Wednesday, August 5, 2015

Bad Boy (1+2) မြန်မာစာတန်းထိုး






ဒီတစ်ခါတော့ Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ ရဲကားလေးကို ပ+ဒု ပေါင်းတင်လိုက်ပါတယ် Marcus Burnett က မိန်းမကြောက်ရတဲ့ လူ။ Mike Lowreyက လွတ်လပ်ပေါ့ပါးပြီးခံစားချက်မရှိတဲ့ ကောင်မလေးတွေနဲ့အတွဲညီတဲ့လူ။ ၂ယောက်လုံးက မီယာမီက မူးယစ်ထိန်းချုပ်ရေးဌာနရဲ့ ရဲ အရာရှိတွေဗျ။သူတို့၂ယောက်တာဝန်ကျတဲ့ နယ်ပိုင်းမှာပဲ တစ်ညတော့ ရဲထိန်းသိမ်းမှုအောက်က ကန်ဒေါ်လာ သန်း၁၀၀ကျော်တန်ဖိုးရှိတဲ့ ဟီရိုအင်းတွေ ပြန်ခိုးခံထိသွားပါလေရော။အထက်အရာရှိတွေ ကြိမ်းမောင်းတာကို ၂ယောက်သား ခံရတဲ့အပြင် ငါးရက်အတွင်းအဲ့ဘိန်းတွေ ပြန်မရရင် ဌာန တစ်ခုလုံးပိတ်ပစ်မယ် ဆိုပြီးတောင် ခြိမ်းခြောက်ခံရပါတော့တယ်။

Lowrey ကတော့ နေ့ချင်းညချင်း ချမ်းသာလာတဲ့ သူနဲ့ အသိအကျွမ်း တစ်ယောက်ကို သင်္ကာ မကင်း ဖြစ်ပြီး ထောက်လှမ်းပါလေရော။ဒီမှာတင် ဆက်စပ် လူသတ်မှုတွေ ထပ်မံဖြစ်ပွားနိုင်စရာ ရှိသေးတယ်ဆိုတာကို သွားတွေ့ပါတယ်။ဒါကို ဇာတ်ဆောင် ၂ယောက် နဲ့အခြား ရဲ အရာရှိ ၂ယောက်က ပူးပေါင်းပြီး လူသတ်မှုတွေ မဖြစ်ပေါ်လာအောင် ၊နောက်ပြီး မူးယစ် ကုန်သည်တွေ လက်ရောက်သွားတဲ့ ဘိန်းတွေကို လက်ဝယ်ပြန်ရရှိအောင် ကြိုးစား ကြပါတော့တယ်။ ဒါက ပထမ ဇာတ်ကား ဇာတ်လမ်းအကျဉ်းလေးပါ

 Bad Boy 1 Download Link>>>>>http://adf.ly/1M5lMr


Small File Size Download Link>>>>>>http://adf.ly/1M6aeo




 ဒုတိယ ဇာတ်လမ်းလေးကတော့ ပထမ ဇာတ်လမ်းဖြစ်ပွားပြီး ၈နှစ်အကြာမှာ ဖြစ်ပွားခဲ့တာပါ။ မီယာမီ ဒေသ ကို မူးယစ်ဆေးဝါးတွေ အမြောက်အများ တရားမဝင် ဝင်ရောက်လာတာကို အဓိကဇာတ်ကောင် ၂ယောက်က စုံစမ်းဖော်ထုတ် ပုံနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ သူတို့ စုံစမ်းရရှိတဲ့ ဘက်ကို စီးနင်းဝင်ရောက် တိုက်ခိုက်တော့လည်း အဲ့လူတွေ က အဓိက ကြိုးကိုင်သူမဟုတ်ဘဲ လက်ဝေခံ ကိုယ်စားလှယ်တွေလောက်သာဖြစ်နေတာကိုတွေ့ရပါတယ်။ဒီအချိန်မှာ Lowrey ဟာ Marcus ညီမ Syd နဲ့ ဘာဘာညာညာ ဇာတ်လမ်းလေးတွေ ရှိနေတဲ့ အချိန်ပါ။ သူတို့ ၂ယောက်လုံး မသိတာက Sydဟာလည်း မူးယစ်ကွပ်ကဲရေးဌာန က အသွင်ဖျောက်ထားတဲ့ အရာရှိတစ်ယောက်ပါ။ ဒီလို စုံစမ်းဖော်ထုတ်နေကြရင်း Marcus နဲ့ Lowreyတို့ဟာ ဟေတီလူဆိုးဂိုဏ်း တစ်ဂိုဏ်းနဲ့ ထိတိုက်တွေ့ကြပါတော့တယ်။ ဒီအချိန်မှာSyd အကြောင်းသိနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာ Sydကို ဖမ်းဆီး အကြပ်ကိုင်လာပါတော့တယ်။ Sydကို ကယ်ရင်း ဂိုဏ်း ကိုပါဖြိုခွဲဖို့ Lowrey Marcusတို့အပြင် အထူးရဲတပ်ဖွဲ့ ရယ် Syd ရဲ့ မဟာမိတ်တွေရယ် နဲ့ပါပူးပေါင်း စစ်ဆင်ရေးတွေ လုပ်လာကြရပါတော့တယ်။ ဇာတ်လမ်းအသေးစိတ်နဲ့ ဇာတ်ဝင်ခန်းတွေကို ခံစားလိုသူများ အောက်ကလင့်ခ်ကို ကလစ်လိုက်ရုံပါပဲ



Bad Boy 2 Download Link>>>>>http://adf.ly/1M5lV7


(ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားတွေက ထွက်ထားတာ တော်တော်ကြာပြီဖြစ်ပေမဲ့ ပရိသတ်တွေကို ကြည့်စေချင်တဲ့ စေတနာနဲ့ အကောင်းဆုံး ကြိုးစားတင်ဆက်ပေးထားတာပါ။ အဆင်မပြေတာရှိရင် ခွင့်လွတ်ပေးကြဖို့ ကြိုတင် တောင်းပန်အပ်ပါတယ်)

@joker

No comments:

Post a Comment