Wednesday, May 6, 2015

Ghost (1990) မြန်မာစာတန်းထိုး



1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်
ဒါရိုက်တာ Jerry Zucker က ရိုက်ကူးထားပြီး မင်းသားကြီး Patrick Swayze နဲ့ မင်းသမီး Demi Moore
တို့တွဲဖက်ရိုက်ကူးထားတဲ့ အချစ် နဲ့ ရိုမန့်ဆန်ဆန် သရဲဇာတ်ကားတစ်ကားဖြစ်ပါတယ်...
2009 ခုနှစ်မှာသေဆုံးသွားပြီဖြစ်တဲ့ Patrick Swayze ရဲ့ အလွမ်းပြေကြည်ရမယ့်ဇာတ်ကားတစ်ကားပါ

ဇာတ်လမ်းအကျဉ်းကတော့ ...အရမ်းချစ်ကြတဲ့ ဆမ်နဲ့မော်လီ တို့ ဇနီးမောင်နှံနှစ်ယောက်မှာ
သူငယ်ချင်း ကားလ် ဆိုတဲ့သူတစ်ယောက်ရှိပါတယ်..နှစ်ယောက်လုံးကလည်းကားလ် အပေါ်မှာ
ယုံကြည်ကြပါတယ်..တစ်နေ့မှာ ဆမ်က သူ့ရဲ့ စုထားတဲ့ဘဏ်ငွေစာရင်းမှာ အမေရိကန်ဒေါ်လာ
လေးသန်းရှိကြောင်းကို ကားလ်ကို ယုံယုံကြည်ကြည်နဲ့ပြလိုက်ပါတယ်..အဲ့နေ့ညမှာပဲ ဆမ်နဲ့မော်လီ
ရုပ်ရှင်သွားကြည့်ရာမှ အပြန် အကြမ်းဖက်လုယက်သူတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီး ဆမ်က ပြန်လည်ခုခံရင်းနဲ့
အကြမ်းဖက်သမားရဲ့ သေနတ်ကျည်ထွက်ပြီး ဆမ် သေဆုံးခဲ့ရပါတယ်..အဲ့ဒီ့နောက်မှာတော့
ဆမ် က သူ့ဇနီးမော်လီ အနားမှာ နေချင်တဲ့စိတ်တွေကြောင့် ကောင်းကင်ဘုံကိုမတက်နိုင်ပဲ ရှိနေပါတယ်
ဝိညာဉ်ဘ၀မှာ သင်ယူစရာတွေ..တတ်မြောက်စရာတွေနဲ့အတူ သူ့ဇနီးမော်လီကိုလည်းဆက်စောင့်
ရှောက်နေရင်းက သူသေခဲ့ရတဲ့အကြောင်းအရင်းကိုသိရှိခဲ့တယ်..သူသေရတဲ့အကြောင်းအရင်းနောက်
မှာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကားလ် ပါဝင်နေတဲ့ကိုသိရှိလိုက်ရတဲ့အချိန်မှာ ဆမ်ဘယ်လိုခံစားရမလဲ
သူချစ်ရတဲ့မော်လီကိုရော..ဘယ်လိုကာကွယ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပါ....

Filesize: 898 MB
Quality :720
Format : mp4
During : 02:06:39
Subtitle : myanmar (hardsub)
Encoder : LK

Download and Watch with Pcloud Link

No comments:

Post a Comment