Monday, May 18, 2015

Man of Steel (မြန်မာစာတန်းထိုး)







Director: Zack Snyder ရိုက်ကူးတင်ဆက်ထားပြီး

June 14, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Super Man ဇတ်ကား

အသစ်ဖြစ်ပါတယ်...

Super Man ဆိုတိုင်း ထူးမခြားနား ပုံစံအတိုင်း

ထူးဆန်းတဲ့ မိုးကောင်းကင်ကနေ

ကျလာတဲ့ လူသားလေးကို ရိုးသားတဲ့ တောသူတောင်သူ လင်မယားက

မွေးစားလိုက်တဲ့ ဇတ်လမ်းပါပဲ ဒါပေမယ့် ထူးခြားနေပါတယ်....

Super Man ခေါ် ခါအလ် ရဲ့ မွေးဖွားခြင်း

နဲ့ သူ နေထိုင်ရာ ဂြိုလ်ပျက်စီးခြင်းကို

တွဲမြင်ရမှာဖြစ်ပါတယ် ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့

Super Man ရဲ့ ဖခင် ဂျိုအယ် နဲ့ မိခင် လာရာ က သူ့သား ရဲ့

ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့

ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်....

အရင်လို မဟုတ်ပဲ ထူးခြားတာကတော့ Super Man ရဲ့

ငယ်ဘ၀ မှာ လူတွေနဲ့ အဆင်မပြေနေထိုင်ခဲ့ရပါတယ်

ကျနော်တို့ ထင်သလို ငယ်စဉ်ကတည်းက Hero လူစွမ်းကောင်း

မဟုတ်ခဲ့ပါဘူး လူတိုင်းရဲ့ အထူးအဆန်းအဖြစ် ကြည့်ရှုမြင်နေမှု

ကိုရရှိခဲ့ရတာပါ...

ဒီလိုနဲ့ တစ်ရက် ကျောင်းကား မတော်တဆ ဖြစ်ပြီး ရေနစ်တဲ့အချိန်မှာ

Super Man က ရေထဲကနေ ကားကို ကုန်းပေါ်ပြန်တွန်းတင်ခဲ့ပါတယ်..

ဒါကို မြင်လိုက်တဲ့ ကျောင်းသား အချို့က ပြန်ပြောပြတော့ မွေးစားဖခင်က

Super Man ကို ခေါ်ပြီး ဘယ်သူ သေသေ ဒုက္ခရောက်ရောက်

အစွမ်းကို ဘယ်တော့မှ ထုတ်မပြပါနဲ့လို့ ကတိတောင်းခဲ့တယ်...

ဒီလိုနဲ့ Super Man လဲ တည်ငြိမ်စွာနဲ့ ဘ၀ ကို ဖြတ်သန်းလာပြီးနောက်

လူပျိုပေါက်အရွယ်မှာပဲ မွေးစား အဖေ အမေ နဲ့ အတူ ခရီးထွက်လာရင်း

လမ်းတ၀က်မှာ လေမုန်တိုင်း ရုတ်တရက်ဝင်လာပါတော့တယ်...

လူတွေကို သားအမိသားအဖ သုံးယောက်လိုက်ကူပြီး နေရာရွှေ့ပေးနေတဲ့

အချိန်မှာပဲ ကားထဲမှာ ခွေးလေး ကျန်နေခဲ့လို့ ဖခင်ဖြစ်သူက သွားကယ်တဲ့

အချိန်မှာပဲ ခွေးလေးကို ကယ်လို့ လွှတ်ပေးအပြီး လေမုန်တိုင်းက အဲ့ဒီ

နေရာကို ၀င်လာခဲ့ပါတော့တယ် အကာအကွယ်ရှိတဲ့နေရာကနေ ဖခင်ကို

ကယ်ဖို့ ထွက်ဖို့လုပ်နေတဲ့ Super Man ကို ဖခင်က ခေါင်းတစ်ချက်

ခါပြခဲ့တယ် မလာနဲ့ သား မင်းကတိကို မင်းတည်ပါ ဆိုတဲ့ အဓိပ္ပါယ်

တစ်ခု သက်ရောက်နေခဲ့မှာပါ....

ဒီလိုနဲ့ ဂြိုလ်ပျက်စီးခဲ့စဉ်က ထိန်းသိမ်းထားခဲ့တဲ့ သစ္စာဖောက်အကျဉ်းသား

တွေလဲ Super Man ရဲ့ အနံ့ကို ခံပြီး ကမ္ဘာမြေပေါ် ရောက်လာတဲ့အချိန်

မှာတော့.... ဇတ်လမ်းက ပိုကြည့်လို့ကောင်းသွားပါပြီ
ဆက်ပြောချင်ပေမယ့် အညွှန်းက ရှည်နေမှာဆိုးလို့

ဘရိတ်ပါပြီ ကျနော် အကြိုက်ဆုံး Super Man ဇတ်ကားတစ်ခုပါလို့

ညွှန်းဆိုပါရစေဗျာ...

Man Of Steel Movie Download Link>>>>http://adf.ly/1HMkky

(သစ်ဆန်းခန့်)

No comments:

Post a Comment