Friday, January 15, 2016

Rules of Engagement(2000) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားက ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.4/10 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မရိန်းစစ်သားသူငယ်ချင်း အရင်းကြီး ၂ ယောက် ဗီယက်နမ် စစ်ပွဲမှာ နှစ်ဖွဲ့ခွဲထွက်တဲ့အချိန် ဗိုလ်ဟေးဟော့ဂျက်စ် အဖွဲ့ကို ခြုံခိုတိုက်ခိုက်ခံရပါတယ်။


အဲဒီအချိန်မှာ ဗိုလ်တယ်ရီချိုင်းဒါးရဲ့ လက်မှာ ဗီယက်နမ် ဗိုလ်ချုပ်နဲ့ စက်သမားကို လက်ရမိလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သူ့သူငယ်ချင်းရဲ့ အသက်ကိုကယ်ဖို့ စစ်ပွဲဥပဒေကို ချိုးဖောက်ပြီး စက်သမားကို ပစ်သတ်ပြပြီး ဗိုလ်ချုပ်ကို ချိန်းခြောက်ပြီး သူ့မိတ်ဆွေအသက်ကို ကယ်နိုင်ခဲ့ပါတယ်။ အဲဒီကစပြီး တစ်ကားလုံးမှာ တွေးစရာတွေအပြည့်နဲ့ပေးတော့တာပါပဲ။ ဒဏ်ရာရသွားတဲ့ ဗိုလ်မှူးကြီးဟေး အငြိမ်းစားယူချိန်မှာ ဗိုလ်မှူးကြီးတယ်ရီချိုင်းဒါး ဟာ ယီမင်က အမေရိကန်သံအမတ်ကို ကယ်တင်တဲ့ စစ်ဆင်ရေးမှာ မြို့သား ၈၃ ယောက်ကို သတ်မိပါတော့တယ်။



ဒီအချိန်မှာ သူ့ဘက်က ဒီမြို့သားတွေ စတင်ပစ်ခတ်ကြောင်းအခိုင်အမာပြောနေပေးမယ့် တစ်ကမ္ဘာလုံးရဲ့ လက်ညိုးတွေကို ရှောင်ရှားဖို့အတွက် တယ်ရီ ကိုပဲ မရိန်းစစ်ခုံရုံးက လူသတ်မှုနဲ့ စွဲချက်တင်ပါတော့တယ်။ နိုင်ငံရဲ့ သိက္ခာအတွက် စစ်သားတစ်ယောက်ကို ထိုးကျွေးတဲ့သူကိုအမှန်လို့ပြောမလား အမှားလို့ ပြောမလား။ သူ့အတွက် မျှော်လင့်ချက်မရှိတော့တဲ့အချိန်မှာ သူ့မိတ်ဆွေ အညံ့စားရှေ့နေ ဟေးကိုပဲ အကူအညီတောင်းရပါတော့တယ်။ တရားခွင်မှာတော့ သူအသက်ကယ်ခဲ့တဲ့ သံအမတ်ကြီးကိုယ်တိုင် ဘ၀ပျက်မှာစိုးလို့ လိမ်ညာထွက်ဆိုပါတယ်။ ကိုယ့်ဘ၀နဲ့ တခြားသူဘ၀ယှဉ်လာတဲ့အခါမှာ ဒါက အမှန်လား အမှားလား။ သံအမတ်ကြီးရဲ့ မိန်းမကို သွားတောင်းပန်တဲ့အခါမှာလည်း မိသားစုမပြိုကွဲရအောင် ငြင်းဆိုပြန်ပါတယ်။


ဒါရောအမှန်လား အမှားလား။ အမှန်တရားအတိုင်း ဗိုလ်မှူးကြီးကို အပြစ်ကလွှတ်ပေးပြီး နိုင်ငံက တာဝန်ယူပေးမှာလား။ ဒါမှမဟုတ် အားလုံးစွန့်လွှတ်ပြီးသား စစ်သည်တစ်ယောက်ကိုပဲ စတေးပြီး သိက္ခာဆည်တာက အမှန်လား အမှားလား။ ပြီးဆုံးသွားတဲ့အချိန်ထိ မေးစရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇာတ်ကားကောင်းတစ်ကားကလည်း ပရိသတ်တွေကိုခံစားစရာတစ်ခုခု ပေးစွမ်းနိုင်ဦးမှာ သေချာပါတယ်။
(ဒီဇာတ်ကားကို Ko Ha Des မှ ဘာသာပြန်ပေးထားပြီး . Ko Kyaw Kyaw Zin Phyo မှ အညွှန်းရေးပေးထားပါတယ်။)
@SanWinMaung

File Size                          : 900 Mb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : HD 360P
Translated                       : Ha Des
Encoded                         : San Win Maung

Download and Direct Watch HD 720P

Download and Direct Watch HD small file 360P 

No comments:

Post a Comment