCfo-KUgnkR2Brl5JkBbeapZ1-TNHKgybRIEB1VH8DItgy-4mQAjRrgsgEa5HLwuyjOtQ0lr9Qu/s1600/5f086e36acaf2edd6d2229c58a1001e9380193c8.jpg 

တရုတ်ကား ဇတ်လမ်းတွဲတွေ တင်ပေးမယ် စဉ်းစားရင်း

ဒီကားလေးကို ကြည့်ဖြစ်တယ် ပြီးတော့ ပြုံးမိတယ်..

ဇတ်လမ်းပုံစံလေးက ယခုလက်ရှိ ခေတ်မှာ မြာ အတော်ပွေတဲ့ လူရှုပ် ကိုယ်တော်ချော က

တိုက်ခိုက်မှု တစ်ခုကြောင့် ရေထဲ ကျသွားရာကနေ ပြန်နိုးလာတော့ အရမ်းချောမောလှပတဲ့

မိန်းကလေး တစ်ယောက် အဖြစ် နိုးလာတယ်...

အဲ့မှာ ပိုဆိုးတာက ရှေးခေတ် ကို ရောက်နေတာပဲ သူ ဘယ်လို ဒုက္ခရောက်တယ်

ဘယ်လိုတွေ ကြံစည်မယ်ဆိုတာတွေ ကြည့်ရင်း ခွီနေရတယ်...

Channel Myanmar ပရိတ်သက်ကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ....


Thit San Khant

========================
Download List
========================


Saturday, March 26, 2016

Iron Girl: Ultimate Weapon (2015) မြန်မာစာတန်းထိုး

ဂျပန်မင်းသမီးချော Kirara Asuka အဓိကပါဝင်ထားတဲ့ Action ဆန်ဆန်ဇာတ်ကားမျိုးပါ။
18+ ဆန်ဆန်တွေလဲပါတာကြောင့် အရွယ်မရောက်သေးသူများ မကြည့်သင့်ပါဘူး။
IMDb Rating (5.5/10)

File size...(850MB) 
Quality...BR-Rip 720p

Format...mp4
Duration....01:24:01
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(300MB)

 





နမူနာကြည့်ရန်

ICE AGE(2002)(မြန်မာစာတန်းထိုး)


         နာမည်ကြီး Animation Ice Age ရဲ့ ပထမဆုံးကားပါ။ IMDb ၇.၆ ရထားပါတယ်။ ဇာတ်လမ်း
အကျဉ်းကတော့ ရေခဲခေတ် မာမွန့်သ် ဆင် ရယ် sloth တစ်ကောင်ရယ် ကျားတစ်ကောင်ရယ် မိတ်ဆွေ
ဖြစ်ပြီး ကျားတွေတိုက်ခိုက်ခံရလို့ မိဘကွဲနေတဲ့ ကလေးငယ်လေးကို ပြန်လိုက်ပို့ပေးတဲ့ စွန့်စားခန်း
အကြောင်းပါ။ ရေခဲခေတ် အလှတွေရယ် စွန့်စားခန်းတွေရယ် ဟာသတွေရယ် မိတ်ဆွေစိတ် 
အကြောင်းကြို ပထားတဲ့ ခံစားချက်တွေရယ်ကြောင့် နာမည်ကျော်တာဖြစ်ပါလိမ့်မယ်။ အားပေးကြပါဦး။
ဘာသာပြန်သူ ကိုဝေလင်းပါ။


File Size     : 580MB / 350 Mb
Quality       : 720p / 360p
Duration     : 1hr 21 minutes
Encoder      : Littleneo




Suddenly It's Magic (2012) မြန်မာစာတန်းထိုး


Screenshots


ကဲ အမျိုးတို့ရေ ...
တစ်ပတ်လုံး အလုပ်တွေလုပ်နေရလို့ ပင်ပန်းနေကြပြီလား ကျောင်းစာတွေ ကြိုးစားနေရလို့ ခေါင်းရှုပ်နေကြပြီလား ... ဒါဆို ဒီပိတ်ရက်လေးမှာ ပင်ပန်းတာတွေ ခေါင်းရှုပ်တာတွေ ပြေပျောက်ဖို့ အချစ်ရို့မန့်ကားလေးတစ်ကားလောက် တင်ပေးလိုက်ပါတယ် ... မင်းသားနဲ့ မင်းသမီးရုပ်မချောလို့ ကြည့်ရမှာ စိတ်မညစ်နဲ့နော် ... အကုန်ရှယ်တွေကြီးပဲ ... ဇာတ်လမ်းလေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ ကြည်နူးပျော်ရွှင်ခြင်းကို ပေးစွမ်းနိုင်မှာ သေချာပါတယ် ... ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံက နာမည်ကျော်သရုပ်ဆောင်ကောင်လေးနဲ့ ဖိလစ်ပိုင်နိုင်ငံက ကိတ်မုန့်ရောင်းတဲ့ ချစ်စရာကောင်မလေးတို့ အကြောင်းနော် .... ဘာရပ်ကြည့်နေကြတုန်းလဲ ... ဒေါင်းကြတော့လေ
(ကြည့်ပြီးလို့ကြိုက်ရင်တော့ ကြိုက်တယ်လို့သာမန့်သွား ... မညာကြေးနော်)
ကိုတာတီးပိုး ဘာသာပြန်ပေးထားတာပါ။
(ယခုတင်ပေးထားတဲ့ Version က အကြည်ဆုံး Version ဆိုပေမယ့် Eng sub တော့ပါပါတယ်။
ယခင်တင်ပေးထားတဲ့ Version က Eng sub မပါပေမယ့် မှုန်နေတာကြောင့် ယခုကြည်တောက်ရှင်း
Version ကိုပဲ Update လုပ်လိုက်ပါတယ်။)


File size...(999MB) 
Quality...WebDL-Rip 720p

Format...mp4
Duration....01:47:46
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
နမူနာကြည့်ရန်

Friday, March 25, 2016

Surf's Up (2007) မြန်မာစာတန်းထိုး


IMDb Rate 6.4 ရထားတဲ့ Animation ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ချစ်စရာပင်ဂွင်းကောင်လေးတွေနဲ့ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ကားဖြစ်ပြီး စိတ်အပန်းပြေဖို့
ကြည့်လိုက်ကြပါဦး ဒီကားလေးကိုတော့ ကိုမြန်မာကြီးမှ ဘာသာပြန်ပြီး ကိုသစ်ဆန်းခန့်မှ
Encode လုပ်ပေးထားပါတယ်

ရေလွှာစီးတာကိုအရူးအမူးဖြစ်ခဲ့တဲ့ ကိုဒီဆိုတဲ့ အဖေဘယ်သူမှန်းမသိတဲ့ ပင်ဂွင်းလေးတကောင်ရှိခဲ့တယ်
ငယ်ငယ်ထဲကကြုံလှီလှတဲ့သူ့အတွက်ကတော့ သူ့အကိုရဲ့ မျက်မုန်းကျိုးစရာဖြစ်နေခဲ့တယ်

သူတို့နေတဲ့အန္တာတိကကို ဘစ်ဇီးလို့ခေါ်တဲ့စွန့်ဦးတီထွင်ရေလွှာစီးချန်ပီယံကြီးရောက်လာချိန်မှာ
သူရဲ့အားကျစရာသူရဲကောင်းတယောက်လို့မြင်ခဲ့တယ် ဘစ်ဇီးကလဲ ကလေးပဲရှိသေးတဲ့ကိုဒီကို
လည်ဆွဲလေးကိုပေးခဲ့ပြီး "အောင်မြင်သူတွေဆိုတာ ပန်းတိုင်ရှိပြီးသားသူတွေ သူတို့ပန်းတိုင်ကို
ဘယ်လိုသွားရမလဲဆိုတာကိုနည်းလမ်းရှာနေတဲ့သူတွေ"လို့ပြောခဲ့တဲ့စကားဟာ ကိုဒီ့အတွက်တော့
သူ့အနာဂါတ်ကိုဘယ်လိုများပြောင်းလဲနိုင်ခဲ့မလဲ....

သူလေးစားရတဲ့ဘစ်ဇီးဆိုတဲ့ချန်ပီယံပင်ဂွင်းကြီးကရောသူအရွယ်မရောက်ခင်စပ်ကြားဘယ်တွေ
ရောက်ပြီးဘာတွေဖြစ်နေမလဲ.......

မိတ်ဆွေကောင်းရှိရင်အရာရာဖြစ်နိုင်တယ်ဆိုတဲ့စကားကိုသက်သေပြသွားတဲ့ မိတ်ဆွေကောင်းကြက်ကလေးဂျိုး
မိတ်ဆွေလောက်ဘာမှအရေးမကြီးဘူးဆိုတဲ့ သူတို့ခံယူချက်လေးကလဲ
မိတ်ဆွေစစ်မိတ်ဆွေမှန်သရုပ်ကိုဖော်ညွှန်းနေပါတယ်

ဟာသ စိတ်အပန်းဖြေစရာ ကားတခုဖြစ်တဲ့အဖြစ် ဗဟုသုတနဲ့အတွေးတခုခုခေါင်းထဲဝင်သွားမယ်ဆိုတာကိုတော့
ရဲရဲကြီးအာမခံပါရစေ
ဘာသာပြန် အညွှန်းရေး = မြန်မာကြီး


Filesize : 550 MB

Quality : Bluray720p 

Format : mp4

Run Time : 1h 25 min

Subtitle : Myanmar Subtitle ( Hardsub )

Translated By မြန်မာကြီး

Encoded By Thit San Khant 



Download And Watch With Pcloud Link 

Mulan 2 (2014) မြန်မာစာတန်းထိုး



              မူလန် ၂ တောင်းဆိုနေတဲ့သူတွေ အတွက်လာပါပြီ။ ဒီဇာတ်လမ်းမှာတော့ မူလန် နဲ့ ရှန်နဲ့ 
လက်ထပ်ဖို့ပြင်ဆင်နေဆင် လျို့ဝှက် တာဝန်တစ်ခုပေးအပ်ခံလိုက်ရတဲ့အခါ ကြုံတွေ့ရမဲ့ စွန့်စားခန်းတွေ 
အကြောင်းပါ။ အားပေးကြပါဦး။ ဘာသာပြန်သူ ကိုမျိုးမြင့်သူသန်းမြင့်ပါ။


File Size    : 450Mb
Duration   : 1 hr 18 min
Quality     : 720p
Encoder    : Littleneo






Thursday, March 24, 2016

Sicario (2015) မြန်မာစာတန်းထိုး


 
IMDb (7.7/10)
Rotten Tomatoes (93%)

ဒီကားက အရမ်းကောင်းလွန်းလို့ Pre-Screening အပြီးမှာထဲက Sequel ထပ်ထွက်ဖို့ အတည်ပြုလိုက်ရတဲ့ အထိ ပရိတ်သတ်အားပေးမှုရခဲ့ပါတယ်။ နောက်လ ၂ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ဒီကားက ဖြစ်ရပ်မှန်အချို့ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားအကြောင်းကို ပြောရာမှာ Spoiler တွေပါမှာ ဖြစ်တယ်လို့ ကြိုသတိပေးချင်ပါတယ်။

ဒီဇာတ်ကားရဲ့ နာမည် Sicario ဆိုတဲ့နာမည်က စပိန်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်က Hitman (လူသတ်သမား) လို့ အဓိပ္ပာယ်ရပါတယ်။ Mexican Cartel (မက္ကဆီကန် ဘိန်းဘုရင်တွေ) က အမေရိကားနဲ့ မက္ကဆီကို နယ်စပ်ကနေတဆင့် ဘိန်းဖြူတွေသွင်းနေသလို အမေရိကန်နိုင် အတွင်း မှာ ပါ လူသတ် ပြန်ပေးဆွဲ အလုပ်တွေလုပ် နေကြပါတယ်။ ၂၀၁၀ ၀န်းကျင်က တကယ့်ဖြစ်ရပ်တွေဖြစ်ပြီး၊ မက္ကဆီကန် ဘိန်းဘုရင်တွေ ရဲ့ ရက်စက်ယုတ်မာ ကြမ်းကြုတ်မှုတွေကို တွေ့ရမှာဖြစ်သလို ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင် ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။

ဇာတ်ကားအကြောင်းမပြောခင် ဇာတ်ကားက ရာဇ၀တ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အသတ်ခံရမှုတွေကို ပီပီပြင်ပြင် တင်ဆက်ထားတာကြောင့် ဒီကားကို ကလေးတွေကြည့်ဖို့မသင့်သလို၊ စိတ်မခိုင်သူတွေ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းမှာ မင်းသမီးချော Emily Blunt (Edge of Tomorrow) က FBI Agent Kate အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ကားအစမှ သူမနဲ့ အဖွဲ့က ပြန်ပေးဆွဲခံရသူတွေကို ကယ်ဖို့ Cartel တွေရဲ့ အိမ်ကို ၀င်စီးရာက အိမ်နံရံကြားထဲထည့်ထားတဲ့ လူသေအလောင်းတွေ ကို တွေ့ခဲ့ရပါတယ်။ ဒီလူသေတွေက ဂိုဏ်းဂိုဏ်းချင်းနယ်လူကြရာက (Turf War) အသတ်ခံရတာဖြစ်ပါတယ်။ ဒါထက်ပိုဆိုးသွားတာက သူတို့ ၀င်စစ်ဆေးနေတုန်း ကားဂိုထောင်ထဲက ဗုံးပေါက်ကွဲပြီး ရဲနှစ်ဦးသေဆုံးခဲ့ရပါတယ်။

ဒီနောက်မှာ Josh Brolin (Men in Black 3) ရဲ့ ဇာတ်ကောင် Matt Graver က Kate ကို သူအဖွဲ့မှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ သူတို့ အဖွဲ့က မက္ကဆီကန် ဂိုဏ်းခေါင်းဆောင် ကြီးကို ရှာဖွေဖမ်းဆီးဖို့ တာဝန်ယူထားပြီး၊ သူမရဲ့ အရည်အချင်းကို သဘောကျလို့ ခေါ်ယူတယ်လို့ဆိုပါတယ်။ ဒီအဖွဲ့မှာ နောက်ထပ် ထပ်ပါလာတာက မင်းသားကြီး Benicio del Toro ရဲ့ ဇာတ်ကောင် Alejandro ပါပါဝင်လာပါတယ်။ ဒီဇာတ်ကောင်က ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ဖြစ်ပြီး၊ ဇာတ်လမ်းအစမှာ သူ့ရဲ့ အကြောင်းကို ဂဂဃဃ မပြထားတာကလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒီလိုနဲ့ သူတို့ အဖွဲ့က El Paso, Taxes (U.S) ကနေ Juarez (ဟွာယက်စ်) (Mexico) ဘက်ကို ကူးသွားပြီး Cartel Leader ရဲ့ ညီ ဖြစ်သူ တစ်ဦးကို သွားခေါ်လာတာဖြစ်ပြီး ဒီဇာတ်ဝင်ခန်းမှာ ဒုစရိုက်မှုတွေ ကြီးစိုးနေတဲ့ Juarez မြို့ရဲ့ အကျည်းတန် ရုပ်ဆိုးမှုတွေကို ပြသထားပြီး၊ ဒါရိုက်တာရဲ့ အရည်အချင်းကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ US ကနေ မက္ကဆီကို ကိုသွားတဲ့ အခန်းကို လေပေါ်ကနေစီးပြီး ရိုက်ထားတဲ့ အခန်း (Ariel Shot) နဲ့ ရိုက်ထားတာ အရမ်း ပညာသားပါပြီး၊ ဇာတ်ဝင်ခန်းရဲ့ အရေးကြီးပုံ၊ စိတ်လှုပ်ရှားမှုကောင်းပုံကို ပိုပြီး ထိရောက်စေပြီး၊ ပရိတ်သတ်ကို ပိုဆွဲဆောင်ထားနိုင်ပါတယ်။

ဒီကနေစပြီး Cartel ခေါင်းဆောင်ကို လိုက်ရှာရင်းက Kate တစ်ယောက် သူမထင်ထားသလို မဟုတ်ဘူးဆိုတာ သိလာရပါတယ်။ Matt Graver က ဇာတ်လမ်းအစမှာ Department of Defense (ကာကွယ်ရေးဝန်ကြီးဌာန) ကလို့ ဆိုပေမယ့်၊ တကယ်တမ်းမှာ CIA ကဖြစ်နေမှန်းသိလိုက်ရပါတယ်။ အမေရိကားနိုင်ငံရဲ့ ဥပဒေအရ CIA က နိုင်ငံအတွင်းမှာ ဘာအာဏာမှမရှိသလို၊ အမေရိကန်နိုင်ငံအတွင်းမှာ လှုပ်ရှားမယ်ဆိုရင် FBI နဲ့ ပူးပေါင်းရပါတယ်။ ဒါကြောင့် Emily Blunt ရဲ့ ဇာတ်ကောင် ဖြစ်တဲ့ Kate ကို သူတို့ အဖွဲ့မှာ ပါဝင်အောင် ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Benicio Del Toro ရဲ့ ဇာတ်ကောင်ရဲ့ နောက်ကြောင်းကိုလည်း တဖြည်းဖြည်း သိလာရပါတယ်။

အရမ်းကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး သရုပ်ဆောင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ အားလုံး ကောင်းပါတယ်။ ဒီကားက Oscar စာရင်းဝင်မှာ ဖြစ်ပြီး နွေရာသီအပြီးမှာ ထွက်တဲ့ ကားတွေအကုန်လုံးက အကယ်ဒမီ မှန်းတဲ့ ကားတွေဖြစ်လာတွေ့ရမှာပါ။ ဒီကားမှာ ဆိုရင် Benicio Del Toro က သရုပ်ဆောင် အရမ်းကောင်းသလို၊ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ Benicio Del Toro ကို မသိရင် သူက လက်ရှိ နောက်ဆုံး Guardian of the Galaxy ထဲမှာ The Collector အဖြစ်ပါပြီး၊ အရင်တုန်းကဆိုရင် Che:Part One and Two, The Wolfman, The Usual Suspects, Snatch စတဲ့ကားတွေမှာ ပါဝင်ဖူးပါတယ်။ ဒီကားထဲမှာ သရုပ်ဆောင်တာ အရမ်းကောင်းပြီး၊ သူ့ရဲ့ ဇာတ်ကောင်က လျှို့ဝှက်ချက်တွေ ပြည့်နေသလို၊ ရက်စက်ပြီး လူလေးစားလောက်တဲ့၊ လူရှိန်လောက်တဲ့ ဇာတ်ကောင်ဖြစ်အောင်လည်း သရုပ်ဆောင်ထားနိုင်ပါတယ်။

Emily Blunt နဲ့ Josh Brolin တို့ကလည်း သရုပ်ဆောင်ကောင်းသလို၊ ဒါရိုက်တာ ကလည်း ရိုက်ကူးထားတာ တော်ပါတယ်။ ရိုက်ချက်တွေ ကောင်းသလို အက်ရှင် ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရာမှာလည်း ရှင်းလင်းပြတ်သားပြီး ဇာတ်လမ်းကလည်း တင်ဆက်ထား ပုံအရမ်းကောင်းပါတယ်။

ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပြီး ရုံမှာ သွားကြည့်သင့်ပါတယ်။ အနုပညာမြောက်ပြီး ဇာတ်လမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ Mad Max: Fury Road အပြီး ဒီနှစ်ရဲ့ အကြိုက်ဆုံးကားဖြစ်ပါတယ်။ Matt Daemon ရဲ့ The Martian ကလည်း ဇာတ်ကားကောင်းဖြစ်ပေမယ့် ဒီကားကို ပိုကြိုက်ပါတယ်။ Rated-R ဖြစ်ပြီး သွေးထွက်သံယိုတွေပါသလို၊ လူသေအလောင်းတွေ၊ လူသတ်တာတွေ ရက်ရက်စက်စက် ပါလို့ ကလေးတွေမကြည့်သင့်ပါဘူး။ မိသားစုတူတူ ကြည့်နိုင်ပေမယ့် အထက်ပြောခဲ့သလို ရက်စက် ကြမ်းကြုတ်မှုတွေပါတာကိုတော့သတိပြုရမှာပါ။


Juarez မြို့မှာဆိုရင် ဘိန်းဂိုဏ်းတွေက ကလေးလူကြီး မိန်းမ မကျန် သတ်ဖြတ်ပြီး လူသေအလောင်းတွေကို မြို့လယ်ခေါင်မှာ ကိုယ်လုံးတီး ချိတ်ဆွဲထားတာ တွေဇာတ်လမ်းထဲမှာ ပါပြီး၊ အပြင်မှာလည်း တကယ် ကိုအဲ့ဒီလိုပဲဖြစ်ပါတယ်။ အထူးသဖြင့် ဘိန်းဘုရင်တစ်ယောက် အဖမ်းခံရရင်ဖြစ်ဖြစ် အသတ်ခံရရင်ဖြစ်ဖြစ်၊ အောက်က အဖွဲ့အသေး အသီးသီးက နယ်လုကြရာက နေ လူသတ်မှုတွေဖြစ်နေကြတာ ထုံးစံလိုဖြစ်နေပါတယ်။ နေ့စဉ်နဲ့အမျှ ပစ်ခတ်သတ်ဖြတ်နေကြတာ ဖြစ်ပြီး၊ အစိုးရကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ပါဘူး။

#Sololay
(ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် yoteshinmatesat.blogspot.com မှကူးယူဖော်ပြပါသည်။)

File size...(950MB) 
Quality...Blu-Ray Rip 720p

Format...mp4
Duration....02:01:20
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

 




နမူနာကြည့်ရန်
 

 

Wednesday, March 23, 2016

Tamasha (2015) မြန်မာစာတန်းထိုး

IMDb Rating (7.3/10) ရရှိထားတဲ့ Comedy, Drama, Romance အမျိုးအစား
Bollywood ဇာတ်ကားပါ။
Ranbir Kapoor နဲ့ Deepika Padukone တို့ဦးဆောင်ပါဝင်ထားပါတယ်။
ရုံတင်ဝင်ငွေ စံချိန်ကောင်းခဲ့တဲ့ နာမည်ကြီးဇာတ်ကားဖြစ်တာနဲ့အညီ
အက၊အလှ၊ရသ စုံမယ့်ဇာတ်ကားပါ။ ခံစားကြည့်ပါဦး။

File size...(1.1GB) 
Quality...Blu-Ray Rip 720p

Format...mp4
Duration....02:18:53
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(450MB)

 




နမူနာကြည့်ရန်
 

Harley Davidson and the Marlboro Man(1991) - မြန်မာစာတန်းထိုး

၁၉၉၁ ခုနှစ်က ထွက်ခဲ့ပြီး အဲဒီအချိန်က အောင်မြင်ခဲ့တဲ့ကားကောင်းတစ်ကားပါ။ IMDb rating 6.0/10 ရရှိထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ၁၉၉၆ ခုနှစ်ကို ဇာတ်အိမ်တည်ထားပါတယ်။ အခု အဖိုးကြီးဖြစ်နေပြီး Ironman 2 တို့ Sin City တို့ထဲမှာ လူကြမ်းအဖြစ်သရုပ်ဆောင်နေတဲ့ မင်းသားမိုက်ကီရောက်ကီနဲ့ ဒွန်ဂျွန်ဆင်တို့ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အမြင်တော့ ဒီကားထဲမှာမိုက်ကီရောက်ကီထက်စာရင် ဒွန်ဂျွန်ဆင်ကပိုပြီးသရုပ်ဆောင် ကောင်းတယ်လို့ ထင်ပါတယ်။


ဇာတ်လမ်းအကျဉ်းကတော့ ဟာလေဒေဗစ်ဆင်ဆိုင်ကယ်ကြီးစီးပြီး ဟာလေဒေဗစ်ဆင်လိုအမည်ရတဲ့သူတစ်ယောက်ဟာ ငယ်ငယ်ကကြီးပြင်းလာခဲ့တဲ့ဘားဆိုင်တစ်ဆိုင်ကို သူငယ်ချင်းတွေနဲ့တွေ့ဖို့ ပြန်သွားခဲ့ပါတယ်။ လမ်းမှာ မာလ်ဘိုရိုမန်းလို့ခေါ်တဲ့ ကောင်းဘွိုင်စတိုင်နဲ့ သူငယ်ချင်းဟောင်းကို ပြန်တွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်က သူတို့နဲ့နေရာဟောင်း ဘားဆိုင်ကိုပြန်အရောက်မှာတော့ သူတို့ဘားဆိုင်ကို ဘဏ်တစ်ဘဏ်ကအပိုင်စီးပြီး မိုးမျှော်တိုက်ကြီး ဆောက်ရန်ကြံရွယ်နေတာကို သိလိုက်ရပါတယ်။


အဲဒီအချိန်မှာ သူတို့က ဘဏ်ကိုဓါးမြတိုက်ပြီး ပိုက်ဆံရှာဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဓါးမြတိုက်ခဲ့တဲ့အထုပ်တွေကပိုက်ဆံတွေမဟုတ်ပဲ ဘဏ်မန်နေဂျာက လျှို့ဝှက်ဖြန့်ဖြူးနေတဲ့ အဆင့်မြင့်မူးယစ်ဆေးဝါးတွေ ဖြစ်နေခဲ့တဲ့အတွက် ပြသနာကြုံရပါတော့တယ်။ ဘဏ်မန်နေဂျာက အဆင့်မြင့်လူသတ်သမားတွေကို စေလွှတ်ပြီးသူတို့ကို လက်စဖျောက်ဖို့ ကြိုးစားတဲ့အခါ ဟာလေဒေဗစ်ဆင်နဲ့မာလ်ဘိုရိုမန်းတို့က ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်ကြမလဲ။
သူတိုနှစ်ယောက့်ရဲ့အဓိက ရည်မှန်းချက်ကရော ဘာတွေဖြစ်မလဲဆိုတာဇာတ်လမ်းဆုံးအောင်
ကြည့်လိုက်ကြပါ။ (အပေါ်ပိုင်း ဗလာကျင်းတဲ့ အခန်းနှစ်ခန်းတော့ ပါပါတယ် ဒါပေမယ့် လိင်ခန်းတွေဘာတွေ မပါဝင်တဲ့ကားတစ်ကားပါ)
(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ကိုညီညီကျော်မြင့် ဖြစ်ပါတယ်။) @San Win Maung


File Size                          : 700 Mb
Quality                            : HD 720P
File Size 2                       : 350 Mb
Quality                            : HD 360P
Running Time                  : 1h 38m
Translated                       : Nyi Nyi Kyaw Myint

Encoded                         : San Win Maung 

Download and Direct Watch HD720P

Download and Direct Watch HD small file 360P