Thursday, March 3, 2016

Gremlins (1984) မြန်မာစာတန်းထိုး

ဒီမှာမစ္စတာ ခင်ဗျားလိုက်နာရမယ့်စည်းကမ်းသုံးချက်ရှိတယ် ဟုတ်ပြီ.. ဘယ်လိုစည်းကမ်းချက်တွေလဲ... ပထမအချက်.. သူ့ကိုအလင်းရောင်အောက် တွေမှာမထားနဲ့... သူကအလင်းစူးစူးတွေကိုမုန်းတယ် အထူးသဖြင့်နေရောင်ပဲ... နေရောင်ကသူ့ကိုသေစေတယ်... ဒုတိယတစ်ချက်က.. သူ့ကိုရေနဲ့ဝေးဝေးမှာထားရမယ် သူ့ကိုလုံးဝရေမစိုစေပါနဲ့ ရေလည်းချိုးမပေးမိပါစေနဲ့... တတိယအချက်က အရေးအကြီးဆုံးစည်းမျည်းပဲ... လုံးဝသတိမေ့လို့မရဘူး သူဘယ်လောက်ပဲငိုငို သူဘယ်လောက်ပဲတောင်းပန်ပါစေ...(ဘယ်တော့မှနော်) ဘယ်တော့မှသန်းခေါင်ကျော်တာနဲ့ သူ့ကိုအစာမကျွေးမိစေနဲ့

Gremlins ဟာ 1984 ခုနှစ်ကထွက်ထားတာဖြစ်တဲ့အတွက်တော်တော်လေးကိုကြာနေပြီလို့ဆိုနိုင်ပါတယ် ကားဟောင်းတွေရဲ့ထုံးစံအတိုင်း သဘောမကျစရာဇာတ်ဝင်ခန်းတချို့ရှိပေမယ့် ကားဟောင်းတွေထဲမှာတော့ တော်တော်ကြည့်လို့ကောင်းတယ်လို့ပြောလို့ရပါတယ် ဒီကားမှာတော့ ရေကန်ထဲကို gremlin တစ်ကောင်ပြုတ်ကျသွားတဲ့ဇတ်ဝင်ခန်းရယ် နောက်ဆုံး ရေပန်းမှာရေစိုအောင်လုပ်တဲ့ဇာတ်ဝင်ခန်းနှစ်ခန်းတော့ ကျော်သဘောမကျပါဘူး old films တွေရဲ့ထုံးစံလိုလုပ်ထားလို့ပါ ကျန်တာတော့ပြောစရာမရှိဘူးလို့ပြောနိုင်ပါတယ် 1984 ခုနှစ်ရဲ့ animation ကခုလောက်တော့မဟုတ်ပေမယ့် သူ့အချိန်တုန်းကတော့ လူကြိုက်များခဲ့တယ်ဆိုတာ IMDB rating 7.2 ဆိုတာကသက်သေပြနေပါတယ်

ရုပ်ရှင်ကားကို PG အဆင့်လောက်နဲ့သာရိုက်ထားလို့ အားမရစရာလေးတော့ရှိပါတယ် ခုချိန်လိုမျိုးသာ animation ကောင်းကောင်းနဲ့ သတ်တဲ့ဖြတ်တဲ့အခန်းလေးတွေအမိုက်စားထည့်ပေးပြီးအသစ်ပြန်ရိုက်ရင် ဒီလို Horror, Comedy နဲ့ Fantasy ပုံစံမျိုးပေါင်းထားတဲ့ကားမျိုးက အမိုက်စားဖြစ်မှာအသေအချာပါပဲ... - ကဲ ကိုယ့်လူတို့ အပေါ်ကဇာတ်ကြောင်းထဲမှာတော့ လူတစ်ယောက်အလွယ်တကူကျိုးပေါက်သွားနိုင်တဲ့ ထူးထူးခြားခြားစည်းကမ်းချက်တွေကို လိုက်နာပါ့မယ်ကတိပေးပြီးတော့ ဝယ်သွားတဲ့ အကောင်လေးက Gremlins(စက်ပစ္စည်းများကိုဖျက်စီးတတ်သောနတ်ဆိုးငယ်များ) ဆိုတဲ့ရုပ်ရှင်ကားခေါင်းစဉ်နဲ့ လိုက်ဖက်အောင် ဘယ်လောက်များဆိုးသွမ်းနိုင်မလဲ ဘာကြောင့်ကော ဒီလိုထူးဆန်းတဲ့စည်းကမ်းချက်တွေရှိတဲ့အကောင်လေးကိုဝယ်ရတာလဲဆိုတာ သိချင်ရင်တော့ ဒေါင်းပြီးတော့သာကြည့်ကြည့်လိုက်ပါ ကားကောင်းတစ်ကားဆိုတာအသေအချာပါပဲ.....

File Size         : 840 MB
Quality           : Blu ray 720P
Running Time : 1hr 46 minute
Format           : Mp4
Genre             : Comedy, Fantasy, Horror
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့  Zon Htet Paingပဲ ဖြစ်ပါတယ်)

No comments:

Post a Comment