Tuesday, May 26, 2015

Kung Fu Jungle (2014) မြန်မာစာတန်းထိုး



အက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက် ခပ်မိုက်မိုက် ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေး
လိုက်ပါတယ်...ရုပ်ရှင်အညွှန်းကတော့ mmmovieguide ကဖြစ်ပါတယ်..

Hahou Mo ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီိး လူတစ်ယောက်ကို မတော်တဆသတ်လိုက်မိတဲ့အတွက်ကြောင့် ထောင်ကျနေသူတစ်ယောက်ပါ။ တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း လူတစ်ယောက်သတ်ခံလိုက်ရတဲ့သတင်းကို ကြားလိုက်မိပါတော့တယ်။ သူဟာ ထိုလူသတ်မှုအကြောင်းကို သိပြီး ထိုအမှုကို စုံစမ်းနေတဲ့ စုံထောက် Luk Yuen-Sum ကို သူ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။

Fung Yu-Sau ဟာ သိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်တတ်သူတစ်ယောက်ဖြစ်ပြီး သိုင်းပညာရှင်တွေထဲမှာမှ နံပါတ် ၁ ဖြစ်ချင်နေသူဖြစ်ပြီး သူ့ရဲ့ စိတ်ရူးကြောင့် တခြားသိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူတွေကို ယှဉ်ပြိုင်ပြီး ရက်စက်စွာ သတ်ဖြတ်နေပါတော့တယ်။ Hahou Mo နဲ့ စုံထောက် Luk Yuen-Sum တို့ဟာ လူသတ်သမားကို ရှာဖွေနေသော်လည်း မဖမ်းဆီးနိုင်သးဘူးဖြစ်နေပါတော့တယ်။ ထိုအတော်အတွင်း Hahou Mo မှာ ဇာတိမြေကို ပြန်ရောက်သွားပြီး ထိုမှတစ်ဆင့် လူသတ်သမား Fung Yu-Sau အကြောင်း အနည်းငယ်စုံစမ်းမိပါတော့တယ်။

Fung Yu-Sau ရဲ့ အိမ်ကို စုံထောက် Luk Yuen-Sum တို့ဝင်ရောက်ရှာဖွေရာမှတစ်ဆင့် ထိုနေ့ဟာ Fung Yu-Sau ရဲ့ ဇနီးဆုံးတာ နှစ်ပတ်လည်နေ့ဖြစ်မှန်း ရိပ်မိပြီး စောင့်ဖမ်းဖို့ ကြံစည်ပါတော့တယ်။ တကယ်တမ်းလက်တွေ့မှာတော့ Fung Yu-Sau ရဲ့ သိုင်းပညာကျွမ်းကျင်မှုနဲ့ အတူ Hahou Mo ရဲ့ မသင်္ကာဖွယ် အပြုအမှုတစ်ချို့ကြောင့် အလွဲလွဲချော်ချော်ဖြစ်ကာ စုံထောက် Luk Yuen-Sum တို့ အဖွဲ့ပဲ ဒဏ်ရာအများအပြားရကာ ကျန်ရစ်ခဲ့ပါတော့တယ်။

 တကယ်တော့ Fung Yu-Sau နဲ့ Hahou Mo ဟာ ထိုလူသတ်မှုဖြစ်ရက်တွေမတိုင်ခင်က တစ်ခေါက်တွေ့ဆုံထားဖူးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ လျို့ဝှက်ချက်က ဘာဖြစ်မလည်း . . . . .

အက်ရှင်သိုင်းကား ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးဖြစ်ပြီး အထူးသဖြင့် ဖိုက်တင်ခန်းတွေက ပိုပြီး ရန်ခုန်စိတ်လှုပ်ရှားဖွယ် ပေးစွမ်းနိုင်မှာပါ။ တချို့အခန်းတွေတော့ အနည်းငယ်ရက်စက်တယ်လို့ထင်ရပြီး အခန်းအများစုကတော့ ကြည့်လို့အဆင်ပြေမှာပါ။ ဒါရိုက်တာ Teddy Chan က အကောင်းဆုံး ရိုက်ကူးတင်ဆက်ထားပြီး Ip Man ရုပ်ရှင်ဇာတ်ကားမှ Donnie Yen, Charlie Yeung, Baoqiang Wang တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

Filesize :819 MB
Quality : 720p

Format : mp4
Subtitle : Myanmar Subtitles

Encoder : LK

Download And Watch With Pcloud Link

No comments:

Post a Comment