Saturday, January 30, 2016

Closed Circuit (2013) မြန်မာစာတန်းထိုး



လန်ဒန် ရဲ့ အထင်ကရဈေးတခုမှာ ပေါက်ကွဲမှု့တခု ဖြစ်ပွဲခဲ့ပြီး လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်… ဒီဖြစ်ရပ်မှာ သံဒယရှိခြင်း ခံရသူ တဦး ကို ဖမ်းဆီးခဲ့ပါတယ်…

တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ဆိုင်မွန် ဟာ ရုတ်တရတ် သေဆုံးသွားခဲ့ပြီးနောက် Martin Rose ကိုဆောင်ရွက်စေဖို့ လွဲပြောင်းပေးခြင်းခံရသလို တချိန်ထဲမှာပဲ တရားခံဖက်က ရှေ့နေအဖြစ် Claudia Simmons ကို ဆောင်ရွက်စေခဲ့ပါတယ်…သူတို့ ၂ ဦးဟာ မကြာခင်အချိန်တခုကမှ ပြတ်စဲထားတဲ့ လင်မယားတွေ ဖြစ်ပေမယ့် ဒီအမှုကို ပေးအပ်လိုက်ချိန်ကစလို့ တဦး နဲ့ တဦး မည်သည့် အကြောင်းနဲ့မှ ဆက်သွယ်ခွင့် နဲ့ ဆက်သွယ်မည် မဟုတ်ပါကြောင်း ကို ကတိပေးထားရပြန်တယ်..

တရာခံရှေ့နေ Claudia ဟာ MI5 agent Nazrul Sharma ရဲ့ ထိမ်းသိမ်းမှု့အောက်မှာသာ လှုပ်ရှားခွင့်ရှိပြီး တရားခံ Farroukh  ရဲ့ မိသားစုကိုလဲ လုံခြုံရေးအရ MI5 မှ ကာကွယ်စောက်ရှောက်ထားပါတယ်… Martin ကတော့ မိတ်ဆွေဖြစ်သူ ရှေ့နေ Devlin နှင့်အတူ လုပ်ကိုင်ထောက်လှမ်းနေခဲ့တယ်…

 Martin ဟာ သူငှားစီးတဲ့ တက္ကစီ ကို မသင်္ကာရာမှ တရားခံ Farroukh ဟာ MI5 မှ Agent တယောက်ဆိုတာ သိသွားချိန်မှာ …
Martin ဟာ သတ်မှတ်ထားတဲ့ စည်းကမ်း ကို ချိုးဖောက်ပြီး Claudia ကို ဘောလုံးပွဲမှာ လျို့ဝှက်ချိန်းဆိုခဲ့ပြီး Farroukh ဟာ MI 5 တယောက်ဖြစ်ကြောင်း သတိပေးခဲ့တယ်…
နောက်တနေ့မှာပဲ သူတို့လိုက်ပါဆောင်ရွက်နေတဲ့ လန်ဒန်ဗုံးကွဲမှု့ကို စတင် ရုံးတင် စစ်ဆေးရာမှာ လျှို့ဝှက် စစ်ဆေးစေခဲ့ပြီး တရားလိုဘက်မှ နားထောင်ပြန်ကြားခွင့်မရခဲ့ပါဘူး…

Martin နဲ့ Claudia ဟာ Farroukh ရဲ့ သားဖြစ်သူ အားစစ်ဆေးရာမှာ ပြောကြားခဲ့တဲ့ စကားတခွန်းကို အစပြုရာမှ လန်ဒန်ဗုံးကွဲမှု့ရဲ့ တရားခံအစစ် ကို သိရှိသွားခဲ့ပြီး ဖော်ထုတ်ရာမှ –

ဒီဇာတ်ကား က တော်တော်ကြည့်ကောင်းတဲ့ ကားပါပဲ … ကျွန်တော့ အနေနဲ့ review ကို ရေချင်ပေမယ့်လဲ ရေးလိုက်ရင် ဇာတ်လမ်း က ပေါ့သွားမှာစိုးတာရယ်က တကြောင်း … ဘာသာပြန် မှားပြန်ရင်လဲ စာဖတ်သူ စိတ်အနှောက်အယှက်ဖြစ်မှာ စိုးတာကြောင့် ကိုယ်တိုင် ကြည့်ရှု့ ခံစားမှသာလျှင် ပိုမို ရသစုံလင်စေမှာဖြစ်တာကြောင့် ဒီလောက်ပဲ ရေးသားလိုက်ရပါတယ်…

File Size         : 750 MB
Quality           : Blu ray 720P
Running Time : 1hr 36 minute
Format           : Mp4
Genre             : Crime, Drama, Mysterey
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းကိုတော့ MMmovie Guideမှ ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်)

No comments:

Post a Comment