Tuesday, July 19, 2016

အဲလက်စ်

Alice In wonderland (2010) မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးဟာ Imdb 6.5 ထိရရှိထားပြီး စာရေးဆရာ lewis Carrol ရဲ့ နာမည်ကျော်စိတ်ကူးယဉ်ဝတ္ထုစာအုပ်ကိုနာမည်ကျော်ဒါရိုက်တာကြီး Tim burtonကရုပ်ရှင်အဖြစ်ပြန်လည်းအသက်သွင်း ရိုက်ကူးခဲ့တဲ့ Adventure,Fantasy အမျိုးအစား မိသားစုကြည့်ရှုနိုင်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်းဆိုရင် အဲလစ် ဟာ အင်္ဂလိပ်တော်ဝင်မိသားစုတစ်က ဆယ့်ကိုးနှစ်အရွယ်ရှိ စေ့စပ်ကြောင်းလမ်းပြီးထားတဲ့သမီးငယ်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ စေ့စပ်ပွဲမှာ သူမဟာ အသိုင်းအဝိုင်းကြားက မာနတွေ အတ္တတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကိုသည်းမခံနိုင်တော့တာကြောင့် ခြေဦးတည့်ရာပြေးထွက်ခဲ့ရင်း ပန်းဥယျာဉ်တစ်နေရာအရောက်မှာ ထူးဆန်းတဲ့အသွင်ရှိတဲ့ ယုန်တစ်ကောင်နောက်ကိုလိုက်ရင်းနဲ့ ကျင်းနက်ကြီးထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။

သူမ ရောက်ရှိသွားခဲ့တဲ့ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေနဲ့ပြည့်နှက်နေတဲ့ နေရာကတော့ "Underland" လို့ခေါ်တဲ့ ထူးဆန်းအံ့ဩဖွယ်ရာမှော်မြို့တော်ကြီးဖြစ်နေပြီးတော့ နေရာအနှံ့မှာ စကားပြောတတ်တဲ့ တိရိစ္ဆာန်တွေ ထူးဆန်းတဲ့ပုံစံနဲ့ ကလေးငယ်တွေ အကျင့်မကောင်းတဲ့ မှော်ဘုရင်မနဲ့ စစ်သည်တော်တွေ ဟာ သူမအတွက် အိပ်မက်ဆိုးလိုဖြစ်ခဲ့ပြီး အဲလစ်တစ်ယောက် အဲ့ဒီ နေရာမှာဘယ်လိုကျင်လည်နိုင်မလဲ သူမရဲ့ လက်ရှိဘဝကိုပြန်ရောက်နိုင်မလားဆိုတာကိုတော့ ရုပ်ရှင်ကိုပဲဆက်လက်ခံစားကြည့်ရှုလိုက်ကြပါတော့ခင်ဗျာ။

File Size         : 800 MB
Quality           : Blu ray 720P
Running Time : 1hr 48 minute
Format           : Mp4
Genre             : Adventure, Family, Fantasy
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းရေးသူကတော့ Moe Oo Mann ပဲ ဖြစ်ပါတယ်)

Alice Through Looking Glass (2016) မြန်မာစာတန်းထိုး


Alice Through Looking Glass ဟာ ၁၈၆၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Charles Lutwidge Dodgson ရဲ့ နာမည်ကြီးဝတ္ထုအတွဲတွေကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းခံရတဲ့ ဒုတိယမြောက် ဇာတ်ကားပဲ ဖြစ်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၀ မှာ ထွက်ရှိခဲ့တဲ့ ပထမ ဇာတ်ကား Alice In Wonderland ရဲ့ sequel ဖြစ်တာနဲ့ အညီ ပထမကားကို ကြည့်ထားမှ နားလည်နိုင်မှာကြောင့် Alice In Wonderland ကို ကြည့်ကြဖို့ တိုက်တွန်းပါရစေ

ခု ဒုတိယဇာတ်ကားဖြစ်တဲ့ Alice Through Looking Glass ရဲ့ ဇာတ်လမ်း အကျဉ်းချုံးအနေအထားကို ပြောရရင်တော့... Alice တစ်ယောက် အပြင် ကမ္ဘာ့မှာ သဘောင်္ကပ္ဗတိန်တစ်ယောက်အဖြစ်နဲ့ စွန့်စားခန်းတွေ ဖွင့်နေရင်း သူ့တိုင်းပြည်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ့ အမေ့က သူ့ကို သင်္ဘောကို ရောင်းချဖို့ ပြင်ဆင်နေတာကို တွေ့လိုက်ရတဲ့ Aliceတစ်ယောက် သူ့ အမေနဲ့ စိတ်ဆိုးပြီး ထိုင်နေတုန်း အက်ပလွန်ရဲ့ ခေါ်ဆောင်မှူနဲ့ Underland လို့ ခေါ်တဲ့ မှော်ကမ္ဘာထဲကို ပြန်ရောက် လာပါတော့တဲ့။ အဲဒီအချိန်မှာ သူမတွေ့ရှိလိုက်ရတာကတော့ Hatter ရဲ့ စိတ္တဇရောဂါဖြစ်နေတဲ့  အခြေအနေပါပဲ။ အဲဒီ စိတ်ရောဂါကက ဘာကြောင့် ဖြစ်နေရတာလဲ ????

Alice တစ်ယောက် Mad Hatter နဲ့ Underland ရဲ့ ကံကြမ္မာ ကို ကယ်တင်ဖို့အတွက် သူမ သူငယ်ချင်းတွေရဲ့ အကူအညီတွေကို ယူပြီး အချိန်နောက်ပြန် ခရီးသွားရပါတော့မယ် မိစ္ဆာမကြီး Red Queen နဲ့ နာရီ တစ်ဖြစ်လဲ Timeတို့ကို ဘယ်လို အနိုင်ယူ ရမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတော့တယ်။ ဟတ်တာကိုရော ပြန်ကယ်တယ်နိုင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ Hatter အဖြစ် ကျွန်တော်တို့ အချစ်တော် မင်းသားကြီး Johnny Deepကနေ သရုပ်ဆောင်ထားပါတယ်။

ထွက်သမျှတွေထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTCဗားရှင်းနဲ့ တင်ပေးထားပါတယ်။ ကာလာတွေလဲ တော်တော်စုံတာမို့ ကြည့်ရတာ အဆင်ပြေမယ် ထင်ပါတယ်။Blu Ray ထွက်ရင်လဲ ထပ်ပြီး updateလုပ် ထပ်တင်ပေးသွားမှာမို့ blu rayမှ ကြည့်မယ်ဆိုတဲ့လူတွေတော့ စောင့်ကြပါလို့......

File Size         : 900 MB
Quality           : 720 HDTC
Running Time : 1hr 53 minute
Format           : Mp4
Genre             : Adventure, Family, Fantasy
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)

No comments:

Post a Comment