Sunday, July 12, 2015

X-men: The Last Stand (2006) မြန်မာစာတန်းထိုး



X-Men Superheroes ကြိုက်တဲ့သူတိုင်း X-Men ကို သိကြပါတယ် .. Wolverine တို့  Megneto တို့  Professer X တို့ ဆိုတာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက အားကျခဲ့ကြတဲ့ Heroes တွေပါ .. ပတ်ဝန်းကျင်နဲ့  သဟဇာတမဖြစ်တဲ့ဆယ်ကျော်သက်ကလေးတွေတော်တော်များများ လူသားအားလုံးရဲ့  အပယ်ခံ Emo ဆန်ဆန် Mutant လို့ ခေါ်တဲ့ သန္ဒေပြောင်းလူသားတွေကို အရမ်းသဘောကျခဲ့ကြတာပါ ... . .

 X-Men တွေကို ကာတွန်းကား Series အဖြစ် ထွက်ခဲ့တာကတော့ ကြာပါပြီ .. Live-Action ကားအဖြစ် ပထမဆုံးအသက်သွင်းခဲ့ကြတာကတော့ X-Men (2000) ပါ ... Wolverine ကို စမိတ်ဆက်ပေးတဲ့ကား Mutant တွေရဲ့ ခိုလှုံရာကျောင်းကြီးကို စမိတ်ဆက်ပေးတဲ့ကား Professor X နဲ့  Megneto တို့ အကြောင်းကို စမိတ်ဆက်ပေးတဲ့ကားအဖြစ်နဲ့  X-Men Fans တွေကတော့ သိကြပါတယ် ... . .

 X2 (2003)မှာတော့  President ကြီးကို လုပ်ကြံဖို့  ကြိုးစားခဲ့တဲ့ Mutant ကို လိုက်ရှာရင်းနဲ့  Mutant Academy ကျောင်းကြီးက Mutants တွေကိုပါ စစ်တပ်လက်ကနေ လွတ်အောင် ခေါ်ထုတ်ဖို့  ကြိုးစားရမယ့် X-Men အဖွဲ့ ရဲ့  ဒုတိယ ဇာတ်လမ်းတစ်ပုဒ်ပါ ... . .

X-Men: The Last Stand (2006) မှာတော့Mutants တွေကို ရောဂါတစ်ခုလို့  သတ်မှတ်ထားတဲ့သိပံ္ပပညာရှင်တစ်စုက Mutant ကနေ ရိုးရိုးလူပြန်ဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ဆေး ဖန်တီးနိုင်ခဲ့ပါတယ် .. ဒီလိုမျိုးဆေး ပေါ်ပေါက်လာတာဟာ Mutant မျိုးနွယ်စုကို စော်ကားခြင်းဆိုပြီး Magneto ဦးဆောင်တဲ့ Brotherhood Mutants တွေအားလုံး လူတွေကို ချေမှုန်းဖို့  ကြိုးစားကြတာကို Professer X ခေါ်ဆောင်တဲ့ X-Men အဖွဲ့ က တားဆီးဖို့  ကြိုးစားရမှာပါ …

Movie Download Link>>>>http://adf.ly/1KhTwI

Small File Size Download Link>>>>http://adf.ly/1KhTzm

(ဒီဇာတ်ကားအတွက် အညွန်းကိုတော့ Aung Wunna Kyawမှနေပြီး ရေးပေးထားတာ ဖြစ်ပါတယ်။ပေ့မှာတော့ ပထမဆုံးထွက်တဲ့ ၂ကားကလွဲရင် ကျန်တဲ့ X-menကားတွေအကုန်လုံးကို www.channelmyanmar.comက Searchကနေ ရှာကြည့်လို့ရပါတယ်)

@joker

No comments:

Post a Comment