Wednesday, August 12, 2015

Hulk (၁+၂) မြန်မာစာတန်းထိုး



ဒီတစ်တော့ Marvel Avengers တွေထဲက Hulk ရဲ့ ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။အမှောင်ဖုံးနေတဲ့ မိသားစုဘ၀ကနေ ကြီးပြင်းလာရတဲ့ ဘရုစ်ဘန်နာဆိုတဲ့ အရမ်းထက်မြက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ တစ်နေ့မှာတော့ စမ်းသက်ခန်းထဲမှာ မတော်တဆမှုကြောင့် သေစေနိုင်လောက်တဲ့ ဓာတ်ရောင်ခြည်သင့်မှုနဲ့ကြုံတွေ့ခဲ့ရပေမယ့် အသက်ရှင်ကျန်နေခဲ့ပါတယ်။

နောက်မှာ သူသိလာရတာကတော့ သူစိတ်ဆိုးလာတဲ့အခါ အရာအားလုံးကိုဖျက်စီးပစ်နိုင်တဲ့ အင်မတန် စွမ်းအားရှိတဲ့ အစိမ်းရောင်လူဘီလူး သတ္တ၀ါကြီးအဖြစ် ပြောင်းလဲသွားတာပါပဲ။ အဲဒီရှင်းမပြနိုင်တဲ့ ဓာတ်ပြုမှုရဲ့နောက်ကွယ်မှာ သူ့ကို ကလေးဘ၀ကတည်းက စမ်းသပ်မှုတွေမှာ အသုံးချခဲ့တဲ့ သူရဲ့ဖခင်ဖြစ်သူနဲ့ သက်ဆိုင်နေမှန်းသိလာတဲ့အခါ.......နောက်ပြီး သူ့ရဲ့ အဆုံးမရှိတဲ့ စွမ်းအားနဲ့ ဒေါသတွေကို ထိန်းချုပ်နိုင်တဲ့ တစ်ဦးထဲသောသူကို တွေ့လာတဲ့အခါ.......အတော်များများကြည့်ပြီးသားဇာတ်ကားဖြစ်နေနိင်ပေမယ့် ပြန်ကြည့်ချင်စိတ် အမြဲတမ်းရှိနေစေမယ့် ဇာတ်လမ်းကောင်းလေးပါပဲဗျာ။

The Hulk Movie Download Link>>>>Download and Watch from pCloud


Small File Size Download Link>>>>>Small File Size







Hulk 2 The Incredible Hulk မှာတော့ သူ့နောက်ကို လိုက်နေတဲ့ စစ်ဘက်အဖွဲ့အစည်းတွေနဲ့ဝေးရာမှာ ခြေရာဖျောက်နေပြီး သူ့ရဲ့ ဓာတ်ရောင်ခြည်သင့်မှုအတွက် ကုထုံးကိုရှာဖွေနေရင်း ဒေါသကို ထိန်းချုပ်ဖို့ လေ့ကျင့်နေတဲ့ ဘန်နာဟာ သူ့ရဲ့ စွမ်းအားတွေနဲ့ နည်းပညာတွေကို ကိုယ်ကျိုးအတွက်အသုံးချဖို့ ကျိုးစားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

 သူ့ရဲ့ ကျိန်စာလိုသတ်မှတ်ထားတဲ့ စွမ်းအားတွေကို ကုသနိုင်တော့မယ့် အချိန်မှာမှ သူချစ်တဲ့သူတွေကို ရန်ပြုတော့မယ့် ဘယ်သူမှ မတားနိုင်တော့မယ့် သတ္တုဝါဆိုးတစ်ကောင်ပေါ်ထွက်လာတဲ့အချိန်မှာ...... ငြိမ်းချမ်းတဲ့ဘ၀ကို ရွေးမလား သူရဲ့ စွမ်းအားတွေကိုပဲ အသုံးပြန်ချရတော့မလားဆိုတာ သူရွေးချယ်ရပါတော့မယ်

The Incredible Hulk Movie Download Link>>>>Download or Watch from pCloud


Small File Size Download Link>>>>>Small File Download

(ဇာတ်ကားအညွန်းရေးသူကတော့ CM အက်မင်  Little Neo ပဲဖြစ်ပါတယ်)

@Joker

No comments:

Post a Comment