Monday, April 6, 2015

17 Again (2009) မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးကိုတော့ အတော်လေးသဘောကျမိပါတယ်..ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီးကြည့်ရှုသူရဲ့
ရင်ထဲမှာလည်း စိတ်လက်ပေါ့ပါးသွားစေမယ့်ဇာတ်ကားမျိုးလေးပါ..တစ်နေ့တာအတွက်စိတ်ပင်ပန်းသူတွေ
စိတ်အပန်းဖြေ အပျင်းပြေ ကြည့်ဖို့အတွက် အထူးသင့်တော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်
IMDb Rating မှာ 6.1 ရရှိထားပြီး  Comedy, Drama, Fantasy အမျိုးအစားဖြစ်ပါတယ်..

Review လေးအရင်ကြည့်ရအောင်

ပထမဆုံးဇာတ်လမ်းစစချင်းမှာ မိုက်ခ် က ဘတ်စကတ်ဘောကစားသမားတစ်ယောက်ပေါ့ အဲဒီ့
အားကစားမှာသူဟာထူးလည်းထူးချွန်တယ်..၀ါသနာလည်းအရမ်းပါတယ်..သူတို့ကျောင်းပွဲတစ်ပွဲက
ကစားရမယ့်ပွဲက သူ့ရဲ့အနာဂတ်အတွက်ပေါ့..ဖြစ်ချင်တဲ့အဲ့နေ့ ကစားတဲ့ပွဲမစခင်လေးမှာ သူ့ချစ်သူ
စတားလက် ရောက်လာပါတယ်..အဝေးကိုထွက်သွားရတော့မယ့်အကြောင်းပြောတယ်..မိုက်ခ်မှာလည်း
သူ့ရဲ့အရမ်းဝါသနာပါတဲ့အားကစားနဲ့သူချစ်ရတဲ့ချစ်သူကို ရွေးချယ်ရမယ့်အချိန်မှာတော့ စတားလက်
ကိုသာ ရွေးချယ်ခဲ့ပါတယ်.....

နှစ်ပေါင်း 20 ကြာပြီးတဲ့နောက်မှာတော့ မိုက်ခ်တစ်ယောက် အလုပ်တွေကအဆင်မပြေ..ဇနီးဖြစ်သူနဲ့
လည်းအဆင်တော့ပါဘူး..စတားလက်ကလည်း တရားရုံးကနေ တဆင့်ကွာရှင်းခွင့်တောင်းထားသလို
မိုက်ခ်ကလည်း သားသမီးတွေနဲ့ နွေးထွေးတဲ့ဆက်ဆံမှုမျိုးသိပ်မရှိဘူး...တစ်နေ့သူ့သားနဲ့သမီးတက်နေတဲ့
ကျောင်းကိုရောက်သွားတော့ ဟိုးအရင်လူငယ်ဘ၀တုန်းက အဲ့ကျောင်းမှာ ဘတ်စကတ်ဘောကစားခါနီး
ရိုက်ထားခဲ့တဲ့သူ့ပုံကိုပြန်လည်တွေ့သွားတော့ မိုက်ခ်တစ်ယောက်အတိတ်ကို လွမ်းဆွတ်ဟန်နဲ့ပြန်စဉ်းစား
မိသွားတယ်..သူ့စိတ်ထဲမှာတွေးနေခဲ့တဲ့အရာတခုက အဲ့အချိန်တုန်းက သူက စတားလက်နောက်ကို
ပြေးမလိုက်ခဲ့ဘူးဆိုရင် ဒီလိုတွေဖြစ်လာစရာလိုမှာမဟုတ်ဘူးလို့ပေါ့...ဘေးနားက သန့်ရှင်းရေးလုပ်
နေတဲ့သူတစ်ယောက်က မထင်မှတ်ပဲ " မင်းဒီကိုမကြာခင်ပြန်လာရမှာပါ " ဆိုတဲ့စကားကြောင့်
မိုက်ခ်တစ်ယောက်ကြောင်တောင်တောင်ဖြစ်သွားတယ်..ဒီလိုပဲဂရုမထားပဲပြန်လာခဲ့တယ်..

နောက်ပိုင်းအလုပ်တွေကလည်းအဆင်မပြေ..ဇနီးနဲ့လည်းအဆင်မပြေဖြစ်ပြီးစိတ်ညစ်ကာ မိုက်ခ်
တစ်ယောက်ကားကို အသားကုန်မောင်းလာခဲ့ပါတယ်..တံတားပေါ်ကိုရောက်တော့ လူတစ်ယောက်
ခုန်ချဖို့ကြိုးစားနေတာကိုတွေ့တဲ့အတွက် ကယ်တင်ဖို့ ပြေးလာခဲ့တယ်..ဒါပေမယ့် သူရောက်တော့
အဲ့လူက မရှိတော့ဘူး..အောက်ကျသွားသလားလို့ ငုံ့ကြည့်မိရင်းနဲ့ သူ ပါ တံတားပေါ်ကနေပြုတ်ကျသွား
ပါတယ်...တံတားပေါ်က ပြန်တက်လာပြီး အိမ်မှာသူ့ကိုယ်သူရေချိုးရင်း နဲ့ ရေချိုးခန်းက မှန်ကိုကြည့်
မိတဲ့အခါ သူ့အရွယ်ဟာ 17 နှစ် အရွယ်သို့ပြန်ရောက်နေတဲ့အခါမှာတော့...............................

17 နှစ်သား တစ်ယောက်ရဲ့ လွတ်လပ်မှုတွေ ပျော်ပျော်ပါးပါး မိုက်ခ်တစ်ယောက်ပြန်လည်ခံစားပုံတွေ
ပျော်စရာကောင်းတဲ့ကိစ္စတွေ..ဟာသအကြောင်းအရာတွေကို ဆက်လက်ရှုစားကြပါ

Filesize : 583 MB
Quality : Br-Rip720p

Format : mkv
Running Time : 102 minutes
Subtitle : Myanmar Subtitles ( Hardsub )
Encoder : LK


Download And Watch With Pcloud Link 



No comments:

Post a Comment