Wednesday, May 13, 2015

Arthur Christmas (မြန်မာစာတန်းထိုး ) 








ဒီကာတွန်းကားလေးမှာ ဇာတ်လမ်းဇာတ်ကွက် မများဘူး .. မရှုပ်ဘူး .. ခရစ်စမတ်ည လေးတစ်ည အကြောင်းတင်ပြထားတာ .. ခရစ်စမတ်ညမှာ ဆန်တာကလော့ က ကလေးငယ် တွေကို လက်ဆောင်တွေ လိုက်ဝေတယ် .. လိုက်ဝေတဲ့နေရာမှာ အရင်တုံးကလိုတော့ သမင်ပျံတွေနဲ့ နတ်သူငယ် တစ်ယောက်နဲ့ လိုက်ဝေတာမျိုး မဟုတ်တော့ဘူး .. ခေတ်မီနည်းပညာတွေသုံးပြီး လျင်လျင် မြန်မြန် တိတိကျကျ ဖြစ်အောင် ဝေငှတယ် .. ဆန်တာက အပြင်မှာ လက်ဆောင်တွေ လိုက်ဝေနေချိန်မှာ .. မြောက်ဝင်ရိုးစွန်းက ဆန်တာ ရဲ့ ဌာနချုပ် .. ထိန်းချုပ်ခန်းကနေ အသေးစိတ် စီစဉ်ညွှန်ကြားပေးတဲ့ သူက ဆန်တာ ရဲ့ သား အကြီးဆုံး စတိဗ် .. သူ့ကိုယ်သူ နောက်ဖြစ်လာမယ့် ဆန်တာ လို့ တထစ်ချ သတ်မှတ်ယုံ ကြည်ထားသူပေါ့ .. အားလုံး သူ့နေရာနဲ့ သူ အရေးကြီးတဲ့ ည ရဲ့ ခရစ်စမတ် အော်ပရေးရှင်း ကို လုပ်ဆောင် နေတဲ့ အချိန်မှာ .. မထင်မရှားတာဝန် … လုပ်သမျှ အလွဲ ဖြစ်နေသူက အာသာ .. ဆန်တာ ရဲ့ သား အငယ်ဆုံး .. လုပ်ငန်းခွင်မှာ အလွဲလွဲ ဖြစ်ပြီးတဲ့နောက်မှာတော့ အာသာ ဟာ ပေးစာလက်ခံ တဲ့ဌာန မှာ တာဝန်ယူထား ရပါတယ် .. တစ်ကမ္ဘာလုံးမှ ကလေးငယ်တွေက ဆန်တာဆီ ပို့တဲ့ စာတွေကို လက်ခံတယ် .. စာပြန်တယ် .. လိုချင်တဲ့ လက်ဆောင်စာရင်းတွေကို လုပ်ပေးတယ် ..

          အကျဉ်းချုံပြီး ပြောရရင် .. ခရစ်စမတ် အော်ပရေးရှင်း မှာ လက်ဆောင်တစ်ခုဟာ မပို့လိုက်ရပဲ ကျန်သွားခဲ့တယ် .. အဲ့ဒါကို ဆန်တာနဲ့ စတိဗ် က မဖြစ်စလောက် လေး လို့ သတ်မှတ်တယ် .. ကလေးတွေ ရဲ့ အတွေးနဲ့ ကလေးတွေ ပေးစာတွေ အရ သူတို့နဲ့ ရင်ဘတ်ချင်းနီးနေတဲ့ အာသာ ကတော့ လက်ဆောင် မရ ဖြစ်မယ့် ကလေးရဲ့ ခံစားချက်ကို စာနာမိပြီးတော့ မရောက်ရောက်အောင်သွားပို့ဖို့ ကြိုးစားတယ် .. သူ့ကြိုးစားမှုကို ကူညီပေးတာက  ဆန်တာရဲ့ အဖေ .. အာသာ ရဲ့ အဘိုး .. အရင်ဆန်တာ ဟောင်းကြီး ကပေါ့ .. သူ့ ရဲ့ မူလ လက်ဟောင် စွတ်ဖားလှည်းကြီးရယ် .. သမင်ပျံတွေရယ် .. နဲ့ပေါ့ .. တကယ်တော့ ဆန်တာဟောင်းကြီးက အသက်ကြီးပေမယ့် သူလုပ်နိုင်သေးတယ် ဆိုတာကို သက်သေပြချင်တာ .. သူလုပ်နေကျ အလုပ်တစ်ခုကို လုပ်ပြချင်တာ .. လက်ဆောင်ကို ပို့ဖို့ စိတ်ဝင် စားလွန်းလို့တော့ မဟုတ်လှဘူး .. ဒီလိုနဲ့ လွဲနေကြ အလွဲတွေနဲ့ အာသာ တစ်ယောက် ခရစ်စမတ် လက်ဆောင်ကို ကလေးငယ်ဆီ အရောက် ဘယ်လို ပို့လဲ ဆိုတာကို တင်ပြထားတဲ့ ပျော်စရာဇာတ်လမ်းလေး တစ်ခုပါ …

Movie Download Link>>>>  http://adf.ly/1H3MrB

@joker      

No comments:

Post a Comment