Tuesday, July 14, 2015

Jurassic World (2015)မြန်မာစာတန်းထိုး



လွန်ခဲ့တဲ့ ၂၂နှစ်ခန့်က ပြသနာများကြောင့် ပိတ်ထားခဲ့ရတဲ့ ဂျရက်ဂ်ဆဇ်ဂ် အပန်းဖြေစခန်း (Jurassic Park) ကြီး ပြန်ဖွင့်ပြီးတဲ့နောက် ပန်းခြံရဲ့အုပ်ချုပ်သူမန်နေဂျာ ကလဲ (Claire) ရဲ့ တူနှစ်ယောက်ဖြစ်တဲ့ ဇက်ဂ် (Zach) နဲ့ ဂရေး (Gray) တို့ညီအစ်ကိုနှစ်ယောက်က ကျောင်းပိတ်ရက်မှာ အဒေါ်ရှိရာ ဂျရက်ဂ်ဆဇ်ဂ်ကို သွားလည်ကြပါတယ်။ အလုပ်များလွန်းတဲ့ အဒေါ်က တူနှစ်ယောက်ကို လမ်းညွှန်လုပ်ဖို့ရာ သူမရဲ့လက်ထောက် ဇာရာ (Zara) ကိုတာဝန်ပေးလိုက်ပါတယ်။ ပန်းခြံထဲရောက်တဲ့အခါ ညီအစ်ကိုနှစ်ယောက်က ဇာရာ့ကို မျက်ခြေဖြတ်ပြီး နှစ်ယောက်သား လျှောက်လည်ကြပါတော့တယ်။

အကျိုးတူပူးပေါင်းမယ့်လုပ်ငန်းရှင်များကို ဆွဲဆောင်ရန်နဲ့ လာလည်သူပိုများလာစေရန် ရည်ရွယ်ပြီး မျိုးရိုးဗီဇပညာရှင် ဒေါက်တာ ဟန်နရီဝူး (Henry Wu) ခေါင်းဆောင်တဲ့အဖွဲ့က ဒိုင်နိုဆော မျိုးစိတ်အသစ်များ ဖန်တီးမွေးမြူခဲ့ရာ လက်ရှိမှာ အင်ဒိုမီးနပ်စ်ရက်စ် (Indominus rex) လို့ခေါ်တဲ့ ဥာဏ်ရည်မြင့်တဲ့ ဒိုင်နိုဆောတစ်မျိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဂျရက်ဂ်ဆဇ်ဂ်ရဲ့ အကြီးအကဲ ဆိုင်မွန်မာဇရာနီ (Simon Masrani) က အင်ဒေါမီးနပ်စ်ရက်စ် ကို ပြည်သူတွေကို မပြသခင် လေ့လာအကဲဖြတ်ပေးဖို့အတွက် ဗလော်ဆရပ်ပ်တာ (velociraptor) ဒိုင်နို်ဆောမျိုးတွေကို လေ့ကျင့်ပေးနေတဲ့ သုတေသနပညာရှင် အိုဝင် (Owen) ကိုတာဝန်ပေးထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင် ဗစ် (Vic) ကတော့ အိုဝင်လေ့ကျင့်ပေးနေတဲ့ ဗလော်ဆရပ်တာ လေးကောင်ကို စစ်ရေးမှာအသုံးပြုရန် ဆန္ဒရှိသူဖြစ်ပါတယ်။ အိုဝင်ကတော့ ဗလော်ဆရပ်ပ်တာ တွေက အလွယ်တကူထိန်းချုပ်လို့ ယဉ်ပါးလာမယ့် ဒိုင်နိုဆောတွေမဟုတ်ဖူးလို့ ဆိုကာ ဗစ်ရဲ့ အလိုကိုမလိုက်လျောခဲ့ပါဖူး။


အိုဝင်နဲ့ မန်နေဂျာ ကလဲလ်တို့ အင်ဒေါမီးနပ်စ်ကို လှောင်ထားတဲ့ လှောင်အိမ်ကိုရောက်တဲ့အခါ အိုဝင်က ပတ်ဝန်းကျင်ကို လေ့လာပြီး အိုင်ရက်စ် (I. rex) လို့အတိုကောက်ခေါ်တဲ့ အင်ဒေါမီးနပ်စ်ရက်စ်က အန္တရယ်ရှိတဲ့ ဒိုင်နိုဆောဖြစ်ကြောင်း ကောက်ချက်ချပါတယ်။ ပြောပြီးမကြာချင်မှာပဲ ၀န်ထမ်းတွေကို မျက်စိမှောက်အောင် လှည့်ဖြားကာ လှောင်အိမ်ထဲမှာ  ပုန်းနေတဲ့ အိုင်ရက်စ် က အိုဝင်နဲ့ အခြားဝန်ထမ်း ၂ယောက်ကို တိုက်ခိုက်ပြီး တောထဲကိုထွက်ပြေးလွတ်မြောက်သွားပါတယ်။

မာဇရာနီက နှိမ်နင်းရေးအဖွဲ့ကို တောတွင်းသို့ စေလွှတ်ပြီး အိုင်ရက်စ်ကို အရှင်ဖမ်းခိုင်းရာ အဖွဲ့ဝင်အားလုံးနီးပါး အသတ်ခံလိုက်ရပါတယ်။ အန္တရယ်ကြီးမားလာတဲ့အတွက် ပန်းခြံတွင်း လေ့လာရေးအဖွဲ့အားလုံးကို ပြန်ရုတ်သိမ်းပေမယ့် ဂရေးနဲ့ ဇက်ဂ်တို့ ညီအစ်ကိုနှစ်ယောက်က ဂျိုင်ရိုစဖီးယား (gyrospheres) လို့ခေါ်တဲ့ မှန်လုံဘောလုံးငယ်လေးနဲ့သွားရတဲ့ တောတွင်းစွန့်စားခန်းအစီအစဉ် ကိုစိတ်ဝင်စားကာ ရေဒီယိုမှကြေငြာချက်ကို လျစ်လျူရှုလိုက်ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာတော့ အိုင်ရက်စ်ရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး သူတို့ယဉ်ငယ်လေးလဲပျက်ဆီးသွားပါတယ်။ ညီအစ်ကိုနှစ်ဦးကတော့ ရေတံခွန်ထဲကို ခုန်ချလွတ်မြောက်သွားပါတယ်။

အထူးဖန်တီးထားတဲ့ ဥာဏ်ရည်မြင့် ဒိုင်နိုဆောကြီး အိုင်ရက်စ်ကတစ်ဖက် လူသားဆန်တဲ့ သိပ္ဗံပညာရှင်များကတစ်ဖက် ၀ိသမလောဘသားတွေဖြစ်တဲ့ အိုင်ဂျန်ကုမ္ဗဏီပိုင်ရှင် မာဇရာနီနဲ့ ဗစ်တို့ကတစ်ဖက် အသီးသီး အားပြိုင်ကြတဲ့ ပွဲမှာ နောက်ထပ်ဘာတွေဆက်ဖြစ်အုံးမယ် ဆိုတာကတော့ ရုပ်ရှင်ကြည့်သူကိုယ်တိုင် ခံစားနိုင်ဖို့ ဒီနေရာမှာပဲ ရပ်ထားပါရစေ။

ယခင်ဂျရက်ဂ်ဆဇ်ဂ် ဇာတ်လမ်းများရဲ့ ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ် (Steven Spielberg) မှတာဝန်ယူထုတ်လုပ်ကာ  ဒါရိုက်တာ ကော်လင်းထရပ်ဗားရိုး (Collin Trevorrow) ရိုက်ကူးတင်ဆက်တဲ့ ဒီဇာတ်ကားက ဂျရက်ဂ်ဆဇ်ဂ် ဇာတ်လမ်းတွဲများရဲ့ ၄ကားမြောက်ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ပထမဆုံး ရုံတင်တဲ့အပတ်မှာတင် နံမည်ကြီး The Avengers နဲ့ ဟယ်ရီပေါ်တာ ဇာတ်ကားများရဲ့ ၀င်ငွေကိုကျော်လွန်ကာ စံချိန်သစ်တင်နိုင်ရုံသာမက ၂၀၁၅ ခုနှစ်ရဲ့ တတိယမြောက် ၀င်ငွေအများဆုံးဇာတ်ကား လဲဖြစ်ခဲ့ပါတယ်။မြန်မာပြည်မှာ ရုံတင်လို့တောင် မပြီးသေးတဲ့ဒီကားကို Channel Myanmarမှာ မြန်မာစာတန်းထိုးနဲ့အတူ Blu Ray Qualityနဲ့ ကြည့်လို့ရပါပြီ။


File Size         : 970 MB
Quality           : Blu ray 720P
Running Time : 2 hr 04 minute
Format           : Mp4
Genre             : Action, Adventure, Sci-fi
Encoder         : Joker.phs


Download And watch With Pcloud Link Full HD
 

(ဇာတ်ကားအညွန်းကိုတော့ MMmovieGuideကနေတစ်ဆင့် ကူးယူဖော်ပြထားတာပါ။ပရိသတ်တွေရဲ့ LIke& Shareက ကျွန်တော်တို့အဖွဲ့အတွက် အားဆေးတစ်ခွက်ဆိုတာ သတိရစေချင်ပါတယ်။)

@Joker

No comments:

Post a Comment