Monday, May 11, 2015

Gangster Squard (မြန်မာစာတန်းထိုး)







1949 ခုနှစ် ဒုတိယ ကမ္ဘာစစ် ပြီးခါစအချိန်က Los Angeles မြို့ ထဲမှာ Mickey Cohen ဆိုတဲ့ gangster တစ်ယောက် California ဒုစရိုက်သမားတွေရဲ့ အင်အား အကြီးမားဆုံး ပြယုဂ် တစ်ခု ဖြစ်လာချိန်မှာ တစ်ဆက်တည်း US အနောက်ဘက် ခြမ်းတစ်ခုလုံးကို အုပ်စိုးဖို့  ကြံစည်နေ ပါတော့တယ်။ အဲ့ဒီ အတွက်လည်း သူရဲ့  Chicago က အဓိက ပြိုင်ဘက် ဖြစ်သူကို ဖိအားပေး ဖယ်ရှားနေပါတယ်။ ရဲတွေ သူ့ အပေါ် ဘာမှ မတတ် နိုင်လောက်အောင်ကို သက်သေ ခံတွေကို လက်စဖြောက်၊ တရားရုံးနဲ့  ရဲတွေကို လက်ထိုးပြီး ဥပဒေကို အိပ်ကပ်ထဲ ထည့်ထားပါတယ်။

လာဘ်ထိုး လာက်ယူမှုတွေနဲ့  တရားဥပဒေကို မျက်ကွယ်ပြုနေတဲ့ ရဲအဖွဲ့ အစည်းထဲကမှ ဆာဂျင် John O’Mara ဆိုတဲ့ ရဲဝန်ထမ်း တစ်ဦးကတော့ တရားမှုကို လက်ကိုင်ထားပြီး ဒုစရိုက်သမားတွေကို အရေးယူနေခဲ့သူပါ။

တစ်နေ့ မှာတော့ ရဲအကြီးအကဲ Bill Parker က ဆင့်ခေါ်ပြီး ဒုစရိုက်အဖွဲ့ အစည်းတွေ ကျင်လည် ကျက်စား နေတာတွေကို ရပ်တန့် သွားအောင်လုပ်ဖို့  တာဝန်ပေး လိုက်ပါတော့တယ်။ အဲ့ဒီတာဝန်ကို ထမ်းဆောင်ဖို့  ကိုယ်ဝန်ဆောင် ဇနီးသည် Connie အကြံပေး ချက်တွေနဲ့  သင့်တော်ရာ လူတွေကိုလည်း လိုက်လံစည်းရုံး စုဆောင်းခဲ့ပါတယ်။

စုမိတဲ့ လူတွေထဲမှာမှ Jerry Wooters ဆိုသူကတော့ Mickey Cohen ရဲ့ ရှေ့ နေတစ်ဖြစ်လဲ ချစ်သူဖြစ်သူ Grace Faraday နဲ့ ငြိစွန်းနေပါတယ်။ O’Mara ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဆားဂျင့် Jerry Wooters ၊ John O’Mara လိုပဲ ဖြောင့်မတ် တဲ့စိတ်ဓာတ်ရှိပြီး ဓားပေါက်ကျွမ်းတဲ့ Coleman Harris, သတင်း စုဆောင်းရာမှာ ပါရမီရှင်လို့  ဆိုရမဲ့ Conway Keeler၊ သေနတ်ပစ်  အလွန်ကျွမ်းတဲ့ နာမည်ကြီး သေနတ်သမား Max Kennard နဲ့  သူရဲ့ လုပ်ဖော်ကိုင်ဖက် Navidad Ramirez အစရှိတဲ့ လူ ၆ယောက်နဲ့ ဖွဲ့ စည်းထားတဲ့ Gangster squad ဆိုတဲ့ တရားဘက်တော်သား အဖွဲ့ လေးနဲ့  ဒုစရိုက်သမားကြီး Mickey Cohen နဲ့  အပြန်အလှန် ဘယ်လို ရင်ဆိုင်သွားကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ ဇာတ်ကားပါ

Movie Download Link>>>> http://adf.ly/1Qosmt

@Joker

No comments:

Post a Comment