ဒီဇာတ်ကားလေးက မှတ်မှတ်ရရ ကျွန်တော်အတော်လေးနစ်သက်ခဲ့တဲ့ဇတ်ကားလေးလို့ပြောပါရစေ။
ဒိုနီယန်းကိုစမသိခင်ကတည်းက ဒီဇာတ်ကားလေးကြည့်ပြီး ဘရိတ်ဒန့်မင်းသားလို့ လူပြောများတဲ့
မင်းသားတစ်လက်ကိုစသိခဲ့တာပါ။ အခုဆိုရင်ဒိုနီယန်းဟာအာရှရဲ့ ဝင်ငွေအကောင်းဆုံးမင်းသားတွေ
ထဲက မင်းသားတစ်ယောက်အာရှကျားတစ်ကောင်ဖြစ်နေပါပြီ။
ဒီဇတ်ကား ကိုကျွန်တော်အွန်လိုင်းကနေခက်ခက်ခဲခဲရှာဖွေဒေါင်းလော့ဆွဲပြီးစာဖိုင်တွေကိုခက်ခက်ခဲခဲရှာခဲ့ရ BluRay ကွာလတီကိုခက်ခက်ခဲခဲရှာဖွေခဲ့ရတာပါ။ ဒီဇတ်ကားလေးဟာအက်ရှင်ကြိုက်ပရိတ်သတ်တွေအားပေးရကျိုးနပ်စေမယ့် ဇာတ်ကားတစ်ကားလို့ပြောချင်ပါတယ်။
ဇာတ်လမ်းအစမှာ အမေရိကားမှာအလုပ်လုပ်တဲ့လူငယ်လေးတစ်ယောက်ရယ် ဘိန်းမှောင်ခိုအဖွဲ့တစ်ဖွဲ့ရယ် ပက်သက်မိရာကနေစတင်ထားပါတယ်။ ဘိန်းမှောင်ခိုဂိုဏ်းအဖွဲ့တွေထဲမှာ အစိုးရငှာနကလူကြီးတွေအများအပြားပါဝင်နေတာဟာလည်း ဒီဇာတ်ကားကိုစိတ်ဝင်စားမှုမြင့်တက်လာစေပါတယ်။ ရဲစုံထောက်နေရာမှာ သရုပ်ဆောင်ထားတဲ့ခပ်ကြမ်းကြမ်းစိတ်ဆတ်တဲ့စုံထောက်ကြီးဒိုနီယန်းရဲ့ သရုပ်ဆောင်ကောင်းမှု
တွေ ကြောင့်လည်းဇာတ်ကားကောင်းတစ်ကားဖြစ်လာခဲ့ရတာပါ။ ဟောင်ကောင်ဂျက်မလို့ လူသိများတဲ့မင်းသမီးလည်းပါဝင်ထားပါတယ်။ အကောင်းဆုံးကိုမှကြည်ချင်တဲ့ပရိတ်သတ်တွေအတွက် ဒီကားလေးကငွေကုန်ရ ကျိုးနပ်စေပြီး သိမ်းထားရသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ်ညွန်းဆိုလိုက်ရပါတယ်။
(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Soe Htwe ပဲဖြစ်ပါတယ်။)
@Sanwinmaung
File Size : 1100 Mb
Quality : HD 720P
File Size 2 : 500 Mb
Quality : 360P
Running Time : 1h 34m
Translator : Soe Htwe
Encoder : San Win Maung
No comments:
Post a Comment