မင်းသားနဲ့ မင်းသမီးကတော့ တကယ့်ဂရိတ်ကြီးတွေပါ။
တွမ်ဟန့်နဲ့ ကက်သရင်းဇီတာဂျုံးတို့ပေါ့။
ဇာတ်လမ်းကျောရိုးကတော့ အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက
ခရီးသည်တစ်ယောက် အမေရိကားကို ရောက်လာတဲ့အခါ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်၊ သည်လိုနဲ့ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟာသနှော၊ အသောခပ်များများနဲ့ ၀မ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။
ဒါကတော့ ဇာတ်ကြောင်းပါ...ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။
ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။
လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်...
တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ...ချောက်တွန်းချင်တဲ့သူတွေ...ကူညီချင်တဲ့လူတွေ...အမုန်းတွေ..
မေတ္တာတွေ...တာဝန်တွေ..ကံကြမ္မာဆိုးတွေ...သူငယ်ချင်းတွေ...ကြည့်မရသူတွေ...
ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။
ရည်မှန်းချက်ကိုမဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ
ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ်
ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။
အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ
ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။
IMDb Rating (7.3/10) ရရှိထားပြီး မကြည့်ဖူးတွေကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။
(ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကို ကျွန်တော်ဂျီကျလို့ ကိုThae Htoo Mg မှကူညီခဲ့ပါတယ်။)
File size...1GB
Quality....Blu-ray Rip 480p
Format...mp4
Duration....02:08:45
Subtitle....Myanmar Subtitle(Hardsub)
Encoder....Nyeinsaeya Aung
Download and Watch(pCloud Link)
No comments:
Post a Comment