Sunday, July 5, 2015

Real Steel (2011) မြန်မာစာတန်းထိုး



ဒီရုပ်ရှင်ကားကို ကြော်ငြာတွေ့ကတည်းက ကြည့်ချင်ခဲ့တာပါ... ကြည့်ချင်ရတဲ့ အဓိက အချက်ကတော့ ၂ ချက်ရှိပါတယ်... ၁ ချက်က Hugh Jackman က မင်းသားဖြစ်တာ တစ်ကြောင်း... နောက် ၁ချက်ကတော့ ရုပ်ရှင်ကားတွေမှာ အဓိက ကလေးသရုပ်ဆောင်လေးတွေပါရင် ကျွန်မက သဘောကျပါတယ်... အထူးသဖြင့် သရုပ်ဆောင်ကလေးက ချစ်ဖို့ကောင်းရင် ကြည့်ချင်ပါတယ်...

ဇာတ်လမ်းအကျဉ်းကတော့

၂၀၂၀ ခုနှစ်မှာ စက်ရုပ်တွေကို လူတွေအစား boxing ကစားခိုင်းပြီး လောင်းကစားလုပ်ကြတာ ခေတ်စားလာခဲ့ပါတယ်... ချားလီး(စ်) ဟာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ခုအခါမှာတော့ တရားမ၀င် စက်ရုပ်လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ရင်း အရှုံးတွေများကာ အကြွေးတွေဝိုင်းဝိုင်းလည်နေသူ တစ်ဦးဖြစ်ပါတယ်... သူပိုင်တဲ့ Ambush ဆိုတဲ့ စက်ရုပ်ကြီးဟာ Ricky ဆိုတဲ့လူပိုင်တဲ့ Black Thunder ကျွဲနဲ့ ပြိုင်တိုက်ခိုက်ရင် ရှုံးခဲ့လို့ အကြွေးတွေတင်တဲ့ အချိန်အတွင်းမှာပဲ သူ့ဆီကို သူ့ အရင် ရည်းစား ဆုံးပါးသွားကြောင်း အကြောင်းကြားခြင်းခံရတဲ့အပြင် သူ့မှာ သူမထားခဲ့တဲ့ ၁၁နှစ်အရွယ် သားတစ်ယောက်အတွက် အုပ်ထိန်းခွင့်ရှိနေတယ်လို့ သိရပါတယ်... ထိုကလေးငယ်ကို သူ့အရင်ရည်းစားရဲ့ အစ်မဖြစ်သူ (ကလေးရဲ့ အဒေါ်ဖြစ်သူ)က မွေးစားချင်သဖြင့် အုပ်ထိန်းခွင့်ကို စွန့်လွှတ်ဖို့ လာရောက် အကြောင်းကြားတာဖြစ်ပါတယ်...

ရေဆာတုန်း ရေတွင်းထဲကျသလိုဖြစ်သွားတဲ့ ချားလီး(စ်)ဟာ... သူ့ သားကို ကြည့်တောင် မကြည့်ပဲ ဒေါ်လာ $100,000 ပေးရင် ပေးမယ်ဟု အဒေါ်ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ညှိလိုက်ပါတယ်... သို့သော် သြဂုတ်လရောက်တဲ့အထိတော့ ကလေးကို သူက ခဏကြည့်ပေးရမယ်ဖြစ်ပါတယ်...

ထိုသို့ဖြင့် သူ၏သား Max နဲ့ စတင်တွေ့ရှိခဲ့ပါတယ်... သူ့သားကလဲ သူ့ထက်ပင် ဂျစ်ကန်ကန် ခေါင်းမာတတ်ကာ ထက်မြတ်သော ကောင်လေးတစ်ယောက်ဖြစ်ပါတယ်... သူ့အဖေ သူ့ကို ငွေဖြင့်ရောင်းစားသည်ကိုလဲ ကောင်းစွာနားလည်သူဖြစ်ပါတယ်... သို့သော် အဖေတူသားပီပီ သူကလဲ ကွန်ပြူတာဂိမ်းနဲ့ စက်ရုပ်များကို ၀ါသနာထုံသူဖြစ်ပါတယ်... ချားလီး(စ်) ဟာ သူ့သား ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ စက်ရုပ် Noisy Boy ကို ၀ယ်ယူကာ ထပ်မံယှဉ်ပြိုင်ခဲ့သော်လည်း ထိန်းချုပ်မှု မကျွမ်းကျင်သောကြောင့် ထပ်မံဖြတ်ဆီးခံခဲ့ရပြန်ပါတယ်...


ချာလီး(စ်)ဟာ သူ့သားနဲ့ သတ္တုတွေပစ်တဲ့ နေရာကို ခိုးဝင်ကာ အသုံးပြုလို့ရမဲ့ စက်ရုပ်အပိုင်းအစများကို ရှာဖွေဖို့ သွားခဲ့ပါတယ်... အဲဒိမှာ သူ့သား Max မတော်တဆ ချောက်ထဲပြုတ်အကျ ကမ်းပါးမှာ ထွက်နေတဲ့ စွန့်ပစ်ထားတဲ့ စက်ရုပ်ရဲ့လက်နဲ့ ငြိပြီး အသက်ချမ်းသာခဲ့ပါတယ်... Max ဟာ မြေကြီးတွေကိုဖယ်ကြည့်လိုက်တဲ့အခါ ATOM ဆိုတဲ့ စက်ရုပ်ကို ရှာတွေ့ပြီး သူ့အသက်ကို ကယ်တဲ့ စက်ရုပ်ကို ယူလာချင်ပါတယ်... ချာလီး(စ်)က သဘောမတူသော်လည်း သူ့အားသူကိုးကာ ဇွတ်ယူလာခဲ့ပါတယ်... ဒီအခါမှာတော့ ချာလီး(စ်) Max နဲ့ စက်ရုပ် ATOM တို့ရဲ့ ဂန္ဒ၀င်ခရီးလမ်း အောင်ပွဲတွေစတင်လာတဲ့အပြင်.... အဖေနဲ့ သားရဲ့ သံယောဇဉ် နားလည်မှု ဂရုစိုက်မှု တူညီမှုတွေလဲ စတင်လာပါတော့တယ်... ချားလီး(စ်)တစ်ယောက် သူ့သား Max ရဲ့ လိုအင်ကို ဖြည့်စည်းပေးနိုင်ပါ့မလား... Max ကရော သူ့အဖေကို ချစ်သလား မုန်းသလား… ဖန်သားပြင်ပေါ်မှာရှူစားကြပါ

Movie Download Link>>>>http://adf.ly/1KHvyu

Small File Size Download Link>>>>http://adf.ly/1KHw7s
@joker

No comments:

Post a Comment