Tuesday, August 11, 2015

Unfriended (2015) မြန်မာစာတန်းထိုး



Director: Leo Gabriadze ရိုက်ကူးတင်ဆက်ထားပြီးApril 17, 2015 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Social Network ကိုအသုံးပြု၍ လူသတ်ခဲ့တဲ့ စိတ်ကူးယဉ် ဆန်ဆန် ဇတ်ကားလေးပါ...
ဇတ်လမ်း ကြာမြင့်ချိန် 1h 23m ခန့် ရှိပြီး Horror, Thriller အမျိုးအစားဖြစ်ပါတယ်

ဇတ်လမ်းပုံစံလေးကတော့..
တစ်ည မှာ Blaire နဲ့ Mitch တို့ စုံတွဲဟာ Skype မှ Chat နေကြပါတယ်..
Jess ရယ် Adam Ken ရယ် Val တို့ဟာလဲ Group Chat နဲ့ ၀င်လာကြပါတယ်
သူငယ်ချင်းတို့ စကားပြောနေတုန်း Group Chat ထဲ Billie227 နာမည်နဲ့ အကောင့်တစ်ခု
Profile Picture မပါပဲ ၀င်လာခဲ့လို့ အားလုံး အံ့အားသင့်နေကြပါတယ်
တစ်ယောက်ယောက်များ နောက်နေကြသလားပေါ့...

သိပ်မကြာခင်ပဲ အဲ့ဒီတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့
ကျောင်းသူ Laura Barns ဖြစ်နေပါတယ်...
ဒါနဲ့ သူတို့ အုပ်စု ဟာလဲ Laura Barns အကောင့်ကို တစ်ယောက်ယောက် Hacked လုပ်ပြီး
အသုံးပြုချိန်းချောက်နေတယ်လို့ သံသယ ရှိလို့ Online မှာ အဖြေရှာကြပါတယ်...

ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ Skype & Facebook တို့ Gmail & အခြား
Software များစွာ အသုံးပြုပုံတွေ ပါဝင်လို့ နည်းပညာပိုင်း အားနည်းသူတွေ နားမလည်သလို
ဖြစ်နိုင်ပါတယ် နားလည်တဲ့သူတောင် မျက်စိနောက် ခေါင်းရှုပ်စေတဲ့ ဇတ်ကားမျိုးပါ...

အထူးအဆန်းတွေကို မြင်ကြရမှာပါ Skype Group ကနေ Laura Barns ကို
ထုတ်မရတာတွေ Facebook မှာ Laura Barns ကို Report လုပ်မရ
Unfriend လုပ်မရ ဖြစ်တာတွေက အထူးအဆန်းတွေပါပဲ...
သေသွားတဲ့ သူတစ်ယောက်က သူတို့ကို ဆက်သွယ်ပြီး သူတို့ Computer တွေ
ဖုန်းတွေထဲက Data တွေ ဆွဲယူသွားပါတယ် ပြီးတော့ တစ်ယောက်ချင်းကို လိုက်သတ်ပါတယ်

သူတို့ကို အဲ့ဒီလို ဖြစ်စေတာ သေသွားတဲ့ Laura Barns လား ဒါမှမဟုတ် အခြား တစ်ခုခုလား
ဆိုတာတော့ Download ဆွဲပြီး ဆက်ကြည့်ကြပါ...

တစ်ခု သေချာတာ ခုတလော ခေတ်စားနေတဲ့ Social Network တွေပေါ်
မြင်နေရတဲ့ PA လုပ်ပြီး တိုက်ခိုက်နေတာတွေ မသင့်တော်အောင် ပုံတွေ ဖြတ်ညပ်ကပ်တွေ
သူငယ်ချင်း အချင်းချင်း စနောက်ရာကနေ လက်လွန်သွားတာတွေ က အစ မလုပ်သင့်ဘူးဆိုတာ
ဒီဇတ်ကားလေး ကြည့်ပြီးရင် နားလည်သွားပါလိမ့်မယ်...

ကျနော် ဒီဇတ်ကားကို အစအဆုံး ကြည့်ပြီးနောက် Skype . Facebook . Twitter . Google
အစသဖြင့် Social Network တွေ့ နဲ့သာ ဇတ်ကားတစ်ခုလုံး ပြီးသွားပေမယ့် ဆင်ခြင်စရာ
တစ်ချို့ ကိစ္စတွေကိုတော့ သင်ယူလိုက်ရပါတယ်...

ကြည့်လိုက်ပါ ဘာပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ရအောင်ယူလိုက်ပါ...

( Movie Review By Thit San Khant )


Filesize : 887 MB
Quality : 1080p
Format : mp4
Running Time : 1hr 23 min
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK


Download And Watch with Pcloud Link 




No comments:

Post a Comment