Tuesday, July 28, 2015

Gunday (2014) မြန်မာစာတန်းထိုး



အချစ် ဟာ ခိုင်မြဲခြင်းလား

ဖျက်ဆီးခြင်းလား

ခိုင်မြဲခြင်း သာဆိုလျှင်
ညီအစ်ကို သံယောဇဉ်ထက်
ကျော်လွန်နိုင်ပါ့မလား

သင့်အဖြေ သင် စိတ်ချမှ
သင် ဒီကားကို ကြည့်ရှုဖို့ကောင်းပါတယ်

ဇာတ်လမ်းအကျဉ်း

ဒီကားလေးကအထင်မသေးနိုင်တဲ့ ဇာတ်လမ်းနဲ့
စိတ်ကို ဆွဲဆောင်စေမယ့် ဇာတ်ကားကောင်းမျိုးပါ

အစဦးပိုင်းမှာတော့

အိန္ဒိယ ပါကစ္စတန် စစ်ပွဲ အတွင်း
စစ်ဘေးသင့်ခဲ့တဲ့ ကလေးနှစ်ယောက်ဘ၀နဲ့
အစပြုခဲ့ပါတယ်

သူတို့ကတော့
ဗရမ်းနဲ့ ဗာလာ သူငယ်ချင်း နှစ်ယောက်ပါ

ပါကစ္စတန် ဖြစ်ပေမဲ့
အိန္ဒိယ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံချင်တဲ့
သူတို့နှစ်ဦးကို လက်နက်မှောင်ခိုသမားတစ်ဦးက
မွေးစားခဲ့ပါတယ်

ဒါပေမဲ့ မွေးစားအဖေရဲ့ ဆရာက
သူတို့နှစ်ဦးမှ တစ်ဦးကို
ခွဲထုတ်ခဲ့ပါတယ်

ဗာလာက ဗရမ်းကို အနစ်နာခံရင်း
သူပဲ နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်

ဗာလာ ရဲ့ ဘ၀ကလည်း ဆိုးရွားခဲ့တယ်
ယောက်ျားချင်း မုဒိမ်းမှု ဖြစ်မယ့်တိုင်
နှိပ်စက်ခံရခဲ့တယ်

ဒီမြင်ကွင်းကို ဗရမ်းတွေ့ရှိပြီးနောက်
မွေးစားအဖေရဲ့ ဆရာကို
သေနတ်နဲ့ ပစ်သတ်ခဲ့တယ်

ကံကောင်းစွာနဲ့
မွေးစားအဖေရဲ့အကူအညီနဲ့ပဲ
သူတို့နှစ်ဦး ထွက်မြောက်လွတ်မြောက်လာခဲ့ပါတယ်

သူတို့ဟာ စားသောက်ဆိုင်တစ်ခုမှာ
စားပွဲထိုးလုပ်ရင်း ဘ၀ကို ထိန်းကျောင်းခဲ့တယ်

ထို့ပြင်
ရထားတွဲပေါ်က ကျောက်မီးသွေးတွေကို
ခိုးယူ / ဈေးပေါပေါနဲ့ ပြန်ရောင်းပြီး
အမြတ်ထုတ်ခဲ့တယ်

ဒီလိုနဲ့ အရွယ်ရောက်သည့်ုအခါမှာတော့
သူတို့ဟာ မြို့မျက်နှာဖုံးအဖြစ်
ချမ်းသာကြွယ်ဝလာခဲ့ကြတယ်

သူဆင်းရဲတွေကို ထောက်ပံ့
ဆေးရုံ စာသင်ကျောင်းတွေဆောက်ပေးခဲ့တယ်

စည်းကမ်းကြီးတဲ့ ကြွယ်ဝတဲ့ အိန္ဒိယ နိုင်ငံသားအဖြစ် ပြည်သူတွေရှုမြင်ခြင်းကလွဲလို့
ဘာမှဂရုမစိုက်ခဲ့ကြဘူး

တစ်နေ့မှာတော့

သူတို့ဘ၀ ထဲ မိန်းမပျိုတစ်ဦး
ဝင်ရောက်လာခဲ့တယ်

သူမက နန်ဒတီ ဆိုတဲ့အကမယ်လေး

ထို့ပြင်

နောက်ထပ် ရောက်လာခဲ့သူက

အေစီပီ ဆာခါး

ဆာခါးဟာ ဗရမ်းနဲ့ ဗာလာ ကို ဖမ်းဆီးဖို့
တာဝန်ပေးခံရသူပါ

အရင် ကျောက်မီးသွေးကိစ္စတွေမှာရော
ကျော်ကြား မှုတွေနဲ့ပါ ဖမ်းဆီးနိုင်ဖို့
ထင်ရှားတဲ့သက်သေခံကို ရှာဖွေနေသူလည်း
ဖြစ်ပါတယ်

ဒီဇာတ်ကားလေးမှာ

နန်ဒတီ ဆိုတဲ့ အကမယ်လေးကို
မည်သူက လက်ထပ်ရမလဲ

ဗရမ်းလား
ဗာလာ လား

နန်ဒတီ အကမယ်လေးကို ပိုင်ဆိုင်ချင်စိတ်ကြောင့်
ညီအစ်ကိုလို ချစ်ခင်မှုတွေမှုက
သံယောဇဉ် ပျက်ယွင်းတော့မှာလား

ချစ်လျက်နဲ့ အနစ်နာခြင်းကပဲ
သံယောဇဉ် ကို ထိန်းကျောင်းမှာလား

ဒါ့ပြင်

ဆာခါး ဆိုတဲ့ အရာရှိကရော
ဗရမ်းနဲ့. ဗာလာ ကို
သက်သေခံ နဲ့တကွ ဖမ်းဆီးနိုင်မှာလား

ဗရမ်းနဲ့ ဗာလာရဲ့ ဆက်ဆံရေးတွေကရော

နန်ဒတီ ရဲ့ သဘောထားကရော

ဆာခါးအရာရှိရဲ့ ဖမ်းဆီးမှုကရော

လွတ်မြောက်အောင် ကြိုးစားမှုတွေကရော

စတဲ့ ဇာတ်လမ်းမြုပ်ကွက်မျိုးနဲ့
သင့်စိတ်ကို ဆွဲဆောင်သွားခဲ့မှာပါ

Gunday လို့ဆိုပေမဲ့
Action သာမက
အချစ် အလွမ်း သံယောဇဉ် တို့ပါ
ပါဝင်ပေါင်းစပ်မှုတွေကြောင့်
အတော်အသင့်ကြည့်ကောင်းတဲ့
ဇာတ်ကားမျိုးပါ

ကဲ ကြည့်ရှုပါဦးလို

Movie Download Link>>>>>http://adf.ly/1bXE3d ( 1Gb)

Small File Size Download Link>>>>>http://adf.ly/1LYANz  (400 MB)

(ဇာတ်ကားအညွန်းရေးသူကတော့ CMပရိသတ် Tear Cryပဲ ဖြစ်ပါတယ်)

@joker

A Most Wanted Man(2014) မြန်မာစာတန်းထိုး


 ဒီဇာတ်ကားကတော့ IMDb rating 6.9/10 ရရှိထားပြီး Rotten Tomato မှာ 88% ရရှိထားတော့ Roger Ebert မှာတော့ 2.5/4 ဆိုတော့ ကြည့်ရှုသင့်တဲ့ဇာတ်ကားအမျိုးအစားထဲမှာပါဝင်ပြီး ဇာတ်လမ်း အမျိုးအစားကတော့ Action ဖြစ်တာကြောင့် Action ကားကြိုက်တဲ့ ပရိတ်သတ်တွေကိုတော့ အကြိုက်တွေ့စေမှာပါ။ပြီးတော့ ဒီဇာတ်ကားက ၉/၁၁ အကြမ်းဖက်မှုအပြီးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

 ဒီဇာတ်ကားထဲမှာ ဂျာမန်လျှို့ဝှက်ထောက်လှမ်းရေးမှူးကြီး ဂန်သာ အဖြစ် မင်းသားကြီး Philip Seymour Hoffman က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ လူသားခြင်းစာနာထောက်ထားသူရှေ့နေ အန်နာလ်ဘယ်ရစ်ချာ အဖြစ် မင်းသမီး Rachel McAdams ကပါဝင်သရုပ်ဆောင်ထားပြီး ဂျာမန်ပုဂ္ဂိုလ်လိက ဘဏ်လုပ်ငန်းရှင်သဌေးကြီးအဖြစ် Spider-Man ပထမဆုံးဇာတ်ကားထဲက လူဆိုးကြီးဒေါက်တာNorman Osborn အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Willem Dafoe ကသရုပ်ဆောင်ပေးထားပါတယ်။

တခုထူးခြားတာကအဓိက မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Philip Seymour ဟာ ဒီကားထဲမှာ ၀ပြီးကြည့်လိုက်လျှင် အရက်နာကျနေတဲ့ပုံပေါက်သော်လည်း မထင်မှတ်လောက်အောင်ပေါ့ပေါ့ပါးပါးနဲ့သရုပ်ဆောင်သွားတာကိုလည်းတွေ့ရှိရပါတယ်။
အကြမ်းဖက်သမားဖြစ်သူအဖေဖြစ်သူ၏ ကျန်ရှိခဲ့သော ပိုက်ဆံများကို ဘာလင်ရှိ ပုဂ္ဂိုလိကဘဏ် တခုတွင် အပ်ထားရာ ထိုပိုက်ဆံများကို ကျန်ရစ်သူ သားဖြစ်သူ ကားပေါ့ခ် မှ စာတစောင်ဖြင့် ထိုပိုက်ဆံများကိုထုပ်ယူပြီး အကြမ်းဖက်အဖွဲ့ များအား ပိုက်ဆံများထောက်ပံပေးနေသော သူဌေး အယောင်ဆောင် အကြမ်းဖက် အဖွဲ့၏ ကိုယ်စားလှယ်အား ပိုက်ဆံများ လွဲပြောင်းပေးရန်ကြိုးစားမှုကို ဂျာမန်အေးဂျင့်စုံထောက်ကြီး ဂန်သာ တဖြစ်လဲ Philip Seymour ကအချိန်မီတားဆီးဖော်ထုပ်နိုင်မလား အမေရိကန် စုံထောက်အဖွဲ့ CIA ၏၀င်ရောက်ခြေရှုပ်မှုများကိုရော ဘယ်လိုဖြေရှင်းမလဲ ကိုတော့ ပရိတ်သက်ကြီးက ဆက်လက်ရှစားရမှာပါ။

Movie Download Link>>>>http://adf.ly/1LWakk


Small File Size Download Link>>>>http://adf.ly/1LWawu


(ဒီဇာတ်ကားအတွက် စာတန်းထိုးနဲ့အညွန်းကိုတော့ CM Admin ကသာသားလေးမှ တင်ဆက်ပေးထားတာပါ)

@Joker

Paranorman (2012) မြန်မာစာတန်းထိုး


ဒီကားလေးဟာ မက်ဆာချူးဆက်ပြည်နယ်ရြဲ မြို့ဟောင်းတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ သရဲဇတ်လမ်းကား တစ်ကားပါ...အသက် ၁၁ နှစ်အရွယ် နော်မန် (Norman Babcock) ဆိုတဲ့ ကောင်လေးကတော့ အဓိကဇတ်ကောင်နေရာကနေပါဝင်ထားပါတယ်...
နော်မန့်မှာ မွေးရာပါစွမ်းရည်တစ်ခု လက်ဆောင်ရထားပါတယ်...အဲ့ဒါကတော့ သေဆုံးသွားတဲ့ဝိညဉ်တွေကို မြင်တွေ့နိုင်ပြီး စကားပြောနိုင်တာပါ...
သူမြင်တွေ့နေရတာတွေကို ဘယ်သူမှ မမြင်တဲ့အတွက် အရူးတစ်ယောက်လို သတ်မှတ်ခံထားရပာတယ်...သူ့မိသားစုကကတောင် သူ့ကိုမယုံပာဘူး...သူတို့မြို့လေးမှာ စုန်းမတစ်ယောက်ရဲ့ကျိန်စာအကြောင်း ပုံပြင်ဇာတ်လမ်းလေးရှိနေခဲ့ပာတယ်...ဒာပေမယ့် အဲ့ဒီ ဇာတ်လမ်းမှာ အမှန်တကယ်ရှိနေခဲ့ပါတယ်...
နောက်ပြီး အဲ့ဒီမြို့လေးကလူတွေအားလုံးရဲ့ကံကြမ္မာနဲ့သက်ဆိုင်နေပာတယ်...
ဒီလိုနဲ့ တစ်နေ့မှာ ၀ိညဉ်တွေနဲ့ စကားပြောဆိုနိုင်တဲ့ နော်မန့်ဆီကို စုန်းမရဲ့ကျိန်စာကိုရပ်တန့်ပေးဖို့ ရုတ်တရက်တာဝန်တစ်ခုပေးခြင်း ခံလိုက်ရတဲ့ အခာမှာတော့.....

နော်မန်တစ်ယောက် စုန်းမရဲ့ ကျိန်စာကို ရပ်တန့်နိုင်ပြီး လူတွေအားလုံးကို ကယ်တင်နိုင်မှာလား...
စုန်းမကရော ဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတာတွေကိုတော့ ဆက်လက်ရှုစားကြပာဦးလို့....

ဒီကားလေးဟာ ပထမဆုံး အရုပ်သေးသေးလေးတွေ နဲ့ stop-motion 3D နည်းပညာကို သုံးထားတဲ့ Animation ကား တစ်ကားဖြစ်ပာတယ်...ရုပ်ရှင်ကားကို အင်မတန်လက်ဝင်တဲ့ လူရုပ်သေးသေးလေးတွေ၊အဆောက်အဦးသေးသေးလေးတွေလုပ်ပြီး ရိုက်ကူးထားတာပါ...ဘယ်လိုဖန်တီးရိုက်ကူးထားသလဲဆိုတာကို YouTube ကနေ ရှာဖွေကြည့်ရှုနိုင်ပာတယ်...
IMDb rating 7.3/10 အထိရထားလို့ ကားကောင်းတစ်ကားဆိုတာ အထူးပြောစရာမလိုတော့ပာဘူး…အားပေးကြပာဦး

Movie Download Link>>>>http://adf.ly/1LThTT    (650 MB)


Small File Size Download Link>>>>http://adf.ly/1LThtv  (250 MB)

(ဒီဇာတ်ကားအတွက် ဘာသာပြန်သူနဲ့ အညွန်းရေးတဲ့သူကတော့ CM အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ Ye’ Kyaw Htetပဲ ဖြစ်ပါတယ်)

@Joker

Sunday, July 26, 2015

The Colony (2013) မြန်မာစာတန်းထိုး



ဒီ တစ်ခါတော့ သည်းထိတ်ရင်ဖို ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပြီဗျို့!!!၂၀၄၅ကို သွားလိုက်ကြစို့ ၂၀၄၅ ကို ရောက်ပြီ။ လူတွေ ဟာ ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ်ဖို့ နည်းတစ်ခုရှာဖွေတွေ့ရှိခဲ့တယ်။ အဲ့တာကတော့ ရာသီဥတု ထိန်းချုပ်စက် ကြီး တီထွင်နိုင်ခဲ့တာပါပဲ။ကိုယ့်ရှူး ကိုယ်ပတ် တယ်ပဲ ပြောရမလား တစ်ရက်ကျတော့ အဲ့စက်ကြီး ချွတ်ယွင်း လာပါတော့တယ်။ နှင်းတွေ အဆက်မပြတ် ကျနေတာ ဘယ်လိုမှ ရပ်တန့်လို့မရတော့ဘူးပေါ့ဗျာ။လူတချို့ကတော့ အလွန်ပြင်းထန်လှတဲ့အအေးဒဏ်ကို ခံနိုင်ဖို့ မြေအောက် လှိုင်ခေါင်းတွေ ထဲ ဝင်ရောက် နေထိုင် ကြပါတော့တယ်။ ဒီမှာပြဿနာက စပြီ။

ဒီလှိုင်ခေါင်းတွေအောက်မှာ ရောဂါကူးစက်မှုနဲ့ အစာရေစာ ပြတ်လပ်မှု တွေကို ထိန်းချုပ်ဖို့ လိုအပ်လာပြီလေ။စစ်သားနှစ်ယောက်ဖြစ်တဲ့ Briggs (Laurence Fishburne) နဲ့ Manson (Bill Paxton)တို့ဟာ မြေအောက်နေလူသား အုပ်စု Colony 7ရဲ့ ခေါင်းဆောင်တွေဗျ။တစ်ရက်မှာ Colony 5 အုပ်စုက မသင်္ကာဖွယ်ရာ အချက်ပေးမှု တွေ ရောက်လာလို့ colony 5 အခြေစိုက်ရာ ဘက်ကို ထွက်လာခဲ့ပါတော့တယ်။ သူတို့တွေ့လိုက်ရတဲ့ အခြေအနေတွေက............. ကဲ သည်းထိတ်ရင်ဖို ဇာတ်လမ်း က ဒီမှာ စပါပြီဗျား။ ဇာတ်လမ်း လေးအရသာ ပျက်သွားမှာစိုးလို့ အောက်က လင့်ကနေပဲ ကိုယ်တိုင် ကြည့်ရှု ကြပါတော့လို့

Movie Download Link>>>>http://adf.ly/1LSNO9 

Small File Size Download Link>>>>http://adf.ly/1LXwqR

(ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်။ဘာသာပြန်သူကတော့ Lotus Blackပဲ ဖြစ်ပါတယ်)

@joker

Saturday, July 25, 2015

The Awkward Moment 18+++ (2014) မြန်မာစာတန်းထိုး


ဒီကားက​တော့2014ကထွက်​ခဲ့တာRomantic/Sex Comedyအမျိုးအစားဇာတ်​လမ်းတစ်​ပုဒ်​​ဗျ။IMDB rating 5.1/10ရရှိထားတဲ့ဒီကားကအ​တော်​​လေးကြည့်​​ပျော်​တဲ့ကားတစ်​ကားလို့ဆိုရမှာပါ။ဒီဇာတ်​လမ်းထဲမှာမင်းသားZae Efronကအဓိကဇာတ်​​ဆောင်​Jasonအဖြစ်​၊Miles Tellerက Daniel၊Michael B JordanကMickyအဖြစ်​တို့နဲ့အတွဲညီညီပါဝင်​သရုပ်​​ဆောင်​ထားကြတယ်​​ဗျ။Zae FronဆိုတာHigh School Musical ဇာတ်​လမ်း​တွေနဲ့နာမည်​ကြီးတဲ့မင်းသား။ဆယ်​​ကျော်​သက်​​တွေအကြိုက်​ဆိုပါ​တော့

ဇာတ်​လမ်းအသွားက​တော့Jason၊Daniel၊Mickyဆိုတာကညီအကို​တွေလိုအရမ်းချစ်​ကြတဲ့သူငယ်​ချင်း​တွေ။Jasonရယ်​Danielကပုံနှိပ်​တိုက်​တစ်​ခုမှာစာအုပ်​အဖုံး ဒီဇိုင်​နာ​တွေအဖြစ်​ အတူတူအလုပ်​လုပ်​​နေကြတာ​ဗျ။Micky က​တော့ ​ကောလိပ်​ပြီးကတည်းကလက်​ထပ်​ပြီးသား​ဒေါက်​တာတစ်​​ယောက်​​ဗျ။တစ်​​နေ့​တော့Mickyရဲ့ချစ်​ဇနီးကကွာရှင်းခွင့်​​တောင်းလို့ကွာရှင်းလိုက်​ရတယ်​။အရမ်းချစ်​တဲ့သူငယ်​ချင်းသုံး​ယောက်​က ဘာ​တွေပဲဖြစ်​ဖြစ်​သူတို့​တွေsingleအဖြစ်​ပဲ​နေကြမယ်​ဆိုပြီး​လေး​လေးနက်​နက်​ကတိထားထားကြပါပြီးMickyစိတ်​​ပြေလက်​​ပျောက်​ဖြစ်​​အောင်​လို့ဆိုပြီးBarတစ်​ခုမှသွားကဲကြ​ပါ​လေ​ရော။အဲ့ညမှာပဲ​ကောင်​မ​လေး​တွေနဲ့အသီးသီးငြိလာ​ရော​ဗျ။အဲ့ဒီ့​နောက်​မှာ​တော့သူတို့​တွေFriendshipနဲ့Relationshipအကြား ဘယ်​လိုလွန်​ဆွဲကြမလဲ။အမြဲတမ်း​ပေါ့ပျက်​ပျက်​​နေတဲ့Jasonတစ်​​ယောက်​က​ရောအဆင်​​ပြေနိုင်​ပါ့မလားဆိုတာကိုဆက်​လက်​ကြည့်​ရှုဖို့တိုက်​တွန်းလိုက်​ပါရ​စေ။အော်​!!!စကားမစပ်​...ဒီကားမှာJasonတစ်​​ယောက်​``MTV Movie Award for Best Shirtless Performance´´ဆုကိုရရှိသွားတယ်​​ဗျ။R-13ကားဖြစ်​တဲ့အတွက်​ က​လေး​တွေနဲ့အတူတစ်​ကွမကြည့်​ရှုဖို့​တော့တိုက်​တွန်းလိုက်​ပါရ​စေ။Everybody Have a nice dayပါ။.

Movie Download Link>>>>>http://adf.ly/1LOCxn   (500 MB)

Small File Size Download Link>>>>http://adf.ly/1LOFKk  (230 MB)

(ဇာတ်ကားအညွန်းရေးသူကတော့ စိတ်ကောက်နတ်သမီးပဲ ဖြစ်ပါတယ်)

@joker

Fast and Furious (1 To 7) Complete Package မြန်မာစာတန်းထိုး


The Fast and the Furious (2001)

2 Fast 2 Furious (2003)

The Fast and the Furious: Tokyo Drift (2006)

Fast & Furious (2009)

Fast Five (2011)

Fast & Furious 6 (2013)

Furious 7 (2015)








            


Admin Team: Channel Myanmar

Friday, July 24, 2015

Abraham-Lincoln-Vampire-Hunter(၂၀၁၂) မြန်မာစာတန်းထိုး


အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ကျုပ်တို့ အင်အားချိနဲ့ ပြီး လွတ်လပ်မှုတွေ ဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)

သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေး မဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာက ဖျက်ဆီးနိုင်ဖို့ ၊ ရန်သတ္တရုပြုဖို့ ဆိုတာ မလွယ်လှသလို၊ ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ကြုံတွေ့ ရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်း လင်ကွန်းကိုယ်တိုင်ထိတ်လန့် ခြောက်ခြားဖွယ်ရာ သွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လို အမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာ နိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။ အေဘရာဟမ်လင်ကွန်း လို့ ဆိုလိုက်တာနဲ့ အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ် ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့ အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ ဘက်မှာ တိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလ ညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကို ဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ် ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် က ရိုက်ကူးတင်ပြလိုက်တဲ့အခါ -Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။

ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊ အန်ထော်နီမက်ကီ၊ဒေါမနစ်ကူးပါး စတဲ့ ဇာတ်ပို့ ကောင်းတွေ၊ မင်းသမီးချော မယ်ရီအဲလီဇဘက်သ်ဝင်းစတက်ဒ် ရဲ့ အားဖြည့်မှုတွေနဲ့ ဇာတ်ကားကောင်းတစ်ကားလို့ ဆိုနိုင်ပါတယ်။ ၂၀၁၂ က ထွက်တဲ့ ဒီဇာတ်ကားကို ထိတ်လန့် သဲဖိုအက်ခ်ရှင်ကားအဖြစ်သာ ကြည့်ဖို့ တော့ အကြံပြုချင်ပါတယ်။ စတီဗင်စပီးလ်ဘာ့ဂ် ရိုက်ကူးပြီး၊ ဒန်နီယယ်လ်ဒေးလူးဝစ္စ အော်စကာဆုရခဲ့တဲ့Lincoln နဲ့ နှိုင်းယှဉ်မကြည့်ဘဲ၊ ပေါ့ပေါ့ပါးပါး action&horror ကားအဖြစ် ကြည့်မယ်ဆိုရင် Abraham Lincoln: Vampire Hunter ဟာကြည့်ပျော်ရုံအဆင့်ထက် များစွာသာလွန်ကြောင်းပါ။

Movie Download Link>>>>>http://adf.ly/1LLYrO  (900 MB)

Small File Size Download Link>>>>http://adf.ly/1LLZ0x   (350 MB)

(ဇာတ်ကားအညွန်းကိုတော့ www.trend.com.mmမှ ကူးယူဖော်ပြထားတာပါ)

@joker

Men In Black( ၁+၂+၃) မြန်မာစာတန်းထိုး



ဒီတစ်ခါတော့ လူကြိုက်များပြီးသား အက်ရှင်ဟာသကားလေး တင်ပေးလိုက်ပြီဗျို့ M.I.B (Men In Black) ဆိုတဲ့ အဖွဲ့အစည်းဟာ အစိုးရနဲ့မသက်ဆိုင်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး သူတို့ဟာ ကမ္ဘာမြေကြီးရဲ့ မူမမှန်တဲ့ ဖြစ်ရပ်တွေကို တိတ်တဆိတ်ထောက်လှမ်းပြီး ပြည်သူတွေကို အသိမပေးတဲ့အဖွဲ့ဖြစ်ပါတယ်။နယူးယောက်မြို့ တစ်နေရာ ရဲ့ မြေအောက်မှာ ရုံးစိုက်ပါတယ်။M.I.B က agentတွေမှာ neutralyzerလို့ ခေါ်တဲ့ ကိရိယာ တစ်မျိုးရှိပြီး agent တွေရဲ့ ဂြိုဟ်သားတွေနဲ့ ပတ်သတ်တဲ့ အသိ တွေကို ဖျောက်ပစ်ဖို့ သုံးတာပါ။ M.I.Bအနေနဲ့ ဂြိုဟ်သား တော်တော်များများကို ရှာတွေ့ထားပြီး ၁၅၀၀ ဝန်းကျင်ရှိကာ အများစုမှာ နယူးယောက်မြို့ ပတ်ဝန်းကျင်တွင် ကျင်လည်နေကြပါတယ်။

တစ်ညမှာတော့..... M.I.B က Agent K (Tommy Lee Jones) နဲ့ Agent D (Richard Halmiton) တို့ဟာ နယူးယောက်မြို့ ပေါ်ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို သယ်ဆောင်လာတဲ့ ကုန်တင်ကားကို ကြားဖြတ် တိုက်ခိုက်ပါတယ်။အကြောင်းရင်းက အဲ့ ကား ထဲမှာ လူဟန်ဆောင်ထားတဲ့ ဂြိုဟ်သားငနဲတစ်ကောင် ပါလာလို့ပါ။ရုန်းရင်းဆန်ခတ် တွေ အပြီးမှာ Agent Dဟာ သူ့ကိုယ်သူ အသက် အတော်ကြီးနေမှန်း သိသွားပြီး အနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကို neutralyzerနဲ့ ဂြိုဟ်သား တွေနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဖျောက်ပေးဖို့ agent K ကို တောင်းဆိုလိုက်ပါတော့တယ်။ ဒီအချိန်မှာပဲ James Edwards (Will Smith) က နယူးယောက်ရဲ့ ရဲအရာရှိတစ်ယောက်။ ခါးပိုက်နှိုက်တစ်ယောက်ကို လိုက်ဖမ်းရင်း မူမမှန် လူသားတွေ ကို စတင်သတိထားမိလာချိန်။ Agent Kနဲ့ တွေ့ဆုံမိပြီး M.I.B အဖွဲ့ဝင်ဖြစ်ဖို့ ကမ်းလှမ်းခြင်းခံလိုက်ရပါတော့တယ်။ စမ်းသပ်မှုတွေ ကို ကျော်ဖြတ်ရင်း Agent J လို့ သတ်မှတ်ခြင်းခံလာရပါတယ်။Agent J M.I.Bကို ရောက်လာပြီးနောက်ပိုင်း ဂြိုဟ်သားတွေ ဘယ်လို တစ်စခန်းထလာတယ် ဘယ်လို အခက်အခဲတွေ ကြုံလာရတယ်ဆိုတာကိုတော့…………..

MIB 1 Download Link>>>>>http://adf.ly/1LJGqP  (670 MB)



MIB 2 Download Link>>>>>http://adf.ly/1LJH3e   (600 MB)



MIB 3 Download Link>>>>>http://adf.ly/1LJHAU   (775 MB)



(ဇာတ်ကားအညွန်းရေးသူကတော့ Kaung Myat Thuပဲ ဖြစ်ပါတယ်)


@Joker

Thursday, July 23, 2015

The Nut Job (၂၀၁၄) မြန်မာစာတန်းထိုး



ဒီကားလေးဟာ ကိုယ်စိတ်ထင်ရာလုပ်တတ်ပြီး ကိုယ်ဖို့ပဲကြည့်တတ်တဲ့ ရှဥ့်လေးတစ်ကောင်အကြောင်းကို အခြေခံထားပာတယ်...
အဲ့ဒီရှဥ့်လေးရဲ့နာမည်ကတော့ ဆာလီ လို့ခော်ပာတယ်...သူ့ရဲ့ပာတနာကတော့ ဘာဒီလို့ခော်တဲ့ စကားမပြောတဲ့ကြွက်ကလေးပာ...
ဆာလီတို့ဟာ အုက္ကတန်မြို့ရဲ့ လေဘာတီပန်းခြံထဲမှာ နေကြပာတယ်..
တခြားတိရစ္ဆာန်လေးတွေလည်း နေထိုင်ကြပြီး ဆာလီတို့ကတော့ သီးသန့်ခွဲနေကြတာပာ...
ပန်းခြံထဲက တိရစ္ဆာန်တွေကိုတော့ ရက်ကွန်လို့ခော်တဲ့ တောကြောင်ကြီးတစ်ကောင်က အုပ်ချုပ်ပာတယ်...သူကတော့ ခောင်းပုံဖြတ် အကျင့်မကောင်းတဲ့ ဗီလိန်တစ်ယောက်ပာ...
ရက်ကွန်ဟာ ဆာလီကို မျက်မုန်းကျိုးနေသူလည်းဖြစ်ပာတယ်...
တစ်နေ့မှာ ဆာလီတို့ဟာ ပန်းခြံရှေ့မှာ လာရောင်းတဲ့ မြေပဲလှည်းက မြေပဲတွေကို ခိုးယူဖို့ကြိုးစားပာတော့တယ်...ဒီနေရာမှာ အန်ဒီ ဆိုတဲ့ ထက်မြက်တဲ့ ရှဥ့်မလေး ပာဝင်လာပာပြီ...အန်ဒီကတော့ အများအကျိုးကို ကြည့်သူဖြစ်ပြီး ဆာလီနဲ့ကတော့ ဆန့်ကျင်ဘက်ပာ...
အန်ဒီရဲ့ တွဲဖက်ကတော့ ဂရေဆင်လို့ခော်တဲ့ ခပ်ပောပောရှဥ့်တစ်ကောင်ပာ...သူ့ကို ပန်းခြံရဲ့သူရဲကောင်းဘွဲ့ပေးထားပာတယ်...

ဒီလိုနဲ့
ဆာလီတို့ဟာ မြေပဲတွေကို ခိုးယူဖို့ကြိုးစားရင်း အန်ဒီတို့နဲ့တွေ့ပြီး မြေပဲလှည်းဟာ မတော်တဆဖြစ်ပြီး ပန်းခြံထဲက အကြီးဆုံးသစ်ပင်ကြီးကို မီးလောင်စေခဲ့ပာတယ်...အဲ့ဒီ သစ်ပင်ကြီးဟာ ပန်းခြံထဲက တိရစ္ဆာန်လေးတွေရဲ့ ဆောင်းတွင်းကာလအတွက် အစာစုဆောင်းရာအပင်ကြီးဖြစ်နေပာတယ်..
ဒီတော့ အကုန်လုံး စိတ်ဆိုးကြပြီး ဆာလီ ကို ပန်းခြံကနေ နှင်ထုတ်လိုက်ကြပာတော့တယ်...

အပြင်လောက ကိုရောက်သွားတဲ့ ဆာလီတစ်ယောက်တစ်ယောက် ဘယ်လို အန္တရယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ၊ တိရစ္ဆာန်တွေရဲ့ ဆောင်းတွင်းအစာအတွက်ရော ဘယ်လို ဖြေရှင်းကြမှာလဲဆိုတာ  စိတ်ဝင်စားစရာပါ။ ဒီဇာတ်ကားက Animationကြိုက်သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်ကားပါ။ IMdB 5.8 ရထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီး
ကြည့်ရှုသင့်ပာတယ်

Movie Download Link>>>>http://adf.ly/1LHpRb   (600MB)

Small File Size Download Link>>>>http://adf.ly/1LHpXX   (200MB)

(ဇာတ်ကားအညွန်းရေးသူကတော့ Ye Kyaw Htetပဲ ဖြစ်ပါတယ်)

@joker

The Cobbler(2014) မြန်မာစာတန်းထိုး



ဒီဇာတ်လမ်းလေးကတော့ စိတ်ပျော်စရာကောင်းမယ့် ဟာသကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၂၀၁၄ ကတည်းက ထွက်ထားတာဖြစ်ပေမယ့် ဆိုင်တွေပေါ်မှာတော့ အခုမှ ပြန်တင်လာတာကြောင့် ရွေးချယ်ပေးလိုက်ပါတယ်။ ကမ္ဘာကျော် ဟာသသရုပ်ဆောင် အဒမ်ဆန်ဒလာ (Adam Sandler) ရဲ့ နောက်ထပ် ထူးဆန်းထွေလာ ဟာသကားလေးပဲဖြစ်ပါတယ်။ နယူးယောက်မြို့မှာ မက်စ်ဆိုတဲ့ ဖိနပ်ချုပ်သမားတစ်ဦး ရှိတယ်။ မက်စ် (Max) က အိမ်ထောင်မရှိသေးတဲ့ လူပျိုကြီး တစ်ယောက်ဖြစ်ပြီး မျိုးဆက်လေးဆက်လောက် လုပ်ကိုင်လာတဲ့ ဖိနပ်ဆိုင်ကို ဆက်ပြီး အမွေခံထားတယ်။

 သူ့ဆိုင်လေးက ခပ်သေးသေးဖြစ်ပေမယ့် လူတော်တော်များများက အားကိုးတကြီး လာကြတယ်။ တစ်ရက်တော့ သူ့ဆိုင်ကို ခပ်ရင့်ရင့် လူမိုက် ကပ္ပလီတစ်ယောက် သူ့ဖိနပ်ကို ခွာလဲဖို့လာအပ်တယ်။ ညနေ ၆ နာရီလောက်မှာ အပြီးလိုချင်တယ်ဆိုပြီး ပြောတာနဲ့ သူဖိနပ်ကို အပြီးသတ်နေတုန်း ဖိနပ်ချုပ်စက်က ရှော့ခ်ဖြစ်ပြီး ပျက်သွားတယ်။ ကြံရာမရတဲ့ မက်စ်က အဲဒီဖိနပ်ပြီးဖို့ မြေအောက်ခန်းထဲ ၀င်၊ သူ့အဘိုးတွေ လက်ထက်ကတည်းက သုံးတဲ့ ချုပ်စက်အဟောင်းကြီး နဲ့ အပြီး သတ်လိုက်တယ်။ အဲဒီနောက် လာရွေးမယ့် လူကို အဆင်သင့် စောင့်နေရင်း သူပြင်ထားတဲ့ဖိနပ်က သူ့ဆိုဒ် နဲ့ တစ်ထပ်တည်းဖြစ်နေတော့ စမ်းဝတ်ကြည့်ပါလေရော။ (ဒီနေရာမှာ တစ်ခု ဖြတ်မေးချင်တာက တကယ်လို့များ ကျွန်တော်တို့တွေ သူများဖိနပ်ကို စီးကြည့်ရုံ နဲ့ ရုပ် ပြောင်း ရုပ်လွဲလုပ်နိုင်မယ်ဆိုရင် ဘာလုပ်ကြမလဲ) ဟုတ်ပါတယ်။

မက်စ်တစ်ယောက် ဖိနပ်စီးပြီး မှန်ထဲကြည့်လိုက်တဲ့ အချိန် မှာ သူ့ရုပ်က ဖိနပ်ပိုင်ရှင်ကပ္ပလီ ရုပ်ပြောင်းသွားပါတယ်။ အံ့သြ ထိတ်လန့်သွားတဲ့ မက်စ်က ဆိုင်မှာအပ်ထားတဲ့ တခြားသူတွေရဲ့ ဖိနပ်တွေကို တစ်ရံပြီး တစ်ရံ လျှောက်စီးတယ်။ ဘာမှမထူးပါဘူး။ နောက်ဆုံး အဖြေကတော့ သူတို့ ဘိုးဘေးတွေ သုံးလာတဲ့ မြေတိုက်ခန်းထဲက ချုပ်စက်အ ဟောင်းကြီးက ဒီထူးဆန်းတဲ့ အဖြစ်တွေကို ဖြစ်စေတာပါ။ ဒီလျှို့ ၀ှက်ချက်ကို သိသွားတဲ့မက်စ်က ဆိုင်မှာရှိတဲ့ ဖိနပ်ဟောင်းတွေကို သူ့စက်ကြီး နဲ့ တစ်ရံပြီးတစ်ရံပြင်၊ ရုပ်အမျိုးမျိုးပြောင်းပေါ့။ နောက်ရက် နောက်ရက် တွေမှာတော့ ဖိနပ်သမား မက်စ် တစ်ယောက် ဖိနပ်တွေအများကြီး ထည့်ထားတဲ့ အိတ်တစ်လုံးလွယ်၊ ရုပ်ပြောင်း ရုပ်လွဲတွေ လုပ်ပြီး တစ်မြို့လုံးပတ်လို့ စိတ်ကူးတည့်ရာ လုပ်ပါတယ်။ ဒီနေ့တော့ ဖိနပ် သမား မက်စ်ရဲ့ ဇာတ်လမ်းက စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။ပြီးတော့ မက်စ် တစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပါဦး ။

Movie Download Link>>>>>http://adf.ly/1LF4yp

Small File Size Download Link>>>>http://adf.ly/1LF58R

(ဇာတ်ကားအညွန်းကိုတော့ Ohn Phwa Pageမှ ကူးယူဖော်ပြသည်)

@joker

Wednesday, July 22, 2015

The Guvnors(2014) မြန်မာစာတန်းထိုး



CM ပရိသတ်တွေအတွက် ဒီတစ်ခါ တော့ လမ်းသရဲ ဆန်ဆန် အက်ရှင် ဇာတ်ကြမ်းလေး The Gouvners ကို တင်ဆက်ပေးလိုက်ပါတယ်။ အထိုးအသတ် အတိုက်အခိုက် အက်ရှင် ဇာတ်လမ်းတွေကို နှစ်သက် ကြတဲ့ ပရိသတ်တိုင်း အကြိုက်တွေ့ ကြမှာပါ။

ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့....... ၉၀ နှောင်းပိုင်း နေ့ရက်တွေမှာ လန်ဒန် အရှေ့တောင် ပိုင်းကို စိုးမိုးခဲ့တဲ့ လမ်းသရဲ ဆန်ဆန် The Gouvners ဆိုတဲ့ဂိုဏ်း တစ်ဂိုဏ်း ရှိခဲ့ဖူးပါတယ်။အဲ့ဒီဂိုဏ်းဟာ သူတို့ပိုင်နက်က လူတွေကို သူတို့ ကိုယ်ပိုင် ဥပဒေ နဲ့ အုပ်ချုပ် နိုင်ခဲ့လောက်အောင် ဩဇာကြီးမားခဲ့တာပါ။ဒါပေမယ့် ခေတ်တွေ ပြောင်းလို့ ၂၀၁၄ အရောက်မှာ ခပ်ကြမ်းကြမ်း ကောင်လေး Adam (Hatley Sylvester ဦးဆောင် တဲ့ လမ်းသရဲလူငယ် အုပ်စု ကလည်း ဂျို ကြွ လာပါတယ်။

Adam ကလည်း ခေသူတော့မဟုတ်ဘူး။ဘယ်သူ့အပေါ်မဆို အကြမ်းဖက်ရဖို့ ဝန်မလေး တတ်တဲ့သူတစ်ယောက်။ဒီအချိန်ဟာ Gouvners အုပ်စု ရဲ့ခေါင်းဆောင် Mitch (Douge Allen) ရဲ့ စိတ်ထားပြောင်းလဲ လာချိန်နဲ့ တိုက်ဆိုင်လာပါတယ်။ Mitchဟာ သူ ကလေး ရလာချိန်မှာ အခြေတကျ အလုပ်အကိုင်တစ်ခု လုပ်ဖို့အတွက် The Gouvners အဖွဲ့က အတိတ်တွေကို ချန်ရစ်လိုက်တဲ့အချိန်ပါ။ လူငယ်သွေးကြွ Adamဟာ သူ့ရဲ့ လမ်းစဉ်ကို The Gouvners အဖွဲ့က ပိတ်ပင်နေတာမျိုးကို အပြီးသတ်ဖယ်ရှား ဖို့ စီစဉ်လာပါတယ်။

Gouvners အဖွဲ့ဝင်ဟောင်း Mickyနဲ့ ဇယားငြိပြီးနောက်မှာ Adamဟာ Mickyကိုရော Adamကိုပါ သုတ်သင်ဖို့ လှုပ်ရှားပါတော့တယ်။ဒါပေမယ့် လူမိုက်မှန်ရင် နောက်ကျော ဓားနဲ့ မထိုးဘူး ဆိုတဲ့ Adamရဲ့ ခံယူချက်အတိုင်း တိတ်တဆိတ် မလုပ်ကြံ ပဲ ဂိုဏ်းနှစ်ဂိုဏ်း ထိပ်တိုက်တွေ့ ကြဖို့ရွေးချယ်ခဲ့ပါတယ်။လန်ဒန်မြို့ ရဲ့ လမ်းကြားတွေကိုသွေးစွန်းစေခဲ့ပါတယ်။ တကယ့် အတိုက်အခိုက်အခိုက် အနှစ်သာရ ကို ခံစား ချင်သူများ အတွက် အရမ်း ကျေနပ်မှု ရစေမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး ယူတတ်မယ် ဆိုရင် သင်ခန်းစာ တစ်ချို့ ကိုပါ ပေးစွမ်းနိုင်တာမို့ CM အချစ်တော်တွေအနေနဲ့ အခုပဲ အမြန်အဆန် ဒေါင်း သင့်ကြပါကြောင်း

Movie Download Link>>>>>>http://adf.ly/1LE1P1

Small File Size Download Link>>>>http://adf.ly/1LE1TL

(ဇာတ်ကားအညွန်းကိုတော့ Kaung Myat Thuမှရေးသားပေးထားတာ ဖြစ်ပါတယ်)

@joker



White House Down ( 2013 ) မြန်မာစာတန်းထိုး


2013 ခု နှစ်မှာ ထွက်ရှိခဲ့ပြီး  အိမ်ဖြူတော် အကြောင်းကို ရိုက်ထားတဲ့ Olympus Has Fallen နဲ့
ထွက်ရှိတဲ့အချိန်သိပ်ကွာလှတယ်မဟုတ်ပဲနဲ့ ပြိုင်တူနီးပါးလောက်ထွက်ရှိလာတဲ့ ဇာတ်ကားတစ်ကား
ဖြစ်ပါတယ်..ဒီဇာတ်ကားနဲ့ Olympus Has Fallen နဲ့ကိုယှဉ်ပြရမယ်ဆိုရင်တော့ အိမ်ဖြူတော်သိမ်းတာ
ချင်းအတူတူပင်ဖြစ်ပေမယ့် ရသခြင်းတော့ကွာပါတယ်..ကိုယ့်ဘာသာကိုယ်သာခံစားကြည့်ရှုလိုက်ပါ
ဒီဇာတ်ကားကတော့ IMDb မှာ Rating 6.4 ရရှိထားပါတယ်..

ကဲလ်ဟာ သမ္မတရဲ့သက်တော်စောင့် အလုပ်ကိုလျောက်တာမှာရွေးချယ်ခြင်းမခံခဲ့ရပါဘူး
တစ်ရက်မှာ သူ့သမီးလေးနဲ့အတူ အိမ်ဖြူတော်ကိုအလည်အပတ်လာပါတယ်..
သူ့သမီးလေး သန့်စင်ခန်းသွားနေတုန်း မို့ သူဟာ အလည်အပတ်တွေကိုပြသရာနေရာမှာပဲ
ရှိနေတဲ့အချိန် အတွင်းလူတချို့နဲ့အပြင်လူတချို့တို့ပူးပေါင်းတိုင်ပင်ပြီး အိမ်ဖြူတော်ကို
စတင်သိမ်းပိုက်ပါတော့တယ်..ကဲလ် ဟာ သူ့သမီးအတွက်အရမ်းကိုစိတ်ပူနေပါတယ်
မကြာမှီအချိန်အတွင်းမှာပဲ အိမ်ဖြူတော်တခုလုံးကို လက်နက်ကိုင်တွေထိန်းချုပ်ထားလိုက်တဲ့
အခါမှာ သူတို့ရဲ့သတိချွတ်ယွင်းမှု ကိုအခွင့်ကောင်းယူပြီးသမီးကိုကယ်ဖို့အတွက်ပြေးထွက်လာပါတယ်
ကယ်ဖို့လိုက်ရှာရင်းနဲ့မှ သမ္မတ ဒုက္ခရောက်နေတာကိုမြင်ပြီး မရမကကယ်တင်ခဲ့ကာ...
ကြုံလာတဲ့အခက်အခက်တွေကို ဘယ်လိုဖြေရှင်းမလဲ..သမ္မတ ကိုရော ဘေးရန်ကင်းအောင်ဘယ်လို
ကယ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်..

Filesize : 564 MB
Quality :720p
Format : mkv
During : 2:11:32
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK


Download with Pcloud 


Survivor (2015) မြန်မာစာတန်းထိုး

Screenshots



Survivor 2015
=================================
Jun လ ၅ရက်နေ့ကမ စပြီးရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ 

IMDB rating 5.5/10 ရရှိထားပြီး Action- Thrill ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။
ဒီကားမှာ ဆိုရင်ဖြင့် Kate Abbot အဖြစ် မင်းသမီး Milan Jovovich ကပါဝင်သရုပ်ဆောင်ထားပြီး Villain နေရာမှာတော့ Nash အဖြစ် မင်းသားကြီး Pierce Brosnan ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားမှာဆိုရင် မင်းသမီး Milan Jovovich အနေနဲ့ သရုပ်ဆောင်ရတာ မတန်ဘူးလို့တောင်ထင်မိပါတယ်။ 
U.S Immigation မှာတာဝန်ထမ်းဆောင်နေတဲ့ ဘီလ် ရဲ့သားဖြစ်သူ အမေရိကန် လေတပ်သား ဟာ အာဖဂန်နစ္စတန်မှာ စစ်တိုက်ရင်း မမျှော်လင့်ဘဲ လေယာဉ်ပျက်ကျရာမှ တာလီဘန်တို့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။
ဘီလ် အား သူ၏သားဖြင့်အကြပ်ကိုင်ကာ အမေရိကန်နိုင်ငံ အတွင်း Happy NewYear ညတွင် လူသန်းပေါင်းများစွာစုဝေးနေသော NewYork မြို့Time Square အကြမ်းဖက်ဖောက်ခွဲမှုများ လုပ်ဆောင်ရန် ဖောက်ခွဲရေးပညာရှင် ဓာတ်ငွေ့ကျွမ်းကျင်သူ Emil Blan အား နိုင်ငံကူးလက်မှတ်ထုတ်ခိုင်းရာ မမျှော်လင့်ဘဲ Kate Abbot က သိရှိသွားပါတယ်။
Kate Abbot အားရှင်းပြစ်ရန်အတွက် Nash အားခိုင်းစေရာ စားသောက်ဆိုင်တွင် ဗုံးခွဲပြီး သတ်ပစ်ရန်ကြံစည်ခဲ့သော်လည်း Kate မှာ မမျှော်လင့်ဘဲ လွတ်မြောက်သွားခဲ့ပြီး နောက်ပိုင်းတွင် Nash က Kate ကိုသတ်ပြစ်နိုင်မလား Kate ကဘဲဖောက်ခွဲမှုကိုဘဲ တားဆီးနိုင်မလား ........။
ဘယ်လိုဆက်ဖြစ်နိုင်မလဲကိုတော့ ဆက်လက်ကြည့်ရှုကြရအောင်ပါ။
P.S ..ကျွန်တော်ကတော့ ကြည့်ရင်းကြည့်ရင်းဖြင့် မင်းသမီး Milan Jovovish နေရာကို ၀င်ရောက်ခံစားမိပြီး တော်တော်လေးရင်မောမိသွားတယ်ဗျ ။

(ရုပ်ရှင်အညွှန်းနဲ့ မြန်မာစာတန်းထိုးကို ကသာသားလေး မှတင်ဆက်ထားတာပါ။)

File size...900MB
Quality....Blu-ray Rip 720p
Format...mkv
Duration....01:36:27
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD (pCloud Link)





နမူနာကြည့်ရန်

Free To Play (2014) မြန်မာစာတန်းထိုး


 http://www.upfilm31.in/content/uploads/2014/03/free-to-play-the-movie-documentary-valve-film-poster.jpg

$1 million tournament ပါ..

ပထမဆုံး ဒေါ်လာ တစ်သန်း တန် Dota 2 ပြိုင်ပွဲမှာ ဘယ် အဖွဲ့တွေက ဆုရမလဲ

Dota Player တွေရဲ့ အိပ်မက်က ဘာတွေလဲ သူတို့ ဘယ်လိုဖြတ်သန်းလာရသလဲ

သူတို့ ကြိုးစားထားတာတွေ ရှုံးနိမ့်သွားရတာတွေ ခံစားရတဲ့ အပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ

ကျနော်ကတော့ Dota Player တွေရဲ့ Life ကို ထင်ဟပ်ပြစေနိုင်တဲ့ 


Documentary လေး တစ်ခု အဖြစ် ညွှန်းဆိုချင်ပါတယ်..

မြန်မာ Dota Player တွေလဲ တစ်ချိန်ကြ ဒီလို နိုင်ငံတကာ ပြိုင်ပွဲမျိုးမှာ

ချံပီယံ မဖြစ်ဘူးလို့ ဘယ်သူမှ တပ်အပ် မပြောနိုင်ကြပါဘူး...

ပြီးတော့ ဒီ မှတ်တမ်း ရုပ်ရှင်လေးဟာ အင်တာဗျူး ပုံစံလေးတွေနဲ့ တင်ဆက်သွားတာပါ

မိဘ တွေကို ဒီမြန်မာစာတန်းထိုး Documentary လေးကို ပြပြီး စည်းရုံးသင့်တယ်နော်

(ဒါက မြောက်ပေးတာ) :P

ဒီ Documentary လေးမှာ စာကြောင်း (၁၆၀၀) ကျော် ပါရှိပြီး

ကျနော်တို့ ရဲ့ ဘာသာပြန်သူ Little Neo ဟာ တစ်ပတ် နီးပါးခန့်

အချိန်ယူပြီး ဘာသာပြန်ပေးခဲ့ပါတယ် ဒါကြောင့် ဒီ Documentary လေးကို ကြည့်ပြီးရင်

အားပေးတဲ့အနေနဲ့ ဝေဖန်မှုလေးတွေ အကြံပြုသွားပါလို့ ....


Download Link
=============



Thit San Khant

Tuesday, July 21, 2015

Stone Hearst Asylum or Eliza Graves (2014) မြန်မာစာတန်းထိုး



 ဒီဇာတ်ကားကတော့ IMDb rating 6.8/10 ရရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံကတော့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပါတယ်ဆိုတဲ့ ကုလားကားတွေကို သနားတယ်လို့တောင်ပြောလို့ရတဲ့ဇာတ်ကားပါ။ ဇာတ်ကားတကားလုံး လျှိုကွက်တွေနဲ့ ပြည့်နှက်နေပြီး ဇာတ်လမ်းကို အစအဆုံး ကြည့်မှသာ ဇာတ်လမ်းသဘောတရားကို သိရှိနိုင်မှာပါ။

ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် Eliza Graves နေရာမှာမင်းသမီး Kate Beckinsale ကသရုပ်ဆောင်ထားပြီးတော့ အဓိက မင်းသား ဒေါက်တာEdward Newgate နေရာမှာ မင်းသား Jim Sturgess ကပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ။ဒီဇာတ်ကားကိုမှာ သဘောကျတာကတော့ တကားလုံးကို အရူးတွေနဲ့ဘဲဇာတ်လမ်းဆင်ရိုက်ကူးထားတာကိုပါ။ ဒီဇာတ်ကားဟာ Golden Reel Award မှာ Best Sound Editing Award ကိုရရှိထားလို့ အသံကျယ်ကျယ်လေးနဲ့ကြည့်ရှုကြည့်ကြပါလို့ အကြံပြုခြင်ပါတယ်။ Oxford တက္ကသိုလ်ရှိ ဆေးပညာဆွေးနွေးပွဲတခုမှာ စိတ်ရောဂါတမျိုးကို ဆွေးနွေးကြရာမှ စိတ်ဝေဒနာရှင် တွေကို လက်တွေ့စမ်းသပ်ပြသခဲ့ရာမှ စိတ်ဝေဒနာရှင် Eliza Graves ကို မင်းသား ဒေါက်တာ Edward Newgate ကတွေ့ရှိပြီး စွဲလမ်းသွားရာမှ Eliza ကိုထားရှိကုသတဲ့ စိတ်ရောဂါကုဆေးရုံ Stone Heart Asylum သွားရောက်ပြီး ကယ်တင်ဖို့ကြိုးစားပါတယ်။

Stone Heart Asylum ကိုရောက်ရှိသွားတဲ့အချိန်မှာ စစ်ဆရာဝန်အရူး ဒေါက်တာ Silas Lamb (Ben Kingsley) က ဆေးရုံရှိဆရာဝန်တွေကို ဖမ်းချုပ်ပြီး အရူးထောင်ကို အပိုင်စီးကာ စိတ်ရောဂါဝေဒနာရှင်တွေကို သူ့ရဲ့ အရူးကုထုံးတွေနဲ့ ကုသနေတာကို ရောက်ရှိလာမယ့် ဒေါက်တာ Newgate က ဘယ်လို သိရှိသွားမလဲ ...........

ဒေါက်တာ Newgate ကို ဒေါက်တာ Limb ကဘဲလှည့်စားထားနိုင်မလား ဒေါက်တာ Newgate က ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲ သူချစ်တဲ့ Eliza ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကို ပရိတ်သတ်ကြီးအနေနနဲ့ ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်

Movie Download Link>>>>http://adf.ly/1L8q2F

Small File Size Download>>>>http://adf.ly/1L8pvZ

(ဇာတ်ကားအညွန်းကတော့ ကသာသားလေး ရေးပေးထားတာ ဖြစ်ပါတယ်)

@joker

Monday, July 20, 2015

Rise Of The Legend (၂၀၁၄)မြန်မာစာတန်းထိုး



IMDb rating6.4/10 ရရှိထားပြီး ဒီဇာတ်ကားမှာနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတာကိုတွေ့ရှိရပါတယ်။ ကျွန်တော်ကတော့ ဒီကားကို အရင်ကထွက်ထားခဲ့တဲ့ ၀မ်ဖေးဟုန်ဇာတ်ကားတွေကို Revolution လုပ်ပြီးရိုက်ထားသလားလို့တောင်ထင်မိပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင် တရုပ်ပြည် ချင်ခေတ်ရဲ့ တော်လှန်ပုန်ကန်မှုတွေ၊စစ်ပွဲတွေ၊သဘာဝဘေးအန္တရာယ်တွေနဲ့ တခြားစီးပွားရေး ပြသနာတွေကို ဖေါ်ပြရိုက်ကူးထားပြီး ချင်ခေတ်ရဲ့ အဆိုးဆုံးသော အခြေအနေတွေကို ရိုက်ပြထားတာပါ။ တရုပ်ပြည်ရဲ့ပင်လယ် ပိုးချည်လမ်းလို့ခေါ်တဲ့ ၀မ်ကျိုးမြစ်ရဲ့ ဇူဂျန်ဆိပ်ကမ်းတစ်နေရာ ကျားနက် အဖွဲ့က အုပ်စိုးထားပြီး ၄င်း ကျားနက်အဖွဲ့ကို ဦးဆောင်နေသူ မာစတာလူမှာ မွေးစားသားကတော့ ၃ယောက်ရှိပါတယ်

သားအကြီးဆုံး တာဟုန် ၊ သဌေးလေး အားခို နဲ့တတိယကျား တို့ ကတာဝန်ခွဲဝေ အုပ်ချုပ်ကြပါတယ်။ တရက်မှာ မာစတာလူ က သူ၏ စတုတ္ထမြောက်မွေးစားသားကို ရွေးချယ်ရန် သူ၏ အလုပ်သမားများထဲမှ လုပ်သက်ကြာပြီး အစွမ်းအစရှိသူများကို ရွေးထုပ်ပြီး သူ၏ပြိုင်ဘက်ဂိုဏ်း မြောက်ပင်လယ်ဂိုဏ်းကို သုတ်သင်ခိုင်းပါတယ်............... စတုတ္ထမြောက် မွေးစားသားရဲ့ ဘယ်လိုလျှိုကွက်တွေနဲ့ မြောက်ပင်လယ်ဂိုဏ်းကိုခြေမှုန်းမလဲ ...... စတုတ္ထသား ကရော ဘယ်လိုရည်ရွယ်ချက် ဘယ်လို တုန့်ပြန်မှုတွေအတွက် ကျားနက်ဂိုဏ်းအတွင်းဝင်ရောက်လာသလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးအနေနဲ့ ဆက်လက်ကြည့်ရှုကြပါ…………………………………………………….

 P.S- အသတ်အဖြတ်တွေက ကြမ်းတမ်းတဲ့အတွက် အတိုက်အခိုက်ကြိုက်တဲ့ ပရိတ်သတ်ကြီးကိုတော့အကြိုက်တွေ့စေမှာပါ။ ဒီဇာတ်ကားထဲက Orchid ဆိုတဲ့ ပြည့်တန်ဆာမလေးကတော့ကျွန်တော့ ခရှ်ခ် လေး AngelaBaby ပါ မာစတာလူကတော့ ဟုန်ကျင်းပေါင် လို့လူသိများခဲ့တဲ့မင်းသားကြီး Sammo Kam-Bo Hung ပါ အသက်ကြီးပြီး ၀ပေမယ့် ပေါ့ပေါ့ပါးပါးဘဲ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်ထားတာတွေ့ရပါတယ်

Movie Download Link>>>>>http://adf.ly/1L7sDz

Small File Size Download Link>>>>http://adf.ly/1L7sHk

(ဇာတ်ကားအညွန်းရေးသူကတော့ CM Admin ကသာသားလေးပဲ ဖြစ်ပါတယ်)

@Joker

Race 2(2013) မြန်မာစာတန်းထိုး



ကဲ
လှည့်ကွက် ဆန်ဆန်
လျှို့ဝှက်လွန်းတဲ့ဇာတ်ကားနဲ့
မိမိစိတ်ခန့်မှန်းချက် ကို
လောင်းကြေးထပ် မေးကြည့်ချင်ပါသလား

RACE 2 ကို စကြည့်လိုက်ပါ

ဇာတ်လမ်းအကျဉ်း

ဒီဇာတ်ကားဟာ IMDB 5.3 ရထားပြီး

ဇာတ်အိမ် အရမ်းခိုင်မာ လျှို့ဝှက်လွန်းတဲ့
ဇာတ်ကားလေးပါ

အဖွင့်မှာတော့
စနိုက်ပါတစ်ဦး၏ လက်ဖြောင့်မှုကြောင့်
ကားတစ်စီးလုံး ပေါက်ကွဲ ခဲ့တာနဲ့စခဲ့တာပါ

အဲဒီနောက် ဇာတ်ကောင်တွေနဲ့
စတင်မိတ်ဆက်ပေးပါတယ်

အရာမန် ဆိုတဲ့ လမ်းဘေး လက်ဝှေ့သမားဖြစ်၍
ယခုချိန်၌ အရမ်းချမ်းသာသော ကာစီနို ပိုင်ရှင် တစ်ဦးဖြစ်လေသည်။

သူ၏ ညီမ၀မ်းကွဲ ကတော့ အလီနာဖြစ်၍
အရာမန်ရဲ့ လက်ရုံးသဖွယ် အားကိုးရသူဖြစ်ပါတယ်

နောက် ဇာတ်ကောင်ကတော့
ရာဗီးဆင့်ဖြစ်၍ အရာမန်၏
ယုံကြည်မှုအားရယူရန် ကြိုးစားနေသူပါ

နောက်တစ်ယောက် ကတော့
အရာမန်ရဲ့ ရည်းစား
အိုမီရှာပါ

ဒီ ဇာတ်ကားလေးဟာ
ဇာတ်ကောင်လေးယောက်အား
အဓိက ထားပြီး
လှည့်ကွက်အဖုံဖုံ
သုံးသွားတာပါ

လှည့်ကွက်တွေက
များနေတာကြောင့်
ဇာတ်ကားအညွှန်းအား သိပ်မရေးလိုတော့ပါ

ဒီဇာတ်ကားလေးမှာတော့

ရာဗီဆင့်ကရော မည်သူနည်း
မည်သို့သော အကြောင်းကြောင့်
အရာမန်၏ ယုံကြည်မှုအား လိုအပ်နေသနည်း

အိုမီရှာကရော မည်သူနည်း
အရာမန်၏ အချစ်ကို မည်သို့သော
သဘောမျိုးနှင့် လက်ခံခဲ့သနည်း

အလီနာနဲ့ အရာမန်တို့ ရဲ့
ဆက်ဆံရေးတို့ရော
မည်သို့ တမျိုးတဖုံပြောင်းလဲသွားမည်နည်း

လက်စားချေသူ တို့၏
ကကွက်တန်ဆာတွေက
ဇာတ်ကား၏
ရသကို အပြည့်အဂပေးနေမှာပါ

ဒါကြောင့်
မကြည့်ဖူးမရှိရလေအောင်
ကဲ ကြည့်လိုက်ပါဦးလို

Movie Download Link>>>>> http://adf.ly/1L5K7l

Small File Download Link>>>>>http://adf.ly/1L5KEO

(ဇာတ်ကားအညွန်းရေးသူကတော့ Tear Cryပဲ ဖြစ်ပါတယ်)

@Joker

Sunday, July 19, 2015

World War Z (2013) မြန်မာစာတန်းထိုး


World War Z Movie ဟာ 2013  June လ မှာ ရုံ တင်ခဲ့တဲ့ Horror Movie တစ်ကား ဖြစ်ပါတယ်..

Director  Marc Forster က စာရေးဆရာ Matthew Michael Carnahan နဲ့ Drew Goddard တို့ရဲ့ စိတ်ကူး အိပ်မက်ကို ပုံဖော် ပေးထား ပါတယ်..

Stars များကတော့ Brad Pitt, Mireille Enos, Daniella Kertesz စသည်ဖြင့် အများအပြား ပါဝင်သရုပ်ဆောင်ထားပါတယ်..

ရုပ်ရှင်ဟာ တစ်ခါ ကြည့်ပြီးရင် ဇာတ်ရည်လည်သွား ပြီမို့ နောက်ထပ် ထပ်မကြည့်ချင်တော့ပေမဲ့ တစ်ခါထဲ နဲ့ ကောင်း မွန်တဲ့ အရသာကို အပြည့်အ၀ ပေးစွမ်းထားပါတယ်..

Genre အနေနဲ့ကတော့ Adventure, Action, Horror ဖြစ်ပါတယ်..

ဇာတ်လမ်း ကြောင်းက မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှအယောက်ပေါင်း ထောင်ချီး သိန်းချီ ပိုးကူး နိုင်ပြီး ရောဂါဖြစ်ပွား လာပါတယ်..

ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက် နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်..

အဲ့ အခြေ အနေကို Brad Pitt(Gerry Lane) က ဖြေရှင်း သွားခဲ့တာပါ..

( အညွှန်းကို myanmaridroidappfree.com မှ တင်ပြပါသည် )

Filesize : 528 MB
Quality : 720p
Format : mkv
During : 2:03:03
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK


Download World War Z Movie With Pcloud Link 


ATM: Er Rak Error (2012) မြန်မာစာတန်းထိုး

Screenshots


မင်းသား Chantavit Dhanasevi နှင့် I Fine..Thank You..Love You မင်းသမီးချော  Preechaya Pongthananikorn  တို့
အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့
Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။
တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။
IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို
ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။
မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။
(မြန်မာစာတန်းထိုးကိုတော့ ကိုမိုးစက် မှ ကိုယ်တိုင်ဘာသာပြန်တင်ဆက်ပေးထားတာပါ။
pk (2014) မြန်မာစာတန်းထိုးဇာတ်ကားကို ကြည့်ဖူးသူတွေကတော့ "မိုးစက် ရမ်းသမ်းဘာသာပြန်သည်။" ဆိုတာကိုရင်းနှီးနေကြမှာပါ။ ရှုစားအားပေးကြပါဦး။)
 
File size...(1.2GB) 
Quality...DVD-Rip 720p

Format...mp4
Duration....01:57:08
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 
 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(Uploading)

 




နမူနာကြည့်ရန်

Rango (2011) မြန်မာစာတန်းထိုး



2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်ဝ နေလို့ပဲ …

Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ် …။ မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး … သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ …တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ် …။

သူရဲကောင်းဆောင်နေတဲ့ Rangoတစ်ယောက် မြို့ကလူတွေ သိသွားတဲ့အခါ ဘယ်လို ပြသနာတွေ ကြုံတွေ့ရမှာလဲ၊သူရဲကောင်းဆိုတာ ဘယ်လို အဓိပ္ဗယ်ဆိုတာရော နားလည်သွားနိုင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ထပ် ကြည့်သင့်တဲ့အချက်တစ်ခုကတော့ ဒီ Rangoဆိုတဲ့ ပုတ်သင်ညိုကို Johnny Deepရဲ့ လှူပ်ရှားပုံကို အခြေံပြီးရိုက်ထားတာမို့ ကြည့်ကောင်းမှာ သေချာပါတယ်။ IMDB rating 7.3အထိ ရထားတဲ့ ဒီကားက Animation ပရိသတ်တွေအတွက် စိတ်ကျေနပ်မှူ ရစေမှာ သေချာပါတယ်

Movie Download Link>>>>>http://adf.ly/1Kzxim

Small File Size Download Link>>>>http://adf.ly/1KzxoK
@joker

Saturday, July 18, 2015

From Vegas to Macau II (2015) မြန်မာစာတန်းထိုး

Screenshots




ပိတ်ရက်လေးမှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ စိတ်ကူးထားသူတွေအတွက် အခု လောလောဆယ် ရုံတင်နေတဲ့ ဟောင်ကောင်အက်ရှင်ကားလေး ကြည့်ရအောင် ဖော်ပြပေးလိုက် ပါတယ်။
မြန်မာပရိသတ်တွေနဲ့ ရင်း နှီးပြီးသားဖြစ်တဲ့ ဟောင်ကောင် နေအောင်လို့ လူသိများသူ ချောင် ယွန်ဖတ်ခေါင်းဆောင် ပါဝင် ထားတာမို့ အက်ရှင်ဇာတ်လမ်း ကောင်းကြိုက်သူတွေ နှစ်သက် ဦးမယ်ထင်ပါတယ်။ ဒီဇာတ်ကား က ဒုတိယမြောက်ဇာတ်လမ်းအ ဖြစ် ထွက်ရှိလာတာမို့ ပထမ ဇာတ်လမ်းကို ကြည့်ဖူးသူတွေက တော့ အရင်ဇာတ်လမ်းနဲ့ ယှဉ် ကြည့်ဖို့အတွက် မဖြစ်မနေ မြည်း စမ်းကြည့်သင့်ပါတယ်။
မင်းသားချောင်ယွန်ဖတ်က သူမတူအောင် ကျွမ်းကျင်လှတဲ့ ဖဲလိမ်သမား ကင်အဖြစ် သရုပ် ဆောင်ထားပါတယ်။ တချို့ပြကွက်တွေက အထူးပြုလုပ်ချက်တွေများလွန်းပေမယ့် ကြည့်လို့တော့ အဆင်ပြေမှာပါ။
ကင်ရဲ့ ခေါင်းကိုင်သားဖြစ် တဲ့ ဗင်းဆင့်ဟာ လူဆိုးလောက ထဲမ၀င်ဘဲ ရဲဝန်ထမ်းဘ၀ကို ရွေး ချယ်ခဲ့တာကြောင့် ကင်နဲ့ သဘော ထား ကွဲလွဲခဲ့ပါတယ်။ ဗင်းဆင့် ဟာ အင်တာပိုလ်အဖွဲ့ထဲကိုဝင် ပြီး DOA ဆိုတဲ့ လူဆိုးဂိုဏ်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေ တာမို့ ကင်ကိုပူးပေါင်းဆောင် ရွက်ပေးဖို့ အကူအညီတောင်းခံ တာကြောင့် ကင်တစ်ယောက် ငြင်းမရဘဲ ကူညီဖြစ်ခဲ့ပါတယ်။
ပထမဇာတ်လမ်းမှာ DOA ရဲ့ စီအီးအို မစ္စတာကို သေဆုံးခဲ့ တာကြောင့် ဒီဇာတ်လမ်းမှာတော့ လေဒီဘော့စ်အွိုင်က စီအီးအိုနေ ရာ ဆက်ခံကာ တရားမ၀င် ကာစီ နိုကစားဝိုင်းတွေ ဆက်လုပ်ခဲ့ပါ တယ်။ ဗင်းဆင့်တို့အဖွဲ့ဟာ ပိုက် ဆံသန်းနဲ့ချီပြီး အလွဲသုံးစားလုပ် ထားလို့ ဘန်ကောက်မှာ ပုန်းခိုနေ တဲ့ DOA အဖွဲ့ရဲ့ စီနီယာစာရင်း ကိုင် မာ့ခ်ကို လက်ဝယ်ရရေး ကြိုး ပမ်းပါတော့တယ်။
ဒါကြောင့်မို့ ကင်လည်း ဗင်း ဆင့်ကို ကူညီဖို့အတွက် ဘန် ကောက်ကို လိုက်သွားခဲ့ပြီး ကင် ရဲ့ လောင်းကစားအရည်အသွေး တွေဟာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ် အတွက် အသုံးတည့်ခဲ့ပြန်ပါ တယ်။ တရုတ်အက်ရှင်ကားတွေ ရဲ့ ထုံးစံအတိုင်း အတိုက်အခိုက် အက်ရှင်ပြကွက်တွေရဲ့ သွက် လက်မြန်ဆန်မှုတွေကို ပရိသတ် အကြိုက်တွေ့မယ် ထင်ပါတယ်။
ဒီလိုနဲ့ တိုက်ရင်းခိုက်ရင်း ကင်တစ်ယောက် အချစ်နဲ့တွေ့ သွားခဲ့ပါတယ်။ သူကတော့ DOA အဖွဲ့ဝင် မော်လီဖြစ်တာကြောင့်ကင်ရဲ့ အချစ်ဇာတ်လမ်းက ဘာဖြစ်သွားမှာလဲ။ DOA အဖွဲ့ကို အပြတ်ရှင်းချင်တဲ့ ဗင်းဆင့်တို့အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေ အရာထင်မှာလားဆိုတာကတော့ ရုပ်ရှင်အရသာ ပေါ့သွားမှာစိုးလို့အကုန်မပြော တော့ဘူးနော်။ ချောင်ယွန်ဖတ် နဲ့အတူ နစ်ခ်ချန်၊ ကာရီနာလူ၊ ရှန်ယွဲ့တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။
(ရုပ်ရှင်အညွှန်းကို 7daydaily.com မှကူးယူဖော်ပြပါသည်။)

File size...(999MB) 
Quality...HDrip 720p

Format...mp4
Duration....01:50:14
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 
 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(500MB)


 



နမူနာကြည့်ရန်

Friday, July 17, 2015

22 Jump Street (2014) မြန်မာစာတန်းထိုး


2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7.6 အထိရရှိထားတဲ့
ရဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..2012 က ထွက်ရှိခဲ့တဲ့ 21 Jump Street ရဲ့
အဆက်အဖြစ်နဲ့ထွက်လာပါတယ်..2ကားလုံးကတော့ ဟာသအက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်
ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ်

21 Jump Street မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်း2ယောက် ကျောင်းပြီးလို့ရဲထဲဝင်
တဲ့အခါ အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်..
ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ

ယခု တင်တဲ့ဇာတ်ကား 22 Jump Street ကတော့ အဆက်အနေနဲ့ဆက်လက်ရိုက်ကူးထားပါတယ်
21 Jump Street ကို မကြည့်ရသေးသူများ အတွက်လည်းအောက့်မှာလင့်ပြန်ပေးထားပါတယ်..

( ယခု ဇာတ်ကားကို Small Filesize HD ဖြင့်တင်ဆက်ထားပြီ Computer , laptop နဲ့ဖုန်းများတွင်
ကြည်လင်စွာကြည့်ရှုနိုင်ပါတယ် )

Filesize : 560 MB
Quality : Blu-ray720p
Format : mkv
During : 1:51:56
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK


Download 22 Jump Street with Pcloud Link ( 560 MB )


21 Jump Street ဇာတ်ကားကိုဒီနေရာမှာကြည့်ပါ

A Beautiful Mind (2001)မြန်မာစာတန်းထိုး



ဒီကားလေးကတော့ တောင်းဆိုထားတာလည်းကြာပါပြီ။ အခုမှပဲ တင်ဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်သလို ကြည့်လည်း ကြည့်သင့်ပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ ဒီကားကို ပျင်းစရာ ကောင်းတယ်လို့ ထင်နိုင်ပါတယ်။ တကယ်ကောင်းတဲ့ကားပါ။

ဇာတ်လမ်းက Biopic (လူတစ်ယောက်ရဲ့ ဘ၀အမှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာကို Biopic လို့ခေါ်ပါတယ်။) ဖြစ်ပြီး၊ John Nash လို့ခေါ်တဲ့ သင်္ချာပညာရှင်တစ်ယောက်ရဲ့ ဘ၀ကို ဇာတ်လမ်းရိုက်ကူး ထားတာပါ။ John Nash က Nobel Laureate in Economics ဆုရှင်ဖြစ်ပြီး၊ သူ့ရဲ့ Equation တွေက Economy ကို အများကြီး အထောက်အကူပြု့ခဲ့ပါတယ်။ သူက ၁၉၅၇ ခုနှစ်မှာ Princeton University မှာ ပညာတော်သင်ဆုရခဲ့ပြီး ပညာသင်ကြားခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့ အခါမှာလည်း ကျောင်းမှာပဲ ဆရာအဖြစ်နဲ့ ပြန်ပြီး အလုပ်လုပ်ခဲ့ပါတယ်။

ဇာတ်ကားက သူဘ၀အကြောင်းကို ဖော်ကြူးထားပြီး၊ သူဘယ်လို ရုန်းကန်ရပုံ၊ အခက်အခဲတွေတွေ့ ရပုံ၊ အခက်အခဲတွေကို ဘယ်လို အောင်မြင်အောင်ကျော်ဖြတ်နိုင်ခဲ့လို့ Nobel ဆုရှင်အဖြစ် ချီးမြှောက်ခံရ ပုံတွေကို ပီပီပြင်ပြင် တင်ဆက်ထားပါတယ်။ Biopic ဖြစ်လို့ ဇာတ်လမ်းအသေးစိတ် ပြောဖို့မလိုသလို၊ ပြောလိုက်ရင်လည်း ကြည့်ရတာ အရသာ ပျက်ပါတယ်။ အထူးသဖြင့် ဇာတ်လမ်းရဲ့ အဓိက လှည့်ကွက် ကို ပရိတ်သတ်တွေ ကိုယ်တိုင် ကြည့်ရင်း သိရတာမှ တကယ် အရသာ ဖြစ်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ သူဘ၀သရုပ်ဖော် ဇာတ်လမ်း ဆိုပေမယ့် ဇာတ်လမ်းတင်ဆက်ပုံကောင်းတာကြောင့် ကြည့်ရှုသူတွေ မပျင်းမရိပဲနဲ့ကြည့်နိုင်မှာပါ။ အထူးသဖြင့် ဇာတ်ရှိန်အတက်အကျ မှန်သလို၊ တည်းဖြတ်လည်းကောင်းပါတယ်။  ဒါ့အပြင် များနိုင်ငံက ပညာရှင်တွေ ဘယ်လို တော်တယ်၊ ဘယ်လို ကြိုးစားတယ်၊ ဘယ်လို အချိန်ဖြုန်းတယ်ဆိုတာကို ဒီကားလေး ကြည့်ပြီး အတုယူ နိုင်မှာ ဖြစ်တာကြောင့် အချိန်ပေးပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။IMDB Ratingလဲ 8.2 အထိ ရထားတဲ့ ဇာတ်ကားပါ။


Movie Download Link>>>>>http://adf.ly/1Kx0VI


Small File Size Download Link>>>>>http://adf.ly/1Kx0Ov


(ရုပ်ရှင်အညွန်းကိုတော့ Movie Previews For Myanmar ပေ့မှ  #Sololayက ရေးသားထားတာ ဖြစ်ပါတယ်)

@joker

Thursday, July 16, 2015

Er Tha Tiger(2012) မြန်မာစာတန်းထိုး



ဒီကားလေးက IMDB 5.3 ရထားတဲ့ကားလေးပါ

မြန်မာလိုကတော့

တစ်ခါတုန်းက ကျားတစ်ကောင် ရှိခဲ့သည်တဲ့

အိန္ဒိယ နဲ့ ပါကစ္စတန် သူလျှိုတွေကြား
ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ

Tiger (ဆလက်မန်ခမ်း) ဟာ
အိန္ဒိယ အထူးစပိုင်တစ်ဦးဖြစ်ပြီး
RAW အဖွဲ့အစည်းရဲ့ လက်အောက်မှာ
လုပ်ကိုင်ရသူဖြစ်ပါတယ်။
သူရဲ့လုပ်ငန်းမှာ ပါကစ္စတန် သူလျို ISI များအား
နှိမ်နင်းရမည်ဖြစ်ပါတယ်

တစ်နေ့မှာတော့ သူ့ဆရာ goyi ရဲ့
Mission အရ ပါကစ္စတန် ရဲ့အကြောင်း
အစကို လိုက်ပြီး ရှာဖွေရတော့တယ်
ဒီတစ်ခါမှာတော့ Tiger ဟာ
ပရော်ဖက်ဆာ တစ်ဦးဆီ သွားပြီး
ပါကစ္စတန် သမိုင်းကြောင်းကို
စတင်စုံးစမ်းခဲ့ပါတယ်

ထိုပရော်ဖက်ဆာမှာ မည်သူ့မှ တပည့်အဖြစ် လက်မခံခဲ့သလို
Tiger ဟာလည်း ငြင်းပယ်ခံခဲ့ပါတယ်

Tiger ဟာ တပည့်အဖြစ် လက်ခံပေးရန်
အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး
Zoya ဆိုတဲ့မိန်းကလေးတစ်ဦးနှင့်လည်း
တွေ့ဆုံခဲ့ပါသေးတယ်

ဒီနေရာမှာတော့ zoya (ကတ်ထရီနာ ကေ့ဖ်)
အကြောင်းလည်း ပြောပြချင်ပါတယ်

Zoya ဟာ ပရော်ဖက်ဆာကို ပြုစုစောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီး
အက သင်တန်းတစ်ခုမှာ တက်ရောက်နေသူပါ

ဒီဇာတ်လမ်းမှာတော့

Tiger. တစ်ယောက် ပရော်ဖက်ဆာ တပည့်အဖြစ်
တွေ့ရဦးမည်လော

ပါကစ္စတန် သမိုင်းကြောင်းကို စုံစမ်းနိုင်မည်လော

Tiger နှင့် zoya တို့၏ ဘ၀တို့
ရှေ့ဆက် မည်သို့ဖြစ်နေမည်နည်း ဟု

လျှို့ဝှက်ဆန်ဆန် မေးထုတ်ရမှာပါ

Imdb 5.3 ရထားသည့်အတွက်
အတော်အသင့် ကောင်းမွန်တဲ့ ဇာတ်ကားကောင်းလို့ ပြောရမှာပါ

ဒါကြောင့် channel. Myanmar ပရိသတ်ကြီးလည်း
ကြည့်ရှုခံစားကြည့်ပါဦးလို့

Movie Download Link>>>>http://adf.ly/1bXDzp

Small File Size Download Link>>>http://adf.ly/1KwdVT

(ဇာတ်ကားအညွန်းရေးသူကတော့ Tear Cryပဲ ဖြစ်ပါတယ်)

@joker

Back To The Jurassic (2015) မြန်မာစာတန်းထိုး


2015 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Back To The Jurassic ဆိုတဲ့ Animation ကားလေးတစ်ကားနဲ့မိတ်ဆက်
ပေးချင်ပါတယ်..ဇာတ်လမ်းဟာ IMDb Rating 5.6 ရရှိထားပြီး စိတ်အပန်းဖြေကြည့်ဖို့အတွက်သင့်တော်
တဲ့ ဇာတ်လမ်းကောင်းလေးပါ

အန်ရင်းဆိုတဲ့ကောင်လေးဟာ သူ့အမေ ပြောစကားကိုဆိုရင် မလိမ့်တပတ်လုပ်ပြီးအမြဲတမ်းတလွဲ
လုပ်တတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်..သူ့မှာ ဂျော်ဆိုတဲ့ညီမလေးတစ်ယောက်ရှိပါတယ်
သူ့အပေါ်မှာအမြဲတမ်းချောက်ချပြီး ပြသနာဖြစ်အောင်လုပ်တဲ့ညီမလေးပေါ့..အန်ရင်းဟာ ထူးထူးခြားခြား
ဒိုင်နိုဆောတွေနဲ့ ပတ်သတ်ပြီး သဘောကျကာ..လေ့လာရတာ ၀ါသနာထုံပါတယ်..ဒိုင်နိုဆောပြတိုက်
ကြီးမှာလည်းသူအမြဲတမ်းသွားရောက်လေ့လာတတ်ပါတယ်..

တစ်နေ့မှာ အန်ရင်းရဲ့အမေဟာ တစ်နှစ်တာအတွက် Mother Of The Year ဆုကိုလက်ခံဖို့အတွက်
သွားတဲ့အချိန်မှာ အန်ရင်းကိုသူ့ဆိုင်စောင့်ဖို့အတွက်စေခိုင်းခဲ့ပါတယ်..အန်ရင်းဟာ အမေစကားကို
နားမထောင်ပဲနဲ့ သူ့သူငယ်ချင်း မက်စ် နဲ့အတူ ဒိုင်နိုဆောရုပ်ကြွင်းပြတိုက်ထဲက ကန့်သတ်ထားတဲ့
အခန်းကို ခိုးဝင်ခဲ့ပါတယ်..ကံဆိုးချင်တော့သူ့ညီမဖြစ်သူ ဂျော် ကလိုက်ပါလာပြီး အချက်ပေးစနစ်ကို
မြည်အောင်လုပ်လိုက်တော့ လူမိသွားပါတော့တယ်..ဒါကြောင့် အန်ရင်းကို သူ့အမေက သုံးပတ်
အခန်းထဲပိတ်ထားမယ်လို့ အပြစ်ဒဏ်ပေးလိုက်ပါတယ်..အန်ရင်းဟာအခန်းထဲကနေခိုးထွက်ပြီးတော့
သူ့သူငယ်ချင်းမက်စ် အိမ်ကိုခိုးသွားပါတယ်..အန်ရင်းခိုးထွက်တာကို မြင်တဲ့ ဂျော်ကလည်းနောက်ကနေ
လိုက်လာပြီး အကွက်ဆင်ဖို့ချောင်းနေပါတယ်..မက်စ်ရဲ့အဖေဟာ တီထွင်တာတွေဝါသနာပါတဲ့သူ
တစ်ယောက်ဖြစ်ပြီး အချိန်ခရီးသွားစက်ကိုတီထွင်နေတာ လေးနှစ်တာ ကြာခဲ့ပါပြီ..ချို့ယွင်းချက်တစ်ခု
ကြောင့် ပါဝါမတက်နိုင်ပဲဖြစ်နေပါတယ်..မက်စ်ရဲ့အဖေဟာ ဒီခရီးသွားစက်ကို အန်ရင်းနဲ့မက်စ်ကို
ပြသလိုက်ပြီး အပြင်ဘက်မှာအလုပ်ထွက်လုပ်နေပါတယ်..အဲ့အချိန်မှာ အန်ရင်းကို ခိုးလိုက်လာတဲ့
သူ့ညီမ ဂျော်က သူ့အမေ နဲ့တိုင်ဖို့်အတွက် ဓါတ်ပုံထွက်ရိုက်လာပါတယ်..ဒီတော့ အန်ရင်းက
ဂျော်ကိုလိုက်ဖမ်းရာက ပြေးလွှားနေရင်းနဲ့ အန်ရင်းလက်ထဲမှာကိုင်ထားတဲ့ကိုလာဗူးက ကိုလာအချို့ဟာ
အချိန်ခရီးသွားစက်ပေါ်ကိုကျရောက်ပြီး စက်က ပါဝါအသက်ဝင်လာပြီး စတင်အလုပ်လုပ်ပါတယ်..
ပြေးလွှားနေတဲ့အချိန် မှာသတိမထားမိပေမယ့် စက်အသက်ဝင်လာတဲ့အချိန်မှာ အန်ရင်း , မက်စ် နဲ့
ဂျော်တို့ဟာ မထင်မှတ်ပဲ စက်ထဲမှာပိတ်ပြီးပါသွားတယ်..စက်ကိုဖွင့်ကြည့်ပြီးအပြင်ထွက်လိုက်တဲ့အချိန်
မှာ သူတို့ကို နှစ်သန်းပေါင်း 100ကျော်ကို အချိန်ခရီးထွက်ပြီး ဒိုင်နိုဆောတွေရှိခဲ့တဲ့ကမ္ဘာကို
ရောက်ရှိနေတဲ့အခါမှာတော့...............................................


Filesize : 859 MB
Quality :BrRip 720p

Format : mp4
During : 1:25:54
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK


Download And Watch With Pcloud Link 

Wednesday, July 15, 2015

Very Good Girls (2013)မြန်မာစာတန်းထိုး


CM ပရိသတ်ကြီးအတွက် ဒီတစ်ခါ ဇာတ်အိမ်ပုံစံတမျိုးဆန်းသစ်တဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ကြတဲ့ လီလီ နဲ့ ဂယ်ရီ တို့ဟာ လိင်မှုရေးရာ ကို လက်တည့် စမ်း ပြီး အပျိုဘဝကို ကောလိပ်ကျောင်း မတက်ခင် စွန့်လွှတ်ကြဖို့ အချင်းချင်း တိုင်ပင်ထားကြတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပါတယ်။ဒါပေမယ့် သူတို့ နှစ်ယောက်လုံးဟာ အရမ်းဆွဲဆောင်မှုရှိလှတဲ့ ပန်းချီဆရာလေးတစ်ယောက် ကို စွဲလမ်း ပြီး နောက်ပိုင်းမှာ သူတို့ရဲ့ သူငယ်ချင်း သံယောဇဉ်တွေကို စိန်ခေါ်စမ်းသပ်မှုတွေနဲ့ကြုံလာရပါတော့တယ်။ဒီဇာတ်ကားလေးဟာ အမျိုးသမီးတွေ ရဲ့ သူငယ်ချင်းသံယောဇဉ်တရား နဲ့ လိင်မှုရေးရာ စိတ်နေစိတ်ထား တွေကို အဓိက ချပြ ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ Dramaကား ကောင်းကောင်းကြိုက်သူတွေအတွက် အကြိုက်တွေစေမဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး မင်းသမီးတွေ တော်တော်ချောကြတာကိုလဲ သတိထားမိမယ် ထင်ကြပါတယ်

Movie Download Link>>>>>http://adf.ly/1KtDwk

Small File Size Download Link>>>>>http://adf.ly/1KtEGi

(ဒီဇာတ်ကားအတွက် အညွန်းကိုတော့ Kaung Myat Thuမှ ရေးသားပေးထားတာ ဖြစ်ပါတယ်)

@joker

Mr.Bean Holiday(2007) မြန်မာစာတန်းထိုး



 အက်ရှင်တွေ အချစ်တွေ အကြမ်းတွေ များလာတော့ ဒီတစ်ခါ ပရိသတ်ကြီးပေါ့ပေါ့ပါးပါး လေးဖြစ်သွားအောင် Mr.Bean's Holidayလေး တင်ပေးလိုက်ပါတယ် Mr.Beanရယ်လို့ အသံကြားလိုက်ရုံနဲ့ ရုပ်ရှင် ခရေဇီတွေရော သာမန်ရုပ်ရှင်ပရိသတ်တွေပါ အလိုလို အူမြူးလာတတ်ကြပါတယ်။

ဒီ Mr.Bean's holidays ဟာ ဆိုရင်လည်း ရုပ်ရှင် ပရိသတ်တွေ တော်တော်များများ အထူးနှစ်ခြိုက်ခဲ့ကြတဲ့ ဇာတ်ကားတစ်ကားပါ။ 'Old but gold' ဆိုတဲ့စကားဟာ ဒီ ဇာတ်ကားလေး အတွက်လည်း မှန်တယ်ခင်ဗျ။ မြန်မာစာတန်းထိုး နဲ့မှ ကြည့်ရတာ ဖီးလ် ပိုရှိတယ်ဆိုတဲ့ ချစ်ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

 ဒီဇာတ်လမ်းလေးရဲ့ အစမှာတော့ Mr.Beanက ကံကောင်းတယ်ဗျ။ကန်းနက်စ် ကို ခရီးသွားဖို့ လက်မှတ်ရယ် ဗွီဒီယိုကင်မရာလေးတစ်လုံးရယ် ယူရို ၂၀၀ ရယ် မဲပေါက်ခဲ့တာကိုး (ဒါတောင်ဆရာသမားက တေ့လွဲ လွဲဦးမို့) ပထမရထား လွတ် ဖြစ်အောင်လွတ်သွားသေးတဲ့ Mr.Bean ဟာ ဒုတိယ ရထား ဆိုက်ပြန်တော့လည်း လူတစ်ယောက်ကို သူလမ်းလျှောက်နေတဲ့ပုံ ဗွီဒီယို ရိုက်ခိုင်းရင်းနဲ့ အလွဲတွေဖြစ်ပြန်ရော။ သူ့ကို ဗွီဒီယို ရိုက်ပေးနေတဲ့သူက ရထား လွတ်သွားတယ်လေ။ဒါနဲ့ ရထားပေါ်မှာ ပါလာတဲ့ အဲ့လူရဲ့ သားကို စောင့်ရှောက်ဖို့ Mr Bean မှာ တာဝန်ရှိလာပါတော့တယ်။

 ဒီသားအဖကို ပြန်ဆုံအောင် Mr.Bean လုပ်ပေးနိုင်မလား ဘယ်လို အလွဲတွေ ထပ်ဖြစ်မလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ဇာတ်သိမ်းလေးကိုလည်း ကြည်နူးဖွယ်ဖြစ်အောင်ရိုက်ကူးပြထားပါတယ်။ ဟာသဆိုပေမယ့် ကလိထိုးပြီးရယ်ရတာမျိုးမဟုတ်ဘဲ ပေါ့ပေါးပါးပါးနဲ့ ယုတ္တိရှိရှိ ရိုက်ပြထားတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ အကြိုက်တွေ့ကြမှာဖြစ်ပါတယ်။

 Movie Download Link>>>>>http://adf.ly/1KpsO6

 Small File Size Download Link>>>>http://adf.ly/1KpseG

 (ဇာတ်ကားအညွန်းရေးသူကတော့ Kaung Myat Thu ပဲဖြစ်ပါတယ်)

@joker