Thursday, March 17, 2016

Sinbad: Legend of the Seven Seas (2003)(မြန်မာစာတန်းထိုး)


အိမ်ရှေ့မင်းသား (Proteus) နဲ့ ဆင်းရဲသား (Sinbad) ကလေးလေး၂ယောက် သူငယ်ချင်းဖြစ်ကြတယ်။ ဘဝပေးအခြေအနေအရ အဆင့်အတန်းမတူပေမယ့် ညီအစ်ကိုလိုချစ်ကြတယ်။ သွားအတူစားအတူ။ တစ်နေ့... Proteusကို Sinbadကခွဲခွာသွားခဲ့ပါတယ်။ ခွဲခွာရတဲ့အကြောင်းရင်းက အိမ်ရှေ့မင်းသားတို့ဆီရောက်လာတဲ့ လှေကြီးပေါ်မှာပါလာတယ်တဲ့။

တစ်နေ့ Proteus ဦးစီးပြီးစောင့်ရှောက်လာတဲ့ ပေါတ္ထကသာမ ဆိုတဲ့ စာအုပ်(Book of peace) ပါလာတဲ့ လှေ လမ်းမှာ ဓားပြအတိုက်ခံရပါတယ်။ ပြန်လည်ခုခံရင်းနဲ့မှသိလိုက်ရတာက သူတို့လှေကို ဓားပြလာတိုက်တာ သူငယ်ငယ်က သိပ်ချစ်ရတဲ့သူငယ်ချင်း Sinbad ဖြစ်နေတယ်ဆိုတာပါပဲ။

စာအုပ်လုနေတုန်းပဲ သတ္တဝါကြီးတစ်ကောင်လာတိုက်ခိုက်တာခံရပါတယ်။ ငယ်ငယ်ကလိုပဲတက်ညီလက်ညီ ခုခံလိုက်နိုင်ပါတယ်။ အဲဒီသတ္တဝါကြီးက နတ်ဒေဝီတစ်ပါးဖြစ်တဲ့ Erisက Sinbadရဲ့သတ္တိကိုစမ်းတဲအနေနဲ့ တမင်လွှတ်လိုက်တာပါတဲ့။ သတ္တဝါကြီးကိုတိုက်လိုက်နိုင်တဲ့အတွက် Sinbadကို စာအုပ်မခိုးပါဘူးဆိုတဲ့ ကတိနဲ့ Proteusက သူတို့မြို့ကိုဖိတ်ခေါ်လိုက်ပါတယ်။

Proteusနဲ့လက်ထပ်မယ့် အမျိုးသမီး Marinaကမြို့မှာစောင့်နေပါတယ်။ Proteusက တရားဝင်လက်ထပ်ခွင့်တောင်းတာနဲ့ သူကလည်းခေါင်းငြိမ့်ဖို့အသင့်ပါပဲတဲ့။

မင်းသားလေး လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာပဲ စာအုပ်အခိုးခံရတယ်ဆိုတာသိသွားပါတယ်။ အဲဒီစာအုပ်ကိုခိုးမယ့် လူက ဒီမြို့မှာSinbadကလွဲလို့ တခြားသူမရှိပါဘူး။ Sinbadကလည်းသူမခိုးပါဘူးလို့ လုံးဝငြင်းပေမယ့် စာအုပ်ပါသွားတဲ့နေရာ က ရတဲ့ သူ့ဓားမြောင်ကြောင့် သူ့စကားကို ဘယ်သူမှမယုံပါဘူး။

စာအုပ်ကိုပြန်အပ်ပါ။ မအပ်ရင် သတ်ရပါမယ်လို့ပြောပါတယ်။ Sinbadကလည်းသူ့မှာမရှိလို့ မပေးနိုင်ပါဘူးလို့ငြင်းပေမယ့် သူမခိုးဘူးဆိုတာလည်းဘယ်လိုမှသက်သေမပြနိုင်ပါဘူး။ Proteusက ဝင်ပြီး Sinbadအစားသူအဖမ်းခံပါ့မယ် Sinbadကိုအချိန်အတိုင်းအတာတစ်ခုအတွင် စာအုပ်ပြန်ယူလာခိုင်းပါတယ်။ သတ်မှတ်ချိန်အတွင်းSinbadမလာရင်သူအစားသေပေးပါ့မယ်လို့ ဝင်ပြောပါတယ်။ ဘယ်သူမှမယုံတဲ့သူ့ကို အသက်ပေးယုံပေးတဲ့သူငယ်ချင်းကြောင့် Sinbad စာအုပ်ရှာပုံတော်ဖွင့်ခဲ့ပါတယ်။ မင်းသားရဲ့ ကြင်ယာလောင်း Marinaကလည်း Sinbadကိုမယုံတဲ့အတွက် သူကိုယ်တိုင် Sinbadတို့လှေမှာလိုက်သွားပါတယ်။

- Sinbadနဲ့ Marina လမ်းခရီးမှာ အခက်အခဲတွေ အတူတူဖြတ်ကျော်ပြီး တစ်ဦးနဲ့တစ်ဦး သံယောဇဉ်တွေဖြစ်သွားကြမလား?

- Sinbadရဲ့ကံကြမ္မာကိုပြောင်းပေးခဲ့တဲ့လှေပေါ်ကအရာကဘာဖြစ်မလဲ?

- စာအုပ်ကSinbadဆီမှာတကယ်ရှိတာလား?

- စာအုပ်သူခိုးကSinbadမဟုတ်ရင်ဘယ်သူဖြစ်မလဲ?

- စာအုပ်မရတော့တဲ့အခါ

Sinbad တစ်ယောက် ပြန်လာပြီး အသေခံပါ့မလား?...

- သူငယ်ချင်းအသက်ကိုမငဲ့ပဲ သစ္စာဖောက်ပြီးထွက်ပြေးမလား?....


(အညွှန်းကတော့ မေသော်တာရဲ့ လက်ရာပါ။)


Quality             - 720p

Running Time  - 1hr 30 min

Translater        - Nyi Thanlwin

Encoder           - Littleneo



Download or Watch from pCloud ( 600 Mb )



                       

No comments:

Post a Comment