Monday, August 31, 2015

How To Train Your Dragon (2) 2014 ( မြန်မာစာတန်းထိုး )



နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။

အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။ Eret ဟာ သူ့ရဲ့ ရွာပျက်သွားတာကြောင့် နဂါးတွေကို ကြည့်မရသူဖြစ်ပြီး Drago Bludvist လို့ခေါ်တဲ့ နဂါးနိုင်မင်းတစ်ယောက်အတွက် နဂါးတွေ လိုက်ဖမ်းပေးနေတာပါ။ ဒီကိစ္စကို အသိပေးဖို့ Hiccup နဲ့ Astrid တို့ဟာ ရွာကို ပြန်ခဲ့ကြပါတယ်။

Hiccup နဲ့ Astrid တို့ဆီက သတင်းစကား ကြားရပြီးနောက်မှာတော့ Stoick က တစ်ရွာလုံးကို တပ်လှန့်လိုက်ပါတယ်။ Stoick ဟာ အရင်က Drago နဲ့ ရင်ဆိုင်ဖူးပြီး ရူးသွပ်နေတယ်လို့ ဆိုပါတယ်။ Drago ဟာ ရွာကို နဂါးတွေနဲ့ မီးလောင်တိုက်သွင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် Hiccup ကတော့ အဲဒီ သုံးသပ်ချက်ကို လက်မခံပဲ Drago ကို သူဖြောင်းဖြရင် ရနိုင်မယ်လို့ ယုံကြည်ပြီး Eret ဆီမှာ သွားအဖမ်းခံလိုက်ပါတယ်။ အဲဒီလို အဖမ်းခံပေမယ့်လည်း Hiccup ကို တကယ်တမ်း မဖမ်းနိုင်ပဲ လွတ်မြောက်သွားပြီး Hiccup နဲ့ Astrid တို့ဟာ တခြားသူတစ်ယောက် ဖမ်းဆီးတာ ခံလိုက်ရပါတယ်။

ဖမ်းလိုက်တဲ့သူကတော့ တခြား နဂါးစီးသူ တစ်ယောက်ဖြစ်ပြီး Valka လို့ အမည်ရပါတယ်။ သူဟာ Alp့ha အမျိုးအစား ဧရာမ နဂါးကြီးကို နိုင်နင်းသူဖြစ်ပြီး အဲဒီ Alpha နဂါးကြီးဟာ ကျန်တဲ့ နဂါးလေးတွေကို စောင့်ရှောက်သူ ဖြစ်ပါတယ်။ နောက်မှ သိရတာက Valka က Hiccup ရဲ့ မိခင်ဖြစ်ပြီး သူငယ်စဉ်က နဂါးတွေနဲ့အတူ ရွာကနေ ထွက်သွားခဲ့တာပါ။

Hiccup ဟာ သူ့မိခင်ကို ပြန်တွေ့ရပေမယ့် Drago ရဲ့ အန္တရာယ်ကနေ လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ဗိုက်ကင်းကြီး Stoick ကလည်း Hiccup နောက်ကို လိုက်လာပါတယ်။ Hiccup တို့ မိသားစု ပြန်လည်ဆုံတွေ့ကြမှာလား။ Drago ကရော ဘာတွေ ကြံစည်ထားလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။

Kung Fu Panda ကနေ တောက်လျှောက် 3D နဲ့ အောင်မြင်မှု ရခဲ့တဲ့ DreamWorks Animation ဟာ ၂၀၁၀ ပြည့်နှစ်က အောင်မြင်ခဲ့တဲ့ How to Train Your Dragon ရဲ့ ဒုတိယမြောက် ဇာတ်ကားကို ဆက်လက်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ စာရေးဆရာမ Cressida Cowell ရဲ့ How to Train Your Dragon ဝတ္ထုကို သုံးပိုင်းခွဲ ရိုက်ကူးတဲ့ထဲက ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Dean DeBlois ရိုက်ကူးပြီး Jay Baruchel ၊ Cate Blanchett ၊ Gerald Butler ၊ Craig Ferguson ၊ America Ferrera နဲ့ Djimon Hounsou တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။

IMDb မှာ Rating 7.9 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 92% ထိ ရရှိထားပါတယ်။ နဂါးတွေ အရောင်စုံနဲ့ ရုပ်ထွက်လှပမှုကလည်း Rio 2 နဲ့ အပြိုင်ပါပဲ။ ဗိုက်ကင်းတွေရဲ့ ဇာတ်အိမ်နဲ့ ခိုင်မာတဲ့ ဇာတ်ကြောင်းကိုလည်း ပရိသတ်နှစ်သက်မှာပါ။

(အညွှန်းကို myanmar movie guide မှ ကူးယူပါသည် )

Filesize : 900 MB ( 1080 HD )
Filesize : 416 MB ( 480p )
Quality : 1080p
Format : mp4
Running Time : 1h 45 min
IMDb Rate : 7.9
Subtitle : Myanmar Subtitle (Hardsub )
Encoder : LK

Download And Watch with Pcloud Link 



Knock out (2010) မြန်မာစာတန်းထိုး



ဒီတစ်ခါမှာတော့ အိန္ဒိယ ရုပ်ရှင်လောက မှာ ဆန်းသစ်တဲ့ ပုံစံနဲ့ လှုတ်လှုတ်ခတ်ခတ် ဖြစ်သွားစေတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ နာမည်က knock outတဲ့ မနက် ၁၁ နာရီ ကနေ နေ့ခင်း၁နာရီ အတွင်း ဖြစ်ပျက်သွားတာတွေကို စိတ်လှုပ်ရှား ဖွယ်ရာ ရိုက်ကူးတင်ဆက် ထားတာ တွေ့ရပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့.... Sanjayy Dutt က ဘယ်သူ့ကိုမှ အယုံအကြည်မရှိတဲ့ တိတ်တဆိတ် လုပ်ကြံသူ။ ခေတ်မီ လက်နက်တွေ ကိုင်လေ့ ရှိပြီး သူ့ပစ်မှတ် ကို အခက်အခဲ မရှိ သွေးအေးအေး လုပ်ကြံနိုင်သူ။ စနိုက်ပါ လက်ဖြောင့် ဆရာကြီး သူ့ ပစ်မှတ်က Irrfan. Irrfanကလည်း ခေသူမဟုတ်။ ဘဏ် လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး နိုင်ငံရေး ဘက်မှာပါ သြဇာ အတန်ငယ် ရှိထားသူ။ ခရိုနီ တွေ နဲ့လည်း ရင်းနှီး ကျွမ်းဝင်သူတစ်ယောက်။ကောက်ကျစ်ပြီး ဉာဏ်များသူ။ Irrfanရဲ့ သူများတွေအပေါ် အနိုင်ကျင့်မှုတွေကို မကျေနပ်တဲ့ Sanjayyဟာ အကွက်ကျကျ စီမံ ပြီး သာယာ တဲ့နေ့တစ်နေ့ မနက် ၁၁ နာရီလောက်မှာ Irrfanကို ဖုန်းရုံဆီ လာစေပြီး ခေါင်မိုးပေါ်ကနေ စနိုက်ပါနဲ့ချိန်ကာ.............. ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ ရင်သပ်ရှုမော ဖွယ်ကောင်းလှပါတယ်။ ရဲတွေ သတင်းထောက်တွေ နဲ့ ပါ Sanjayyတစ်ယောက်အားပြိုင်ရပြီး Irrfanရဲ့ မကောင်းမှုတွေကို Irrfanကိုယ်တိုင်လူသိရှင်ကြား ထုတ်ဖော် ပြောဆိုဖို့ ဖိအားပေးစီစဉ်တာဟာ အောင်မြင်မလား ဆိုတာကတော့….


File Size         : 950 MB
Quality           : Blu ray 720P
Running Time : 1hr 51 minute
Format           : Mkv
Genre             : Action, Drama, Crime
Encoder         : Joker.phs

Download And watch With Pcloud Link

(ဘာသာပြန်သူကတော့ CM ပရိသတ် Silent Kayပဲ ဖြစ်ပါတယ်)

@Joker

Saturday, August 29, 2015

Yes or No (2010) မြန်မာစာတန်းထိုး

Screenshots



(ဒီကားလေးက CM ရဲ့ ဘာသာပြန်သူ ကိုဟေဒိ လက်ရာပါ။)

ဇတ်လမ်း ပုံစံလေးကတော့ ယောင်္ကျားလျှာ နဲ့ တစ်ခန်းထဲ အတူနေရလို့
စိတ်ညစ်ပြီး အခန်းပြောင်းလာတဲ့ ပိုင် တစ်ယောက်
အဲ့ဒီအခန်းမှာလဲ ကင်မ် ဆိုတဲ့ ယောင်္ကျားလျှာ ချောချောလေးနဲ့ ထပ်ဆုံရလေရော...
ကင်မ် က တစ်ခြား ယောင်္ကျားလျှာတွေနဲ့ မတူပဲ ပုံစံလေး ကွဲပြားပေမယ့်
ချစ်တက် ကြင်နာတက်တဲ့ နှလုံးသားနဲ့ နွေးထွေးမှုတွေ ရှိတယ်..
အပင်တွေ စိုက်တာ ၀ါသနာပါတဲ့ လယ်သမားမျိုးရိုးက ဆင်းသက်လာသူ
ဟင်းချက်လဲ တော်တယ် သီချင်းလဲ ဆိုတက်တယ် ဂစ်တာတီးတယ်..
အပျင်းကြီးတဲ့ မိန်းမလှလေး ပိုင် တစ်ယောက် အမြင်ကပ်လှပါချေရဲ့ ဆိုတဲ့
ကင်မ် ကို တစ်ခန်းထဲ အတူနေရရလို့ အမျိုးမျိုး နှိပ်စက်သော်လဲ တစ်ခြားမိန်းကလေး
အတော်များများ က ကင်မ် ကို အရေးပေးတာ မလိုလား စိတ်ထဲက မနာလိုမှုတွေ
ဖြစ်လာပြီး ကင်မ် ကို ချစ်မိလာခဲ့တယ်...
ပိုင် မှာ လက်ထပ် ရမယ့် ခင်ပွန်းလောင်း ဗီဗန် ရှိနေပြန်တယ်..
ကင်မ် ကလဲ မိန်းကလေးမို့ ချစ်ကြိုက်ရမှာ လူပြောခံရမှာကို စိတ်ပူနေတဲ့ ပိုင်...
မိန်းကလေးပေမယ့် ပိုင်ကို အရမ်းချစ်မိတဲ့ ကင်မ် ရဲ့ နှလုံးသား...
ပျော်စရာ ဟာသ လေး တစ်ချို့နဲ့ မဆုံစည်းနိုင်မယ့် အချစ်ဇတ်လမ်း...
ဘာပဲ ဖြစ်ဖြစ် ရှေ့ဆက်တိုးလာတဲ့ ကင်မ် တစ်ယောက် ကို ပိုင် နဲ့ ပိုင် ရဲ့
မိဘ နဲ့ အသိုင်းအ၀ိုင်းက လက်ခံနိုင်မှာလား...
ကင်မ် ကို အပျော်တွဲတာလား တကယ်ချစ်တာလား မခွဲခြားနိုင်တဲ့ ပိုင်...
အညွှန်း ဆိုတာ ဒီကားလေးအတွက် တကယ် မရေးချင်ပါဘူး ဘာဖြစ်လာမယ်ဆိုတာ
ကျနော် ရင်ခုန်ရင်း စောင့်ကြည့်ခဲ့တယ် ယောင်္ကျားလျှာလဲ ချစ်တတ်တဲ့နှလုံးသား နဲ့ ရယ်ပါ..
သူတို့ အချစ်က ဆုံနိုင်ပါ့မလား ဝေးရမလား ဆိုတာကိုတော့...
Yes Or No ဇတ်လမ်းလေးကို Download ဆွဲ ကြည့်လိုက်ကြပါနော်..။
(သစ်ဆန်းခန့်)


File size...(800MB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....01:51:31
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 
 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(Uploading)


 


နမူနာကြည့်ရန်

Johnny English 2: Reborn (2011)

       

ပရိသတ်တွေအတွက် ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English ရဲ့အဆက်ကို တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။

 ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုက အတော်ကို ရယ်စရာကောင်းပါတယ်။ စာတန်းမထိုးပဲတောင် Mr.Bean ရဲ့ သရုပ်ဆောင်မှုနဲ့ ဇာတ်လမ်းက ၂ ဆ ပိုရယ်နေရပါပြီ။ မြန်မာစာတန်းထိုးနဲ့ အပြည့်အစုံနားလည်ပြီးကြည့်ရမယ်ဆိုရင်တော့......

ဆက်မပြောတော့ပါဘူး။ အောက်ကလင့်မှာသာဒေါင်းပြီးကြည့်လိုက်ကြပါတော့။

 File Size         : 730 MB
Quality           : Blu ray 720P
Running Time : 1hr 41 minute
Format           : Mp4
Genre             : Action, Adventure, Comedy
Encoder         : Little Neo


Download And watch With Pcloud Link



Johnny English 1 ပြန်ကြည့်ချင်သူများအတွက်


Born to Race: Fast Track (2014) မြန်မာစာတမ်းထိုး


2011 ကထွက်ရှိခဲ့တဲ့ Born to Race ဒုတိယပိုင်းဖြစ်ပါတယ်။ ဒီကားလေး ကတော့ Fast & Furious ကားတွေလိုမျိုး အတ်ရှင်ဇာတ်ကားမဟုတ်ပဲ သူငယ်ချင်းအကြောင်းနဲ့ ကားပြိုင်တဲ့အကြောင်းကို ဖေါ်ပြထားတဲ့ကားလေးတစ်ကားပါ။

Danny Krueger ဟာ ကားမောင်သင်တန်းကျောင်းကိုရောက်လာတာပါ အဲဒီမှာ သူ့အခန်းဖေါ်ကို သူနဲ့အတူတူ ကျောင်းတတ်နေတဲ့ ညီကိုနှစ်ယောက်လုပ်လိုက်တာကြောင်း Danny Krueger အခန်းဖေါ် သင်တန်းမှထွက်ခဲ့ရပြီး Danny Krueger ရဲ့သူငယ်ချင်း(ရန်ဖက်)ရောက်ရှိလာခဲ့ပြီး ကျောင်းပိတ်ပွဲကားပြိုင်ပွဲသူတို့နှစ်ဦးရှုံးခဲ့ကြ၍ တစ်ဦးတစ်ဦးအပြစ်တင်ရာမှ Danny Krueger ၏သူငယ်ချင်းက နောက်ထပ် ကားမှောင်းပြိုင်ပွဲတွင်သူဝင်မပြိုင်တော့ပဲ Danny Krueger အားဝင်ပြိုင်စေခြင်းကို ရင်တသိမ့်သိမ့်နဲ့ကားမှောင်းပြိုင်ခြင်းအား ကြည့်ရှုရမည်ဖြစ်ပါတယ်……

.(ဒီကားလေးက သူငယ်ချင်း မေတ္တာတရားကိုပုံဖေါ်ထားပြီး IMbd မှာ Rating:5.4 ရရှိထားပါတယ် အင်ရှင်ကားမဟုတ်ပေမဲ့ ကြည့်ကောင်းတဲ့ကားလေးတစ်ကားပါ)

File Size: 1GB
Quality  : DvD Rip 720P
Format  : Mp4
Genre    : Action
Duration: 94 Minute
Encoder: Joker.phs

Download And watch With Pcloud Link Full HD


Download And Watch Pcloud Small File Size(300MB)


(ဇာတ်ကားအညွန်းရေးသူကတော့ CMပရိသတ်ကိုရာဇာပဲ ဖြစ်ပါတယ်)

@joker

Attack On Titan(2015) မြန်မာစာတန်းထိုး








ဒီကားထွက်ရင် ဘာသာပြန်မယ်လို့ပြောထားပြီး နောက်ကျနေလို့ဆောရီးပါ
English Srt File
က မထွက်သေးတာရယ်အလုပ်တွေလဲများနေတာရယ်ကြောင့်ပါ
အခုတော့ အားလုံးပြီးသွားလို့ တင်ပေးလိုက်ပါပြီ

ဒီကားကို မကြည့်ခင်အရင် ဆုံးပြောချင်တာကဇာတ်ကားပြီးလို့ စာတန်းထိုးပြီးတဲ့ထိပြီးဆုံးအောင်
ကြည့်ပေးစေချင်ပါတယ် wink emoticon

လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်ကပေါ်လာတဲ့ လူသားစားတဲ့တိုက်တန်တွေ..
တိုက်တန် တွေကိုကြောက်လို့ နံရံမြင့်ကြီးတွေ ထဲမှာနေနေရတဲ့လူသားတွေ..
တိုက်တန်တွေကို အယုံအကြည် မရှိခဲ့တဲ့အဲရန် နဲ့
သူငယ်ချင်း လူကြောက်လေးအာမင်..
ပြီးတော့ အဲရန်ပြောသမျှယုံကြည်တတ်တဲ့ ကောင်မလေးမီကာဆာတို့ ..
နံရံ ကြီးတွေရဲ့အပြင် ဘက်ကိုထွက်ဖို့ ကြိုးစားကြတဲ့တစ်နေ့မှာ....

တိုက်တန်တွေ ပေါ်လာပြီးလူသားတွေ တိုက်ခိုက်ခံကြရပြီးတဲ့ နောက်မှာ
အဲရန် အာမင်နဲ့ မီကာဆာတို့ ဘာတွေပြောင်းလဲ သွားကြမလဲဆိုတာရယ်...

တိုက်တန်တွေ ကိုတိုက်ခိုက်ကြတာတွေ သေကွင်းသေကွက်တွေက တကယ်ကို
ကြည့်လို့ကောင်းပါတယ် (18+ Rated ကားဖြစ်ပါတယ် သေတာတွေ ကြမ်းလို့နော်colonthree emoticon )

ဒီကားဟာ ဂျပန်Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး ဂျပန်မှာလဲအရမ်းနာမည်ကြီးတဲ့ ကားဖြစ်ပါတယ်
(
ဒီကားကို ရုံတင်တုန်းကလက်မှတ်မရလို့ ရုံးလစ်ပြီးကိုသွားကြည့်ပါတယ် tongue emoticon )
Anime
ကြည့်ဖူးသူတွေကတော့ ဒီကားဟာAnime ကို မမှီဘူးလို့ပြောကြပါလိမ့်မယ်
Anime
ဗားရှင်းထဲက မီကာဆာရဲ့ကာရိုက်တာဟာ Live-Action Movie ထဲက ကာရိုက်တာနဲ့ လုံးဝကိုကွဲပြားနေတဲ့ အချက်လဲပါပါ လိမ့်မယ်
ဘာပဲဖြစ်ဖြစ် Animated လုပ်ထားကားကို ရုပ်ရှင် ရိုက်ရတာလွယ်တာတော့ မဟုတ်ပါဘူး
နောက်ပြီး ဒီကားထဲကအဓိက ဖြစ်လာမဲ့တိုက်တန်ကို သရုပ်ဖော်ထားတာလဲတော်တော် ကိုကြည့်လို့ ကောင်းတာကိုတွေ့ရပါလိမ့်မယ်

ဒီဇာတ်ကားကို အညွှန်းရေးကြတဲ့သူတွေလဲ များနေတဲ့ အတွက်ဇာတ်လမ်းအကြောင်းကို သိပ်မပြောတော့ပါဘူး
ကိုယ်တိုင် ကြည့်တာပို အရသာရှိမယ်ထင်ပါတယ်
အားပေးကြမယ်ဆိုရင်တော့ အောက်တိုဘာမှာထွက်မယ့် ဒုတိယပိုင်းကိုလဲ ဆက်ပြီးဘာသာပြန်ပေးပါ့မယ်ရှင်..

  File Size         : 940 MB
Quality           : HD Rip 720P
Running Time : 1hr 30 minute
Format           : Mp4
Genre             : Action, Adventure, Drama
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And Watch With Pcloud Link Small File Size(360MB)

(ဒီဇာတ်ကားအတွက် ဘာသာပြန်သူနဲ့ အညွန်းရေးသူကတော့ Khin Cherry Hninပဲ ဖြစ်ပါတယ်)

@joker

Friday, August 28, 2015

No one killed Jessica (2011) မြန်မာစာတန်းထိုး


IMDB 7.1/10 ရရှိထားတဲ့
ဒီဇာတ်ကားလေးကတော့
တရားမျှတမှုနဲ့သြဇာအာဏာတို့လွန်ဆွဲမှုတို့ကို
ထင်းလင်းအောင် ဖော်ပြထားပြီး
အမှန်တရားရဲ့နိမိတ်ပုံကိုလည်း
မီးမောင်းထိုးပြပေးနေတဲ့
ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

[ဇာတ်လမ်းအကျဉ်း]

ဤ ဇာတ်ကားရဲ့အဖွင့်မှာတော့
Night Club တစ်ခုမှာ လူသတ်မှုဖြစ်ပွားပုံနဲ့
အစပျိုးထားခဲ့ပါတယ်။အသတ်ခံရသူမှာ တက်သစ်စ
မော်ဒယ်လ် ဂျက်ဆီကာ ဖြစ်ပြီး သူမ အားသေနတ်ဖြင့်
ပစ်သတ်ခဲ့သူကတော့ မနစ်ရှ်ဘာဝဂ်ျ ပဲဖြစ်ပါတယ်။
ဖြစ်ပွားပုံကတော့ မနစ်ရှ် အရက်တောင်းဝယ်ရင်း
ဂျက်ဆီကာ နဲ့အချင်းများရာမှစခဲ့တာပါ။

ဘားပိတ်ချိန်ဖြစ်၍ အရက်မရောင်းတော့ကြောင်း
ဂျက်ဆီကာ ရှင်းပြသော်လည်း အရက်မူးလွန်သူ
မနစ်ရှ် အတွက်တော့ နားမ၀င်ခဲ့ဘဲ လူသတ်မှုကျူးလွန်ခဲ့တာပါ။

အဲ့ဒီနောက် ဂျက်ဆီကာရဲ့အစ်မ ဆက်ဘရီနားက
မနစ်ရှ်ကို စွဲချက်တင်ပြီးအမှန်တရားပေါ်ပေါက်စေရန်
ကြိုးပမ်းခဲ့ပါတယ်။ သို့သော် မနစ်၇ှ် ဟာ ၀န်ကြီးတစ်ဦးရဲ့သားဖြစ်တာကြောင့်
ဆက်ဘရီနားအတွက် မလွယ်ကူခဲ့ပါဘူး။

ဒီလူသတ်မှုမှာ
မျက်မြင်သက်သေ ၃၀၀ ကျော်ရှိခဲ့သော်လည်း
ဝန်ကြီးရဲ့သြဇာအာဏာကြောင့် အားလုံးဟာ
အမှန်တရားကို
ပုန်းလျှိုး လျစ်လျူရှုလိုက်ကြပါတယ်။ဒါဟာ
ညီမလေးတစ်ယောက်အတွက် အမှန်တရားပေါ်ပေါက်စေလိုသူ ဆက်ဘရီနားအတွက် ကြေကွဲမှုတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။

တရားရုံး ကြားနားချိန်တွေမှာလည်း
ဆုံးဖြတ်မှုတွေအောက်မှာ လာဘ်စားမှုတွေအောက်မှာ
အာဏာမရှိသူ ပြည်သူသာ ကျရှုံးခဲ့ရပါတယ်။
အဓိက မျက်မြင်သက်သေကလည်း
ငွေနဲ့ အ၀ယ်ခံရပြီး အမှုကိုအဆုံးသတ်ထွက်ဆိုပေးခဲ့ပါတယ်။

ဆက်ဘရီနားအတွက်တော့
ညီမလေးရဲ့အမှန်တရားမပေါ်ပေါက်ခဲ့သလို
မိဘတွေစိတ်ဆင်းရဲ ဒုက္ခကိုကြည့်ရင်း
စိတ်ဓာတ်ကျသူလုံးလုံးဖြစ်လာခဲ့ရှာသည်။

ဒီအမှုစစ်ဆေးမှုဟာ ခြောက်နှစ်တာကြာမြင့်ခဲ့ပြီး
ဂျက်ဆီကာအတွက်လည်း
တရားမျှတမှုမရှိဘဲ ပိတ်သိမ်းခဲ့ရပါတယ်။

ဒီလိုမျိုးအချိန်မှာတော့
NDTV သတင်းဌာနရဲ့သတင်းထောက်မလေး
မီရာက တရားမျှတမှုကို
ပြန်လည်ဖော်ထုတ်ခဲ့သောအခါ၌--------။

ကဲ ဘာတွေဆက်ဖြစ်လာမှာလဲ။

အစ်မတစ်ယောက်အဖို့ လက်လွှတ်ခဲ့ရသော
အမှုအား မီရာက ဘယ်လိုကြိုးပမ်းဆောင်ရွက်မှာလဲ။

အောင်မြင်မည်လား၊ကျရှုံးမည်လား။

ဒီဇာတ်ကားလေးမှာတော့
လူသတ်သမားအား ဖော်ပြပေးခဲ့ပြီး
သြဇာအာဏာရဲ့လွှမ်းခြုံမှုတွေက
ပြည်သူ့ဥပဒေအပေါ် ရက်စက်သလားဆိုတဲ့
မေးခွန်းမျိုးမေးရတဲ့အထိ ကျန်ရစ်စေသည့်
ဇာတ်ကားကောင်းလည်းဖြစ်ပါတယ်။
ထို့အပြင် ရိုးရိုးရှင်းရှင်းနဲ့ ပေးပို့စေချင်သည့်
အသိပညာအားလည်း တိုက်ရိုက်ပေးစွမ်းနိုင်ခဲ့သည်။

မီဒီယာသမား မီရာ ဆိုတဲ့
သတင်းထောက်မလေးအတွက်
အမှန်တရားရဲ့ထိုးနှက်မှုတွေ၊
ကြိုးပမ်းမှုတွေ စွမ်းဆောင်မှုတွေ၊
ဆက်ဘရီနားရဲ့ ညီအစ်မမေတ္တာတွေ၊
နိုင်ငံရေးသြဇာအာဏာရှင်တွေနဲ့
ပြည်သူ့ဥပဒေ လွန်ဆွဲခဲ့မှုတွေ စတဲ့
အချက်တွေကလည်း
လူ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း
မြင်တတ်စေခဲ့သည်။

ဒါ့ကြောင့်
ဒီဇာတ်ကားလေးမှာတော့
အမှန်တရားအနိုင်ရခဲ့မည်လော၊ သို့မဟုတ်
ဥပဒေအထက် ၀န်ကြီးတွေပဲရှိခဲ့မည်လော ဆိုတာတော့
ဒီဇာတ်ကားလေးကြည့်ရင်း
ခန့်မှန်းညွှန်းဆိုကြည့်ရအောင်လား မိတ်ဆွေ။



File Size         : 890 MB
Quality           : Blu ray 720P
Running Time : 2hr 16 minute
Format           : Mkv
Genre             : Crime, Drama, Thriller
Encoder         : Joker.phs

Download And watch With Pcloud Link


(ဇာတ်ကားအညွှန်းအား channel myanmar ပရိသတ်
မောင်အောင်ပိုင်ဖြိုး မှရေးသားတင်ဆက်ပါသည်။)

@Joker

Timeline 2014 (မြန်မာစာတန်းထိုး)



ချင်းမိုင်မြို့လေးမှာ စတော်ဘယ်ရီခင်း နဲ့ သာယာတဲ့ အိမ်ထောင်လေး
တစ်ခု ရှိခဲ့တယ်...
တစ်ရက်မှာတော့ ထိုစုံတွဲလေးဟာ ဘက်ပဲ့သွားတယ် အမျိုးသမီးရဲ့ ချစ်လှစွာသော
ခင်ပွန်းဟာ လူလောကကြီးနဲ့ သူချစ်လှပါတဲ့ မိန်းမ ဖြစ်သူကို ခွဲခွာသွားခဲ့တယ်...
ခင်ပွန်းကို ချစ်လှတဲ့ အမျိုးသမီးဟာ တစ်အိုးတစ်အိမ် ထပ်မထူထောင်ပဲ
ကျန်ရစ်ခဲ့တဲ့ သားငယ်လေး ထန် ကို ကြီးပြင်းတဲ့အထိ မိန်းမသား တစ်ယောက်ရဲ့
ခွန်အား နဲ့ ရုန်းကန် ကျွေးမွေး ပညာသင်ပေးခဲ့တယ်....

တစ်နေ့မှာတော့ အရွယ်ရောက်လာတဲ့ သားလေး ထန် ဟာ မိဘ ရဲ့ အရိပ်ကို
စွန့်ခွာပြီး ဘန်ကောက်မြို့ကို ကျောင်းသွားတက်ပါတော့တယ်...
နယ်မြို့လေးမှာ အမေ တစ်ယောက် သူ့ကျောင်းစရိတ်အတွက် ဘယ်လို ရုန်းကန်နေလဲ
ဆိုတာ ထန် တစ်ယောက် ဂရုမပြုမိပါဘူး အမေဆီ ဆက်သွယ်တိုင်း သူလိုချင်တဲ့
ပစ္စည်းတစ်ခု မဟုတ်ရင် ပိုက်ဆံတွေကိုသာ မှာလေ့ရှိပါတယ်..
အမေဖြစ်သူကတော့ သူ့သားလေး ကျန်းမာစွာနေဖို့နဲ့ အသံလေးကြားဖို့သာ
မျှော်လင့်နေခဲ့တာပေါ့....

ထန် တစ်ယောက် မြို့ မှာ တက္ကသိုလ် တက်ရတဲ့ အခါ ဖရက်ရှာဝဲလ်ကမ်း မှာ
ဂျွန် ဆိုတဲ့ ပျော်တက်တဲ့ ကောင်မလေးနဲ့ စတင် တွေ့ရပါတော့တယ်..
ထန် ရဲ့ စိတ်ရင်းလေးကို ချစ်မိသွားတဲ့ ဂျွန် တစ်ယောက် ထန် အတွက် အမြဲလိုလို
ဦးစားပေးခဲ့ပါတယ် သူမလုပ်နိုင်တဲ့ အလုပ်တွေကို ထန်အတွက် ကြိုးစားပြီးလုပ်ခဲ့တယ်
သူ့ဘ၀ မှာ အချစ်ဆုံး ချစ်သူအဖြစ် တိတ်တခိုး ချစ်မိပြီး သူတို့ နှစ်ယောက် အမှတ်တရ
မွေးစားဖြစ်ခဲ့တဲ့ ခွေးလေး ကပေါင် နာမည်နဲ့ Facebook မှာ အကောင့်အသစ် ဖွင့်ပြီး
သူခံစားနေရတာတွေကို Time Line မှာ အမြဲတမ်း ရင်ဖွင့်ခဲ့ပါတယ်...
ထန် ဂရုမစိုက်တာတွေ ဂျွန်ကို အလေးမထားတာတွေ နဲ့
ထန် ရဲ့ နောက်ကွယ်မှာ မျက်ရည်ကျခဲ့ရတာတွေ အတွက်ပေါ့...

အရမ်းချစ်တက်တဲ့ ကောင်မလေး ဂျွန် ကို ထန် တစ်ယောက် အနီးမှာရှိနေလို့
မမြင်မိပဲ သာယာတဲ့ နောက် လိုက်နေတက်တဲ့ ရုပ်ရှင်ဒါရိုက်တာ အစ်မယွန် ကိုသာ
အစွဲကြီး စွဲမိပြီး ယွန် ရဲ့ အချစ်ကိုသာ ရဖို့ ထန် ကြိုးစားခဲ့ပါတယ်...
ဒီလိုနဲ့ ထန် တစ်ယောက် သူ့ကို ချစ်တဲ့ အမေ နဲ့ ဂျွန် တို့ ရဲ့ မေတ္တာတွေကို
မသိနားမလည်ခဲ့ပါဘူး...
ဂျွန် ကလဲ စိတ်နာပြီး ဂျပန် ကို ပညာတော်သင် ထွက်သွားပါတော့တယ်...
ထန် အမေ ဖြစ်သူမှာလဲ နယ်မြို့လေးမှာ ကျန်းမာရေး ထိခိုက်ပြီး
အိပ်ရာထဲ လဲသွားပါတယ်...

ထန် တစ်ယောက် သူ့အပေါ်ထားတဲ့ တကယ့်အချစ်စစ်တွေကို
ဘယ်တော့ နားလည်လာမှာလဲ...
စိတ်ထားဖြူစင်ပြီး ထန် ကို တကယ်ချစ်တဲ့ ဂျွန် နဲ့ ရော ဆုံနိုင်မှာလား
နယ်မြို့လေးက အမေ ရဲ့ ကျေးဇူးကို ရော ပြန်ဆပ်နိုင်မှာလား...
သိချင်ရင် ဒီရုပ်ရှင်ကားလေးကိုသာ Download ဆွဲကြည့်လိုက်ပါ...

ဒီကားလေးကို ဘာသာပြန်ထားတာကတော့
ထိုင်းနိုင်ငံ ရောက်ရှိနေတဲ့ ကို Hein Htat Aung မှ အလုပ်မအားတဲ့ကြားမှ
အဓိပ္ပါယ် ပြည့်စုံအောင် ဘာသာပြန်ပေးထားတာဖြစ်ပြီး Channel Myanmar မှ
ပြန်လည် တင်ဆက်ထားပါတယ်.....

File Size         : 680 MB
Quality           : Blu ray 720P
Running Time : 2 hr 15 minute
Format           : Mkv
Genre             : Romance
Encoder         : Joker.phs

Download And watch With Pcloud Link

(အညွန်းရေးသူကတော့ CM Admin သစ်ဆန်းခန့် ဖြစ်ပါတယ်)

Thursday, August 27, 2015

Mulan (1998) မြန်မာစာတန်းထိုး


ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့

ဖြစ်ရပ်မှန် ကို ပြန်လည်ပြီး ဇတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်...

တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သော သက်ကြီးစစ်သားဟောင်းများကို

ပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သား နှင့် အရာရှိများက စစ်ထဲ မလိုက်နိုင်အောင်

ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသား တစ်ဦးစီကို

စစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်...

အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်

ကျန်းမာရေး မကောင်းတော့တဲ့ အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူ

မုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီး

ဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်...

ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့

မုလန် လေးကို မြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီး

မုလန် အား စောင့်ရှောက်ရန် အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်

နေစေရန် စေလွှတ်ခဲ့ပါတော့တယ်...

စစ်တပ်ထဲတွင် မိန်းကလေးမှန်း မသိအောင် ဟန်ဆောင်နေရပြီး အခက်အခဲများစွာ

တွေ့ရမယ့် မုလန် တစ်ယောက် စစ်ပွဲကြီးတွင် အောင်နိုင်ပါ့မလား

အိမ်ပြန် ဖခင်ကြီးနဲ့မိခင်ကြီး တို့ကို တွေ့နိုင်ပါအုံးမလားဆိုတာ

ဟာသ ရသ စုံလင်လှတဲ့ Mulan ကာတွန်းရုပ်ရှင်လေးကို ကြည့်ပြီး

အဖြေရှာကြည့်လိုက်ကြပါ...


(သစ်ဆန်းခန့်)


Download Link
===============




Minions (2015) မြန်မာစာတန်းထိုး



အားလုံးစောင့်မျှော်နေတဲ့ Minion 2015 ကိုတင်ဆက်ပေးလိုက်ပါပြီ..အဆင်ပြေနိုင်ကြပါစေ :D

Minion တွေဟာ ကမ္ဘာဦးအစ ကတည်းက ဆဲတစ်ခုတည်းနဲ့ တည်ရှိခဲ့တဲ့ အဝါရောင် သတ္တဝါလေးတွေဖြစ်ပြီး အင်အားအကြီးမားဆုံး အဆိုးသွမ်းဆုံး အကောင်ကိုသာ လုပ်ကျွေးပြုစုချင်ကြသူတွေ ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ T.Rex ဒိုင်တိုဆောတွေ၊ ကျောက်ဂူလူသားတွေ နောက်ကို လိုက်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဉာဏ်ပညာကြီးမားတဲ့ လူသားတွေအပေါ် နှစ်သက်တဲ့ စိတ်ကြောင့် အဆိုးသွမ်းဆုံး လူတွေဆီကိုသာ နောက်လိုက်အဖြစ် ပါဝင်ပြုစုခဲ့ပါတယ်။ အီဂျစ်ဖာရို၊ ဒရက်ဂူလာနဲ့ နပိုလီယံတို့ကို အလုပ်အကျွေး ပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အန္တာတိကမှာ သီးသန့်သွားရောက်နေထိုင်နေကြပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်ပြီး စိတ်ဓာတ်ကျ ငြီးငွေကုန်ကြပါတယ်။

ဒီ Minion အပေါင်းကို ကယ်တင်ဖို့အတွက် သတ္တိကောင်းတဲ့ Kevin ဟာ သူ့ရဲ့ အကြံကို Minion တွေအားလုံး ကြားမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သူနဲ့အတူ စွန့်စားမယ့် သူရဲကောင်း နှစ်ယောက်ကို ရှာဖွေတဲ့အခါ အူကြောင်ကြား ဂစ်တာရူးဖက်တီး Minion Stuart နဲ့ ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ Minion Bob တို့ပဲ ပါလာကြပါတယ်။

၁၉၆၈ ကာလမှာ Kevin ဟာ Stuart ၊ Bob တို့နဲ့အတူ New York ကို ရောက်ရှိလာပါတယ်။ ကုန်တိုက်တစ်ခုမှာ ပုန်းခိုရင် ကမ္ဘာ့အဆိုးဆုံး လူဆိုးကြီးတွေ စုစည်းနေကြတဲ့ Villain-Con (ဗီလိန် ကွန်ဖရင့်) ကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာ ကျင်းပမယ့် ဒီပွဲကို သွားဖို့ လမ်းမှာ ဒုစရိုက်သမား မိသားစုနဲ့တွေ့ပြီး သူတို့ကို ခေါ်သွားပါတယ်။ အဲဒီထဲကမှ အဆိုးတကာ့ အဆိုးဆုံး လူဆိုးမကြီး Scarlet Overkill ရဲ့ လက်ထောက်တွေ အဖြစ် ရွေးချယ်ခံရပါတယ်။

Scarlet ရဲ့ လက်ထောက်တွေအဖြစ် သူတို့ဟာ လန်ဒန်ကို ရောက်ရှိပြီး အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ သရဖူကို ခိုးယူဖို့ တာဝန်ပေးခံရပါတယ်။ မအောင်မြင်ရင်တော့ အသတ်ခံရမှာ ဖြစ်ပါတယ်။ သူတို့အတွက် ထူးခြားဆန်းပြားတဲ့ လက်နက်တွေကို Scarlet ရဲ့ ခင်ပွန်း Herb Overkill က စီစဉ်ပေးပါတယ်။ လန်ဒန်မျှော်စင်မှာ သိမ်းဆည်းထားတဲ့ သရဖူကို စွန့်စွန့်စားစား သွားရောက်ခိုးယူရင်း ထင်မှတ်မထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ ..

Despicable Me ဇာတ်ကားနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ အဝါရောင် ဇာတ်ကောင်လေးတွေရဲ့ အကြောင်း ရိုက်ကူးထားတဲ့ Minions ဇာတ်ကားဟာ Universal Studios နဲ့ Illumination Entertainment တို့ရဲ့ ပူးပေါင်းဖန်တီးမှု ဖြစ်ပါတယ်။ Minions တွေရဲ့ မူလဖန်တီးရှင် Pierre Coffin ကပဲ ရိုက်ကူးထားပြီး Kyle Balda က တွဲဖက်ပါဝင် ရိုက်ကူးထားပါတယ်။ Minions တွေအဖြစ် Pierre Coffin ကပဲ အသံနဲ့ သရုပ်ဆောင်ပေးထားပြီး Scarlet Overkill အဖြစ် Sandra Bullock က ဗီလိန်ဇာတ်ရုပ်မှာ ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Herb Overkill အဖြစ် Jon Ham ၊ Nelson မိသားစုအဖြစ် Michael Keaton နဲ့ Allison Janney ၊ Professor Flux နဲ့ မျှော်စင်စောင့်ကြီးအဖြစ် Steve Coogan ၊ အဲလစ်ဇဘက် ဘုရင်မကြီးအဖြစ် Jennifer Saunders ၊ Gru ပေါက်စအဖြစ် Steve Carell နဲ့ နောက်ခံစကားပြောကို Geoffery Rush က ပါဝင်ဆောင်ရွက်ပေးထားကြပါတယ်။

မူလ Despicable Me ဇာတ်ကားနဲ့ အောင်မြင်ခဲ့တဲ့ Minions တွေရဲ့ ဇာတ်အိမ်ကို အဓိကထားပြီး တည်ထားတာ ဖြစ်တာကြောင့် ဇာတ်ကောင်စရိုက် ပုံဖော်ရမှာ အနည်းငယ်တော့ ကွာဟမှုလေးတွေ ရှိပါတယ်။ ဇာတ်လမ်းက အတော်ကို တိုသွားပြီး ပြသချိန် ၁နာရီခွဲပဲ ရှိပါတယ်။ ဇာတ်လမ်းကို အရမ်းဟာသမြောက်ကို အစွမ်းကုန် ဇာတ်အိမ်တည်ထားပေမယ့် ဇာတ်သိမ်းခန်းက အနည်းငယ် ပေါ့ပျက်ပျက် နိုင်တာကြောင့် ရင်ထဲ စွဲမကျန်ဘူး ဖြစ်သွားပါတယ်။ ဇာတ်ကားတစ်ကားလုံး အနေနဲ့ ခြုံကြည့်ရင်တော့ ကြည့်လို့ ကောင်းပေမယ့် ဇာတ်လမ်းတိုတာရယ်၊ မျှော်လင့်ထားသလောက် မရယ်ရတာရယ်ကြောင့် အချို့ပရိသတ်တွေက မနှစ်သက်ကြပါဘူး။

IMDb မှာ Rating 6.8 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 54% ပဲ ရရှိထားပါတယ်။ ဇာတ်လမ်း အရမ်းတိုလွန်းတာရယ်၊ ဇာတ်အိမ်ကို အသားပေးလိုက်တာရယ်ကြောင့် အနည်းငယ် ပျင်းစရာ ကောင်းတာရယ်ကလွဲရင် အတော်လေး ကြည့်လို့ ကောင်းပါတယ်။ Minions ဇာတ်ကောင်လေးတွေကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သေချာပေါက် နှစ်သက်မယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်။

( အညွှန်းကို mm movieguide က ကူးယူဖေါ်ပြပါသည် )

( ဘာသာပြန်တဲ့သူကတော့ ကို ဝေယံမောင် ဖြစ်ပါတယ် )

Filesize : 1 GB
Quality : HDRip
Format : mp4
Running Time : 1h 31m
IMDb Rate : 6.7
Subtitle : Myanmar Subtitle ( Hardsub )
Translated By Wai Yan Maung


Watch Trailer

About Cherry (2012) မြန်မာစာတန်းထိုး 18+


Director: Stephen Elliott ရိုက်ကူးတင်ဆက်ထားပြီး

September 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ ဖော်ချွတ်အလှပြ ဓါတ်ပုံရိုက်ပြီး ဘ၀ ကို အသက်မွေးတဲ့

မိန်းကလေး တစ်ယောက်အကြောင်း ရုပ်ရှင်ဇတ်ကားလေးပါ....


အိန်ဂျယ်လီနာ ဟာ အ၀တ်လျှော် ပင်မင်းဆိုင်မှာ အလုပ်လုပ်တဲ့

မိန်းကလေးပါ သူ့မှာ ကြည့်ရှုရမယ့် အရက်ဂျိုးကပ် နေတဲ့ အမေနဲ့

အရွယ်မရောက်သေးတဲ့ ညီမလေး တစ်ယောက် ရှိပါတယ်

သူတို့ က အရက်စွဲနေတဲ့ အမေယူထားတဲ့ ပထွေးနဲ့ နေရပါတယ်

အိန်ဂျယ်လီနာ မှာလဲ အိမ်မှာ မနေရဲလောက်အောင်ပါပဲ

အလုပ်က ပြန်လာပြီး အရက်မူးနေတဲ့ ပထွေးက မကောင်းကြံမှာစိုးလို့

ညည ညီမလေးဖြစ်သူကို ဖက်ပြီး အိပ်ရပါတယ် ညီမဖြစ်သူကိုလဲ စောင့်ရှောက်ရင်း

ကိုယ့်ကိုကိုယ်လဲ ကာကွယ်နေရတာပေါ့...

တစ်ရက်မှာတော့ ကလပ်မှာ ဂစ်တာ တီးတဲ့ အိန်ဂျယ်လီနာ ရဲ့ ရည်းစားကနေ

ဖော်ချွတ် ဓါတ်ပုံရိုက်ဖို့ ကမ်းလှမ်းလာပြီး ဒေါ်လာ ၅၀၀ ပေးမယ်လို့ ဆိုပါတယ်

မိသားစု အတွက် ငွေလိုနေတဲ့ အိန်ဂျယ်လီနာ တစ်ယောက်

လက်ခံ ဓါတ်ပုံရိုက်ပြီး နောက် အမေ နဲ့ ညီမလေး က သိသွားလို့

အရှက်ရတယ်လို့ ပြောလာပါတယ် သူမ အနေနဲ့ ထိုပိုက်ဆံတွေကို

မိသားစုအတွက်သုံးတာ ဖြစ်ပြီး ယခုလို မိသားစုကနေ အရှက်ရတယ်ပြောလာတဲ့အတွက်

ဝမ်းနည်းပြီး သူငယ်ချင်းဖြစ်သူ နဲ့ တစ်ခြားမြို့မှာ အိမ်ငှားနေရင်း

အလှပြ ဓါတ်ပုံရိုက် အဖွဲ့နဲ့ စပ်ဆက်လို့ လိင်အတု လုပ်ပြီး
အွန်လိုင်းတင်ရောင်းတဲ့ အဖွဲ့နှင့် ချိတ်မိကာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပါတော့တယ်
အိန်ဂျယ်လီနာ တစ်ဖြစ်လဲ ချယ်ရီ ဖြစ်လာမယ့် အလှပြ မိန်းကလေး တစ်ယောက်ရဲ့
ဘ၀မှာ အချစ်တွေ ဘ၀တွေ မိသားစု တွေ နဲ့ ဘယ်လိုရင်ဆိုင်ရတယ်ဆိုတာ
ဒီဇတ်ကားလေးကို ကြည့်ရှုရင်း သိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်...
(သစ်ဆန်းခန့်)
Download Link
==============
http://adf.ly/1NMW3A