Thursday, April 9, 2015

The Myth ( 2005 ) မြန်မာစာတန်းထိုး









သင်္ကြန်မတိုင်ခင်လေးဒီကားကို အမြန်ပြီးအောင် မနည်းဘာသာပြန်လိုက်ရတယ်
သင်္ကြန်တွင်းမှာ ပြည်ပ သူတွေ ပျင်းနေမယ့်အစား ဇာတ်လမ်းကောင်းလေးတစ်ကားကြည့်ရအောင်ပါ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးတင်ဆက်
ထားပြီးတော့ နာမည်ကြီးမင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)
က အတူတွဲဖက်ရိုက်ကူးထားပါတယ်..ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ အတိတ်ဘ၀နဲ့လူဝင်စား
ဘ၀ရဲ့ ဆက်နွယ်မှုတွေကိုအဓိကရိုက်ကူးတင်ဆက်ထားပါတယ်..သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့
ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့ မင်းသမီးလေးတစ်ယောက်
အကြောင်းကိုအမြဲတမ်းအိမ်မက်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်..ဒီအိမ်မက်တွေ
ထူးဆန်းလွန်းနေပေမယ့် ဒီအတိုင်းသာထားခဲ့ပြီး ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ၀ီလျှံရောက်ရှိလာမှပဲ
လုပ်ငန်းတွေအကောင်အထည်ဖေါ်ဖြစ်ခဲ့ပါတယ်..ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့
တိုက်ဆိုင်မှုတွေထူးဆန်းမှုတွေကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်..
ဂျက်တစ်ယောက်နောက်ဆုံးမှာအဖြေကို ဘယ်လိုရှာတွေ့သွားမလဲ
လောဘကြီးတဲ့ ဂျက်ရဲ့သူငယ်ချင်း ၀ီလျှံ ကြောင့်ဘာတွေဖြစ်လာမလဲ
အတိတ်ဘ၀နဲ့ လက်ရှိဘ၀ ဆက်နွယ်မှုတွေ အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်း
တစ်ကောင်းကို ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်..ဒီဇာတ်ကားက IMDB မှာ Rating : 6.1/10 သာ
ရရှိထားပေးမယ့် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကောင်းသာဖြစ်ပါတယ်...
မြန်မာစာတန်းထိုးကိုတော့  ကျွန်တော်ကိုယ်တိုင် ဘာသာပြန်ထားပြီး
နောက်ထပ် ဇာတ်ကားကောင်းကောင်းလေးအဟောင်းလေးတွေ ထပ်ပြီးတင်ဆက်ပေးဦးမယ်
ဆိုတာကိုလည်း ကြိုပြီး ကြော်ငြာဝင်ထားပါရစေ :) :)

File size...1.01GB  
Quality....720P 
Format...mp4
Duration....02:00:42
Subtitle....Myanmar Subtitle (Hardsub)

Translated And Encoded By -LK 

Download And Watch (pcloud Link) 

No comments:

Post a Comment