Friday, April 10, 2015

Happy Ghost 4 ( 1990 ) မြန်မာစာတန်းထိုး


သင်္ကြန်မတိုင်ခင်လေး နှစ်ကားလောက်ပြီးအောင် လုပ်ပေးချင်တဲ့စိတ်ရှိတာကြောင့်
Happy Ghost စီးရီးရဲ့ နံပါတ်လေးကို အပြီးသတ်တင်ပေးလိုက်ပါတယ်..
1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်..Happy Ghost 3 ကိုလည်း
မြန်မာစာတန်းထိုးအဖြစ်နဲ့ channelmyanmar မှာပဲ တင်ပေးခဲ့ပြီးပါပြီ...ဒီကားက
Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်တွေ
ဘာမှဆက်စပ်မှုမရှိပါဘူး..အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်...
အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီး ဇာတ်လမ်းဇာတ်ကွက်
တူညီခြင်းမရှိလို့ ကြည့်ရတာ ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူး
ဒါပေမယ့် ဒီကားကို မကြည့်ခင် Happy Ghost 3 ကိုအရင်ကြည့်ပါလို့ကြိုပြောပါရစေ
ကြည့်ရတာပိုပြီးအရသာရှိအောင်ပါ...HAPPY GHOST 3 ကို ဒီမှာဒေါင်းပါ
Happy Ghost Series တွေက ကြာလှပြီဖြစ်တဲ့အတွက် အကြည်ကို ရှာဖို့အရမ်းခက်ခဲပါတယ်
ဒါကြောင့် တွေ့ဖူးသမျှထဲမှာ အကြည်ဆုံး Version ကိုသာ ဒေါင်းပြီးဘာသာပြန်ရတာ
ဖြစ်တဲ့အတွက် နည်းနည်းတော့ကွာလတီ ၀ါးပါတယ်..ခွင့်လွှတ်ပေးကြပါ :):)
အရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်
ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က ပညာရှိစာမေးပွဲကို
အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့် အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ
သူ့မိန်းမကိုယ်တိုင်က ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်
ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပါတယ်
လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ တွယ်ကပ်နေခဲ့ပါတယ်
တစ်နေ့မှာ မြို့က ကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေ
ကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကိုရောက်ရှိသွားပါတယ်
ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့ သိရှိပြီး ဘ၀ရဲ့ အဓိပ္ပါယ်တွေကို
သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့ လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ်
ဒါက အပိုင်း ၁ ပါ..အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့်
Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့
ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ........ဒီနံပါတ်လေးရဲ့ ဇာတ်လမ်းအကျဉ်း
ကိုတော့ ဆက်လက်ကြည့်ရှုကြပါကုန်...ကြည့်ရတာတန်ပြီး
ပေါ့ပေါ့ပါးပါးဟာသကားလေးပါပဲ :):)

File size...515MB  
Quality....640 
Format...mp4
Duration....01:24:07
Subtitle....Myanmar Subtitle (Hardsub)

Translated And Encoded By -LK 


Download And Watch ( Pcloud Link )

No comments:

Post a Comment