Thursday, April 30, 2015

Commitment (2013) မြန်မာစာတန်းထိုး

Snapshots

Myung Hoon ဟာ မြောက်ကိုရီးယား သူလျှိုဟောင်းတစ်ယောက်ရဲ့ သားဖြစ်ပြီး စန္ဒယားပညာရှင် တစ်ဦးဖြစ်ဖို့ စိတ်ကူးယဉ်နေသူပါ။ ဒါပေမယ့် တောင်ကိုရီးယားမှာ သူ့ဖခင် သေဆုံးသွားပြီး နောက်ပိုင်း သူ့ညီမ Hye In အလုပ်ကြမ်းစခန်းကို ရောက်သွားခဲ့ပါတယ်။ သူ့ဖခင်ရဲ့ အထက်အရာရှိ ကာနယ် Moon Sang Chul က Myung Hoon အတွက် အလုပ်တစ်ခု သယ်ဆောင်လာပါတယ်။ အကယ်၍ အဲဒီအလုပ် အောင်မြင်ခဲ့ရင် သူရော သူ့ညီမပါ လွတ်မြောက်မှာ ဖြစ်ပါတယ်။ အဲဒီအလုပ်ကတော့ သူ့အဖေရဲ့ မပြီးသေးတဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ပါပဲ။ သူ့ညီမကိုပါ လွှတ်ပေးမယ်ဆိုတာကြောင့် Myung Hoon က ဒီအလုပ်ကို လက်ခံလိုက်ပြီး ၂ နှစ်တိုင်တိုင် အပြင်းအထန် လေ့ကျင့်ပေးပါတယ်။ 

Myung Hoon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတစ်ဦး အသွင်နဲ့ တောင်ကိုရီးယားမှာ အခြေချပါတယ်။ မြောက်ကိုရီးယား သူလျှိုအဖွဲ့အစည်းထဲက လင်မယားနှစ်ယောက်အိမ်မှာ မွေးစားသားအနေနဲ့ လာရောက်နေထိုင်ပါတယ်။ သူ့ရဲ့တာဝန်က "ခုနစ်စင်ကြယ်" (Big Dipper) လို့ နာမည်ဝှက်ပေးထားတဲ့ မြောက်ကိုရီးယားရဲ့ သူလျှိုတစ်ယောက်ကို ပြန်လည် ဖြိုခွင်းရမှာပါ။ မွေးစားလင်မယားက သူ့ကို ကျောင်းထားပေးတာမို့ အထက်တန်းကျောင်းမှာ တက်ရပါတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူလေး Hye In ကို သူ့ညီမနဲ့ နာမည်တူနေတာမို့ ကူညီရင်း သံယောဇဉ်ဖြစ်မိပါတယ်။ Hye In ဟာ အကပညာရှင် ဖြစ်ဖို့ စိတ်ကူးယဉ်နေသူလေးပါ။  

ဒါပေမယ့် အခြေအနေဟာ Myung Hoon ကို ကျဉ်းထဲကြပ်ထဲ ရောက်အောင် တွန်းပို့ပေးလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ သေဆုံးပြီး ကင်ဂျုံအွန် အာဏာရလာတဲ့အခါမှာ Moon Sang Chul ဟာ သူ့ကို သစ္စာဖောက်ပါတော့တယ်။ တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေးတွေကလည်း သူ့ကို စတင်ထောက်လှမ်းမိနေပါပြီ။ သူဘာဆက်လုပ်မလဲ။ သူ့ညီမကို ဘယ်လို ကယ်တင်မလဲ။ သူ့ညီမနဲ့ နာမည်တူတဲ့ သူ့ရဲ့ နံရိုးတစ်ချောင်းကိုရော ဘယ်လိုကာကွယ်ပေးမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါ။ 

Big Bang အဖွဲ့က အဆိုတော် Choi Seung Hyun (T.O.P) ခေါင်းဆောင်ပါဝင်ပြီး Han Ye Ri ၊ Kim Yoo Jung ၊ Yoon Je Moon ၊ Jo Sung Ha နဲ့ မင်းသားကြီး Jung Ho Bin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Commitment ဇာတ်ကားဟာ အက်ရှင်ဒရမ်မာ ဇာတ်ကြမ်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Park Hong Soo ရိုက်ကူးပြီး ကိုရီးယားစစ်ပွဲရဲ့ တတိယမျိုးဆက်တွေ ဘုမသိဘမသိနဲ့ ဓားစာခံဖြစ်ရပုံအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Rotten Tomatoes မှာ Tomatometer 40% ပဲ ရရှိထားပေမယ့် IMDb မှာတော့ Rating 6.8 ထိရရှိထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။  

 ကိုရီးယားကားတွေရဲ့ ထုံးစံအတိုင်း အကြမ်းနဲ့ အလွမ်းကို ရောသမမွှေထားပြီး မတူညီတဲ့ ပတ်ဝန်းကျင်တွေကို သမမျှတအောင် ထည့်သွင်းရိုက်ကူးထားတာ တွေ့ရပါတယ်။ နူးညံ့တဲ့ စန္ဒယားသမား ကျောင်းသားတစ်ယောက်ရဲ့ ခံစားချက်ကို လူသတ်သမားတစ်ယောက်ရဲ့ သွင်ပြင်နဲ့ ရောသမမွှေထားပြီး သိမ်မွေ့တဲ့ အချစ်ဇာတ်လမ်းနဲ့ ပေါင်းစပ်တန်ဆာဆင်ထားပါတယ်။ အက်ရှင်ကားတွေ ကြိုက်တဲ့ ပရိသတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။
Hollinaz 
(ရုပ်ရှင်အညွှန်းကို mmmovieguide.com မှကူးယူဖော်ပြပါသည်။)

ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကိုတော့ Kyaw Swar Win မှကိုယ်တိုင်ဘာသာပြန်တင်ဆက်လိုက်တာဖြစ်ပါတယ်။

File size...1.7GB and 800MB 
Quality....Blu-ray Rip 720p
Format...Avi
Duration....01:53:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

 
Download and Watch 720p HD(1.7GB)


 
Download and Watch 720p Small File Size(800MB)



နမူနာကြည့်ရန်

Wednesday, April 29, 2015

Interstellar (မြန်မာစာတန်းထိုး)




ဇာတ်လမ်းကလည်း Inception လိုပဲ တွေးသသ ဖြစ်စေမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး၊ ကျွန်တော်ဆို Review သေချာရေးဖို့အတွက်၂ခါလောက်ပြန် ကြည့်ခဲ့ရပါတယ်။ ဇာတ်လမ်းအစမှာ ကမ္ဘာကြီးက မြေဆီမြေသြဇာတွေ ကုန်ခမ်းလာပြီး အစားအသောက်ရှားပါးလာပါတယ်။ ဒီကြားထဲသဲမုန်တိုင်းကလည်း တိုက်လိုက်ပါသေးတယ်။ Cooper (Matthew McConaughey) က အရင်တုန်းက အင်ဂျင်နီယာတစ်ဦး ဖြစ်သလို အာကာသ ယာဉ်မှုးတစ်ဦးလည်းဖြစ်ပြီး လက်ရှိမှာတော့ လယ်သမားအဖြစ်နဲ့ ပြောင်းခင်းတွေကို စိုက်ပျိုးနေရပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ NASA ရဲ့ အာကာသ စခန်းတစ်ခုကိုအမှတ်မထင်တွေ့သွားပြီး (ဘာလို့တွေ့သွားလည်းဆိုတာကို ရှင်းပြရင် Spoiler ဖြစ်နေလို့ Spoiler version ထပ်တင်ပေးမှ သေချာရေးပေးပါ့မယ်။) တစ်ခြားဂြိုလ်တွေကို သွားရှာမယ့် အစီအစဉ်ကို သိလိုက်ရပြီး သူ့ကို ပိုင်းလော့လုပ်ပေးဖို့ တောင်းဆိုတာကို လက်ခံလိုက်ပါတယ်။

သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်၅၀ ထဲက ကမ္ဘာပေါ်မှာ သံလိုက်စက်ကွင်းတွေ ကမ္ဘာမြေကြီးရဲ့ ဆွဲအား ဖောက်လွဲဖောက်ပြန်ဖြစ်တာတွေကို သတိထားမိရာကနေ Saturn ဂြိုလ် (စနေဂြိုလ်) နားမှာ Black Hole တစ်ခု လာပွင့်နေတာကို တွေ့ရှိထားပါတယ်။ ဒီ Blackhole ကို တစ်ခြားဂြိုလ်သားတွေက လူတွေကို ကူညီဖို့ ဖန်တီးပေးထားဖြစ်ပြီး၊ NASA က ဒါကြောင့် အဲ့ဒီတုန်းကထဲက လေ့လာနေခဲ့ပြီး Drone တွေလွှတ်ကာ လူတွေနေထိုင်လို့ရလောက်မယ့်ဂြိုလ်တွေကို ရှာဖွေခဲ့ပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက  သိပ္ပံပညာရှင် ၁၃ ဦးကို ဂြိုလ်၁၃ ခုကို စေလွှတ်ခဲ့ပြီး လေ့လာစေခဲ့ပါတယ်။ တကယ်လို့ သူတို့ရောက်နေတဲ့နေရာ လူနေလို့မရရင် သူတို့ကို ပြန်ကယ်နိုင်မှာမဟုတ်ပဲ အသေခံရမှာ ဖြစ်ပါတယ်။ ဒီထဲကမှ ၃ယောက်က သတင်းပြန်ပို့လာပြီး သူတို့ပေးပို့တဲ့အချက်အလက်တွေက လည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒါကြောင့် Cooper တို့အလုပ်က အဲ့ဒီ Planet သုံးလုံးကို သွားလေ့လာပြီး သတင်းပြန်ပို့ရမယ်လို့ပြောပါတယ်။ ဒီနေရာမှာ လူသားတွေကို ဘယ်လိုကယ်တင်မလည်းဆိုတော့ Professor Brand (Michael Caine) က Plan နှစ်ခုရှိကြောင်းရှင်းပြပါတယ်။ Plan A က Prof. Brand က fifth-dimensional physics နဲ့ဆိုင်တဲ့ Equation ကို ဖြေရှင်းဖို့ကြိုးစားမှာဖြစ်ပြီး၊ ဒီ ပြသ၁နာကို အဖြေ ရှာနိုင်ခဲ့ရင် လူတွေ နားမလည်နိုင်တဲ့ Alien Physics ကို သဘောပေါက်နားလည်မှာဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ ရှိသမျှလူတွေ အာကာသ စခန်းဆောက်ပြီး အာကာသထဲမှာ ထားနိုင်မယ်လို့ ဆိုပါတယ်။ (Alien Physics ဆိုတာ Blackhole ဖွင့်တဲ့ နည်းပညာလိုမျိုး ဖြစ်တယ်လို့ဆိုပြီး Saturn နားက Blackhole ကိုလေ့လာ ရာကနေ ရလာတဲ့ Equation ဖြစ်ပါတယ်။)

Plan B ကတော့ လူတွေတော်တော်များများရဲ့ မျိုးစိတ်တွေကနေ သန္ဓေတည်ထားတဲ့ မျိုးဥတွေကို စုထားပြီး Cooper တို့နဲ့ ယူသွားဖို့ဖြစ်ပါတယ်။ တကယ်လို့သာ Plan A မအောင်မြင်ခဲ့ရင် Cooper တို့က လူတွေနေလို့ရလောက်တဲ့ Planet မှာ အခြေချနေပြီး ဒီမျိုးဥတွေကနေ သားဖောက် လူတွေ မွေးပြီး လူသား မျိုးနွယ် မပျက်သုံးအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

သားတစ်ယောက် သမီးတစ်ယောက်ရှိတဲ့ Cooper က Plan B ကို မကြိုက်ပေမယ့် Prof. Brand က Plan A အောင်မြင်မယ်လို့ အာမခံခဲ့ပါတယ်။ သူတို့ သွားရမှာ နှစ်ပေါင်းများစွာကြာမှာဖြစ်ပြီး မင်းတို့ပြန်ရောက်တဲ့အချိန်ဆို ဒီ Equation ကိုဖြေရှင်းပြီးလောက်ပြီလို့ ဆိုခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့အဖွဲ့ စတင်ထွက်ခွာတော့ Cooper ရဲ့ ၁၀ နှစ်သမီးလေးက အဖေကို မသွားစေချင်ခဲ့ပါဘူး။ အဖေ့ကိုလည်း လုံးဝမကြည်ပဲ Video message တောင်မပို့ခဲ့ပါဘူး။ ကမ္ဘာမြေကြီးကနေ Warmhole ရှိတဲ့ စနေဂြိုလ် ကိုအရောက်သွားဖို့တောင် ၁၈ လကြာမှာဖြစ်တဲ့အတွက် Cooper တို့အဖွဲ့က Underwater sleep လို့ခေါ်တဲ့ အနားယူချင်းပုံစံနဲ့ အိပ်နေခဲ့ရပါတယ်။ ဒီလိုအိပ်စက်ခြင်းအားဖြင့် Computer တွေ Laptop တွေမှာ ပါတဲ့ Hibernation လို့ခေါ်တဲ့ အိပ်စက်ခြင်းမျိုးဖြစ်သွားပြီး၊ သူတို့ရဲ့ လက်ရှိအသက်အရွယ်၊ ကို ထိမ်းထားသလို၊ အစားအသောက်စားဖို့လည်းမလိုတော့ပါဘူး။

Cooper တို့အဖွဲ့ ကို Endurance လို့ခေါ်ပြီး  Cooper နဲ့အတူ Prof. Brand ရဲ့သမီး biologist Amelia (Anne Hathaway), scientists Romilly (David Gyasi), Doyle (Wes Bentley) တိုနဲ့အတူ စက်ရုပ်နှစ်ရုပ်ဖြစ်တဲ့ robots TARS and CASE တို့ ပါဝင်ပါတယ်။

ဒီလိုနဲ့ Blackhole ကိုဖြတ်ပြီး ပထမဆုံး Planet ကိုသွားကြည့်တဲ့ အခါမှာ အခက်အခဲစကြုံလာပါတယ်။ ဒီဂြိုလ်က Warmhloe နဲ့နီးနေလို့ (အလွယ်တူရှင်းပြတာပါ။) ဆွဲအားအရမ်းများနေတဲ့အတွက် သူ့ဆီမှာ တစ်နာရီ နေရင် ကမ္ဘာကြီးပေါ်မှာ အချိန် ၇နှစ်ကြာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီ ဂြိုလ်ကနေ ပြန်လာ ပြီးတဲ့ အချိန်မှာ ၂၃ နှစ်ကြာသွားပြီဖြစ်သလို Cooper ရဲ့ သမီးက သူနဲ့ရွယ်တူဖြစ်နေ တာကို Video message ကနေ တွေ့လိုက်ရပါတယ်။ ဒီအပြင် သူတို့မှာ နောက်ထပ် ဂြိုလ်နှစ်ခုကို ဆက်သွားဖို့ လောင်စာအလုံလောက်မရှိတော့ပဲ (နှစ်ခုလုံးကိုသွားလို့ရပေမယ့် ကမ္ဘာပေါ်ကိုပြန်ဖို့ မလောက်တော့ပါဘူး။ Cooper ကသူ့သမီးကိုလည်း ကယ်ချင်သေးတာကြောင့်) တစ်ခုကိုပဲသွားနိုင်မှာဖြစ်လို့ ရွေးချယ်ရမှာဖြစ်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မလားဆိုတာတော့ ပရိတ်သတ်ကြီး ကိုယ်တိုင် ကြည့်ကြည့်ကြပါလို့ ပဲ တိုက်တွန်းလိုက်ပါတယ်။

သိပ္ပံပညာစိတ်ဝင်စားတဲ့သူတွေ Sci-Fi ကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမှာဖြစ်ပြီး မိသားစုတူတူ ကြည့်နိုင်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။

Interstellar Movie Download Link>>>> http://adf.ly/1LMA3E

( Movie previewကိုတော့ #Solo Lay ကရေးထားတာဖြစ်ပြီး စာတန်းထိုးကိုတော့ ကို Lotus Blackမှ ပြန်ထားတာ ဖြစ်ပါတယ်)

@joker

I Saw the Devil(2010) မြန်မာစာတန်းထိုး

Snapshots



ကိုရီးယား မင်းသား လီဗျောင်ဟွန်း နဲ့ မင်းသားကြီး Choi Min‑sik တို့အဓိကအားပြိုင်သရုပ်ဆောင်ထားတဲ့
Crime, Drama, Horror အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
IMDb Rating(7.8/10) နဲ့ Rotten Tomatoes (80%) တောင်ရရှိထားတဲ့ နာမည်ကြီးကိုရီးယားဇာတ်ကားပါ။
ဇာတ်လမ်းအကျဉ်းကတော့....  
Special Agent တယောက် –
လက်ထပ်တော့မယ် သူ့ချစ်သူ ကို ရက်ရက်စက်စက် တစစီခုတ်ထစ်စွန့်ပစ်ထားတာကို မြင်ခဲ့ပြီးနောက် –
ချစ်သူရဲ့ အဖေ က ရဲအရာရှိ –
သူ့သမီးကို သတ်သွားတဲ့သူကို မင်း ရအောင်သာရှာ …. ငါ ဘာလုပ်ပေးရ ပေးရ –

Special Agent ဟာ ၂ ပါတ်တိတိ ခွင့်ယူပြီး –
မသင်္ကာစရာ လူ ၄ ယောက်ကို တယောက်ချင်းစီ စစ်ရင်းမှ လူသတ်သမားအစစ် ကို တွေ့တဲ့အခါ ဘယ်လိုတွေ ကလဲ့စားချေမယ်ဆိုတာ –
အချိန် ၁၄ ရက်အတွင်းမှာ ဘယ်လောက်ထိရက်စက်မယ်ဆိုတာ– – – – – – 

တစ်ခုတော့ရှိတယ်.. Family Show မရပါဘူးခင်ဗျ.. သွေးသံရဲရဲတွေ ၊ 
စိတ်ခြောက်ခြားစရာအခန်းတွေ ပါတာကြောင့် ကြောက်တတ်ရင် မကြည့်ပါနဲ့ …
THIHA 
(မြန်မာစာတန်းထိုးကိုတော့ Kyaw Swar Win မှကိုယ်တိုင်ဘာသာပြန်တင်ဆက်လိုက်တာဖြစ်ပါတယ်။)

File size...2.2GB  and  800MB 
Quality....Blu-ray Rip 720p
Format...Avi
Duration....02:24:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

 
Download and Watch 720p HD(2.2GB)


 
Download and Watch 720p Small File Size(800MB)


နမူနာကြည့်ရန်





Tuesday, April 28, 2015

The Departed ( 2006) မြန်မာစာတန်းထိုး


2006 မှာ ထွက်ရှိခဲ့တဲ့ The Departed ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Martin Scorsese က ရိုက်ကူး
တင်ဆက်ထားပြီး တိုက်တန်းနစ်မင်းသားလို့ နာမည်ကျော်တဲ့ Leonardo DiCaprio နဲ့ Matt Damon တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်..IMDb Rating မှာလည်း 8.5 အထိ ရရှိထားတဲ့ ဇာတ်ကားမို့လို့ ဇာတ်ကားကောင်းလားမကောင်းလားဆိုတာ စဉ်းစားနေစရာလိုဦးမယ်လို့မထင်မိပါဘူး..

ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ 

Filesize : 1GB
Quality : 720p
Format : mp4
During : 2:31:17
Subtitle : Myanmar Subtitle ( Hardsub  )
Encoder : LK


Download And Watch With Pcloud Link 


Seventh Son(2014) မြန်မာစာတန်းထိုး

Screenshots



Action, Adventure, Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့ IMDb Rating(5.5/10)ရရှိထားပါတယ်။
မင်းသားကြီး Jeff Bridges , Ben Barnes , မင်းသမီး Julianne Moore တို့အပြင် 
အခြားသော သရုပ်ဆောင်များစွာပါဝင်ထားပါတယ်။
မကောင်းဆိုးဝါးနဲ့ မှော်အစွမ်းတွေကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။
(Rating တွေနည်းနေတာကိုတော့ သတိပြုရမှာပါ)

File size...800MB   
Quality....Blu-ray Rip 720p
Format...mp4
Duration....01:41:59
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD

Download and Watch 360p Small File Size(350MB)



 



နမူနာကြည့်ရန်
 
 

Northmen: A Viking Saga(2014) မြန်မာစာတန်းထိုး

Screenshots



Action, Adventure ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDb Rating (5.3/10) ရရှိထားပါတယ်။
ရောမဆန်ဆန် ဇာတ်ကြမ်းကြိုက်သူများ ကြည့်ဖို့သင့်လျော်ပါတယ်။

File size...800MB   
Quality....Blu-ray Rip 720p
Format...mp4
Duration....01:37:49
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD

Download and Watch 360p Small File Size(350MB)



 


နမူနာကြည့်ရန်
 

Monday, April 27, 2015

Boyhood ( မြန်မာစာတန်းထိုး)




အကောင်းဆုံး ဇာတ်ကားဆု မင်းသမီးဆု ဒါရိုက်တာဆု စတဲ့ ဆုပေါင်း ၁၀ခုတိတိရရှိထားပြီး IMDB Rating 8.7 အဆင့်ရှိတဲ့ ဘ၀သရုပ်ဖော် ဒရမ်မာဇာတ်ကား တစ်ခုအကြောင်း မိတ်ဆက်ပေးမလို့ပါ။
သရုပ်ဆောင် ၇၅ ယောက်တိတိပါတဲ့ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်ကတော့ မေဆန် (Mason) လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ပုံမှန် ဇာတ်လမ်း ကျောရိုးတွေနဲ့ မတူတဲ့ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ အသက် ၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ကနေ အသက် ၁၈နှစ်အရွယ် လူပျိုအဖြစ်ကြီးပြင်းလာသည်အထိ အချိန် ၁၁နှစ်ကြာအောင် ဖြတ်သန်းကြုံတွေ့ခံစား ရတဲ့ ဘ၀အတွေ့အကြုံများကို ပုံပြင်သဖွယ် ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ flim story ဇာတ်လမ်းအမျိုးအစား ဖြစ်လို့ပါပဲ။

အချိန်အားဖြင့် ၂၀၀၂ခုနှစ်။ မေဆန် နဲ့သူ့အစ်မ စမန်သာ (Samantha) တို့ဟာ အိမ်ထောင်ကွဲနေတဲ့ မိခင်ဖြစ်သူ အိုလီဗီယာ ( Olivia ) နဲ့အတူ တက္ကဆက်မြို့လေးမှာ အတူနေထိုင်ရာက ဇာတ်လမ်းကို အစပြုထားပါတယ်။

အိုလီဗီယာက သား၊ သမီး နှစ်ယောက်ကို ခက်ခဲပင်ပန်းစွာစောင့်ရှောက်ရပြီး လက်ရှိ သူမရဲ့ ရည်းစားကလည်း သူမကို နားလည်မပေးပါဖူး။ သူတို့အဖေအရင်းကတော့ ကလေးနှစ်ယောက်ကို တစ်ပတ်တစ်ခါ လာတွေ့ပါတယ်။

သူမရဲ့အနာဂတ်နဲ့ ကလေးတွေရဲ့ ရှေ့ရေးအတွက် အိုလီဗီယာက အိမ်ကို သူမတက္ကသိုလ်ရှိရာ ဟူစတန်မြို့ကို ပြောင်းခဲ့ပါတယ်။ အိမ်ပြောင်းတာကို ကလေးတွေက လွယ်လွယ်နဲ့လက်မခံခဲ့ပါဖူး။ အထူးသဖြင့် သိတတ်တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ စမန်သာက သူမသူငယ်ချင်းတွေကို မခွဲနိုင်တဲ့အတွက် မျက်ရည်လည်ရွှဲဖြစ်ခဲ့ပါသေးတယ်။
ကျောင်းတက်ရင်းနဲ့ အိုလီဗီယာက ကျောင်းက ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ ဘေလ် (Bill) နဲ့ ၂၀၀၄ခုနှစ်မှာ နောက်အိမ်ထောင်ပြုလိုက်ပါတယ်။ ဘေလ်မှာလည်း သားနဲ့သမီး နှစ်ယောက်ပါလာတဲ့အတွက် သူတို့ နှစ်အိမ်ထောင်ပေါင်းလိုက်တဲ့အခါ ကလေးတွေက ကစားဖော်ရလာလို့ ပျော်နေကြပါတယ်။
ဒါပေမယ့် အဲ့ဒီအပျော်က ကြာကြာမခံပါဖူး။ ဘေလ်က ကြာလေအရက်သမားလုံးလုံးဖြစ်ကာ အိုလီဗီယာကို ကိုယ်ထိလက်ရောက် နှိပ်စက်ပါတယ်။ ကလေးတွေကိုလည်း ရိုက်နှက်ပါတယ်။ နောက်ဆုံးမှာတော့ သားသမီးတွေကိုပါ အန္တရယ်ပြုလာတဲ့အတွက် အိုလီဗီယာက ကလေးနှစ်ယောက်ကိုခေါ်ပြီး ဘေလ်ဆီကနေ ထွက်ပြေးခဲ့ပါတော့တယ်။

နေရာအသစ်ကိုထပ်ပြောင်းရတဲ့ အတွက် မေဆန်ရော၊ စမန်သာရော အခက်အခဲတွေကြုံရပါတယ်။ မေဆန်က ရုပ်ဖြောင့်တဲ့အတွက် သက်ကြီးကျောင်းသားတွေက သူ့ကိုရန်လိုကြပါတယ်။ သူတို့မိခင် အိုလီဗီယာကတော့ တက္ကသိုလ်မှာ စိတ်ပညာဗေဒသင်ကြားသူ ဆရာမအဖြစ် အလုပ်မှာတဖြည်းဖြည်းအောင်မြင်လာတဲ့အတွက် သူတို့ မိသားစု ချမ်းသာလာပါတယ်။
မေဆန်က တဖြည်းဖြည်းနဲ့ ကြီးကောင်ပေါက်ဝင်လာတဲ့အခါ ကျောင်းတက်ရတာလည်း စိတ်မပါတော့ပါဖူး။ အိမ်မှာလည်း ပထွေးဖြစ်တဲ့ ဂျင် (မ်) က ရန်လိုတဲ့အတွက် အိမ်မကပ်ဖူးဖြစ်နေပါတယ်။ သူ့ရဲ့ စိတ်ထွက်ပေါက်ကတော့ သူဝါသနာပါတဲ့ ဓါတ်ပုံရိုက်ခြင်းနဲ့ သူရဲ့ ရည်းစား ရှီနာ (Sheena) ပဲဖြစ်ပါတယ်။
မေဆန်အထက်တန်းကျောင်းအောင်တဲ့နှစ်မှာတော့ ပြည်နယ်လုံးဆိုင်ရာ ဓါတ်ပုံပြိုင်ပွဲမှာ ဆုရတဲ့အတွက် တက္ကသိုလ်ဆက်တက်ဖို့ ထောက်ပံ့ကြေးရရှိသွားပါတယ်။ တက္ကသိုလ်တက်နေပြီး ချစ်သူလည်းရထားပြီဖြစ်တဲ့စမန်သာကလည်းအမေနဲ့အတူမနေတော့ပဲတစ်ယောက်ထဲခွဲနေပါတယ်။ မကြာမီ မေဆန်ကလည်း တက္ကသိုလ်တက်ဖို့ အိမ်ကထွက်သွားတော့မှာဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာတော့ အိုလီဗီယာကလည်း ဂျင်(မ်)နဲ့ကွာရှင်းလိုက်ပြီး သူတို့နေတဲ့ အိမ်အကြီးကြီးကိုရောင်းကာ တိုက်ခန်းသေးသေးလေးတစ်ခုကို ပြောင်းလိုက်ပါတော့တယ်။
နွေးထွေးတဲ့မိသားစုဘ၀ကို အပြည့်အ၀ မခံစားရတဲ့ ပထွေးတွေရဲ့ နှိပ်စက်မှုကိုခံရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စိတ်၊ ကျောင်းနေတဲ့အရွယ်ရောက်တော့လည်း ပတ်ဝန်းကျင် အပေါင်းအသင်းရဲ့ လှုံ့ဆော်မှုနဲ့ ကြီးကောင်ဝင်လာတဲ့ ကောင်လေးတစ်ယောက်ရဲ့ စူးစမ်းလေ့လာလိုမှု၊ ကျောင်းပြီးလို့ တက္ကသိုလ်ဆက်တက်ရမယ်ကြံတော့ ၀ါသနာပါတဲ့အလုပ်နဲ့ တခြားအသက်မွေးဝမ်းကျောင်းပညာရပ်တွေအကြား ရွေးချယ်ရခက်နေတဲ့ ၁၈နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက် စတဲ့ ကလေးတစ်ယောက် ရင်ဆိုင်ကြုံတွေ့ရတဲ့ ဘ၀ရဲ့ အချိုးအကွေ့များကို စိတ်ဝင်စားဖွယ် ရှုထောင့်က တင်ပြထားတဲ့ ဒီဇာတ်ကားရဲ့ အဆုံးသတ်က ဘယ်လိုလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါနော်။

အက်ရှင်ဇာတ်ကြမ်းကား၊ လျှို့ဝှက်ဆန်းကြယ် သဘာဝလွန်ကား တွေထက်စာရင် ဒီလို လူမှုဘ၀ကို ပုံဖော်ထားတဲ့ ဒရမ်မာအသားပေး ဘ၀သရုပ်ဖော် ဇာတ်ကားတွေကတဆင့် ကြည့်ရှုသူတွေအတွက် နမူနာယူစရာ၊ ကိုယ်ချင်းစာဖွယ်ရာ အတွေးအမြင်ကို ပိုပြီးပေးစွမ်းနိုင်ပါတယ်။
ဒီဇာတ်ကားကို ဝေဖန်ရရင်တော့ ဇာတ်ဆောင်တွေများစွာ ပါဝင်ပေမယ့် အပိုအလိုမရှိ ဇာတ်အိမ်နဲ့ ကွက်တိ သရုပ်ဆောင်နိုင်တဲ့ အတွက် ကြည့်ရှုသူကို စွဲဆောင်နိုင်တဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။

Boyhood Movie Download Link>>>>>http://adf.ly/1Ftu1k

(ဇာတ်ကားအညွန်းကို MMmovieguide မှကူးယူဖော်ပြသည်)

@joker

Sunday, April 26, 2015

Game of Thrones (Season 5 Complete) မြန်မာစာတန်းထိုး


ဒီ Movie Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ "A Song of Ice and Fire" စာအုပ်ကို
အခြေခံပြီး ရိုက်ကူးထုတ်လွှင့်နေတာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ...မိသားစုတွေ....
နဂါးတွေ...လူရိုင်းတွေ...လူသန်ကြီးတွေ...မကောင်းဆိုးဝါးတွေ...စတဲ့ မျိုးနွယ်မတူကြသူတွေ 
တိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ.....မေတ္တာတရားတွေ...လိမ်လည်လှည့်ဖျားမှုတွေ...
ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီး
သတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။
အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။
ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့်
နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။
Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က
အံ့သြစရာကောင်းအောင်(9.5/10) ရရှိထားတာဖြစ်ပါတယ်။
Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ Movie Series တစ်ခုဖြစ်ပါတယ်။ 


Game of Thrones မြန်မာစာတန်းထိုးကိုတင်ဆက်နေတာအခုဆိုရင် Season 5 ကိုရောက်ရှိလာပြီဖြစ်ပါတယ်။Season (6) ကတော့ ၂၀၁၆ ကျမှကြည့်ရမှာပါ။


Quality....HDTV Rip 480p
Format...mp4

Total Episode...None
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung 

 
Game of Thrones S05E01
The Wars to Come >>> Download and Watch(400MB)

Game Of Thrones S05E02
The House of Black and White >>> Download and Watch(450MB)

Game of Thrones S05E03 High Sparrow >>> Download and Watch(450MB)

Game of Thrones S05E04 Sons of the Harpy >>> Download and Watch(450MB)

Game of Thrones S05E05 Kill the Boy >>> Download and Watch(400MB)

Game of Thrones S05E06 Unbowed, Unbent, Unbroken >>> Download and Watch(400MB)

Game of Thrones S05E07 The Gift >>> Download and Watch(500MB)

Game of Thrones S05E08 Hardhome >>> Download and Watch(500MB)

Game of Thrones S05E09 The Dance of Dragons >>> Download and Watch(500MB)

Game of Thrones S05E10 Mother's Mercy >>> Download and Watch(500MB)


Game of Thrones Season လိုက်ကို http://www.channelmyanmar.com/search/label/Game%20of%20Thrones%20Series  မှာတင်ထားပါတယ်။ မကြည့်ရသေးတဲ့ Season ရှိရင်သွားရှာလို့ရပါတယ်။



နမူနာကြည့်ရန်

 


Saturday, April 25, 2015

Reign of Assassins (2010) မြန်မာစာတန်းထိုး

 
မင်းသမီး Michelle Yeoh .... ကိုရီးယားမင်းသား Jung Woo-sung တို့အပြင်
အခြားသောမင်းသား/မင်းသမီးတွေ ပါဝင်ထားတဲ့ တရုတ်သိုင်းကားဖြစ်ပါတယ်။
IMDb Rating (6.9/10) Rotten Tomatoes (70%) ရရှိထားလို့ Rating မြင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
၂၀၁၀ ခုနှစ်အတွင်းထွက်ရှိခဲ့တဲ့ မီရှယ်လဲယို ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားလို့
သတ်မှတ်ခံထားရတာကြောင့် သိုင်းလောကသားတွေအတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားဖြစ်ကြောင်းပါ။
(ဒီဇာတ်ကားကို ညီလေး Kyaw Swar Win မှကိုယ်တိုင် ဘာသာပြန်တင်ဆက်လိုက်တာဖြစ်ပါတယ်။)

File size...800MB   
Quality....Blu-ray Rip 720p
Format...mp4
Duration....01:58:48
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

 
Download and Watch 720p HD (pCloud Link) 


 


နမူနာကြည့်ရန်
 
 
 

Jobs (2013) မြန်မာစာတန်းထိုး




Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီး   
August 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့
ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်...
 Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့ Apple Computer ကို စတင်တီထွင် ဖို့

အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲ ကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါ

ရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကို သူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေ

ရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်...

ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့

အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့်

Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ...

ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ခရေစေ့တွင်းကျ ပြောမပြနိုင်ပေမယ့်

တစ်စေ့တစ်စောင်းတော့ သိလာမှာပါလို့ မှတ်ချက်ပြုရင်း....

=================================
Channel Myanmar ရဲ့ပထမ ဦးဆုံး အနေနဲ့

640P နဲ့ ရုပ်ရှင်ဖိုင်ကို 300MB & 400MB အဖြစ်

Mobile Version ဆိုက်များ ကို အထူးအစီအစဉ်ဖြင့် ပြုလုပ်ပေးသွားပါမည်

ဒေါင်းလုပ်ရခက်ခဲသော သူများအတွက် ရည်ရွယ်ပါသည်။

====================================










 

 













Download Link
============
============


သစ်ဆန်းခန့်
===========

အသစ်တင်တိုင်း သိလိုပါက အောက်ပါ Follow Button အား Click နှိပ်ထားပါ...
 

Thursday, April 23, 2015

This is the End (2013) မြန်မာစာတန်းထိုး



တစ်ကားလုံးလည်းကြည့်ပြီးသွားပြီ..အဆန်းကြီးမို့ဘယ်လိုညွှန်းရမှန်းလဲမသိဘူး.
မိုက်လွန်းလို့ ထိုင်ရာကလည်းမထအောင်ကြည့်မိတယ် :D

2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ This is the End ရုပ်ရှင်ဇာတ်ကားကို Seth Rogen နဲ့ Evan Goldberg
တို့ကတွဲဖက်ရိုက်ကူးတင်ဆက်ထားပြီး..သရုပ်ဆောင်အစုံအလင်ပါဝင်ထားပါတယ်
နာမည်ကြီးအဆိုတော် Rihanna လည်းပါဝင်ပြီး ဟယ်ရီပေါ်တာ ဇာတ်ကားမှာ ဟာမွန်နီ ဂရင်ဂျာ
လို့လူသိများခဲ့တဲ့ Emma Watson လည်းပါဝင်ပါတယ်..ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါ

ဟာသဆန်ဆန်...ရိုက်ကူးမှုတွေနဲ့အတူ..စိတ်လှုပ်ရှားဖို့လည်းကောင်းတဲ့ ဒီဇာတ်ကားဟာ
IMDb Rating မှာ 6.7 ရရှိထားပါတယ်..မိသားစုအတူကြည့်ရှုနိုင်တဲ့ကားလည်းဖြစ်ပြီး
နာမည်ကြီးမင်းသားတွေ အစုံအလင်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကောင်းသာ
ဖြစ်ကြောင်းညွန်းပေးလိုက်ရပါတယ်..

ဒီလောက်ပဲအညွှန်းပေးတာခွှင့်လွှတ်ကြပါကုန်..အစထဲကရေးထားပါတယ်..
အဆန်းကြီးမို့ဘယ်လိုညွှန်းပေးရမလဲတောင်မသိပါဘူးလို့ :D

(ဒီဇာတ်ကားအတွက် စာတန်းထိုးဖိုင်ကိုတော့ ကသာ သားလေး မှ စိတ်စေတနာ ရက်ရောစွာဖြင့် ပေးပါသည် )

Filesize: 645 MB
Quality: Blu-Ray720p
Format : mp4
During : 1:46:41
Subtitles: Myanmar Subtitles ( Hardsub )
Encoder : LK


Download And Watch With Pcloud Link



Bound (2015) 18+ ( မြန်မာစာတန်းထိုး )


အခွေကာဗာမှာ ပါတဲ့ No Grey !! Only Black And White ဆိုတဲ့စာသားတစ်ကြောင်းတည်းနဲ့တင်
ဒီဇာတ်ကားဟာ 18+ ကြိုက်တဲ့သူတွေအတွက် ဆွဲဆောင်မှုအပြည့်နဲ့ဖြစ်သွားမယ်လို့ထင်မိပါတယ်

အခုဒီ ဇာတ်ကားဟာဆိုရင်ဖြင့် 18+ ဇာတ်ဝင်ခန်းတွေ များပေမယ့် လိင်ပိုင်းသက်သက်တင်မဟုတ်ပဲ
ဇာတ်လမ်းဇာတ်ကွက်နဲ့ သေချာရိုက်ကူးတင်ဆက်ထားပါတယ်...18+ ဇာတ်ကားမို့လို့အညွှန်းကိုတော့
အများကြီးမရေးပေးတော့ပါဘူး. ဇာတ်လမ်းကတော့ ကျွန်တော်တို့ Channelmyanmar က အရင်တုန်းက
တခါတင်ပေးဖူးတဲ့ Careful What U wish For ဆိုတဲ့ဇာတ်ကားလိုမျိုးပဲ 18+နဲ့ ရာဇ၀တ်မှုပိုင်းကို
ဇာတ်ကွက်ဆင်ပြီး ရိုက်ကူးထားပါတယ်.

ဒီဇာတ်ကားမှာ မင်းသား 
Bryce Draper အပါအ၀င် ညို့အားပြင်းပြင်းနဲ့ 18+ ဇာတ်ဝင်ခန်းတွေ
သရုပ်ဆောင်ထားတဲ့ မင်းသမီး Charisma Carpenter ကိုလည်း တွေ့ရမှာဖြစ်ပါတယ်..
ဒါရိုက်တာကတော့ Jared Cohn ဖြစ်ပါတယ်..

Filesize : 455 MB
Quality : DvdRip 720p
Format : Mkv
During : 1:30:46
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK


Download With Pcloud Link (455 MB )


Cinderella (2015) မြန်မာစာတန်းထိုး


စင်ဒရဲလား ဇာတ်လမ်းအတွက် အညွှန်းကိုတော့ ထွေထွေထူးထူးပေးစရာမလိုတော့ဘူးလို့တော့
ထင်ပါတယ်..disney ရဲ့ နာမည်ကြီး စိတ်ကူးယဉ်ပုံပြင်တစ်ပုဒ်သာဖြစ်ပြီး အရင်တုန်းက
Animation ကားထွက်ရှိခဲ့ပြီးမှ အခု 2015 မှ သာ ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားပါတယ်

2015 မှာ ထွက်ထားတဲ့ ဒီ စင်ဒရဲလား ဇာတ်ကားကို ဒါရိုက်တာ Kenneth Branagh က ရိုက်ကူး
တင်ဆက်ထားပြီး  စင်ဒရဲလားနေရာမှာ မင်းသမီး Lily James က သရုပ်ဆောင်ထားကာ
မင်းသားလေးနေရာမှာတော့ Richard Madden က သရုပ်ဆောင်ထားပါတယ်...
IMDb Rating မှာ 7.2 ရရှိထားပြီး Rotten Tomatoes မှာ 85% ရရှိထားပါတယ်

720p အကြည်ကို ဖိုင်ဆိုဒ်အသေးဖြင့်တင်ဆက်ထားပါတယ်..

Filesize : 452 MB
Quality :BrRip720p
Format : mkv
During : 1 :45 : 22
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK


Download And Watch With Pcloud Link ( 452 MB )




Paddington (2014) မြန်မာစာတန်းထိုး

မင်းသမီး Nicole Kidman ပါဝင်ထားတဲ့ Comedy, Family အမျိုးအစားဇာတ်ကားပါ။
IMDb Rating (7.3/10) ရရှိထားပြီး Rotten Tomatoes (98%) တောင်ရရှိထားပါတယ်။
Rating တွေအရမ်းကောင်းတဲ့ဇာတ်ကားဖြစ်လို့ မိသားစုနဲ့ကြည့်ဖို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားပါ။
ဒီဇာတ်ကားကို ညီလေး မိုးစက် မှကိုယ်တိုင်ဘာသာပြန်တင်ဆက်လိုက်တာဖြစ်ပါတယ်။

File size...800MB   
Quality....Blu-ray Rip 720p
Format...mp4
Duration....01:35:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

 
Download and Watch 720p HD (pCloud Link) 

 


နမူနာကြည့်ရန်
 
 

Flash Season 1 (2014) ( မြန်မာစာတန်းထိုး )






TV Series နှစ်ခြိုက်တဲ့သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုကိုစတင် တင်ဆက်ပေးလိုက်ပါပြီ...Arrow ဇာတ်လမ်းတွဲကို ရေးသား တဲ့ ဇာတ်ညွှန်းရေးတဲ့သူပဲ
ဒီဇာတ်လမ်းကိုဆက်ရေးထားတာပါ..တခြားပြည်ပနိုင်ငံတွေမှာတော့ ဒီဇာတ်လမ်းတွဲက အောင်မြင်
နေပါပြီ..ကြည့်ရှုသူတွေလည်းများပါတယ်..ဇာတ်လမ်းအကျဉ်းကိုနည်းနည်းလောက်မိတ်ဆက်ပေးရအောင်
အသက် ၁၁ အရွယ်ဖြစ်တဲ့ ဘယ်ရီအဲလန် တစ်ယောက် ညတစ်ည သန်းခေါင်ယံမှာ အသံတစ်သံ
ကြောင့်လန့်နိုးလာပါတယ်..အပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့ အလင်းတန်းတွေကြားမှာ
ပိတ်မိနေတဲ့သူ့အမေကို တွေ့ရှိရပြီး..အလင်းတန်းတွေကြားမှာ လူပုံစံတွေ့ရှိနေရပါတယ်
အဲ့နေရာကနေ ရုတ်တရက် ဘယ်လိုဖြစ်မှန်းမသိပဲ လမ်းမကြီးပေါ်ကို သူရောက်ရှိသွားပါတယ်
အိမ်ကိုပြန်လာတဲ့အခါမှာတော့ သူ့အမေ သေဆုံးနေပြီးတော့ သူ့အဖေကိုရဲတွေဖမ်းခေါ်သွားကြပါပြီ
ဒီလိုနဲ့ သူ့ကျောင်းနေဘက် သူငယ်ချင်းမလေးရဲ့ အဖေက သူ့ကိုခေါ်ယူမွေးစားခဲ့ပါတယ်
မူခင်းသိပ္ပံပညာဆိုင်ရာလက်ထောက်ဖြစ်လာတဲ့အခါမှတော့ ဘယ်ရီက အခဲမကျေစွာ
သူ့အမေကိုသတ်သွားခဲ့ မဖြစ်နိုင်တဲ့အရာတခုကိုစုံစမ်းဖို့ကြိုးစားပါတယ်..အဲ့မှာ
မတော်မဆမှု တစ်ခုကြောင့် သူကိုယ်တိုင် မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်လာတဲ့အခါမှာတော့.............

-----------------------------------------------------------------------------------------------------------
ကျွန်တော့်အနေနဲ့ညွှန်းရမယ်ဆိုရင် ဒီဇာတ်လမ်းတွဲနဲ့ Arrow ဇာတ်လမ်းတွဲကိုကျွန်တော်
အပတ်တိုင်းမလွတ်တမ်းကြည့်ပါတယ်..စိတ်ဝင်စားဖို့လည်းကောင်းပါတယ်..ဇာတ်လမ်းဇာတ်ကွက်
တွေလည်း မိုက်ပါတယ်...:) :) tv series ကြိုက်တဲ့သူတွေ နှစ်သက်မယ်လို့ယုံကြည်ပါတယ်


Season 1
























Wednesday, April 22, 2015

The Pyramid (2014) မြန်မာစာတန်းထိုး

Screenshots


ဒီဇင်ဘာ၅ရက်ကထွက်ရှိထားတဲ့ထိတ်လန့်ဖွယ်သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားတစ်ကားအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
မြင်နေကျပိရမစ်တွေနဲ့ မတူတဲ့ အီဂျစ်ရှေးဟောင်းပိရမစ်ကို တူးဖော်ရင်းကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။
ရှေးဟောင်းသုတေသန ပညာရှင် သားအဖနှစ်ဦးဖြစ်တဲ့ မိုင်လ်စ်ဟိုဟ်ဒန်နဲ့ နိုရာဟိုလ်ဒန်တို့ပါဝင်တဲ့ အမေရိကန်ရှေး ဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အီဂျစ်နိုင်ငံရှိ သဲကန္တာရထဲမှာ ပျောက်ဆုံးနေတဲ့ လွန်ခဲ့တဲ့ နှစ်ငါးထောင်လောက်က ဧရာမပိရမစ်ကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သူတို့အဖွဲ့နဲ့အတူ ရုပ်သံ ရိုက်ကူးရေးအဖွဲ့လည်း ပါဝင်ပြီး ရှေးဟောင်းပိရမစ်ကြီးထဲကိုဝင်ရင်း ပိတ်မိခဲ့ပါတော့တယ်။ ပိရ မစ်ထဲက ဝင်္ကပါပုံစံလမ်းကြောင်းတွေနဲ့ မှောင်မှောင်မည်းမည်းမြင်ကွင်းတွေကြောင့် မျှော်လင့်ချက်မဲ့စွာ လမ်းစပျောက်ခဲ့ကြပါတယ်။
နှစ်ပေါင်းထောင်နဲ့ချီပြီး မြေအောက်မှာပျောက်ကွယ်နေတဲ့ ပိရမစ်ဖြစ်တာကြောင့် မှောင်မှောင်မည်းမည်းထဲမှာ မထင်မှတ်ထားတဲ့ချောက်ချားဖွယ်အရာတွေနဲ့ ဆုံရပါတော့တယ်။ ရှေးဟောင်းသုတေသီတွေကို တစ်ဦးပြီးတစ်ဦး ဘယ်သူက ရက်ရက်စက်စက် သတ်ဖြတ်တာလဲ။ နိုရာတို့သားအဖကော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား။ ရှေးဟောင်းပိရမစ်ကြီး ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ပါဦးနော်။
သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်တာကြောင့် ပြကွက်နဲ့ အသံတွေက ရင်ခုန်စိတ်လှုပ်ရှားစေမှာ ဖြစ်ပြီး ပရိသတ်အတွက်တော့ အရသာသစ်တစ်ခုပေးဦးမယ်လို့ ထင်ပါတယ်။
ဒီဇာတ်ကားမှာ နိုရာအဖြစ် အက်ရှ်လေဟင်ရှော၊ မိုင်လ်စ်အဖြစ် ဒဲနစ်အိုဟဲနဲ့ သရုပ်ဆောင် ပေါင်းများစွာပါဝင်ထားပြီး ၂၀ ရာစုမြေခွေးရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိတာဖြစ်ပါတယ်။
Credit_7day daily news
(မြန်မာစာတန်းထိုးကိုတော့ ညီလေး ကသာသားလေး မှရေးထိုးပေးထားတာပါ)

File size...670MB   
Quality....WEB-DL 720p Rip
Format...mp4
Duration....02:28:54
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch (pCloud Link) 

Download and Watch 360p Small File Size(400MB)



 

နမူနာကြည့်ရန်