Monday, February 9, 2015

Spy (2015) မြန်မာစာတန်းထိုး



2015 မှာ ရုံတင်ထားတာမကြာသေးတဲ့ Spy ဆိုတဲ့ ဇာတ်ကားတစ်ကားကိုမိတ်ဆက်ပေးလိုက်ပါတယ်
တော်တော်များများလည်းကြည့်ဖို့စောင့်မျှော်နေမယ်လို့ထင်မိပါတယ်.Reviewလေးတစ်ချက်ကြည့်ရအောင်

ဒီကား Spy ဆိုတဲ့အတိုင်း စုံထောက် အက်ရှင် ဟာသကားဖြစ်ပြီး Melissa Mccarthy, Jason Statham နဲ့ Jude Law တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ Melissa Mccarthy နဲ့ Jason Statham တို့ ကို တမူထားခြားတဲ့ ဇာတ်ကောင်တွေအဖြစ်တွေ့ရမှာဖြစ်ပြီး နှစ်ယောက်စလုံးကလည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်ပါတယ်။ Jason က ပုံမှန်ဆိုရင် အက်ရှင်မင်းသား နေရာ သို့မဟုတ် ဗီလိန် အဖြစ်သရုပ်ဆောင်လေ့ရှိပြီး ဒီကားမှာ ပေါတောတော ဟာသသမားတစ်ယောက် အဖြစ်သရုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် Melissa Mccarthy က ဒီကားမတိုင်ခင်အထိ တော်တော်များများ ဟာသကားတွေမှာ ကာရိုက်တာတစ်ခုတည်းကိုပဲ မရိုးရအောင် သရုပ်ဆောင်ထားတာကို သူ့ကားကြည့်ဖူးရင် သိကြမှာပါ။ မြန်မာကားတွေထဲက ပွင့်လို မျိုး သူကလည်း ၀၀တုတ်တုတ် အာပြဲပြဲနဲ့ ပုံစံမျိုးကိုပဲသရုပ်ဆောင်လေ့ရှိပေမယ့် ဒီကားမှာတော့ သူများအနှိမ်ခံ၊ ဘ၀နဲ့နေရတဲ့ CIA agent တစ်ဦးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ သူမက တကယ့် အဆင့်အတန်းရှိရှိ သရုပ်ဆောင်သွားပြီး သဘာဝကျကျ သရုပ်ဆောင်ထားနိုင်တာလည်းတွေ့ရပါတယ်။

ဇာတ်လမ်းကတော့ သာမန် စုံထောက်ကား၊ ဟာသကားတွေလိုပဲပါ သိပ်မထူးခြားပါဘူး။ Susan Cooper (Melissa Mccarthy) က CIA မှာ Analysis တစ်ဦးအဖြစ်လုပ်နေသူဖြစ်ပြီး ရုံးမှာပဲနေရပြီး ရလာတဲ့သတင်းအချက်အလက်တွေကို သုံးသပ် ရသူဖြစ်ပါတယ်။ ဒါ့အပြင် သူမက Computer ကနေတဆင့် အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေကို သူမရဲ့ partner ဖြစ်သူ Bradley Fine (Jude Law) ကို အကူအညီပေးရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Bradley Fine က Bulgaria မှာ Nuclear ဗုံးအရောင်းအ၀ယ်လုပ်မယ့်သူ ကိုသွားစစ်ဆေးရာက အဲ့ဒီလူကို မှားပြီးသတ်လိုက်မိပါတယ်။ ဒါကြောင့် Nuke ရှိတဲ့နေရာကို စုံစမ်းဖို့အတွက် ခုဏက သေသွားတဲ့သူရဲ့ သမီးဖြစ်သူ Rayna Boyanov (Rose Byrne) ဆီကို Fine ကိုလွှတ်လိုက်ပါတယ်။ 

ဒါပေမယ့် Rayna က CIA Agent တွေရဲ့ လျှို့ဝှက် ချက်တွေကိုသိထားတာကြောင့် Bradley Fine လာမှာကြိုသိနေပြီး Fine လည်းအသတ်ခံလိုက်ရပါတယ်။
ဒါ့ကြောင့် တစ်ခြား အေးဂျင့်တွေကို လွှတ်လို့မဖြစ်တော့တာကြောင့် အကျပ်ရိုက်နေချိန်မှာ Susan က သူမကို လွှတ်ဖို့ ခွင့်တောင်းခဲ့ပါတယ်။ ဒီအချိန်ကျမှာ Susan က သာမာန် Analysis အဆင့်သာမဟုတ်ပဲ Agent တစ်ဦးဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။ သူမက လွန်ခဲ့တဲ့ ၁၀ နှစ်ထဲက Field Agent စာမေးပွဲအောင်ခဲ့သလို သူမက ကိုယ်ခံပညာလည်း တတ်သလို၊ တကယ်ကြမ်းမှန်း သိလိုက်ရပါတယ်။ ဒါကြောင့် အတွေ့အကြုံမရှိပေမလည်း ရွေးစရာလမ်းမရှိတာကြောင့် ဥရောပကိုလွှတ်လိုက်ရပြီး Nuke နောက်ကို ချေရာခံလိုက်ပုံကို ဟာသဆန်ဆန် ရိုက်ကူးထားပါတယ်။

ဇာတ်ကားက အဓိပ္ပာယ်ရှိရှိ ရီရတဲ့ဟာသကားကောင်းတစ်ကား ဖြစ်ပြီး ပေါတောတောနဲ့ ရီရတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းကအရမ်းကြီးမကောင်းပေမယ့် အတတ်နိုင်ဆုံး ကြိုးစားထားကြတာတွေ့ရပြီး တစ်ချို့အခန်းတွေမှာ အူတက်အောင်ရီရတာမျိုးတွေတောင်ရှိပါတယ်။ အပျင်းပြေအခွေငှား ကြည့်နိုင်သလို ရုံမှာသွားကြည့်လို့လည်း အဆင်ပြေပါတယ်။ ဟာသကားကောင်းတစ်ကားပါ။

Rated-R ဟာသကားဖြစ်တာမို့ ကလေးတွေမကြည့်သင့်ပါဘူး။ မိသားစုတူတူကြည့်ဖို့လည်းမသင့်ပါဘူး။ Nudity တွေ Sex တွေ တော်တော်များများပါပြီး၊ Sexual humor တွေ၊ ညစ်ညမ်းဟာသတွေ၊ ဆဲဆိုတာတွေ တော်တော်များများ ပါပြီး၊ တစ်ကားလုံး ဆဲထားတာတွေတော်တော်များပါတယ်။ တစ်ခန်းမှာ (ဟာသအနေနဲ့ပြထားတာဖြစ်ပြီး) ယောက်ျားလိင်အင်္ဂါ (Fake) တောင်ပြထားပါတယ်။ ကလေးတွေ၊ မိသားစုတွေ မကြည့်သင့်ပါ။

( အညွှန်းကို Movies For Myanmar ရုပ်ရှင်မိတ်ဆက် Facebook Fan Page မှ ပြန်လည်တင်ပြပါတယ် )

Filesize: 1.1 GB
Quality : HDRip
Format : mkv
During : 1:59:13
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK


Download With Pcloud Link 




No comments:

Post a Comment