Tuesday, July 21, 2015

Stone Hearst Asylum or Eliza Graves (2014) မြန်မာစာတန်းထိုး



 ဒီဇာတ်ကားကတော့ IMDb rating 6.8/10 ရရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံကတော့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပါတယ်ဆိုတဲ့ ကုလားကားတွေကို သနားတယ်လို့တောင်ပြောလို့ရတဲ့ဇာတ်ကားပါ။ ဇာတ်ကားတကားလုံး လျှိုကွက်တွေနဲ့ ပြည့်နှက်နေပြီး ဇာတ်လမ်းကို အစအဆုံး ကြည့်မှသာ ဇာတ်လမ်းသဘောတရားကို သိရှိနိုင်မှာပါ။

ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် Eliza Graves နေရာမှာမင်းသမီး Kate Beckinsale ကသရုပ်ဆောင်ထားပြီးတော့ အဓိက မင်းသား ဒေါက်တာEdward Newgate နေရာမှာ မင်းသား Jim Sturgess ကပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ။ဒီဇာတ်ကားကိုမှာ သဘောကျတာကတော့ တကားလုံးကို အရူးတွေနဲ့ဘဲဇာတ်လမ်းဆင်ရိုက်ကူးထားတာကိုပါ။ ဒီဇာတ်ကားဟာ Golden Reel Award မှာ Best Sound Editing Award ကိုရရှိထားလို့ အသံကျယ်ကျယ်လေးနဲ့ကြည့်ရှုကြည့်ကြပါလို့ အကြံပြုခြင်ပါတယ်။ Oxford တက္ကသိုလ်ရှိ ဆေးပညာဆွေးနွေးပွဲတခုမှာ စိတ်ရောဂါတမျိုးကို ဆွေးနွေးကြရာမှ စိတ်ဝေဒနာရှင် တွေကို လက်တွေ့စမ်းသပ်ပြသခဲ့ရာမှ စိတ်ဝေဒနာရှင် Eliza Graves ကို မင်းသား ဒေါက်တာ Edward Newgate ကတွေ့ရှိပြီး စွဲလမ်းသွားရာမှ Eliza ကိုထားရှိကုသတဲ့ စိတ်ရောဂါကုဆေးရုံ Stone Heart Asylum သွားရောက်ပြီး ကယ်တင်ဖို့ကြိုးစားပါတယ်။

Stone Heart Asylum ကိုရောက်ရှိသွားတဲ့အချိန်မှာ စစ်ဆရာဝန်အရူး ဒေါက်တာ Silas Lamb (Ben Kingsley) က ဆေးရုံရှိဆရာဝန်တွေကို ဖမ်းချုပ်ပြီး အရူးထောင်ကို အပိုင်စီးကာ စိတ်ရောဂါဝေဒနာရှင်တွေကို သူ့ရဲ့ အရူးကုထုံးတွေနဲ့ ကုသနေတာကို ရောက်ရှိလာမယ့် ဒေါက်တာ Newgate က ဘယ်လို သိရှိသွားမလဲ ...........

ဒေါက်တာ Newgate ကို ဒေါက်တာ Limb ကဘဲလှည့်စားထားနိုင်မလား ဒေါက်တာ Newgate က ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲ သူချစ်တဲ့ Eliza ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကို ပရိတ်သတ်ကြီးအနေနနဲ့ ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်

Movie Download Link>>>>http://adf.ly/1L8q2F

Small File Size Download>>>>http://adf.ly/1L8pvZ

(ဇာတ်ကားအညွန်းကတော့ ကသာသားလေး ရေးပေးထားတာ ဖြစ်ပါတယ်)

@joker

No comments:

Post a Comment