Sunday, July 31, 2016

Channel Myanmar မှ Movie Download နည်း

============================================

ပုံမှန်ကတော့ Download and Watch ဆိုတာကိုနှိပ်ပါ။
adfly မှာ 5 sec စောင့်ပြီး ညာဖက်အပေါ်ထောင့်က Skid ad ဆိုတာကိုနှိပ်ပါ။
ဒါဆိုရင် pCloud မှာဒေါင်းလို့ရပါပြီ။

Download မပေါ်ဘဲ Save to pCloud ပဲပေါ်နေတယ်ဆိုရင်
ကိုယ်ပိုင် pCloud အကောင့်ထဲ Save လုပ်ပြီးမှဒေါင်းပါ။

တကယ်လို့ ကိုယ်ပိုင် pCloud အကောင့်မရှိရင်အောက်ပါအတိုင
်းဆက်လုပ်ပါ။
ကိုယ့်မှာ Email တစ်ခုရှိရပါမယ်။
အဲ့ဒီ Email နဲ့ pCloud မှာ Register လုပ်ပါ။
Email ကနေ Verify လုပ်ပါ။ (Email ဆီသွားပြီး pCloud ကပေးပို့လာတဲ့လင့်မှာ Verify လုပ်ပါ။တစ်ခါတစ်လေ Inboxထဲကို မ၀င်ဘဲ Spamထဲမှာ ၀င်နေတတ်ပါတယ်။သေချာစစ်ပါ)


ဒါဆိုရင် pCloud အကောင့်တစ်ခုရပါပြီ။ 10GB free ပေးထားပါတယ်။
ကိုယ်ပိုင်အကောင့်ဖြစ်တဲ့အတွက် တခြား Data တွေလဲအလကားသိမ်းထားလို့ရပါတယ်။
ဒါကြောင့် pCLoud အကောင့်တစ်ခုလောက်တော့ ကိုယ်ပိုင်ရှိသင့်ပါတယ်။
အကောင့်ဖွင့်ရတာမခက်ခဲသလို ပုံတွေမှာလဲပြပေးထားပါတယ်။

(ပုံလေးတွေမြင်ရဖို့ အောက်မှာ Read more ဆိုတာကိုနှိပ်လိုက်ပါ)


ဖုန်းနဲ့သုံးမယ်ဆိုရင်တော့ pCloud apk လေးရှိထားရင်ပိုအဆင်ပြေပါတယ်။

pCloud apk Download >>>> http://pc.cd/5AfctalK






ပြီးရင် Email မှာ Verify လုပ်ရပါမယ်။
မိမိ pCloud အကောင့်ဖွင့်တုန်းက သုံးခဲ့တဲ့ Email ဆီသွားပါ။ 
pCloud ကပို့ထားတဲ့ mail ကိုဖွင့်ပြီး Verify My Email ဆိုတာကိုနှိပ်ပါ။
ဒါဆိုရင် ကိုယ်ပိုင် pCloud တစ်ခုရပါပြီ။


pCloud အကောင့်ရပြီမို့လို့ www.channelmyanmar.com ကိုသွားပါမယ်။
Download and Watch ဆိုတာကိုနှိပ်ပါမယ်။
adfly မှာ 5 sec စောင့်ပြီး ညာဖက်အပေါ်ထောင့်က Skid ad ဆိုတာကိုနှိပ်ပါမယ်။
Save to pCloud ကိုနှိပ်ပြီး မိမိ pCloud အကောင့်ထဲ ဇာတ်ကားကို Save ပါမယ်။
ပြီးရင် မိမိ pCloud ထဲကနေ ဇာတ်ကားကိုဒေါင်းပါ။







Android ဖုန်းနဲ့ပဲပြသွားပေမယ့်
iOS ပဲဖြစ်ဖြစ် Window ပဲဖြစ်ဖြစ် ဒီသဘောပါပဲ။
ကိုယ်ပိုင် pCloud ဖွင့်ပြီး Movie များစိတ်ကြိုက်ဒေါင်းနိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။

Photo Credit>>>မြန်မာစာတန်းထိုး ဇာတ်ကားများ စုစည်းမှူ

Admin Team : Channel Myanmar

Sunday, July 24, 2016

Tamasha(2015) မြန်မာစာတန်းထိုး



IMDb Rating 7.2/10 ရရှိထားပြီး ခပ်လန်းလန်း ဘောလိဝုကားတစ်ကားကို တင်ပေးလိုက်ပါတယ်
ပုံပြင်တွေအားလုံးကတော့ အတူတူပါပဲဗျာ ဒါပေမဲ့ ခင်ဗျားရဲ့ကိုယ်ပိုင် ဘ၀ဇာတ်လမ်းကို 
ထုဆစ်ပုံဖော်တော့မယ်ဆိုရင်တော့ ခင်ဗျား နားထောင်ခဲ့တဲ့ ပုံပြင်တွေ ဇာတ်လမ်းတွေထဲက
ဇာတ်ကောင်တွေ စရိုက်တွေရဲ့ လွှမ်းမိုးမှုမခံရဘဲ ကိုယ်ပိုင်အမြင်နဲ့ မိမိဘ၀ကို 
ကိုယ်တိုင် ထုဆစ်ပုံဖော်သင့်ပါတယ်
ငယ်စဉ်ကလေး ဘ၀ ကတည်းက ပါးစပ်ရာဇ၀င်တွေ ပုံပြင်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကောင်လေးတယောက်
တကယ့် လူမှုဘ၀ထဲကို ၀င်ရောက်ဖို့ အကြောင်းဖန်လာတော့ ဘယ်လိုတွေများဖြစ်ပျက်မလဲ 
မမျှော်လင့်ထားတဲ့ ခရီးစဉ်တစ်ခုမှာ မမျှော်လင့်ထားတဲ့ ဒုက္ခတွေကြုံရပြီး 
သာမန်သူတွေနဲ့ အမြင်မတူသူတယောက်နဲ့ ဆုံတွေ့ခဲ့မိတဲ့ ကောင်မလေးတယောက်
သူတို့၂ယောက်ဘာတွေများဆက်ဖြစ်ကြမလဲ 
လွှမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းတွေကိုဘဲကြုံတွေ့ရမလား
ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းတွေကိုဘဲ ကြည့်ရှူရမလား 
သိခြင်ရင်တော့ ဆက်လက်ဒေါင်းယူကြည့်ရှူလိုက်ကြပါ



File size...(1GB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Kyaw Ye Aung 



I Spit on Your Grave (1+2+3) မြန်မာစာတန်းထိုး

I Spit on Your Grave (2010) မြန်မာစာတန်းထိုး 

ကားဟောင်းလေးတစ်ကားပါ။တောထဲမှာတစ်ကိုယ်တည်းစာရေးဖို့ ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကို အကျင့်ပျက်ရဲနဲ့ လူတစ်စုက ၀ိုင်းဝန်းနှိပ်စက် မုဒိန်းကျင့်ပြီး သေပြီထင်ခဲ့ပေမယ့် မသေခဲ့တဲ့အခါမှာ သူခံစားခဲ့ရတာထက် ၂ ဆဆိုးအောင် တစ်ယောက်ချင်းကို ပြန်လက်စားချေပါတော့တယ်။ မိသားစုနဲ့အတူမကြည့်သင့်သလို ကြောက်တတ်တဲ့သူ နှလုံးမကောင်းတဲ့သူတွေလည်း မကြည့်သင့်ပါ။

(AP Newschool မှဘာသာပြန်တင်ဆက်ထားပါတယ်။)

File size...(695MB) 
Quality...DVDRip 720p

Format...mp4
Duration....01:48:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Little Neo

 
Download and Watch DVDrip 720p (pCloud Link) 

Download and Watch 360p Small File Size (387MB)

 

I Spit on Your Grave 2 (2013) မြန်မာစာတန်းထိုး 

ဇာတ်လမ်းအကျဉ်းကတော့ မော်ဒယ်ဖြစ်ချင်တဲ ကေတီတစ်ယောက် ဓါတ်ပုံဆရာတစ်သိုက်ဆီ အလကားဓါတ်ပုံရိုက်ခွင့်ရမယ်ဆိုတဲမျော်လင့်ချက်နဲသွားခဲပါတယ်။အဲဒီမှာပဲ ဓါတ်ပုံဆရာရဲညီ သိပ်ကျပ်မပြည့်တဲ ဂျောဂျီ ဟာသူမကိုမြင်မြင်ချင်ကြိုက်သွားပါတယ်။နဂိုကသိပ်ကျပ်မပြည့်သူဆိုတော့ ကေတီတိုက်ခန်းကိုညဘက်မှာခိုးဝင်ပြီး ကေတီကိုRapeလုပ်ပါတော့တယ်။ကေတီရဲအော်သံကြောင့်အိမ်နီးနားချင်းကောင်လေးရောက်လာတဲအခါ ဂျောဂျီဟာ အဲဒီကောင်လေးကိုပါသက်ခဲပါတယ်။ကိစ္စတွေပြီးတော့မှ သူလုပ်ခဲတာတွေကိုသတိရပြီး သူ့အကိုတွေဆီအကူညီလှမ်းတောင်ပါတော့တယ်။သူ့အကိုတွေဟာ လူသက်မူနဲမုဒိန်းမူကိုဖျောက်ဖျက်ဖို့အတွက်ကေတီကိုဖမ်းခေါ်သွားပြီး လိင်ပိုင်ဆိုင်ရာနိုပ်စက်ခဲကြပါတယ်။ဒါကို ကေတီကဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးမလဲ လူယုတ်မာတွေကိုဘယ်လိုများရက်ရက်စက်စက်ဂလဲစားပြန်ချေမလဲ။ဂလဲစာချေတာရောအောင်မြင်ပါ့မလားဆိုတာကို ရင်တဖိုဖိုနဲကြည့်ရမယ်ဇာတ်ကားကောင်းတစ်ကားပါ။၂၀၁၃ခုနှစ်ကထွက်ရှိခဲတာဖြစ်ပြီး IMDB ကတော့5.7ထိရရှိထားတဲ Horror,Thriller အမျိုးအစားပါ။ nudity ခန်းတွေနဲ့ရက်ရက်စက်စက်သတ်ဖြတ်ခန်းတွေကြောင့် အသက်မပြည့်သေးတဲသူတွေမကြည့်သင့်ပါဘူး။

(ဒီဇာတ်ကားကိုတော့ Soe Zayar Win မှဘာသာပြန်တင်ဆက်ထားတာပါ။) 

File size...(800MB) 
Quality...Blu-ray Rip 720p
Format...mp4
Duration....01:46:11
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link) 

  

I Spit on Your Grave 3 (2015) မြန်မာစာတန်းထိုး

I spit on your grave ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း အနိုင်ကျင့်ခံလိုက်ရတဲ့
မိန်းမသားများရဲ့ ရက်ရက်စက်စက်လက်စားချေမှုတွေကို ပြသထားပါတယ်။
Crime, Horror, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (5.2/10) ရရှိထားပါတယ်။


File size...(800MB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....01:32:34
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)
 
 

 

Channel Myanmar Admin Team 

Saturday, July 23, 2016

Drishyam (2015) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ မိတ်ဆွေတို့ရဲ့ ခံယူချက်တွေ အသိအမြင်တွေကို ဗြောင်းဆန်စေမယ့်ဇာတ်ကားပါ။
အသိဥာဏ်တွေကို ဇဝေဇဝါအဖြစ်စေဆုံးကတော့ အမှန်နှစ်ခု ထိပ်တိုက်တွေ့ဆုံလာတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။

ဒီဇာတ်ကားမှာ.........
မင်းသားကြီး A Jay Drvgn က လေးတန်းပဲအောင်တဲ့ မဟုတ်မခံ ရိုးသားကြိုးစားသူ.....
သူက အသိပညာကို သူ့အလုပ် Cable ရုပ်ရှင်လိုင်းက ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး ရှာဖွေတတ်သူ
(ဒါကြောင့် Channel Myanmar ကဇာတ်ကားတွေအဆက်မပြတ်တင်ဆက်ပေးနေတာပါ...ဤကား စကားချပ်)
တစ်နေ့မှာတော့ သူ့သမီးလေးရဲ့ မဖွယ်မရာ ဗွီဒီယိုကို လူတစ်ယောက်က ရိုက်ကူးပြီး သူ့သမီးနဲ့ သူ့မိန်းမကို အကြပ်ကိုင်ပါတော့တယ်။ဒီမှာပဲ လူသတ်မှုတစ်ခု မရည်ရွယ်ဘဲ ဖြစ်ပေါ်လာပါတယ်။
ဒီလူသတ်မှုမှာ သူ့မိသားစုကို ကာကွယ်ဖို့ မင်းသားကြီး A Jay Drvgn က သူသိထားတဲ့ အသိပညာကုန်ထုတ်ပြီး ကြိုးစားပါတော့တယ်။ ဒီအမှုမှာ သူရင်ဆိုင်ရမယ့် လူက ပေါ့သေးသေးပါပဲ။
ဘယ်သူလဲဆိုတော့ အိန္ဒိယနိုင်ငံရဲ့ ရဲချုပ်ပါ။ရဲချုပ်က ပါစင်နယ်အရရော တာဝန်အရရော ပင်ကိုသဘောအရရော ဒီအမှုကို ရေကုန်ရေခန်းလိုက်မှာပါ။
ရဲချုပ်အဖြစ် မင်းသမီး တဘူးက ခပ်ထည်ထည်သရုပ်ဆောင်ထားပြီး သူက ၄ တန်းအောင်လူနဲ့ ပြိုင်မှာပါ။
၎ တန်းပဲအောင်ထားတဲ့ လူကလဲ ခပ်ပေါ့ပေါ့တော့ မဟုတ်ချေ။ သူက ရုပ်ရှင်ဇာတ်ကားတွေကို နေ့ညမပြတ် တောက်လျှောက်ကြည့်နေတဲ့ ရုပ်ရှင်တွေကနေ အသိပညာ အမြင်ဗဟုသုတတွေကို စဉ်ဆက်မပြတ် သောက်သုံးနေတဲ့လူ။ ဒီလိုလူနှစ်ယောက်ရဲ့ အမှန်နှစ်ခုက
မိသားစုအရပါ ထိပ်တိုက်တွေ့လာတဲ့အခါ..............။

အင်မတန့်ကို စိတ်ဝင်စားစရာဇာတ်ကားဖြစ်ပါတယ်။
ဇာတ်ကားအစကတည်းက ဇာတ်ရှိန်တက်လာတာ ဇာတ်လမ်းသာ ပြီးသွားတယ်။ ဇာတ်ရှိန်က မကျသေးဘဲ
ရင်ဘတ်ထဲမှာ ခိုးလို့ခုလု တစ်လစ်ကြီး ကျန်နေခဲ့ပါတယ်။ ဒါရိုက်တာကလဲ ဇာတ်ရှိန်ကိုတောက်လျှောက်တင်ချင်လို့ ထင်ပါတယ်။ Bollywood ရဲ့ အကတွေတောင် မထည့်ထားပါဘူး။
ဒီနှစ်ထဲ ထွက်ရှိပြီးသမျှ Bollywood ဇာတ်ကားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားပါပဲ။
Rating တွေအနေနဲ့လဲ IMDb (8.8/10) နဲ့ Rotten Tomatoes (91%) ထိရရှိထားပါတယ်။
ဒီဇာတ်ကားကိုကြည့်ပြီး မေးခွန်းထုတ်စရာတွေ များပြားသွားပါတယ်။ ဘယ်သူ့ကိုမှ မေးခွန်းထုတ်ချင်တာမဟုတ်ပါဘူး....ကိုယ့်ဖာသာကိုယ်မေးခွန်းထုတ်ချင်တာပါ။
ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပါ။ လုံးဝလက်လွတ်မခံသင့်ပါဘူး။

ကျွန်တော်ဒီဇာတ်ကားကို အလောတကြီးတင်ပေးပြီး မိတ်ဆွေတို့ကိုကြည့်စေချင်တဲ့အကြောင်းရင်းလဲ ရှိပါတယ်။ အဲ့ဒါကတော့ ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှုမှာ တရားရုံးက သက်သေမခိုင်လုံဘဲ သံသယတရားခံကို  သေဒဏ်အထိပြစ်ဒဏ်ချထားတာကို ဘဝင်မကျနိုင်လို့ပါ။ 
ဒီဇာတ်ကားထဲက ထုတ်နုတ်မှုတစ်ခုကို တင်ပြရရင်......
"အပြစ်ရှိတဲ့လူလို့ သတ်မှတ်ရမယ့် သက်သေမရမချင်း .....အပြစ်ရှိရင်တောင်
အပြစ်ပေးလို့မရဘူးလို့ ဥပဒေက အခိုင်အမာ အဓိပ္ပါယ်ဖွင့်ဆိုထားတာပါပဲ။ "

File size...(1.1GB) 
Quality...Blu-ray Rip 720p
Format...mp4
Duration....02:43;32
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(500MB)

  



နမူနာကြည့်ရန်

Special Correspondents(2016) မြန်မာစာတန်းထိုး


 ဒီဇာတ်ကားဟာ……… ရေဒီယိုဂျာနယ်လစ် တစ်ယောက်နဲ့ သူ့ရဲ့နည်းပညာကျွမ်းကျင် သူတို့ နှစ်ယောက်ဟာ တောင်အမေရိကမှာ ပုန်ကန်ထကြွမှုတွေဖြစ်နေစဉ် အတွင်းမှာ ပြန်ပေးဆွဲမှုတစ်ခုပြုလုပ်ရန် လျှို့ဝှက်ကြံစည်ကြပုံကို ဟာသ လေးနှောပြီးရိုက်ကူးထားတဲ့ Comedy ကားကောင်းလေးတစ်ကားဖြစ်ပါတယ် iMDb rating အနေနဲ့ကတော့ဘ5.8/10 ရရှိထားပါတယ်


ဇာတ်ကားကို ဒီလင့်ကနေ ဒေါင်းပါ

(ဇာတ်ကားအညွန်းရေးသူကတော့ Han Htoo Zaw ပဲ ဖြစ်ပါတယ်)

Friday, July 22, 2016

The Family Fang (2015) မြန်မာစာတန်းထိုး

 

မိသားစု comedy drama ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ 
Annie နဲ့ Baxterဆိုတဲ့ မောင်နှမ နစ်ယောက်ဟာ public performance တွေနဲ့ နာမည်ကြီး တဲ့ လင်မယား နှစ်ယောက်ရဲ့ သားသမီးတွေ ဖြစ်ကြပြီး သူတို့ကို ငယ်ငယ်တုန်းက သူတို့ မိဘတွေကအသုံးချခဲ့ကြတယ်လို့ပဲ ထင်နေကြတာပါ။ အရွယ်ရောက်လာတဲ့ အထိ အဆိုပါ အစွဲ ကို မဖျောက်နိုင်ကြသေးပါဘူး။ တစ်နေ့မှာ သူတို့ မိဘတွေ ရုတ်တရက် ပျောက်ဆုံး သွားတဲ့ အခါမှာ ကောင်လေးက ရဲတွေကို တိုင်ဖို့ စိတ်ကူးခဲ့ပေမယ့် ကောင်မလေးကတော့ ဒါဟာသူတို့မိဘတွေရဲ့ နောက်ထပ် ဇာတ်လမ်းဆင်ထားတဲ့ လှည့်ကွက် performanceဖြစ်မယ်လို့ ယူဆမိပြီး ကိုယ့်ဘာသာ ရှာဖို့ စီစဉ် ရာမှ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ...

File size...(600MB)  
Quality...BR-Rip 720p 
Format...mp4
Duration....01:46:21
Subtitle....Myanmar Subtitle (Hardsub)
Encoder....seniorkaung


We Are Your Friends (2015) မြန်မာစာတန်းထိုး

မင်းသားချော Zac Efron အဓိကပါဝင်ထားတဲ့ Drama, Music, Romance အမျိုးအစားဇာတ်ကားပါ။
Zac Efron ကဒီဇာတ်ကားထဲမှာ DJ music ကိုရူးသွပ်သူတစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းကိုတော့ မိတ်ဆက်မပေးတော့ပါဘူး။
IMDb Rating (6.1/10) ရရှိထားတဲ့ Music ဇာတ်ကားလေးပါ။

File size...(850MB) 
Quality...BR-Rip 720p
 

Format...mp4
Duration....01:36:03
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch HD 720p (pCloud Link)


နမူနာကြည့်ရန်
 

Norm Of The North (2016) မြန်မာစာတန်းထိုး



အခုတခါတော့ အန်နီမေးရှင်းနဲ့ ဝေးနေတာကြာဘီဖြစ်တဲ့ ပရိတ်သတ်ကြီးအတွက်
Norm Of The North ဆိုတဲ့ ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ်
ကျတော် သဘောကျမတာက ကာတွန်းကားလေးက လူတွေကို 
မိမိတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အသိပညာပေးကားလေးမို့ပါ
နောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲက စီးပွားရေးသောင်းကျန်းသူ 
မစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါ
သုံးထားတဲ့ ပုံစံလေးက အခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံး
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံး တရုပ်ကို သရော်ထားတာကိုပါပဲ
ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ အာတိတ်ဒေသရဲ့ ဘုရင်လို့ခေါ်ကြတဲ့
ပိုလာဘဲတို့ရဲ့ ဒေသမှာ မစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီး
ရောင်းချဖို့ကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီး
တာဆီးပုံလေးကို ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်
ပုံဖော်ပြထားပြီး ကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာ 
ဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးလို့ 
(ဘာသာပြန်ကတော့ ကိုမျိုးမင်းသူသန်းမြင့်ပါ)



File size...(700MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Myo Min Thu Than Myint
Encoder....Kyaw Ye Aung 


Colonia Dignidad (2016) မြန်မာစာတန်းထိုး


2016 ခုနှစ်ထွက် ဖြစ်ရပ်မှန် အခြေခံထားတဲ့ ဇကားလေးတစ်ကားနဲ့
စီအမ် ပရိတ်သတ်ကြီးကို ဒီညအတွက် မိတ်ဆက်ပေးပါရစေ
ကျတော်ကတော့ အသဲကျော်လေး အမ်မာဝတ်ဆန်ပါလို့ ဒီကားလေးကိုကြည့်မိပြီး
သဘောကျမိတာနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးတာပါ
ကဲ ဇာတ်လမ်းအကျဉ်းလေးကို သွားလိုက်ကြရအောင်ဗျာ
ဇာတ်လမ်း အကျဉ်းလေးကတော့ ချီလီနိုင်ငံရဲ့ ၁၉၇၃ ခုနှစ်ကာလကို အခြေခံပြီးရိုက်ကူးထားပြီး
ချီလီနိုင်ငံက နာမည်ကြီး ကိုလိုနီးယား ဒစ်ကနီဒက် ဆိုတဲ့ ဘုရားရှိခိုးကျောင်းအမည်ခံ 
စစ်အတွင်း ပုန်ကန်ဆန္ဒပြသူတွေကို ရူးသွပ်သည်အထိနှိပ်စက်ပြီး 
အသိစိတ်ကင်းမဲ့စေသောဆေးများကြွေးပြီး 
သူ့ကိုယ်သူ ဘု၇ားနှင့်ဆက်သွယ်နိုင်သည်ဟု ဆိုကာ နှိပ်စက်နေသော ဘုန်းတော်ကြီး
Paul Schäfer အကြောင်းကို ရိုက်ကူးပြထားသော ဇာတ်ကားဖြစ်ပြီး
ဘုန်းတော်ကြီးPaul Schäfer ကတော့ ၂၀၀၄ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး
ကလေးသူငယ်ဆိုင်ရာ လိင်ကျူးလွန်မှုအပါအ၀င် အခြားအမှုပေါင်းများစွာနှင့်
ထောင်ဒဏ် ၃၃ နှစ်ချမတ်ခံရပြီး ၂၀၁၀ ခုနှစ်မှာ စန်တီဂို အကျဉ်းထောင်အတွင်းမှာဘဲ
ဘ၀ ဇာတ်သိမ်းသွားခဲ့ပါတယ်။
လေယာဉ်မယ် လီနာ တဖြစ်လဲ အမ်မာဝတ်ဆန် ဟာ ချီလီနိုင်ငံကို လေကြောင်းတာဝန်အရ လိုက်ပါခဲ့ပြီး
အနားယူရန် ကားဖြင့် ထွက်လာစဉ် ချစ်သူဖြစ်သူ ဒယ်နီရယ် ကိုတွေ့မိပြီး လိုက်ပါသွားခဲ့ရာမှ
ဒယ်နီရယ် မှာ အာဏာရပါတီ၏အတိုက်အခံ ခေါင်းဆောင်၏ပုံကို ဆွဲပေးပြီး စစ်တပ်မှလိုက်ဖမ်းရာမှ ထွက်ပြေးရင်း အဖမ်းခံရရာမှ ကိုလိုနီးယား ဒစ်ကနီဒက်သို့ရောက်ရှိသွားခဲ့ ရာမှာ
ရည်းစားဖြစ်သူ လီနာ က လိုက်သွားခဲ့ပြီး မည်သို့မည်ပုံကယ်တင်မည်ကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ခံစားကြည့်ရှူကြပါအုံးဗျာ
(Based On True Story ဖြစ်တာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတကားဖြစ်ပြီး
သင်ခန်စာယူဖွယ် သမိုင်းဖြစ်ရပ်များကိုတွေ့ရှိရမှာပါ)

File size...(700MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Kyaw Ye Aung 


Thursday, July 21, 2016

The Danish Girl (2015) မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းဟာ ၁၉၂၆ မှာ ဒိန်းမတ်နိုင်ငံက ပန်းချီဆရာလင်မယားရဲ့ အကြောင်းကို ရိုက်ယူထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုပါတယ်။ ပန်းချီဆိုတာ အရောင်တွေ သုံးပြီး ကင်းဗတ်စပေါ် ရေးတယ် ဆိုတာလောက်ပဲ သိတဲ့ ကျနော့်အတွက်တော့ သူတို့ဆွဲတဲ့ ပန်းချီ အမျိုးအစားအယူအဆတွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ယောက်ျားဖြစ်သူ Einar က ရှုခင်းပုံဆွဲပြီး သူ့အမျိုးသမီး Gerda က ပုံတူရေးဆွဲတယ်လို့ပဲ ဆိုပါတော့။ တရက်မှ Gerda ဟာ ပုံတူရေးဆွဲရာမှာ မော်ဒယ်လ်ထိုင်ဖို့ အမျိုးသမီးရောက်မလာလို့ သူ့ယောကျာ်း Einar ကိုပဲ အမျိုးသမီးလို ဆင်ပေးပြီး မော်ဒယ်လ်ထိုင်ခိုင်းခဲ့တယ်။ အမှတ်မထင်ပဲ အဲ့ပန်းချီကားဟာလည်း အောင်မြင်သွားတယ်ပေါ့။ ဒါပေမယ့် တဖက်မှာတော့ သူ့ယောကျာ်း Einar ဟာ ငယ်ငယ်ကတည်းက သူ့မှာ ရှိနေတဲ့ အမျိုးသမီးဖြစ်ချင်တဲ့ စိတ်တွေဟာ သူ့မိန်းမကို အမျိုးသမီးအဖြစ် မော်ဒယ်လ်ထိုင်ပေးပြီး နောက်ပိုင်း တဖြေးဖြေး ထကြွလာပြီး နောက်ဆုံးမှာ လိင်ပြောင်းလဲဖို့အထိ ဖြစ်လာပါတော့တယ်။ Gerda ဟာ ပထမတော့ နည်းနည်း အံ့သြထိတ်လန့် သွားပေမယ့် နောက်ပိုင်းမှာ ဒီကိစ္စကို အတူလက်တွဲပြီးရင်ဆိုင်ခဲ့ပါတယ်။

ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါမျိုးက မြန်မာကားတွေမှာဆို ဟာသလုပ်ပြီးရိုက်လေ့ရှိတယ်။ ဂေးဆိုတာ လှောင်ပြောင်စရာ သတ္တဝါတစ်ကောင်အဖြစ်ပေါ့။ ဒီဇာတ်ကားမှာတော့ Gerda ရယ် Einar ရဲ့ငယ်သူငယ်ချင်းရယ်ဟာ Einar ရဲ့ အဖြစ်ကို အပြည့်အဝ နားလည်မှုရှိစွာနဲ့ ဖေးမကူညီခဲ့ပါတယ်။ Einar ဟာ သူ့ကိုယ်သူ အမျိုးသမီးအဖြစ်ခံယူကာ Lili Elbe လို့နာမည်ပြောင်းခဲ့ပါတယ်။
Lili Elbe ရဲ့ ဒိုင်ယာရီကို ၁၉၃၃ မှာ 'Man into Woman ' ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခဲ့ပြီး သူ့ဟာ နောက်ပိုင်းမှာ လိင်ပြောင်းလဲမှုပြုလုပ်သူတွေ အတွက် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့သတဲ့။ ဒီဇာတ်ကားထဲ မင်းသမီး Alicia Vikander ဟာ Gerda အဖြစ် သရုပ်ဆောင်တာ အတော်မိုက်တယ်ဗျ။ ဒါကြောင့်လည်း သူဟာ ဒီဇာတ်ကားနဲ့ ဟိုတလောက Oscars ဆုပေးတာမှာ Best Supporting Actress ဆုရခဲ့တာပေါ့။
IMDb Rating (7/10)
(ရုပ်ရှင်အညွှန်းကို lynnsettreview.blogspot.com မှကူးယူဖော်ပြပါသည်။)

File size...(950MB) 
Quality...Blu-ray Rip 720p
 

Format...mp4
Duration....01:59:38
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

  




နမူနာကြည့်ရန်
 

The Dark Knight Rises (2012) မြန်မာစာတန်းထိုး

ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။

Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။

ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ Batman ကလည်း Gotham မြို့ကနေ ပျောက်သွားခဲ့ပါတယ်။ ၈နှစ်လုံးလုံး Harvey Dent ရဲ့ လူသတ်မှုတွေကို Batman သတ်တယ်လို့လူတွေထင်နေကြပြီး၊ Harvey Dent ကြောင့် ပေါ်လာတဲ့ ဥပဒေကြောင့် Organized Crime တွေလည်း ပပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထပ် ရန်သူတစ်မျိုးက Gotham ကို နှောက်ယှက်ဖို့ ပြင်ဆင်နေပါတယ်။

တစ်ဖက်မှာ Bane (Tom Hardy) က CIA က ထိန်းသိမ်းထားတဲ့ Nuclear Physicist တစ်ယောက်ကို ဖမ်းခေါ်သွားသလို၊ Selina Kyle (Anne Hathaway) (ကာတွန်းထဲမှာ Catwoman) ကလည်း Bruce Wyane ရဲ့ အိမ်မှာ Harvey Dent အမှတ်တရပွဲလုပ်နေတုန်း ခိုးဝင်ပြီး Bruce အမေရဲ့ လည်ဆွဲကိုခိုးသွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အဓိက ပစ်မှတ်က Bruce ရဲ့ လက်ဗွေ ဖြစ်ကြောင်း Bruce က ရိပ်မိသွားပြီး စုံစမ်းမှုတွေပြု လုပ်ခဲ့ပါတယ်။

Selina က Bruce ရဲ့ လက်ဗွေကို ခိုးပြီးတဲ့နောက်မှာ ပါတီပွဲက Congressman တစ်ယောက်ကိုပါ ပြန်ပေးဆွဲသွားပြီးတော့ လက်ဗွေကိုခိုးခိုင်းတဲ့ သူနဲ့တွေ့ဖို့အတွက် ခေါ်သွားခဲ့ပါတယ်။
ဒါကို Gordon တို့လိုက်ရှာရာကနေ Gordon တစ်ယောက် အဖမ်းခံရပြီး Bane နဲ့တွေ့ခဲ့ပါတယ်။ Bane က Gotham မြို့က မြေအောက် မြောင်းတွေထဲမှာ တပ်စွဲထားတာ ကိုတွေ့လိုက်ပြီး Gordon တစ်ယောက် ကိုယ်လွတ်ရုံးပြေးနိုင်ခဲ့ပါတယ်။

နောက်တစ်ဖက်မှာ Robin John Blake (John Blake လို့ပဲ တစ်ကားလုံးသုံးသွားခဲ့ပါတယ်။) ဆိုတဲ့ ရဲအရာရှိတစ်ယောက်က Gordon ကိုရှာတွေ့သွားပြီးဆေးရုံကိုပို့ပေးခဲ့ပါတယ်။ John Blake ဆိုတဲ့ Character ကို ဒါရိုက်တာက Robin သဘောနဲ့ထည့်ပေးတာဖြစ်ပြီး၊ Batman နဲ့ Robin ဆိုတဲ့ပုံစံကို သွယ်ဝိုက်ပြီးထည့်ပေးထားတာဖြစ်ပါတယ်။ Christopher Nolan က Robin ကို ကာတွန်းထဲကလို ကလေး တစ်ယောက် ထည့်ပေးရင် ယုတ္တိမရှိဘူးလို့ ယူဆတာရယ်၊ Batman & Robin ဇာတ်ကားက လူကြီး Robin ကို ပရိတ်သတ်တွေမကြိုက်တာရယ်ကြောင့် ရဲအရာရှိတစ်ယောက် အနေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။

ဒီနေရာမှာ Bane ရဲ့ ဇာတ်ကြောင်းကို Alfred က Bruce ကိုပြောပြပါတယ်။ Batman Begins မှာတုန်းက Batman ကိုပညာသင်ပေးခဲ့တဲ့ Ra's Al Ghul ရဲ့ တပည့်ဖြစ်ကြောင်း သိလိုက်ရပါတယ်။ Bane က မြေအောက်အကျဉ်းထောင်ထဲမှာ မွေးခဲ့တာဖြစ်ပြီး၊ အစပိုင်းတုန်းက Bane ကို Ra's Al Ghul ရဲ့ သားလို့ Batman က ထင်ခဲ့ပါတယ်။ Bane ရဲ့ အဓိက ရည်ရွယ်ချက်က ပထမဆုံးဇာတ်ကားက Ra's Al Ghul ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Gotham ကို ဖျက်စီးဖို့ ဖြစ်ပါတယ်။

ဒီရည်ရွယ်ချက်ကို ဘယ်လိုအကောင်အထည်ဖော်မလည်း၊ Batman ကရော Gotham မြို့ကိုဘယ်လို ကယ်တင်မလည်းဆိုတာ စိတ်ဝင်စား၊ စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။

Batman Begins, The Dark Knight, The Dark Knight Rises သုံးကားစလုံးက သမိုင်းမှာအကောင်းဆုံး Superheros ဇာတ်လမ်းတွဲ အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သလို၊ ဒီသုံးကားက ပရိတ်သတ်တွေ ရင်ထဲမှာ ကျန်နေခဲ့မယ့် ဇာတ်ကားကောင်းသုံးကားဆို တာ အငြင်းပွားစရာမှရှိနိုင်ပါဘူး။

ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး၊ Sex Scene တစ်ခန်းပါပေမယ့် Explicit မဖြစ်ပါဘူး။ မိသားစုတူတူ ကြည့်ရှုနိုင်မှာဖြစ်သလို၊ အက်ရှင်ကားကြိုက် ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာပါ။

#Sololay

 (ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြသည်။)

File size...(1GB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....02:37:23
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 
 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(500MB)

 
The Dark Knight(2008) ကို http://www.channelmyanmar.com/2015/12/the-dark-knight-2008.html မှာကြည့်ပါ။
နမူနာကြည့်ရန် 

ဖ ရက် ဒီ Vs ဂျေ ဆန်


အကယ်၍ မင်းဟာ Elm Street လမ်းမတွေထက်မှာ
one, two
Freddy's Coming For you
three, Four
Better Lock the Door ……
ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကိုကြားလိုက်ပြီ ဆိုရင်
သေချာတယ် မင်းရဲ့ အဲ့ဒီအိမ်မက်ဆိုးကနေ
မြန်မြန် နိုးထဖို့ လိုနေပါပြီ ဘာ့လို့လဲ ဆိုတော့
မင်း ဆက်ပြီး အိပ်စက်နေဦးမယ်ဆိုရင်
Freddy Krueger ဆိုတဲ့ မကောင်းဆိုးဝါးကြီးက
မင်းကို ထာဝရ မနိုးသောအိပ်စက်ခြင်းတွေဆီကို ရက်ရက်စက်စက် ပို့ဆောင်ပေးတော့မှာမလို့ပါပဲ

အလားတူပဲ Crystal Lake မြို့လေးရဲ့
စခန်းချအနားယူအပန်းဖြေရာ Camp Crystal Lake
မှာ …………
Chi Chi Chi Hah Hah Hah
Chi Chi Chi Hah Hah Hah
ဆိုတဲ့ အသံကြားလိုက်မယ် ဆိုရင်ရော………??
လှည့်ကြည့်မနေပါနဲ့ ပြေးသာ ပြေးပါတော့
Jason ဆိုတဲ့ အမေကိုချစ်တဲ့ သားကြီး မင်းနောက်ကို

ဒီလို ရက်စက်မှုအပေါင်းသရဖူဆောင်း နေတဲ့
လူသတ် သရဲ မိစ္ဆာကြီး နှစ်ကောင်ကို
Crossover လုပ်ထားတဲ့ ဒီဇာတ်ကားဟာ
အသည်းငယ်တတ်သူတွေအဖို့ လုံးဝမကြည့်သင့်တဲ့ဇာတ်ကား
ဖြစ်ပြီး Horror ဇာတ်ကားများကိုကြိုက်နှစ်သက် သူများအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ကားတစ်ကားအဖြစ်ညွှန်းပေးပါရစေ ………
ဇာတ်လမ်းအကျဉ်းအနေနဲ့ပြောရရင်တော့
Freddy ဆိုတဲ့ နာမည်ကို Elm street မှာမေ့မေ့ပျောက်ပျောက်ဖြစ်လာတဲ့ကာလ တစ်ခုမှာ
လူသတ်သရဲကြီး Freddyဟာ တန်ခိုးစွမ်းအားတွေလျော့နည်းလာပါတယ်
သိခဲ့တဲ့ လူကြီးသူမတွေဟာလဲ လူငယ်တွေ
ဘေးအန္တရာယ် ကင်းရေးအတွက် Freddy ရဲ့နာမည်ကို
လုံးဝ အစဖျောက်ထားပါတယ်
အဲ့ဒီမှာ Freddy ဟာ သူ့ရဲ့စွမ်းအားတွေပြန်ရရှိပြီး
အဆုံးမဲ့အိမ်မက်ဆိုးတွေနဲ့ ပြန်လည်ခြောက်လှန့်ရက်စက်
ဖို့လိုတဲ့အတွက် နည်းလမ်း တစ်ခု နဲ့ သူ့ရဲ့နာမည်ကိုပြန်
အမှတ်ရလာအောင် ကြံစည်ပါတော့တယ်
တစ်ခြားတော့မဟုတ်ပါဘူး Friday the 13th ဇာတ်ကားများရဲ့ လူသတ်သမားကြီး Jasonကို
ပြန်အသက်သွင်းကာ Elm Street ကို ခေါ်ဆောင်လာပြီး
Jasonကျူးလွန်တဲ့ လူသတ်မှုများအတွက်
Freddy အမည်ခံကာ သူ့ရဲ့နာမည်ကို
ပြန်လည်အမှတ်ရလာစေဖို့ စီစဉ်ပါတော့တယ်
ဒါပေမယ့် Freddyအတွက် ကိုယ်မွေးတဲ့မျောက်
ကိုယ့်ပြန်ခြောက်လာခဲ့တဲ့ အခါမှာတော့……………
ဆက်ပြောရင် Spoil ကုန်မှာစိုးတဲ့အတွက်
ဇာတ်ကားအစအဆုံး ရင်တထိတ်ထိတ် အသဲတစ်ယားယား
ခံစားမှုရသများကိုပေးစွမ်းနိုင်မယ့် ဒီကားလေးကို
ငွေရောင်ပိတ်ကားကြီး ထက်မှာ အဲလေ
မှန်သားပြင်ထက်မှာသာ
ဆက်လက်ရှုစားဖို့ပဲတိုက်တွန်းလိုက်ပါရစေ ခင်ဗျာ

ဒီကားလေးက ဒီနေ့မှာကျရောက်တဲ့
CM Team မှ ဘာသာပြန် ညီလေး Ye Khant Min
ရဲ့မွေးနေ့ အမှတ်တရလက်ဆောင်အနေနဲ့ CM ပရိတ်သတ်ကြီးအတွက် သူကိုယ်တိုင်ဘာသာပြန်ထားတဲ့
လက်ဆောင် ဇာတ်ကားလေး ပဲဖြစ်ပါတယ်
ညီလေး Ye Khant Min
ဒီနေ့မှာကျရောက်တဲ့ မွေးနေ့မှစ
နောက်နှစ်ပေါင်းများစွာတိုင် စိတ်သွားတိုင်းကိုယ်ပါ
လိုရာဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်စုံ ပြီး
ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လို့
ကျွန်တော်တို့ Channel Myanmar
ဝိုင်းတော်သူ ဝိုင်းတော်သားအပေါင်းမှ ဆုမွန်ကောင်းတောင်း
ပေးလိုက်ပါတယ် ခင်ဗျာ

ဇာတ်လမ်း အညွှန်းရေးသား သူကတော့ ……ဟုတ်ကဲ့
ကျွန်တော် Han Htoo Zaw ပဲဖြစ်ပါတယ်

File Size         : 700 MB
Quality           : Blu ray 720P
Running Time : 1hr 37 minute
Format           : Mp4
Genre             : Action, Horror, Thriller

Encoder         : Joker.phs



Wednesday, July 20, 2016

Ugly Duckling Don't (2015) မြန်မာစာတန်းထိုး




ပေါ့ပေါ့ပါးပါးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ထိုင်းဇာတ်လမ်းလေးနဲ့ကိုကြည့်ရှုကြစို့
ဇီရိုးဆိုတဲ့ ကောင်လေးဟာ မဟုတ်မခံ သူ့ကျောင်းမှာဆိုရင်လည်းလူစွာလူမိုက်...
အဲ့ဒီကျောင်းကိုရောက်ရှိလာတဲ့ ကျောင်းသူလေး Maewnam....
Maewnam ဆိုတာကလည်း ငယ်ငယ်ကတည်းက သူ့ကို ရုပ်ဆိုးတယ်လို့ပြောရင်
ဆိုက်ကိုဝင်ပြီး လူရှေ့သူရှေ့ထွက်မပြရဲသူ.....သူ့မျက်သူတောင်မပြရဲလို့ မျက်နှာကို
ကတ်ထူပုံးစွပ် တက်ခံရပေမယ့် ကျောင်းမှာတကယ်ခင်တဲ့သူငယ်ချင်းနဲ့တယောက်ရရှိခဲ့ပြီး
ဇီရိုးဆိုတဲ့ ကောင်လေးကရော ရုပ်ဆိုးမလေးနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြအုံးမလဲဆိုတဲ့
သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းတွေဟာဘယ်လိုဆက်ဖြစ်မှာလဲ...
သံယောဇဉ်တွေ ကိုပဲအရင်ဆောက်တည်မှာလား...အချစ်ဆိုတဲ့အရာကိုပဲဆောက်တည်မှာလား
မေးခွန်းတွေ နဲ့ ကြည့်ရမှာမို့ သူငယ်ချင်းဆိုတဲ့အဖြူရောင်စိတ်ကိုပဲ ဆေးဆိုးကြမှာလားဆိုတာကို
စောင့်မျော်ကြည့်ရင်း အားပေးကြပါအုံးစို့
(ဇာတ်လမ်းအညွှန်းကိုတော့ ကိုအောင်ပြေကရေးသားပေးခဲ့တာပါ)
အားလုံး အပိုင်း ၇ပိုင်းရှိပြီး ဆက်လက်တင်ပေးသွားမှာမို့ အားပေးလိုက်ကြပါအုံးဗျာ
အပိုင်း၆ ကို မြန်မာ အင်္ဂလိပ် ၂ဘာသာဖြင့် Subtitle ထည့်ပေးထားသေကြောင့်
Vlc ဖြင့်ကြည့်ပါက Subtitle >> Sub track တွင် Track 2 အားရွေးချယ်ကြည့်ရှူရမည်ဖြစ်ပြီး
ဖုန်းဖြင့်ကြည့်ရှူပါက MX Player တွင် Subtitle option တွင် Track 2 အား အမှန်ခြစ်ပေးကြည့်ရှူနိုင်ပါသည်။

File size...(400MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Wut Mone
Encoder.... Aung Pyay

Marauders (2016) မြန်မာစာတန်းထိုး



IMDb rating 5.4/10 ရရှိထားတဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ကားလေး တကားနဲ့
 မိတ်ဆက်ပေးပါရစေ ဇာတ်လမ်း အကျဉ်းလေးကတော့
ဘဏ်တခုကို ဓါးပြတိုက်မှုတစ်ခုကနေစတင်ထားပြီး
ဓါးပြမှုမှာ ကျန်ရှိခဲ့တဲ့ သဲလွန်စတွေအကုန်လုံးက ဘဏ်ပိုင်ရှင်နဲ့
သူ့ရဲ့ ပါတနာဖောက်သည်ကို ညွှန်ပြနေမှုကြောင့်
FBI က မသင်္ကာဘဲ လိုက်လံစုံစမ်းရာမှ ဘယ်လို အရှုပ်တော်ပုံတွေပေါ်ပေါက်လာလေမလဲ
ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဘဲ ကြည့်ရှူလိုက်ကြပါတော့ဗျာ



File size...(700MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Linn Thura 1988 

Encoder....Kyaw Ye Aung



Rambo: First Blood (1982) မြန်မာစာတန်းထိုး

ရမ်ဘိုဆိုတာနဲ့အားလုံးရင်းနီးပြီးသားဇာတ်ကောင်တစ် ယောက်လို့ကျွန်တော်ပြောရင်လွန်မယ်မထင်ပါဘူး ရမ်ဘိုဇာတ်ကောင်တစ်ဖြစ်လဲဆီဗက်စတာစတားလုံးဟာဆိုရင်rocky ဇာတ်ကားနဲ့ရုပ်ရှင်လောကကိုရောက်လာခဲ့တဲ့ မင်းသားတစ်လက်ပါကြိုးစားမှုအလွန်ပြင်းထန်တဲ့ စတားလုံးရဲ့ဇာတ်ကားအားလုံးကိုကျွန်တော်အလွန်ပင် နစ်သက်ပါတယ်

ဒီဇာတ်ကားလေးဟာတော်တော်လေး ကြာခဲ့ပါပြီပလပ်စတစ်အိတ်မှာတောင်မှာရမ်ဘိုအိတ်လို့တံဆိပ်တပ်ရသည်အထိရမ်ဘိုဇတ်ကားရဲ့ဆွဲ ဆောင်အားကကောင်းခဲ့တာပါchannel myanmar ပရိတ်သတ်တွေကိုဇတ်ကားဟောင်း နေပေမဲ့မြန်မာစာတန်းထိုးကွာလတီကောင်းကောင်း နဲ့ခံစားစေချင်တာကျွန်တော်တို့စေတနာပါ

ဒီဇာတ်ကား အကြောင်းကိုပြောရရင်ရမ်ဘိုတစ်ဖြစ်လဲ စတားလုံး တစ်ယောက်သူငယ်ချင်းကိုရှာရင်းမြို့ တစ်မြို့ ကို ရောက်ရှိပြီးရဲတွေရဲ့နိပ်စက်ညှဉ်းပန်းခံရမှုကနေဘယ် လိုလွတ်အောင်စွန့်စားရုန်းထွက်ရမလဲဆိုတာရင်တဖို ဖိုနဲ့ကြည့်ရမှာပါ စတားလုံးရဲ့မပျင်းမရိသဘာဝကျကျ သရုပ်ဆောင်ချက်တွေကပရိတ်သတ်တွေကိုဆွဲဆောင် သွားမယ်လို့အာမခံပါတယ်ဒီဇတ်ကားက၄ပိုင်းထွက် ရှိထားပါတယ်ကျွန်တော်က၂ပိုင်းကိုအရင်လုပ်ပြီးကျန် တဲ့နစ်ပိုင်းကိုတော့ကျွန်တော့်ညီငယ်လေးတစ်ယောက် ကလုပ်ပေးသွားမှာပါ

ပရိတ်သတ်တွေကျွန်တော် (စိုးထွေး)ရဲ့၂၃ကားမြောက်ဘာသာပြန်ကားလေးကို အားပေးကြပါအုံးလို့ပြောကြားရင်းဒေါင်းလော့သာဆွဲ ကြပါတော့လို့

File Size         : 740 MB
Quality           : Blu ray 720P
Running Time : 1hr 33 minute
Format           : Mp4
Genre             : Action, adventure
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

Tuesday, July 19, 2016

အဲလက်စ်

Alice In wonderland (2010) မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးဟာ Imdb 6.5 ထိရရှိထားပြီး စာရေးဆရာ lewis Carrol ရဲ့ နာမည်ကျော်စိတ်ကူးယဉ်ဝတ္ထုစာအုပ်ကိုနာမည်ကျော်ဒါရိုက်တာကြီး Tim burtonကရုပ်ရှင်အဖြစ်ပြန်လည်းအသက်သွင်း ရိုက်ကူးခဲ့တဲ့ Adventure,Fantasy အမျိုးအစား မိသားစုကြည့်ရှုနိုင်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်းဆိုရင် အဲလစ် ဟာ အင်္ဂလိပ်တော်ဝင်မိသားစုတစ်က ဆယ့်ကိုးနှစ်အရွယ်ရှိ စေ့စပ်ကြောင်းလမ်းပြီးထားတဲ့သမီးငယ်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ စေ့စပ်ပွဲမှာ သူမဟာ အသိုင်းအဝိုင်းကြားက မာနတွေ အတ္တတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကိုသည်းမခံနိုင်တော့တာကြောင့် ခြေဦးတည့်ရာပြေးထွက်ခဲ့ရင်း ပန်းဥယျာဉ်တစ်နေရာအရောက်မှာ ထူးဆန်းတဲ့အသွင်ရှိတဲ့ ယုန်တစ်ကောင်နောက်ကိုလိုက်ရင်းနဲ့ ကျင်းနက်ကြီးထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။

သူမ ရောက်ရှိသွားခဲ့တဲ့ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေနဲ့ပြည့်နှက်နေတဲ့ နေရာကတော့ "Underland" လို့ခေါ်တဲ့ ထူးဆန်းအံ့ဩဖွယ်ရာမှော်မြို့တော်ကြီးဖြစ်နေပြီးတော့ နေရာအနှံ့မှာ စကားပြောတတ်တဲ့ တိရိစ္ဆာန်တွေ ထူးဆန်းတဲ့ပုံစံနဲ့ ကလေးငယ်တွေ အကျင့်မကောင်းတဲ့ မှော်ဘုရင်မနဲ့ စစ်သည်တော်တွေ ဟာ သူမအတွက် အိပ်မက်ဆိုးလိုဖြစ်ခဲ့ပြီး အဲလစ်တစ်ယောက် အဲ့ဒီ နေရာမှာဘယ်လိုကျင်လည်နိုင်မလဲ သူမရဲ့ လက်ရှိဘဝကိုပြန်ရောက်နိုင်မလားဆိုတာကိုတော့ ရုပ်ရှင်ကိုပဲဆက်လက်ခံစားကြည့်ရှုလိုက်ကြပါတော့ခင်ဗျာ။

File Size         : 800 MB
Quality           : Blu ray 720P
Running Time : 1hr 48 minute
Format           : Mp4
Genre             : Adventure, Family, Fantasy
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းရေးသူကတော့ Moe Oo Mann ပဲ ဖြစ်ပါတယ်)

Alice Through Looking Glass (2016) မြန်မာစာတန်းထိုး


Alice Through Looking Glass ဟာ ၁၈၆၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Charles Lutwidge Dodgson ရဲ့ နာမည်ကြီးဝတ္ထုအတွဲတွေကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းခံရတဲ့ ဒုတိယမြောက် ဇာတ်ကားပဲ ဖြစ်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၀ မှာ ထွက်ရှိခဲ့တဲ့ ပထမ ဇာတ်ကား Alice In Wonderland ရဲ့ sequel ဖြစ်တာနဲ့ အညီ ပထမကားကို ကြည့်ထားမှ နားလည်နိုင်မှာကြောင့် Alice In Wonderland ကို ကြည့်ကြဖို့ တိုက်တွန်းပါရစေ

ခု ဒုတိယဇာတ်ကားဖြစ်တဲ့ Alice Through Looking Glass ရဲ့ ဇာတ်လမ်း အကျဉ်းချုံးအနေအထားကို ပြောရရင်တော့... Alice တစ်ယောက် အပြင် ကမ္ဘာ့မှာ သဘောင်္ကပ္ဗတိန်တစ်ယောက်အဖြစ်နဲ့ စွန့်စားခန်းတွေ ဖွင့်နေရင်း သူ့တိုင်းပြည်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ့ အမေ့က သူ့ကို သင်္ဘောကို ရောင်းချဖို့ ပြင်ဆင်နေတာကို တွေ့လိုက်ရတဲ့ Aliceတစ်ယောက် သူ့ အမေနဲ့ စိတ်ဆိုးပြီး ထိုင်နေတုန်း အက်ပလွန်ရဲ့ ခေါ်ဆောင်မှူနဲ့ Underland လို့ ခေါ်တဲ့ မှော်ကမ္ဘာထဲကို ပြန်ရောက် လာပါတော့တဲ့။ အဲဒီအချိန်မှာ သူမတွေ့ရှိလိုက်ရတာကတော့ Hatter ရဲ့ စိတ္တဇရောဂါဖြစ်နေတဲ့  အခြေအနေပါပဲ။ အဲဒီ စိတ်ရောဂါကက ဘာကြောင့် ဖြစ်နေရတာလဲ ????

Alice တစ်ယောက် Mad Hatter နဲ့ Underland ရဲ့ ကံကြမ္မာ ကို ကယ်တင်ဖို့အတွက် သူမ သူငယ်ချင်းတွေရဲ့ အကူအညီတွေကို ယူပြီး အချိန်နောက်ပြန် ခရီးသွားရပါတော့မယ် မိစ္ဆာမကြီး Red Queen နဲ့ နာရီ တစ်ဖြစ်လဲ Timeတို့ကို ဘယ်လို အနိုင်ယူ ရမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတော့တယ်။ ဟတ်တာကိုရော ပြန်ကယ်တယ်နိုင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ Hatter အဖြစ် ကျွန်တော်တို့ အချစ်တော် မင်းသားကြီး Johnny Deepကနေ သရုပ်ဆောင်ထားပါတယ်။

ထွက်သမျှတွေထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTCဗားရှင်းနဲ့ တင်ပေးထားပါတယ်။ ကာလာတွေလဲ တော်တော်စုံတာမို့ ကြည့်ရတာ အဆင်ပြေမယ် ထင်ပါတယ်။Blu Ray ထွက်ရင်လဲ ထပ်ပြီး updateလုပ် ထပ်တင်ပေးသွားမှာမို့ blu rayမှ ကြည့်မယ်ဆိုတဲ့လူတွေတော့ စောင့်ကြပါလို့......

File Size         : 900 MB
Quality           : 720 HDTC
Running Time : 1hr 53 minute
Format           : Mp4
Genre             : Adventure, Family, Fantasy
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)