Wednesday, July 1, 2015

KICK (2014) မြန်မာစာတန်းထိုး




ဒီကားလေးက bollywood မင်းသား

ဆလက်မန်ခမ်း ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးပါ

ဇာတ်လမ်းအကျဉ်းမှာတော့

ရိုင်နာဆိုတဲ့ မင်းသမီးဟာ သူမအဖေ၏ စကားအရ
လူတစ်ဦးနဲ့သွားရောက်ဖို့အကြောင်းဖန်လာပါတယ်

ထိုသူသည်ရဲအရာရှိတစ်ဦးဖြစ်၍ နာမည်ကျော် လူဆိုးဖမ်းအရာရှိတစ်ဦးလည်းဖြစ်သည်

ရှိုင်နာ နဲ့ ထိုရဲအရာရှိတွေ့ဆုံပြီး လက်ထပ်ဖို့ ကိစ္စ
ဆွေးနွေးရမည်ဖြစ်သော်လည်း
အတိတ်ဇာတ်လမ်းကိုသာ ပြောဖြစ်ခဲ့ကြသည်

ရိုင်နာ၏ အတိတ်မှာတော့ မေ့မရခဲ့တဲ့ချစ်သူ ရှိခဲ့ကြောင်း ပြောပြခဲ့သည်။
သူ၏ အမည်မှာဒေးဗစ်ဆင်းဂ် ဖြစ်သည်။
သူသည် လူအများအား စနောက်သန်သူဖြစ်၍ ကူညီတတ်သူလည်းဖြစ်သည်။
တစ်နေ့မှာ သူမ၏အဖေနှင့် တွေ့ပြီးအပြန်
သူမက အလုပ်လုပ်ရန်တိုက်တွန်းလေသည်။
ထိုအခါ ပျော်စရာဘ၀နှင့် လူတို့အပြုံးသာလိုလားသော
သူတစ်ပါးအားအောက်မကျို့သော ဒေးဗစ်ဆင်းဂ်
တို့စကားအနည်းငယ်များပြီး ဒေဗစ်ဆင်းဂ်မှာ
ရှိုင်နာနှင့် အဆက်အသွယ်မရှိတော့ပေ။

အရာရှိမှာလည်း သူ့ဘ၀တွင်မေ့မရတဲ့ လူတစ်ဦးရှိကြောင်း၊ထိုသူသည် ဒီးဗဲလ်သူခိုးတစ်ဦးဖြစ်၍
ထိုသူသည် ကြိုတင်အသိပေးပြီးမှခိုးယူသူဖြစ်ကြောင်း၊
မျက်နှာဖုံးတစ်ခုအားကာဗာယူ ခိုးသူတစ်ဦးလည်းဖြစ်၍ ထိုသူအားလည်းမမြင်ဖူးကြောင်း
မည်သို့ပင်ဆိုစေ
ထိုသူအား ဖမ်းမိရန်မိမိမှာ တာဂန်အပြည့်ရှိကြောင်း
ရိုင်နာအားပြောပြခဲ့လေသည်။

သူတို့နှစ်ဦး အိမ်ပြန်လမ်းလျှောက်ခရီး တွင်
လူတစ်ဦးက သူသိလိုသော လိပ်စာအား
ရှိုင်နာအား လာမေးရာ
ထိုသူသည် ဒေးဗစ်ဆင်းဂ် ဖြစ်သော်လည်း
ရှိုင်နာအား မသိသလို

တကယ်ပင် အတိတ်ပင်မေ့နေသလော
ဟန်ဆောင် နေသလော
ရှိုင်နာ၏ အိမ်တွင် နေ၍ မည်သို့အကွက်ရွေ့ မည်သို့
ခိုးယူခြင်းလုပ်မည်ကိုလည်းကောင်း

ရဲအရာရှိအားပင် ပခုံးဖက်၍ မိမိဒီးဗဲလ် အမည်ဝှက်ဖြင့် သူခိုးတစ်ဦးမှန်းမသိအောင်
ပိပိရိရိနေတတ်ခဲ့သည်

ထို့နောက် ဒေးဗစ်ဆင်းဂ် ခေါ် ဒီးဗဲလ် သည်
မည်သို့သာအကြာင်းကြောင့် ခိုးယူခဲ့ခြင်းဖြစ်ကြာင်း

အောက်မကျို့တတ်သော ဒေးဗစ်ဆင်းဂ်တစ်ယောက်
မည်သို့သောအခြေအနေတို့နှင့် ရင်ဆိုင်ခဲ့ရ၍
သူခိုးဖြစ်ခဲ့ရကြောင်းကိုလည်း
ရင်သပ်ရှုမောဖွယ် စောင့်ကြည့်ရမှာပါ

ထို့အပြင် ရဲအရာရှိ ကလည်း ဒေးဗစ်ဆင်းဂ် ခေါ်
ဒီးဗဲလ်အား မည်သို့ကြိုးစား ဖမ်းဆီးမည်ကိုလည်း
စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ

ရဲအရာရှိ ကပင် ဖမ်းမိမလား
ဒီးဗဲလ်ကပင် လွတ်မြောက်မလား
ဒီးဗဲလ်ဆိုသူမှာလည်း
သာမန်သူခိုးမဟုတ်ပဲမည်သို့သောသူဖြစ်မည်ကိုလည်း စိတ်လှုပ်ရှားစွာ ကြည့်ရမှာပါ

ဒီကားလေးဟာ ဟာသတွေနဲ့ပြည့်သလို
လူလူချင်း မည်သို့ကိုယ်ချင်းစာရမည်ကိုလည်း
ညွှန်းဆိုထားပါတယ်
အချစ်အလွမ်းတွေနဲ့ ကြည်နူးရသလို
အကြမ်း အတမ်းတွေနဲ့ ဖလန်းဖလန်းထ
ကစ်ကွက်ကလည်းအစုံမို့
လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ခုပေါ့

Movie Download Link>>>>>http://adf.ly/1K5zPZ

Small File Size Download Link>>>>>http://adf.ly/1K5zTc

(ဇာတ်ကားအညွန်းရေးသူကတော့ Tear Cryပဲဖြစ်ပါတယ်)

No comments:

Post a Comment